ကမ္ဘောဒီးယားက လာမည့်နှစ်မှစ၍ ပြည်သူ့စစ်မှုထမ်း စနစ်ကို စတင် ကျင့်သုံးမည်
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် လာမည့်နှစ်မှစ၍ ပြည်သူ့စစ်မှုထမ်းစနစ်ကို စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က ဇူလိုင်လ ၁၄ ရက်တွင် ပြောသည်။ အိမ်နီးချင်းနိုင်ငံနှင့် တင်းမာမှုများ မြင့်တက်လာရသည့် အခြေအနေသည် နှစ်များစွာကြာ ကျင့်သုံးခြင်းမရှိသည့် ပြည်သူ့စစ်မှုထမ်းစနစ်ကို ကျင့်သုံးရန် အကြောင်းဖန်လာခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။
အသက် ၁၈ နှစ်မှ ၃၀ ကြားရှိ ကမ္ဘောဒီးယားနိုင်ငံသားများအားလုံး နိုင်ငံတော် အတွက် ၁၈ လကြာ စစ်မှုထမ်းရမည်ဟူသော ဥပဒေကို ကမ္ဘောဒီးယားလွှတ်တော် က ၂၀၀၆ ခုနှစ်တွင် အတည်ပြုထားပြီးဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတို့သည် နယ်စပ်ပိုင်ဆိုင်မှု အငြင်းပွားပြဿနာနှင့်ပတ်သက်၍ မေလတွင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ကမ္ဘောဒီးယားစစ်သည်တစ်ဦး ကျဆုံးသွားသည့်အတွက် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာရခြင်း ဖြစ်ကြောင်းနှင့် ယခုအချိန်အထိ ပြေလည်မှု မရရှိသေးကြောင်း သိရသည်။
MWD Web Portal