နဂါးငွေ့တန်းကြယ်စု၏ အရံကြယ်အရေအတွက်မှာ မျှော်လင့်ထားသည်ထက် ပိုများပြားကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ ပြောကြား

News Image

  • နဂါးငွေ့တန်းကြယ်စု၏ အရံကြယ်အရေအတွက်မှာ မျှော်လင့်ထားသည်ထက် ပိုများပြားကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ ပြောကြား

လန်ဒန် ဇူလိုင် ၁၇ 
နဂါးငွေ့တန်းကြယ်စု၏ အရံ ကြယ်အရေအတွက်မှာ မျှော်လင့်ထားသည်ထက်ပို၍ များပြားကြောင်း ဗြိတိန်နိုင်ငံ ဒါဟမ်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၁၆ ရက် သတင်းများအရ သိရသည်။

ဒါဟမ်းတက္ကသိုလ်မှ သိပ္ပံ ပညာရှင်များ၏ အဆိုအရ နဂါးငွေ့တန်းကြယ်စုကို လှည့်ပတ်နေသော အရံကြယ်စု အရေအတွက်မှာ ၁၀၀ ထိရှိနိုင်ကြောင်း သိရသည်။

နဂါးငွေ့တန်းကြယ်စု ပိုင်ဆိုင်ထားသော အရံကြယ်စုငယ်အရေအတွက်မှာ ၆၀ ထိ ရှိနိုင်ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင်များ အနေဖြင့် ယခင်က တွက်ချက် အတည်ပြုထားသည်။

သို့ရာတွင် ကွန်ပျူတာစံပြု ပုံစံများ ဖန်တီးလေ့လာချက်အရ နဂါးငွေ့တန်းကြယ်စု ပိုင်ဆိုင်ထား သည့် အရံကြယ်စုအရေအတွက်မှာ ၈၀ နှင့် ၁၀၀ ကြားရှိနိုင်သည် ကို တွေ့ရကြောင်း ဗြိတိန်သိပ္ပံ -ပညာရှင်များက ပြောကြားသည်။

နဂါးငွေ့တန်း ကြယ်စု၏ ပျောက်ဆုံးနေသော ကြယ်စု အများစုမှာ အလင်းအားအလွန် နည်းပါးသည့် ကြယ်စုများဖြစ်ကြ ကြောင်း သိရသည်။

သို့ရာတွင် နည်းပညာအဆင့်မြင့် ရေဒီယိုတယ်လီစကုပ်များ၏ အကူအညီဖြင့် တစ်နေ့နေ့တွင် ၎င်းကြယ်စုများကို တွေ့ရလိမ့်မည် ဖြစ်ကြောင်း သုတေသနပညာရှင် များက ပြောကြားသည်။

Ref: Russia Today

Trs: KKO

YDNB Newspaper