ယူကရိန်း ရှေ့တန်း စစ်မြေပြင်တွင် ကျဆုံးခဲ့သည့် ရုရှားရေတပ်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် Mikhail Gudkov အား ဒုတိယမြောက် သူရဲကောင်းရွှေကြယ်တံဆိပ်ကို ချီးမြှင့်

News Image

  • ယူကရိန်း ရှေ့တန်း စစ်မြေပြင်တွင် ကျဆုံးခဲ့သည့် ရုရှားရေတပ်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် Mikhail Gudkov အား ဒုတိယမြောက် သူရဲကောင်းရွှေကြယ်တံဆိပ်ကို ချီးမြှင့်

ဇူလိူင်လ ၂ ရက်နေ့က ယူကရိန်း ရှေ့တန်း စစ်မြေပြင်တွင် ကျဆုံးခဲ့သည့် ရုရှားရေတပ်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် မစ်ခေးလ် ဂွတ်ကော့ (Mikhail Gudkov) အား ၎င်း၏ တာဝန်ထမ်းဆောင်မှုတွင် ရဲစွမ်းသတ္တိရှိမှုအတွက် ဒုတိယမြောက် သူရဲကောင်းရွှေကြယ်တံဆိပ်ကို ချီးမြှင့်ခဲ့ပြီး ၎င်း၏ဇနီးသည်က သမ္မတ ပူတင်ထံမှ လက်ခံရယူခဲ့သည်။

သမ္မတ ပူတင်သည် ဗိုလ်ချုပ် မစ်ခေးလ်ဂွတ်ကော့၏ ဇနီး Zhanna Gudkova အား သူရဲကောင်း ရွှေကြယ်တံဆိပ်ကို ပေးအပ်ချီးမြှင့်သည်။ အဆိုပါ အခမ်းအနားကို ကရင်မလင်နန်းတော်၌ ကျင်းပခဲ့သည်။

ရုရှားရေတပ်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် Mikhail Gudkov သည် ယခင်က ပထမအကြိမ်အဖြစ် ရုရှားနိုင်ငံ၍ အမြင့်မားဆုံးသော သူရဲကောင်းဘွဲ့ဖြစ်သည့် ရွှေကြယ်တံဆိပ်ကို လက်ခံရရှိခဲ့ဖူးကြောင်း သတင်းရရှိပါသည်။

ကိုးကား- ကရင်မလင်

Photo: TheDailyJagran.com

News Video