မြင့်မားတဲ့နည်းပညာများနဲ့ထွက်လာတဲ့ MG ရဲ့ IM5 နဲ့ IM6
MG က နည်းပညာမြင့်မားလှတဲ့မော်တော်ကားအမျိုးအစားအဖြစ် IM5 နဲ့ IM6 တို့ကိုထုတ်ဖော်မိတ်ဆက်ပြသလိုက်ပါတယ်။ IM5 က ဆလွန်းအမျိုးအစားဖြစ် ပြီး IM6 က SUV အမျိုးအစားဖြစ်ပါတယ်။ နှစ်မျိုးစလုံးက EV ကားချည်းပါပဲ။
သူကစွမ်းဆောင်ရည်ပိုင်းမှာ တခြားနာမည်ကြီးအမှတ်တံဆိပ်တွေနဲ့ယှဉ်နိုင်ရုံသာမကဘဲ ဈေးနှုန်းပိုင်းမှာလည်း အဲဒီနာမည်ကြီးတွေထက် သက်သာနေတာကိုတွေ့ရပါတယ်။
IM5 နဲ့ IM6 တစ်မျိုးစီမှာ မျိုးခွဲသုံးမျိုး စီရှိပါတယ်။ မျိုးခွဲတစ်ခုနဲ့တစ်ခုကြား ကွာဟချက်က ဘက်ထရီစွမ်းဆောင်ရည်နဲ့ သွားနိုင်တဲ့ခရီးအကွာအဝေးပါ။ နည်းပညာပိုင်းအနေနဲ့ One Touch Park Assist ကဲ့သို့နည်းပညာနဲ့ တခြားအဆင့်မြင့်မားလှတဲ့ နည်းပညာများစွာ ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။
MWD Web Portal
MM-News-Category