Crew Dragon အာကာသလူသယ်ယာဉ်က ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းကမ်းလွန်ရေပြင်အတွင်း အောင်မြင်စွာပြန်လည်ဆင်းသက်နိုင်ခဲ့
ဝါရှင်တန် ဇူလိုင် ၁၇
Ax-4 ပုဂ္ဂလိက အာကာသ မစ်ရှင် အာကာသယာဉ်မှူးလေးဦး ပြန်လည်လိုက်ပါလာသည့် Crew Dragon အာကာသလူသယ်ယာဉ်သည် ဇူလိုင် ၁၅ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ် ကမ်းရိုးတန်း ကမ်းလွန်ရေပြင်အတွင်း အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း ဇူလိုင် ၁၆ ရက် သတင်းများအရ သိရသည်။
Ax-4 ပုဂ္ဂလိက အာကာသ ယာဉ်မှူးများ လိုက်ပါလာသည့် Crew Dragon အာကာသလူသယ်ယာဉ်သည် ကမ္ဘာမြေအပြန်ခရီး စဉ်အတွက် ဇူလိုင် ၁၄ ရက်တွင် နိုင်ငံတကာ အာကာသစခန်းမှ စတင်ခွာထွက်ခဲ့သည်။
နိုင်ငံတကာ အာကာသစခန်း မှခွာထွက်ခဲ့ပြီး ၂၂ နာရီအကြာတွင် Crew Dragon အာကာသလူသယ်ယာဉ်သည် ပစိဖိတ်သမုဒ္ဒရာရေပြင် အတွင်း ဆင်းသက်ခဲ့ကြောင်း Space X ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
Axion Space ကုမ္ပဏီ စီစဉ် သည့် Ax-4 ပုဂ္ဂလိကအာကာသ မစ်ရှင်ကို Space X ကုမ္ပဏီက ဇွန် ၂၆ ရက်တွင် ဖယ်လ်ကွန်-၉ ဒုံးပျံ ဖြင့် နိုင်ငံတကာအာကာသစခန်း သို့ လွှတ်တင်ခဲ့သည်။
Ax-4 မစ်ရှင် ပုဂ္ဂလိကအာကာသယာဉ်မှူးလေးဦးသည် နိုင်ငံအာကာသစခန်းပေါ်၌ သီတင်းနှစ်ပတ်ကျော်ကြာ နေထိုင် ၍ သိပ္ပံစမ်းသပ်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
Ax-4မစ်ရှင် ပုဂ္ဂလိက အာကာသယာဉ်မှူးများမှာ အမေရိကန်၊ အိန္ဒိယ၊ပိုလန်နှင့် ဟန်ဂေရီနိုင်ငံသား ပုဂ္ဂလိက အာကာသယာဉ်မှူးများ ဖြစ်ကြကြောင်း သိရသည်။
Ref: Sputnik News
Trs: KKO
YDNB Newspaper