ယူကရိန်းစစ်မြေပြင်၌ ကျေးရွာနှစ်ရွာကို ရုရှားတပ်များထပ်မံသိမ်းပိုက်
ကိယက်ဗ် ဇူလိုင် ၇
ယူကရိန်းစစ်မြေပြင်၌ ရုရှား တပ်များအနေဖြင့် ဆက်လက် အသာစီးရနေပြီး ကျေးရွာနှစ်ရွာကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ တွင် သတင်းထုတ်ပြန်ထားသည်။
ရုရှားတပ်များအနေဖြင့် ယူကရိန်း အရှေ့ပိုင်း ဒွန်းနက်စ်ဒေသ စစ်မြေပြင်၌ ကျေးရွာတစ်ရွာကို သိမ်းယူနိုင်ခဲ့ပြီး ယူကရိန်းအရှေ့ မြောက်ပိုင်း ခါကစ်ဗ်ဒေသ စစ် မြေပြင်၌တွင်လည်း ကျေးရွာတစ်ရွာ ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်၌ ဖော်ပြထားသည်။ ယင်းအပြင် ရုရှားတပ်များ သည် ဒွန်းနက်စ်ဒေသတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး အတွက် မိုကရော့ခ်မြို့ကို သိမ်း ပိုက်နိုင်ရန်အတွက်လည်း ကြိုးပမ်း နေကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏အဆိုအရ သိရသည်။
ရုရှားတပ်များသည် လက်ရှိအချိန်တွင် ယူကရိန်းတစ်နိုင်ငံလုံး အကျယ်အဝန်း၏ ၁၉ ရာခိုင်နှုန်း နီးပါးကို ထိန်းချုပ်ထားကြောင်း ရုရှားမီဒီယာများက သတင်းထုတ် ပြန်ထားသည်။
ရုရှားတပ်များသည် ယူကရိန်း အရှေ့ပိုင်း လူးဟန့်ဒေသကို အပြည့်အ၀ ထိန်းချုပ်ထားပြီး ဒွန်းနက်စ်ဒေသ၊ ဇာပိုရစ်ဗီယာနှင့် ခါဆန်ဒေသများ၏ ၇၀ ရာခိုင်နှုန်းစီ ထိန်းချုပ်ထားသည်။
သုံးနှစ်ကျော်ကြာ ယူကရိန်း ပဋိပက္ခကို အဆုံးသတ်နိုင်ရေး အတွက် အဆိုပါနယ်မြေလေးခုကို ယူကရိန်းနိုင်ငံက စွန့်လွှတ်ပေးရ မည်ဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားထားသည်။
Ref : RT
Trs: KKO
YDNB Newspaper