ကတ်ပလာ-၁၃၉ ကြယ်စနစ်အတွင်း ပုန်းကွယ်နေသော နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်သစ်တစ်စင်းကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဝါရှင်တန် ဇူလိုင် ၁၇
ကတ်ပလာ-၁၃၉ ကြယ်စနစ် အတွင်း ပုန်းကွယ်နေသော နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်သစ် တစ်စင်းကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိထားကြောင်း ဇူလိုင် ၁၆ ရက်သတင်းများအရသိရသည်။ ကတ်ပလာ -၁၃၉ အက်ဖ် ဟူ၍ အမည်ပေးထားသော အဆိုပါနေ အဖွဲ့အစည်းပြင်ပဂြိုဟ်သစ်သည် ဒြပ်ထုအားဖြင့် ကမ္ဘာဂြိုဟ်ဒြပ်ထုထက် ၃၅ ဆ ပိုကြီးမားကြောင်း အမေရိကန် သိပ္ပံပညာရှင်များက ပြောကြားသည်။
ကတ်ပလာ- ၁၃၉ အက်ဖ် ဂြိုဟ်သည် ကတ်ပလာ -၁၃၉ ကြယ်ကို ၃၅၅ ရက်လျှင် တစ်ပတ် ကျလှည့်ပတ်နေသည်ဟု သိပ္ပံ ပညာရှင်များက တွက်ချက်ထား ကြောင်း သိရသည်။
လက်ရှိအချိန်တွင် သိပ္ပံပညာ ရှင်များသည် ကတ်ပလာ -၁၃၉ အက်ဖ် ဂြိုဟ်အပါအဝင် နေအဖွဲ့ အစည်းပြင်ပ ဂြိုဟ်ငါးစင်းကို ကတ်ပလာ -၁၃၉ ကြယ်စနစ် အတွင်း ရှာဖွေတွေ့ရှိထားပြီး ဖြစ်ကြောင်း သိရသည်။
ကတ်ပလာ - ၁၃၉ ကြယ်စနစ် ၏ ကတ်ပလာ -၁၃၉ ဘီ၊ ကတ် ပလာ-၁၃၉ စီ၊ ကတ်ပလာ-၁၃၉ ဒီနှင့် ကတ်ပလာ - ၁၃၉ အီးတို့ကို အမေရိကန်အစိုးရ အမျိုးသားလေ ကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ(နာဆာ)၏ ကတ်ပလာ အာကာသ ရေဒီယိုတယ်လီစကုပ် ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
ကတ်ပလာအာကာသရေဒီယိုတယ်လီစကုပ်သည် မစ်ရှင်ကာလ ကိုးနှစ်အတွင်း နေအဖွဲ့အစည်း ပြင်ပဂြိုဟ်ပေါင်း ၃၀၀၀ ခန့်ကို ရှာဖွေပေးခဲ့ကြောင်း သိရသည်။
Ref: Xinhua News
Trs: KKO
YDNB Newspaper
Photo- Jogran Josh