RTX နဲ့ Shield AI တို့ပူးပေါင်းမှုမှ ထွက်လာမယ့် အလိုအလျောက်စနစ်သုံး စစ်လက်နက် နည်းပညာ

News Image

  • RTX နဲ့ Shield AI တို့ပူးပေါင်းမှုမှ ထွက်လာမယ့် အလိုအလျောက်စနစ်သုံး စစ်လက်နက် နည်းပညာ

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားအခြေစိုက် ကာကွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ RTX က အသေခံလက်နက်များကိုအဆင့်မြှင့်တင်မှုများ လုပ်ဆောင်နေပါတယ်။ အဲဒီလိုအဆင့်မြှင့်တင်မှုမှာ အသေခံလက်နက်များအနေနဲ့ ပစ်မှတ်မျိုးစုံကို ချေမှုန်းနိုင်ဖို့ အတွက် အလိုအလျောက်စနစ် အသုံးပြုမှုလည်း ပါဝင်ပါတယ်။

ဒီအတွက် RTX က Shield AI နဲ့ လက်တွဲလာတာဖြစ်ပါတယ်။ အထူးသဖြင့် Shield AI ရဲ့ Hivemind ကို အသုံးပြုထားတာပါ။ Hivemind ဆိုတာက AI စွမ်းရည် သုံးစနစ်တစ်ခုဖြစ်ပြီး အသေခံလက်နက်များရဲ့  မောင်းသူမဲ့စွမ်းဆောင်ရည်ကို တိုးမြင့်စေပါတယ်။

ပူးပေါင်းလေကြောင်းရန် ကာကွယ်ရေးကို ချိုးဖောက်ဝင်ရောက်မှု၊ SCUD ဒုံးကျည်ကို ရှာဖွေချေမှုန်းမှု၊ သတ်မှတ်နယ်မြေထဲ ကင်းထောက်မှု၊ လေကြောင်းရန်တုံ့ပြန်မှု၊ မိုးကုပ်စက်ဝိုင်းအလွန် တိုက်ခိုက်မှု အစရှိတဲ့ များပြားလှစွာသော စစ်ဆင်ရေးများကို ဆင်နွှဲနိုင်စေဖို့အတွက်  ဒီစနစ်ကိုလေ့ကျင့် သင်ကြားပေးနိုင်ပါတယ်။

ဒါ့အပြင် အခုလိုမျိုး RTX နဲ့ Shield AI တို့ရဲ့ပူးပေါင်းမှုက အလိုအလျောက်စနစ် အသုံးပြု   စစ်လက်နက်နည်းပညာကို တစ်ခေတ်ဆန်းသစ်လာစေမှာပါ။ Shield AI က သူတို့ရဲ့ Hivemind စွမ်းဆောင်ရည် တချို့ကို မကြာသေးခင်က ထုတ်ဖော်ပြသထားရာ တခြားသောလက်နက်စနစ်များကိုလည်း အလိုအလျောက် ထိန်းချုပ်နိုင်စွမ်း ရှိတာတွေ့ရပါတယ်။

MWD Web Portal