လူ့ ဉာဏ်ရည်တုနည်းပညာ(AI)သုံး စက်ရုပ်များက လာမည့် ၁၀ နှစ်အတွင်း လူသားလူနာများကို ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလာနိုင်ဖွယ်ရှိ

News Image

  • လူ့ ဉာဏ်ရည်တုနည်းပညာ(AI)သုံး စက်ရုပ်များက လာမည့် ၁၀ နှစ်အတွင်း လူသားလူနာများကို ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလာနိုင်ဖွယ်ရှိ

ဝါရှင်တန် ဇူလိုင် ၁၄

လာမည့် ၁ဝ နှစ်အတွင်း လူ့ ဉာဏ်ရည်တုနည်းပညာ (AI) သုံး စက်ရုပ်များက လူသားလူနာများကို ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလာနိုင်ဖွယ်ရှိကြောင်း ဇူလိုင် ၁၃ ရက် သတင်းများအရ သိရသည်။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ AI နည်းပညာသုံး စက်ရုပ်လက်တံသည် ဝက်တစ်ကောင်၏ သရက်ရွက်ကို အောင်မြင်စွာ ခွဲထုတ်ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။

Al နည်းပညာသုံး စက်ရုပ်လက်တံ၏ဝက်သရက်ရွက် ခွဲစိတ်ဖယ်ရှားမှုသည် ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး အချိန်ကာလအားဖြင့် ငါးမိနစ်မျှသာ ကြာမြင့်ခဲ့ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အထက်ပါအောင်မြင်မှုအရ AI စက်ရုပ်များသည် မကြာမီကာလအတွင်း အကောင်းဆုံးလူသား ခွဲစိတ်ဆရာဝန်များ၏ ကျွမ်းကျင်မှုများကို ပုံတူကူးနိုင်မည့် သဘောတွင်ရှိကြောင်း သုတေသနပညာ ရှင်များက သုံးသပ်ထားသည်။

ထိုနည်းတူ လာမည့် ၁၀ နှစ် အတွင်း AI နည်းပညာသုံး စက်ရုပ် များဖြင့် လူသားလူနာများကို ခွဲစိတ်ကုသနိုင်မည်ဖြစ်ကြောင်းလည်း သုတေသနပညာရှင်များက မျှော်လင့်ထားသည်။

အမေရိကန် သုတေသနပညာ ရှင်များ စက်ရုပ်လက်တံဖြစ်သည့် ဝက်သရက်ရွက်ကို အဆင့် ၁၇ ဆင့်ပါဝင်သည့် ခွဲစိတ်မှုဖြင့် ဖယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

Ref: Russia Today

Trs: KKO

YDNB Newspaper