တရုတ်သိပ္ပံပညာရှင်များက ပျားများ၏ကျောကုန်း၌ ထိန်းချုပ်ရေးစနစ်တပ်ဆင်၍ ဦးနှောက်အတွင်းထိန်းချုပ်ခြင်းဖြင့် ဇီဝစက်ရုပ်အဖြစ် အသွင်ပြောင်းနိုင်ခဲ့

News Image

  • တရုတ်သိပ္ပံပညာရှင်များက ပျားများ၏ကျောကုန်း၌ ထိန်းချုပ်ရေးစနစ်တပ်ဆင်၍ ဦးနှောက်အတွင်းထိန်းချုပ်ခြင်းဖြင့် ဇီဝစက်ရုပ်အဖြစ် အသွင်ပြောင်းနိုင်ခဲ့

ပေကျင်း ဇူလိုင် ၁၅
တရုတ်သိပ္ပံပညာရှင်များသည် ပျားများ၏ ကျောကုန်း၌ ထိန်းချုပ်ရေးစနစ်တပ်ဆင်၍ ဦးနှောက်အတွင်း ထိန်းချုပ်ခြင်းဖြင့် ဇီဝစက်ရုပ်များအဖြစ် အသွင်ပြောင်းပေးနိုင်ခဲ့ကြောင်း ဇူလိုင် ၁၃ ရက် သတင်းများအရ သိရသည်။

တရုတ်သိပ္ပံပညာရှင်များသည် ဆားတစ်ပွင့်၏ အလေးချိန်မျှသာရှိသော ထိန်းချုပ်ရေးစနစ်ကို ပျားများ၏ကျောကုန်းပေါ်တွင်တပ်ဆင်၍ ဦးနှောက်နှင့်ချိတ်ဆက်ပေးထားကြောင်း သိရသည်။

စမ်းသပ်မှုပြုလုပ်ရာတွင် ၎င်းထိန်းချုပ်ရေးစနစ်မှာ ၁၀ ကြိမ် စမ်းသပ်လျှင် ကိုးကြိမ်ထိ ကောင်းစွာ အလုပ်လုပ်ခဲ့ပြီး ပျားများမှာလည်း ထိန်းချုပ်ရေးစနစ်၏လမ်းညွှန်ချက်များကို လိုက်နာပျံသန်းခဲ့ကြကြောင်း တရုတ်သိပ္ပံပညာရှင်များက ပြောကြားသည်။ ပျား၏ကျောကုန်း၌ တပ်ဆင် ပေးထားသော ထိန်းချုပ်ရေးစနစ်တွင် ကင်မရာများ၊ အသံဖမ်းစနစ်များနှင့် အာရုံခံစနစ်များထည့်သွင်းထားနိုင်သည်ဖြစ်ရာ ပျားများအနေဖြင့် သတင်းအချက်အလက်များကို ရယူနိုင်မည်ဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်များက ပြောကြားထားသည်။

အရွယ်အစား သေးငယ်မှုကြောင့် ပျားဇီဝစက်ရုပ်များကို စစ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင်လျှို့ဝှက်စွာအသုံးပြုနိုင်ကြောင်း သိရသည်။

ပျားဇီဝစက်ရုပ်များကို တရုတ်နိုင်ငံ ပေကျင်းမြို့အခြေစိုက် နည်းပညာအင်စတီကျုမှ သိပ္ပံပညာရှင်များက ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Trs: KKO

Ref: Xinhua News

YDNB Newspaper