အကြမ်းခံမယ့်အတွင်းပိုင်းနဲ့ Jeep Compass
Jeep ဆိုတာက လမ်းကြမ်းသုံးကားတွေကို ထုတ်လုပ်ရာမှာ နာမည်ကြီးလှပါတယ်။ ဒါဟာ သူ့ရဲ့ဂုဏ်ပုဒ်တစ်ခုဆိုရင် လည်းမမှားပါဘူး။ မကြာသေးခင်က ထွက်ပေါ်လာတဲ့ သူတို့ရဲ့နောက်ဆုံးထုတ်ကားဖြစ်တဲ့ Jeep Compass မှာတော့ အပြင် ပိုင်းကိုအကြမ်းခံနိုင်အောင် လုပ်ဆောင်ထားသလို အတွင်းပိုင်းလည်း အကြမ်းခံ မယ့်ပုံစံနဲ့မြင်တွေ့လိုက်ရပါတယ်။
လမ်းကြမ်းမောင်းတဲ့ကားတွေတော်တော်များများက အတွင်းပိုင်းမှာ ညစ်ပတ်လေ့ရှိပါတယ်။ ဒီအချက်ကို Jeep Com-pass က ပြောင်းပြန်လှန်လိုက်တာပါ။
အင်ဂျင်နီယာများက အတွင်းပိုင်းမှာတော်ရုံ အားဖြင့်ညစ်ပတ် စွန်းထင်းမှုမရှိစေမယ့် ကုန်ကြမ်းတွေကို အသုံးပြုထားပါတယ်။ ခုံတွေဆိုရင်လည်း သူတို့ကို အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်စေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။
MWD Web Portal
MM-News-Category