နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေနှင့်မညီသည့် ပါတီ(၂)ခုကို ပါတီတည်ထောင်ခွင့် လျှောက်ထားချက်အား ငြင်းပယ်
ပြည်သူ့အင်အားဒီမိုကရေစီပါတီနှင့် လီရှောအမျိုးသားပါတီ၏ လျှောက်ထားမှုတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြ င်း ဥပဒေနှင့် မညီညွတ်ခြင်းကြောင့် ပါတီတည်ထောင်ခွင့်လျှောက်ထားချက်များကို ယမန်နေ့ ဇူလိုင်(၁၆)ရက်ကငြ င်းပယ်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က သိရသည်။
ပြည်သူ့အင်အား ဒီမိုကရေစီပါတီ၏ လျှောက်ထားချက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ(၄) ပြဌာန်းချက်တွေနှင့် ညီညွတ်ခြင်းမရှိခြင်းကြောင့်လည်းကောင်း၊ လီရှောအမျိုးသားပါတီ လျှောက်ထားမှုသည်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ(၆) ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိခြင်းကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ(၁၆)ရက်ထိ နိုင်ငံရေးပါတီ(၂၁)ပါတီကို တည်ထောင်ခွင့်ပြုထားပြီး (၅)ပါတီကို ငြင်းပယ်ထားကြောင်း သိရသည်။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဝံသာနုပါတီတို့ကိုလည်း ဇူလိုင်လ (၁၆)ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ နည်းဥပဒေများနှင့် ညီညွတ်ခြင်းကြောင့် ကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြုထားကြောင်း သိရသည်။
Popular Myanmar