ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တည်ဆောက်ထားသည့် Ali CPT-1 ရေဒီယိုတယ်လီစကုပ်က စကြဝဠာစူးစမ်းလေ့လာရေးလုပ်ငန်းများကို စတင်နေပြီဖြစ်

News Image

  • ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တည်ဆောက်ထားသည့် Ali CPT-1 ရေဒီယိုတယ်လီစကုပ်က စကြဝဠာစူးစမ်းလေ့လာရေးလုပ်ငန်းများကို စတင်နေပြီဖြစ်

ပေကျင်း ဇူလိုင် ၁၆

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တည်ဆောက်ထားသည့် Ali CPT-1 အမည်ရှိ ရေဒီယိုတယ်လီစကုပ်သည် စကြဝဠာစူးစမ်းလေ့လာရေးလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း ဇူလိုင် ၁၅ ရက် သတင်းများအရ သိရသည်။

Ali CPT-1 ​ရေဒီယိုတယ်လီစကုပ်သည် ဇူလိုင် ၁၂ ရက်တွင် လကမ္ဘာနှင့် ကြာသပတေးဂြိုဟ်ကို ဓာတ်ပုံများရိုက်ကူးခြင်းဖြင့် စူးစမ်းလေ့လာရေး လုပ်ငန်းများ တရားဝင်စတင်ခဲ့ခြင်းဖြစ်သည်။

Ali CPT 1 ရေဒီယိုတယ်လီစကုပ်သည် စကြဝဠာခေတ်ဦး ဒြပ်ဆွဲအားလှိုင်းများကို ရှာဖွေလေ့လာမည်ဖြစ်သည်ဟု တရုတ်သိပ္ပံပညာရှင်များက ပြောကြားခဲ့ ကြောင်း သိရသည်။

စကြ၀ဠာခေတ်ဦး ဒြပ်ဆွဲအားလှိုင်းများကိုလေ့လာခြင်းဖြင့် စကြဝဠာ၏ မူလအစကို လေ့လာရာ တွင် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Ali CPT-1 ရေဒီယိုတယ်လီစကုပ်ကို တရုတ်သိပ္ပံအကယ်ဒမီ လက်အောက်ခံအဖွဲ့အစည်းတစ်ခု ဖြစ်သည့် စွမ်းအင်ရူပဗေဒ အင်စတီကျုမှ သိပ္ပံပညာရှင်များက တည်ဆောက်ထားခြင်းဖြစ်သည်။

Ali CPT-1 ရေဒီယိုတယ်လီစကုပ်ကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၅၂၅၀ ရှိသောကုန်းမြင့်ဒေသ၌ ရှစ်နှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Xinhua News
Trs: KKO

YDNB Newspaper