ကာဗွန်ကိုပိုမိုစုပ်ယူနိုင်မယ့် အင်္ဂတေ အမျိုးအစားအသစ်
အင်္ဂတေဆိုတာက ခေတ်ဟောင်းကာလမှသည် ခေတ်သစ်ကာလအထိ တည်ဆောက်ရေးလုပ်ငန်းတွေမှာ မဖြစ်မနေ အသုံးပြုနေရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာကောင်းကျိုးရှိ သလို တစ်ဖက်မှာကျတော့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ဆိုးကျိုးလည်း ရှိနေပြန်ပါတယ်။ အခုအမေရိကန် သိပ္ပံပညာရှင်များက အင်္ဂတေအမျိုးအစား တစ်မျိုးကို ဆန်းသစ် တီထွင်လိုက်ပါတယ်။ အဲဒီအမျိုးအစားက ကျောက်ဖြစ်ရေညှိတွေကို သရီးဒီပရင်တာနဲ့ ပေါင်းစပ်ပြီး အင်္ဂတေရဲ့အတွင်းပိုင်း ပုံစံကိုပြန်လည် ပြင်ဆင် ထားတာဖြစ်ပါတယ်။ သူကအလေးချိန် ပေါ့ပါးတယ်။ ဘိလပ် မြေပါဝင်မှု နည်းတယ်။ ခိုင်ခံ့မှုက အရင်လိုပဲ ရှိပေမယ့် ကာဗွန်စုပ်ယူမှုမှာတော့ ၁၄၂ ရာခိုင်နှုန်း ပိုများပါတယ်။
MWD Web Portal
MM-News-Category