လျှပ်စစ်နဲ့အလင်းတုကို အသုံးပြုပြီး အမိုးနီးယား ထုတ်လုပ်မည့် နည်းလမ်း
ဆစ်ဒနီတက္ကသိုလ်မှ သုတေသနပညာရှင်များက လျှပ်စစ်နဲ့အလင်းတုကိုအသုံးပြုပြီး အမိုးနီးယား ထုတ်လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို တီထွင်ဖန်တီးလိုက်နိုင်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ အမိုးနီးယား ထုတ်လုပ်မှုလုပ်ငန်းစဉ်များက ကာဗွန်ဓာတ်ငွေ့ထွက်ရှိမှုအပေါ် အားပေးနေတာကြောင့် ပညာရှင်များကနည်းလမ်းအသစ်ကိုရှာဖွေကြံဆလာတာပါ။
အခုပညာရှင်များ တီထွင်လိုက်တဲ့ နည်းလမ်းက လေထုထဲမှာရှိတဲ့ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်ကို နှိုးဆော်ဖို့အတွက် ပလာစမာကို အသုံးပြုထားတာဖြစ်ပါတယ်။ ပြီးတဲ့အခါ အဲဒီမော်လီကျူးတွေကို အလွှာပါး အခြေခံဓာတ်ခွဲ ပစ္စည်းကနေ ဖြတ်သန်း ခြင်းဖြင့် အမိုးနီးယားဓာတ်ငွေ့အဖြစ်ကို ပြောင်းလဲပေးခြင်းဖြစ်တယ်လို့ ပညာရှင်များက ပြောပါတယ်။
MWD Web Portal
MM-News-Category