ကမ္ဘာ့အကြီးဆုံးဖြစ်လာတဲ့ တရုတ်ရဲ့ ဆိုလာပြားတပ် ငါးမွေးမြူရေးကန်

News Image

  • ကမ္ဘာ့အကြီးဆုံးဖြစ်လာတဲ့ တရုတ်ရဲ့ ဆိုလာပြားတပ် ငါးမွေးမြူရေးကန်

တရုတ်နိုင်ငံမှာ ဆိုလာပြားတွေကိုတပ်ဆင်ထားတဲ့ ငါးမွေးမြူရေးကန်တစ်ခုရှိပါတယ်။ အခု အဲဒီကန်မှာရှိတဲ့ ဆိုလာပြားတွေကနေ ဓာတ်အားလိုင်းဆီကို လျှပ်စစ်ဓာတ်အားတွေ ပို့လွှတ်နိုင်နေပါပြီ။ အဲဒီကနေထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားပမာဏက မဂ္ဂါဝပ် ၂၅၀ ရှိပါတယ်။   ဒါကြောင့် အဲဒီကန်ဟာ ကမ္ဘာ့အကြီးဆုံးသော ဆိုလာပြားတပ်ငါးမွေးမြူရေးကန်ဖြစ်လာပါပြီ။

ပေကျင်းမြို့အခြေစိုက် Dajin Heavy Industry က အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်တာဖြစ်ပြီး ဒီစီမံကိန်းက ရရှိတဲ့မြေနေရာကို အကောင်းဆုံး အကျိုးရှိစွာအသုံးချခြင်းအတွက် ပြယုဂ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

အခုဆိုလာပြားတွေတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေတဲ့ ငါးကန်က အကျယ်အားဖြင့် ၃၅၃ ဟက်တာရှိပါတယ်။ တပ်ဆင်ထားတဲ့ ဆိုလာပြားအချပ်ရေ ၃၇၀၀၀၀ က ကျောချင်းကပ်ဖြစ်တာကြောင့် အပေါ်ပိုင်း ဆိုလာပြားက နေရောင်ခြည်စွမ်းအင်ကို တိုက်ရိုက်ရယူပြီး အောက်ပိုင်းရှိဆိုလာပြားက ရေမှအလင်းပြန်လာတဲ့ နေရောင်ခြည်မှ စွမ်းအင်ရယူတာဖြစ်တယ်လို့ ဆိုပါတယ်။

MWD Web Portal