Space-X ကုမ္ပဏီက အမျိုးအမည်မသိ ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့
ဝါရှင်တန် ဇူလိုင် ၁၄
အမေရိကန်နိုင်ငံ အခြေစိုက် Space-x ကုမ္ပဏီသည် အမျိုး အမည်မသိ ဂြိုဟ်တုတစ်စင်းကို ဇူလိုင် ၁၃ ရက်တွင် လွှတ်တင်ခဲ့ ကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆိုပါ အမျိုးအမည်မသိဂြိုဟ်တုကို ဖယ်လ်ကွန်-၉ ဒုံးပျံ ဖြင့် ဖလော်ရီဒါပြည်နယ် ကိပ်ကာ နေဗာရယ် အာကာသစခန်းမှ တစ်ဆင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂြိုဟ်တု၏ အမျိုး အမည်ကို Space X ကုမ္ပဏီက ကြေညာခြင်းမရှိသော်လည်း အစ္စရေးနိုင်ငံ၏ Dror-1 ဆက်သွယ် ရေးဂြိုဟ်တုဖြစ်ကြောင်း အာကာသ နည်းပညာ သတင်းဝက်ဘ်ဆိုက် များက ရေးသားတင်ပြထားသည်။ အဆိုပါဂြိုဟ်တုသည် အစ္စရေး လေကြောင်း စက်မှုလုပ်ငန်း(IAI) က တည်ဆောက်ထားပြီး ကမ္ဘာ မြေပြင်အထက် အမြင့်မိုင် ၂၂၀၀၀ ကျော်တွင်ရှိသော ပတ်လမ်းပေါ်၌ နေရာယူမည့်ဂြိုဟ်ဟုအမျိုးအစား ဖြစ်ကြောင်း၊ ၎င်းဂြိုဟ်တုသည် အစ္စ ရေးနိုင်ငံ၏ ဆက်သွယ်ရေးလိုအပ် ချက်များကို ၁၅နှစ်ကြာဖြည့်ဆည်းပေးနိုင်ကြောင်း Al ကုမ္ပဏီ တာဝန် ရှိသူများက ပြောကြားသည်။
ဇူလိုင် ၁၃ ရက် မစ်ရှင်သည် Space-X ကုမ္ပဏီအတွက် ယခုနှစ် ၏ ၈၅ ကြိမ်မြောက် အာကာသ မစ်ရှင်ဖြစ်ကြောင်း သိရသည်။
Ref: Sputnik News
Trs: KKO
YDNB Newspaper