တရုတ်(တိုင်ပေ)အခြေစိုက် TiSpace ကုမ္ပဏီက ဗွီပီ-၀၁ ဒုံးပျံတစ်စင်းကို ဂျပန်နိုင်ငံမြောက်ပိုင်းမှတစ်ဆင့်လွှတ်တင်ခဲ့ရာ အောင်မြင်မှုမရှိခဲ့
ပေကျင်း ဇူလိုင် ၁၄
တရုတ်(တိုင်ပေ)အခြေစိုက် TiSpaceကုမ္ပဏီသည် ဗွီပီ-၁ အမည်ရှိ ဒုံးပျံတစ်စင်းကို ဂျပန် နိုင်ငံမြောက်ပိုင်းမှတစ်ဆင့် ဇူလိုင် ၁၂ ရက်တွင် လွှတ်တင်ခဲ့ရာ
အောင်မြင်မှု မရှိခဲ့ကြောင်း ဇူလိုင် သတင်းများအရ ၁၃ ရက် သိရသည်။
TiSpace ကုမ္ပဏီသည် မူလ က ဗွီပီ ဝ၁ ဒုံးပျံကို ကမ္ဘာမြေပြင် အထက် အမြင့် ၆၂ မိုင်အကွာထိ စမ်းသပ်လွှတ်တင်ရန် မူလက စီစဉ်ထားသည်။
သို့ရာတွင် လွှတ်တင်ပြီး တစ်မိနစ်အတွင်းမှာပင် ဗွီပီ-၀၁ ဒုံးပျံ၏ လမ်းကြောင်းမှာ ယိမ်းခါ လာခဲ့ပြီး ဒုံးပျံသည်လည်း မြေပြင်ပြန်လည်ကျရောက်ခဲ့ရ ကြောင်း သိရသည်။
ကိုယ်ထည်အလျား ပေ ၄၀ ရှိသော နှစ်မျိုးစပ် လောင်စာရည် သုံး ဗွီပိ-၀၁ ဒုံးပျံသည် မည်သည့် ဂြိုဟ်ဟုကိုမျှသယ်ယူသွားခြင်းမရှိကြောင်း TiSpace ကုမ္ပဏီ တာဝန် ရှိသူများက ပြောကြားသည်။
TiSpace ကုမ္ပဏီသည် ဗွီပီ-ဝ၁ ဒုံးပျံကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်း အာကာသစခန်းမှတစ်ဆင့် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TiSpace ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်ကလည်း ဩစတြေးလျနိုင်ငံ မှတစ်ဆင့် ဒုံးပျံတစ်စင်း စမ်းသပ် လွှတ်တင်ခဲ့ရာ ထိုစဉ်ကလည်း အောင်မြင်မှု မရှိခဲ့ကြောင်း သိရသည်။
Ref: Xinhua News
Trs: KKO
YDNB Newspaper