တစ်စက္ကန့်မှာ ခြင်အကောင် ၃၀ ကိုချေမှုန်းမယ့် ခြင်ရန်ကာကွယ်ရေး လေဆာ

News Image

  • တစ်စက္ကန့်မှာ ခြင်အကောင် ၃၀ ကိုချေမှုန်းမယ့် ခြင်ရန်ကာကွယ်ရေး လေဆာ

ခြင်တွေဆိုတာ တစ်ကမ္ဘာလုံးရဲ့ ရန်သူလို့တောင် တင်စားရတဲ့အထိပါပဲ။ သူတို့ကိုချေမှုန်းနိုင်ဖို့    နည်းလမ်းများစွာနဲ့ ကြိုးပမ်းပေမယ့်လည်း ခြင်တွေကအခုချိန် အထိရှင်သန်နိုင်နေဆဲ ဖြစ်ပါတယ်။ အဲဒီ နည်းလမ်းတွေထဲမှာ ခြင်တွေသားမပေါက်နိုင်အောင်လုပ်တဲ့နည်းမှသည် ခြင်ဆေးခွေတွေလိုမျိုး ခြင်တွေကိုပြေးစေတဲ့နည်းလမ်းအထိပါဝင်ပါတယ်။ အခုတရုတ်နိုင်ငံမှ ပညာရှင်များရဲ့ တီထွင်မှုတစ်ခုကတော့ ခြင်တွေကိုချေမှုန်းမယ့် လေဆာလက်နက် ဖြစ်ပါတယ်။

အဲဒီလေဆာလက်နက်ကို  Photon Matrix လို့ အမည်ပေးထားပါတယ်။ သူက အမျိုးအစားခွဲခြားမှု အလွန်မြင့်မားလှတဲ့ LiDar နည်းပညာကိုအသုံးပြုထားတာပါ။ ဒီနည်းပညာကိုအသုံးပြုထားတဲ့အတွက် ခြင်ရန်ကာကွယ်ရေး လေဆာလက်နက်ဟာ   လူတွေနဲ့တခြားအိမ်မွေး တိရစ္ဆာန်တွေကို ထိခိုက်မှုမရှိစေဘူးလို့ ဂျင်ဝေါင်းကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သူ့ရဲ့စွမ်းဆောင်ရည်က တစ်စက္ကန့်တိုင်း မှာ ခြင်အကောင် ၃၀ ကိုချေမှုန်းနိုင်စွမ်း ရှိတာကြောင့် ထိရောက်တဲ့ ခြင်ရန်ကာကွယ်ရေး လက်နက်ဖြစ်ပါတယ်။  

MWD Web Portal