သံတမန်ဆက်ဆံ‌ရေး နှစ် ၇၀ ပြည့်၌ မြန်မာနှင့်ကမ္ဘောဒီးယားအပြန်အလှန် သဝဏ်လွှာပို့

News Image

  • သံတမန်ဆက်ဆံ‌ရေး နှစ်၇၀ပြည့်၌ မြန်မာနှင့်ကမ္ဘောဒီးယားအပြန်အလှန် သဝဏ်လွှာပို့

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်အခါသမယတွင် မြန်မာနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များက ဂုဏ်ပြုသဝဏ်လွှာများ ကိုအပြန်အလှန်ပေးပို့ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့၏ သဝဏ်လွှာများတွင် နှစ်ဖက်စလုံး၏ လွန်ခဲ့သည့် ဆယ်စုနှစ် ခုနစ်ခုအတွင်း တည်ဆောက်ခဲ့သည့် ကာလကြာရှည် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ် ဖေါ်ပြခဲ့ကြသည်။ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် သာယာဝပြောရေးတို့အတွက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေး ကတိကဝတ်များကို ၎င်းတို့က ထပ်လောင်းအတည်ပြုခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံတို့သည် ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁၂ ရက် နေ့တွင် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။

Popular Myanmar