ခွဲစိတ်ခန်းသုံး စက်ရုပ်များရဲ့ စွမ်းဆောင်ရည်ကို တစ်ခေတ်ဆန်းစေတဲ့ ဆရာဝန်မလိုဘဲ သည်းခြေအိတ်ကို ဖယ်ရှားမှု
စက်ရုပ်နည်းပညာတွေ အဆင့်မြင့်မားလာတဲ့ အထဲမှာ ခွဲစိတ်ခန်းသုံးစက်ရုပ်တွေ လည်းပါဝင်ပါတယ်။ အရင်တုန်းက ခွဲစိတ်ခန်းသုံး စက်ရုပ်တွေကို လူသားခွဲစိတ်ဆရာ ဝန်တွေရဲ့ အထောက်အပံ့ပေးရေး ကိရိယာတစ်ခုအဖြစ် အသုံးပြုခဲ့တာပါ။ အခုလက်ရှိမှာတော့ ခွဲစိတ်ခန်းသုံး စက်ရုပ်တွေက ခွဲစိတ်ဆရာဝန်တွေရဲ့ ကြားဝင်ကူညီပေး မှုတောင်မလိုတော့ဘဲနဲ့ အလိုအလျောက် ခွဲစိတ်မှုများကို လုပ်ဆောင်လာနိုင်နေပါပြီ။ ဒါက ခွဲစိတ်ခန်းသုံး စက်ရုပ်တွေရဲ့စွမ်းရည်ကို တစ်ခေတ်ဆန်းသစ် လာစေတာပါ။
အမေရိကန်အစိုးရက ငွေကုန်ကြေးကျခံပြီး ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်လုပ်ထားတဲ့ ခွဲစိတ်ခန်းသုံး စက်ရုပ်တစ်မျိုးဟာ လူနာရဲ့သည်းခြေအိတ်ကို ဖယ်ရှားရာမှာ လူသားခွဲစိတ်ဆရာဝန်ရဲ့ အကူအညီမပါဘဲ အလိုအလျောက်စနစ်နဲ့ လုပ်ငန်း အဆင့်ဆင့်ကို တစ်ချက်မမှား ဆောင်ရွက် သွားနိုင်တာ တွေ့ရပါတယ်။
အခုစက်ရုပ်ကိုတော့ SRT-H အမျိုးအစားလို့ ခေါ်ပါတယ်။ သူက သည်းခြေ အိတ်ကိုဖယ်ရှားရာမှာ လုပ်ဆောင်ရမယ့် အရေးကြီးအဆင့်ပေါင်း ၁၇ ဆင့်ကို ကိုယ် တိုင် လုပ်ဆောင်သွားတာပါ။ အဲဒီအဆင့်တွေထဲမှာ ခန္ဓာကိုယ်ရှိ အရည်သယ်ပြွန်နဲ့ သွေးကြောများကိုခွဲခြားသိရှိခြင်း၊ ညှပ်ကို အသုံးပြုခြင်း၊ ကတ်ကြေးနဲ့ညှပ်ခြင်းတို့ ပါဝင်ပါတယ်။
MWD Web Portal