အကြမ်းဖက်သမားများက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်နှင့် ယုဇနရပ်ကွက်အတွင်းရှိ နေအိမ်များအား အသံမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်
နေပြည်တော် ဇူလိုင် ၇
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခြင်း၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဒေါ်ဒွဲဘူ၏နေအိမ်အားလည်းကောင်း၊ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ယုဇနရပ်ကွက်အတွင်းရှိ ဦးတူးဂျာ၏ နေအိမ်အားလည်းကောင်း အကြမ်းဖက်သမားများက အသံမိုင်းများဖြင့် လာရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များရှိ ပြတင်းတံခါးမှန်များ အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့သည့် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MOI