အာကာသယာဉ်မှူးများ အတွက် အသုံးဝင်မယ့် စပါးပင်ပုမျိုးအသစ်
လပေါ်သို့သွားခြင်း၊ အင်္ဂါဂြိုဟ်ပေါ်သို့ သွားခြင်းလိုမျိုး အာကာသခရီးရှည်တွေ သွားတဲ့အခါ အာကာသယာဉ်မှူးများအနေနဲ့ လတ်ဆတ်မှုရှိပြီး အာဟာရပြည့်ဝတဲ့အစာကို လိုအပ်ပါတယ်။ လက်ရှိမှာတော့ ကြိုတင်ထုပ်ပိုးထားတဲ့ အစားအစာအိတ်များကိုသာ မှီခိုနေရတာပါ။
ဒါကြောင့် အီတလီအာကာသအေဂျင်စီနဲ့ အီတလီတက္ကသိုလ်သုံးခုတို့ ပူးပေါင်းပြီး Moon-Rice ဆိုတဲ့စီမံကိန်းကို အကောင်အထည်ဖော်လိုက်ပါပြီ။ အဲဒီစီမံကိန်းက နေထွက်ပေါ်လာမယ့် အရာက အာကာသထဲမှာ စိုက်ပျိုးဖို့အတွက် သင့်လျော်မယ့် အပြင် ကမ္ဘာမြေပေါ်မှာဆိုရင်လည်း ပြင်းထန်လှတဲ့ပတ်ဝန်းကျင် အခြေအနေအပေါ် ခံနိုင်ရည်ရှိစေမယ့် စပါးပင်ပုမျိုးအသစ် ဖြစ်ပါတယ်။
စီမံကိန်းကို လေးနှစ်သတ်မှတ်ထား ပေမယ့်လည်း ကိုးလဝန်းကျင် ရောက်လာတဲ့ အခုအချိန်မှာကိုပဲ ကနဦးရလဒ်များက လိုအပ်တဲ့စပါးပင်ပုမျိုး အသစ်အတွက် အာမခံချက်ပေးနိုင်တဲ့အထိ အောင်မြင်လာပါပြီ။ လက်ရှိမှာ ပညာရှင်များက အမြင့် ၁၀ စင်တီမီတာသာရှိတဲ့ စပါးပင်မျိုးဖြစ်အောင် လုပ်ဆောင်ထားနိုင်ပါတယ်။
MWD Web Portal