နျူကလီးယား ကွပ်ကဲမှုဂြိုဟ်တုများကို တည်ဆောက်သွားမယ့် အမေရိကန် အာကာသတပ်ဖွဲ့
အမေရိကန်အာကာသတပ်ဖွဲ့က သူတို့ရဲ့တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးစွမ်းရည်များကို တိုးမြှင့်နိုင်စေဖို့နဲ့ အာကာသပတ်လမ်းအတွင်း ရန်သူများရဲ့ လှုပ်ရှားမှုများကို ရှာဖွေထောက်လှမ်းနိုင်စွမ်း ပိုမိုခိုင်မာစေဖို့အတွက် နျူကလီးယား ကွပ်ကဲမှုဂြိုဟ်တုများကို တည်ဆောက်သွားနိုင်ရေး ပြင်ဆင်နေပါတယ်။
တည်ဆောက်သွားမယ့် ဂြိုဟ်တုကနှစ်လုံးဖြစ်ပြီး ဒီလိုတည်ဆောက်ဖို့အတွက် အမေရိကန်အာကာသတပ်ဖွဲ့က ဘိုးအင်းကုမ္ပဏီကို ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံတန်ဖိုးရှိတဲ့ ကန်ထရိုက်စာချုပ် အပ်နှင်းလိုက်တာဖြစ်ပါတယ်။
ဒီဂြိုဟ်တုများရဲ့အဓိကလုပ်ဆောင်မှုက မဟာဗျူဟာမြောက် စစ်ဆင်ရေးများမှာ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးစနစ်များကို ထောက်ပံ့ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီအတွက် သူတို့ရဲ့အစီအစဉ်ကို Evolved Strategic Satellite Communications အစီအစဉ်လို့ အမည်ပေးထားပြီး ယနေ့ Advanced Extremely High Frequency စနစ်ကနေ ထောက်ပံ့ပေးနေတဲ့ နျူကလီးယားကွပ်ကဲ၊ ထိန်းချုပ်၊ ဆက်သွယ်ရေးစနစ်ကို အစား ထိုးသွားမှာ ဖြစ်ပါတယ်။
MWD Web Portal