ထူးဆန်းသည့် နေအဖွဲ့အစည်းပြင်ပဂြိုဟ်တစ်စင်းကို နာဆာသိပ္ပံပညာရှင်များ တွေ့ရှိ

News Image

  • ထူးဆန်းသည့် နေအဖွဲ့အစည်းပြင်ပဂြိုဟ်တစ်စင်းကို နာဆာသိပ္ပံပညာရှင်များ တွေ့ရှိ

ဝါရှင်တန် ဇူလိုင် ၁၆ 
ရေဒီယိုအချက်ပြလှိုင်းများ ထုတ်လွှင့်နေသော ထူးဆန်းသည့် နေအဖွဲ့အစည်းပြင်ပဂြိုဟ်တစ်စင်း ကို အမေရိကန်အစိုးရ အမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ(နာဆာ) သိပ္ပံ ပညာရှင်များက တွေ့ရှိထား ကြောင်း ဇူလိုင် ၁၅ ရက် သတင်း များအရ သိရသည်။

TOI-1846 b အမည်ရှိ အဆိုပါ ဂြိုဟ်သည် ကမ္ဘာမြေလွှတ်တင်ခဲ့ နှစ် ၁၅၄ နှစ်အကွာတွင် တည်ရှိပြီး အရွယ်အစားအားဖြင့် ကမ္ဘာမြေထက် နှစ်ဆပိုကြီးမားသည်။

TOI-1846 b၊ ဂြိုဟ်သည် အရွယ်အစားသေးငယ်သော အနီရောင် ကြယ်သိမ်တစ်စင်းကို လေးရက်လျှင် တစ်ပတ်ကျလှည့်ပတ်နေကြောင်း သိပ္ပံပညာရှင်များက တွက်ချက်ထားသည်။

TOI- 1846 b ဂြိုဟ်မျက်နှာပြင်၏ အပူချိန်မှာ ၆၀၀ ဒီဂရီဖယ်ရင် ဟိုက်ထိရှိရာ ရေဓာတ်ကိုထိန်းထားနိုင်သည့် အခြေအနေတွင်ရှိပြီး နာဆာသိပ္ပံပညာရှင်များသည် တက်စ်ဂြိုဟ်တု၏ အကူအညီဖြင့် TOI-1846 b ဂြိုဟ်ကို ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် လွှတ်တင်ခဲ့သော တက်စ်ဂြိုဟ်တုသည် လက်ရှိအချိန်ထိ နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်ပေါင်း ၆၃၀ ထိ ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Τrs: KKO

YDNB Newspaper