ချီလီနိုင်ငံ အက်တာကာမာသဲကန္တာရ၌ နှင်းများကျဆင်းနေမှုကြောင့် အယ်လ်မာရေဒီယိုတယ်လီစကုပ် စူးစမ်းလေ့လာရေးလုပ်ငန်းများ ရပ်ဆိုင်းထားရ
စန်တီယာဂို ဇူလိုင် ၇
ကမ္ဘာ့အခြောက်သွေ့ဆုံးဒေသ ဖြစ်သော ချီလီနိုင်ငံ အက်တာကာမာ သဲကန္တာရ၌ နှင်းများကျဆင်း နေမှုကြောင့် အယ်လ်မာရေဒီယို တယ်လီစကုပ်မှာ စူးစမ်းလေ့လာ ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရ ကြောင်းဇူလိုင်၆ရက်သတင်းများ အရ သိရသည်။
အက်တာကာမာ သဲကန္တာရ သည် တစ်နှစ်လျှင် မိုးရေချိန် တစ်လက်အောက်သာ ရရှိတတ် သော်လည်း လက်ရှိအချိန်တွင် အယ်လ်မာ ရေဒီယိုတယ်လီစကုပ် တည်ရှိရာနေရာ၌နှင်းများကျဆင်း နေကြောင်း သိရသည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် နှင်းကျမှုပြဿနာကြောင့် အယ်လ် မာ ရေဒီယိုတယ်လီစကုပ်စခန်း အနေဖြင့် စကြဝဠာစူးစမ်းလေ့လာ ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း အမေရိကန်သိပ္ပံပညာရှင် များက ပြောကြားသည်။
အယ်လ်မာ ရေဒီယိုတယ်လီ စကုပ်သည် ချီလီနိုင်ငံ စန်တီယာ ဂိုမြို့တော် မြောက်ဘက် မိုင် ၁ဝဝဝ ကျော်အကွာတွင် တည်ရှိကြောင်း သိရသည်။
အယ်လ်မာ ရေဒီယိုတယ်လီစကုပ်သည် ကမ္ဘာပေါ်တွင် စွမ်းဆောင်ရည်အမြင့်ဆုံး ရေဒီယိုတယ်လီ စကုပ်စနစ်တစ်ခုဖြစ်ပြီး စကြဝဠာ စူးစမ်းရေးလုပ်ငန်းများကို များစွာအထောက်အကူပြုခဲ့ကြောင်း သိရသည်။
အဆိုပါရေဒီယိုတယ်လီစကုပ် ကို ဥရောပ၊ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံတို့ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Ref: Russia Today
Trs: KKO
YDNB Newspaper