ကြာသပတေးဂြိုဟ် ဝင်ရိုးစွန်းအနီးတွင် စွမ်းအင်ဆောင်လှိုင်းပုံစံသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိ

News Image

  • ကြာသပတေးဂြိုဟ် ဝင်ရိုးစွန်းအနီးတွင် စွမ်းအင်ဆောင်လှိုင်းပုံစံသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိ

နယူးယောက် ဇူလိုင် ၁၅
အမေရိကန် အမျိုးသား အာကာသအေဂျင်စီ (နာဆာ) ၏ ဂျူနိုအာကာသယာဉ်သည် ကြာသပတေးဂြိုဟ် အနီးတွင် စွမ်းအင်ဆောင်လှိုင်း ပုံစံသစ်တစ်မျိုးကိုရှာ ဖွေတွေ့ရှိထားကြောင်း ဇူလိုင် ၁၄ ရက် သတင်းများတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

အဆိုပါ စွမ်းအင်ဆောင်လှိုင်းပုံစံသစ်သည် ကြာသပတေးဂြိုဟ် ဝင်ရိုးစွန်း အလင်းရောင်များ၏ ဆန်းကြယ်သည့် သဘာဝကို လေ့လာရာတွင် အထောက်အထူ ပြုနိုင်ကြောင်း နာဆာသိပ္ပံပညာရှင်များက ပြောကြားသည်။ အဆိုပါစွမ်းအင်ဆောင်လှိုင်းသစ်များကို ကြာသပတေးဂြိုဟ်၏ ဝင်ရိုးစွန်းများအနီးတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိပ္ပံ ပညာရှင်များ ပြောကြားကြောင်းသိရသည်။ 
၎င်းစွမ်းအင်ဆောင်လှိုင်းများ မှာ ရှေးယခင်က မတွေ့ရှိခဲ့ဖူးသော စွမ်းအင်ဆောင်လှိုင်းပုံစံသစ်များ ဖြစ်ကြကြောင်း သိပ္ပံပညာရှင်များအဆိုအရ သိရသည်။

ကြာသပတေးဂြိုဟ်ဝင်ရိုးစွန်း အလင်းရောင်များသည် ကမ္ဘာဂြိုလ်၏ ဝင်ရိုးစွန်းအလင်းရောင်များနှင့် ပုံစံချင်းတူသော်လည်း သံလိုက်စက်ကွင်းများနှင့် စွမ်းအင်ဆောင်လှိုင်းများ၏ သက်ရောက်မှုကြောင့် ကြာသပတေးဂြိုဟ် ဝင်ရိုးစွန်း အလင်းရောင်များမှာ ပို၍ပြင်းထန်လာကြောင်း သိရသည်။

ဂျူနိုအာကာသယာဉ်သည် ၂၀၁၆ ခုနှစ်မှစ၍ ကြာသပတေးကို လှည့်ပတ်ပျံသန်း၍ လေ့လာနေသော အာကာသယာဉ်ဖြစ်ကြောင်း သိရသည်။

Ref: Sputnik News

Trs: KKO

Photo- NASA