စစ်သုံးပစ္စည်းများကို မိုင် ၆၀၀ အထိ ပို့ဆောင်ပေးမယ့် eVTOL
ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် MightyFly ကုမ္ပဏီက ကုန်တင်လေယာဉ် အမျိုးအစားတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ပြလိုက်နိုင်ပါတယ်။ ဒီကုန်တင်ယာဉ်က သမားရိုးကျကုန်တင်ယာဉ် မဟုတ်ပါဘူး။
လျှပ်စစ်စွမ်းအင်အသုံးပြုပြီး ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ မောင်းသူမဲ့ လေယာဉ်တစ်မျိုးဖြစ်ပါတယ်။
MightyFly ကုမ္ပဏီက အမေရိကန်လေတပ်အတွက် ဖန်တီးပေးထားတဲ့ အဲဒီလေယာဉ်က မိုင်ပေါင်း ၆၀၀ အထိကိုသွားနိုင်ပြီး ကုန်ပစ္စည်း အထုပ်အပိုးတွေကိုလည်း သတ်မှတ်ထားတဲ့ နေရာအရောက် အလိုအလျောက် ထားရှိပေးနိုင်မှာပါ။ ဒီစနစ်က ဘေးကင်းစိတ်ချရမှုရှိပြီး တစ်ခေတ်ဆန်းသစ်စေမယ့် သယ်ယူပို့ဆောင်ရေး စနစ်ကို အာမခံချက်ပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
MWD Web Portal
MM-News-Category