New Horizon အာကာသယာဉ်က ကြယ်တာရာဗဟိုပြု အာကာသဟင်းလင်းပြင် တည်နေရာပြစနစ်ကို ကမ္ဘာ့ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့
ဝါရှင်တန် ဇူလိုင် ၇
အမေရိကန်အစိုးရအမျိုးသား လေကြောင်းနှင့် အာဏာသစီမံ ခန့်ခွဲရေးအေဂျင်စီ(နာဆာ) ၏ New Horizon အာကာသယာဉ် သည် ကြယ်တာရာ ဗဟိုပြု အာကာသဟင်းလင်းပြင် တည်နေရာပြစနစ်ကို ကမ္ဘာ့ပထမဆုံး အကြိမ်အဖြစ် အောင်မြင်စွာစမ်း သပ်နိုင်ခဲ့ကြောင်း ဇူလိုင် ၆ ရက် သတင်းများအရ သိရသည်။
ကမ္ဘာဂြိုဟ်နှင့်အလင်းနှစ် ၅ ဒသမ ၅ ဘီလီယံအကွာရှိ ကွီပါ ခါးပတ်ကွင်းနယ်မြေကို ဖြတ်ကျော်ပျံသန်းနေချိန်တွင် နာဆာ သိပ္ပံပညာရှင်များက ကြယ်တာရာ ဗဟိုပြု တည်နေရာပြစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နေအဖွဲ့အစည်းနှင့် အနီးဆုံး ကြယ်နှစ်စင်းဖြစ်သည့် ပရိုစီးမား စင်တော်ရီနှင့် ဝုဖ် ၃၅၉ အမည်ရှိ ကြယ်များကို ဓာတ်ပုံရိုက်ကူးနိုင် သည့်နေရာသို့ New Horizon အာကာသယာဉ် ရောက်ရှိနေချိန် တွင် သိပ္ပံပညာရှင်များက အာကာသယာဉ် တည်နေရာကို တွက်ချက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပရိုစီးမား စင်တော်ရီကြယ်သည် ကမ္ဘာမြေနှင့်အလင်းနှစ် ၄ ဒသမ ၂ နှစ်အကွာတွင်တည်ရှိပြီး ဝုဖ် ၃၅၉ ကြယ်မှာ ကမ္ဘာဂြိုဟ်နှင့် အလင်းနှစ် ၇ ဒသမ ၈၆ နှစ် အကွာတွင်တည်ရှိသည်။
New Horizon အာကာသယာဉ်သည် နေအဖွဲ့အစည်းမှ ထွက်ခွာ၍ ကြယ်တာရာဟင်းလင်း ပြင်အတွင်းသို့ တစ်ချိန်ချိန်တွင် ဝင်ရောက်မည့် ပဉ္စမမြောက် အာကာသယာဉ် ဖြစ်ကြောင်း သိရသည်။
Ref: Sputnik News
Trs: KKO
YDNB Newspaper
Photo - NASA