ဒုံးကျည်ကို ဖျက်ဆီးလိုက်နိုင်တဲ့ လေယာဉ်သုံး လေဆာလက်နက်
ဒုံးကျည်ကို ဖျက်ဆီးလိုက်နိုင်တဲ့ လေယာဉ်သုံး လေဆာလက်နက် တူကီယဲနိုင်ငံက ကျည်စစ်ကျည်မှန်ကို အသုံးပြုတဲ့ လက်တွေ့စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်လိုက်နိုင်ပါတယ်။ တူကီယဲနိုင်ငံရဲ့ ဦးဆောင်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု ကုမ္ပဏီဖြစ်တဲ့ အာဆဲဆန်ကုမ္ပဏီက တိုက်ပွဲနယ်မြေထဲအတွင်း အနီအောက်ရောင်ခြည် လမ်းညွှန်စနစ်သုံး ဒုံးကျည်များကို ထိရောက်စွာပစ်ချနိုင်တဲ့ လေဆာလက်နက်စနစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်လိုက်နိုင်တာပါ။ အဲဒီလေဆာလက်နက်စနစ်ကို တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များမှာ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်တာကြောင့် ဒါကလေကြောင်းရန် ကာကွယ်ရေးမှာ အရေးပါတဲ့အလွှာ တစ်ခုဖြစ်လာစေမှာဖြစ်ပါတယ်။ YILDIRIM-100 လို့ အမည်ရတဲ့ အဲဒီစနစ်က ပစ်မှတ်ကိုအလို အလျောက်သိရှိကာ ချေမှုန်းနိုင်စွမ်းရှိတယ် လို့လည်း ဆိုပါတယ်။
MWD Web Portal
MM-News-Category