တစ်မိနစ်အတွင်း အစီးရေ ၁၀၀၀ ရောင်းလိုက်ရတဲ့ XPeng ရဲ့ G7
တရုတ်နိုင်ငံမှ XPeng ကုမ္ပဏီက G7 SUV ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ လျှပ်စစ်စွမ်းအင်သုံး ကားဖြစ်တာနဲ့အညီ အဆင့်မြင့်နည်းပညာတွေကို ထည့်သွင်း ပေးထားပေမယ့် ဈေးနှုန်းကတော့ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Tesla Model Y ထက်နည်းပါးပါတယ်။ G7 ရဲ့တန်ဖိုးက ယွမ် ၁၉၅၈၀၀ သာရှိတဲ့အတွက် Tesla Model Y ထက် ၂၆ ရာခိုင်နှုန်းဈေးသက်သာပါတယ်။
အရွယ်အစားကလည်း Tesla Model Y ထက်ပိုကြီးသလို အတွင်းပိုင်းကလည်း ပိုကျယ်ပါတယ်။ ဒါကြောင့် မိသားစုစီး ကားအဖြစ်ရွေးချယ်ကြတဲ့အတွက် မိတ်ဆက်ပြီး တစ်မိနစ်အတွင်းမှာပင် အစီးရေ ၁၀၀၀ ရောင်းထွက်သွားပါတယ်။ ဒါဟာ XPeng အတွက်အောင်မြင်မှုတစ်ခုဖြစ်လာ တယ်လို့ဆိုနိုင်ပါတယ်။
MWD Web Portal
MM-News-Category