တစ်ခါအားသွင်းပြီး မိုင် ၇၅၀ သွားနိုင်တဲ့ Lucid EV ဂင်းနစ်မှတ်တမ်းဝင်

News Image

  • တစ်ခါအားသွင်းပြီး မိုင် ၇၅၀ သွားနိုင်တဲ့ Lucid EV ဂင်းနစ်မှတ်တမ်းဝင်

Lucid Air Grand Touring ဆိုတာက လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) တစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ သာမန် EV မျိုးတော့ မဟုတ်ပါဘူး။ ဂင်းနစ်မှတ်တမ်းဝင်ထား တဲ့ EV ပါ။ ဘယ်နေရာမှာလဲဆိုရင် တစ် ကြိမ်အားသွင်းရုံနဲ့ မိုင်အများဆုံးသွားနိုင် တဲ့ EV အဖြစ်မှတ်တမ်းဝင်သွားတာဖြစ်ပါ တယ်။

သူသွားတဲ့ခရီးက ဆွစ်ဇာလန်နိုင်ငံစိန့်မောရစ်မြို့ကနေ ဂျာမနီနိုင်ငံ  မြူးနစ်မြို့အထိဖြစ်ပါတယ်။ အကွာအဝေးအား ဖြင့် မိုင်ပေါင်း ၇၅၀ ရှိပါတယ်။ တစ်ကြိမ် အားသွင်းရုံနဲ့ မိုင်ပေါင်း ၇၅၀ အထိသွား နိုင်တဲ့ EV ဆိုတာ Lucid ကလွဲရင် ဘယ် EV မှမရှိပါဘူး။ ဒီလိုသွားခြင်းက သီးသန့် ပြုလုပ်ထားတဲ့ လမ်းပေါ်မှာသွားတာမျိုး မဟုတ်ဘဲ လက်တွေ့မြေပြင်အခြေအနေအတိုင်းသွားတာပါ။

Lucid မှာအသုံးပြုထားတဲ့ဘက်ထရီ စနစ်က ရွေ့လျားစွမ်းအင်ကို သိမ်းဆည်း နိုင်တဲ့လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်။ ဒါကြောင့် သူ့မှာပါတဲ့ ၁၁၂ ကီလိုဝပ်နာရီဘက်ထရီကို ပိုပြီးတော့   အားဖြည့်ပေးနိုင်တာဖြစ်တဲ့အတွက် ခရီးဝေးကိုပိုမိုရောက်ရှိစေနိုင်တာဖြစ်ပါတယ်။ Lucid EV အတွက်စံပြု သတ်မှတ်ထားတဲ့ ခရီးအကွာအဝေးက ၅၉၆ မိုင်ဖြစ်ပေမယ့် ၁၅၂ မိုင်ပိုမောင်းပြီး စံချိန်တင်လိုက်တာဖြစ်ပါတယ်။

MWD Web Portal