တရုတ်အမျိုးသားအာကာသအေဂျင်စီက ဇူလိုင် ၁၄ ရက်တွင် တီယန်ကျိုး-၉ အာကာသကုန်တင်ယာဉ်ကို တီယန်ကောင်အာကာသစခန်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့

News Image

  • တရုတ်အမျိုးသားအာကာသအေဂျင်စီက ဇူလိုင် ၁၄ ရက်တွင် တီယန်ကျိုး-၉ အာကာသကုန်တင်ယာဉ်ကို တီယန်ကောင်အာကာသစခန်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့

ပေကျင်း ဇူလိုင် ၁၅ 
တရုတ်အမျိုးသားအာကာသ အေဂျင်စီသည် ဇူလိုင်၁၄ ရက်တွင် တီယန်ကျိုး -၉အာကာသကုန်တင်ယာဉ်ကို တီယန်ကောင်အာကာသစခန်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း ဇူလိုင် ၁၄ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။

တီယန်ကျိုး-၉ အာကာသကုန်တင်ယာဉ်ကို လောင်းမတ်ချ်-၇ ဒုံးပျံဖြင့် ဟိုင်နန်ပြည်နယ် ဝန်ချန်အာကာသစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ 
လွှတ်တင်ပြီးနောက် လောင်မတ်ချ် ၇ ဒုံးပျံသည် တီယန်ကျိုး ၉ အာကာသကုန်တင်ယာဉ်ကို သတ်မှတ်ပတ်လမ်းပေါ်သို့ ဆောင်ပေးနိုင်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသအေဂျင်စီက ထုတ်ပြန်ထားသည်။

တီယန်ကျိုး ၉ အာကာသကုန်တင်ယာဉ်သည် တီယန်ကောင် အာကာသစခန်းအတွက် စားနပ်ရိက္ခာနှင့် လောင်စာအပါအ၀င် အထောက်အပံ့ပစ္စည်း ၇ ဒသမ၂ တန်ကို သယ်ဆောင်သွားသည်။

တီယန်ကျိုး-၉ မစ်ရှင်သည် တရုတ်အမျိုးသား အာကာသအေဂျင်စီ၏ ကိုးကြိမ်မြောက် အာကာသ ထောက်ပို့မစ်ရှင်ဖြစ်ပြီး တရုတ်အမျိုးသားအာကာသ အေဂျင်စီသည် ပထမဆုံးသော တီယန်ကျိုးအာကာသ ကုန်တင်ယာဉ်ကို ၂၀၁၇ ခုနှစ်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Ref: Xinhua News

Trs: KKO

YDNB Newspaper