တီယန်ကျိုး-၉ အာကာသကုန်တင်ယာဉ်က တီယန်ကောင်းအာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့
ပေကျင်း ဇူလိုင် ၁၆
တရုတ်အမျိုးသားအာကာသ အေဂျင်စီ၏ တီယန်ကျိုး-၉ အာကာသ ကုန်တင်ယာဉ်သည် ဇူလိုင် ၁၅ ရက်က တီယန်ကောင်း အာကာသစခန်းနှင့် ချိတ်ဆက်နိုင် ခဲ့ကြောင်း သိရသည်။
တီယန်ကောင်း အာကာသ စခန်းနှင့် ချိတ်ဆက်နိုင်ခဲ့ပြီးနောက် ရှန်ကျိုး ၂၀ အာကာသယာဉ်မှူးများက တီယန်ကျိုး-၉ အာကာသ ကုန်တင်ယာဉ်အတွင်း ဝင်ရောက်၍ ရိက္ခာပစ္စည်းများကို ရွှေ့ပြောင်းခဲ့ကြကြောင်း တရုတ်အမျိုးသား အာကာသအေဂျင်စီက သတင်း ထုတ်ပြန်ထားသည်။
တရုတ်အမျိုးသား အာကာသအေဂျင်စီသည် တီယန်ကျိုး-၉ အာကာသကုန်တင်ယာဉ်ကို ဇူလိုင် ၁၄ ရက်တွင် ဝန်ချန်အာကာသ စခန်းမှတစ်ဆင့် လောင်းမတ်ချ်-၇ ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
တီယန်ကျိုး-၉ အာကာသ ကုန်တင်ယာဉ်သည် တီယန်ကောင်း အာကာသစခန်းအတွက် စားနပ်ရိက္ခာနှင့် လောင်စာအပါအဝင် အထောက်အပံ့ပစ္စည်း ခုနစ် တန်ကျော် သယ်ဆောင်သွားကြောင်း သိရသည်။
တီယန်ကျိုး-၉ အာကာသ ကုန်တင်ယာဉ်သည် တရုတ် အမျိုးသားအာကာသအေဂျင်စီက တီယန်ကောင်းအာကာသစခန်းသို့ လွှတ်တင်ခဲ့သော စတုတ္ထမြောက် ထောက်ပို့မစ်ရှင်ဖြစ်သည်။
တီယန်ကျိုး ၉ အာကာသ ကုန်တင်ယာဉ်သည် လောင်းမတ်ချ် ဒုံးပျံများ၏ ၅၈၄ ခုမြောက် မစ်ရှင် ဖြစ်ကြောင်း သိရသည်။
Ref: Xinhua New
Trs: KKO
YDNB Newspaper