ကိုယ်ပိုင်အာကာသယာဉ် တစ်စင်းကို အိန္ဒိယတည်ဆောက်မည်

News Image

  • ကိုယ်ပိုင်အာကာသယာဉ် တစ်စင်းကို အိန္ဒိယတည်ဆောက်မည်

အိန္ဒိယနိုင်ငံအနေဖြင့် ကိုယ်ပိုင်အာကာသယာဉ် တစ်စင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အိန္ဒိယသိပ္ပံနှင့် နည်းပညာဝန်ကြီး ဂျီတန်ဒရာဆင်းက ပြောကြားသည်။

အနာဂတ်ကာလတွင်ပြုလုပ်မည့် အာကာသမစ်ရှင်များ၌ အိန္ဒိယနိုင်ငံက ထုတ်လုပ်ထားသည့် အာကာသယာဉ်ကို အသုံးပြုမည်ဖြစ်ပြီး အိန္ဒိယအာကာသ ယာဉ်မှူးများအနေဖြင့်လည်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖြစ် အာကာသယာဉ်ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဂျီတန်ဒရာဆင်းက ဇူလိုင်လ ၁၇ရက်တွင် ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ကိုယ်ပိုင်အာကာသယာဉ် တစ်စင်းကို တည်ဆောက်နေစဉ် အခြားပြည်ပနိုင်ငံများ၏ စမ်းသပ်မှုများကို လုပ်ဆောင်ပေးမည်ဖြစ်ပြီး ၎င်းနိုင်ငံများမှ အာကာသယာဉ်မှူးများကိုလည်း လက်ခံမည် ဖြစ်ကြောင်း ဂျီတန်ဒရာဆင်း၏ ပြောကြားချက်ကို ကိုးကား၍ The Economic Times ကဖော်ပြသည်။

အိန္ဒိယနိုင်ငံကတည်ဆောက်မည့် ပြည်တွင်းဖြစ်အာကာသယာဉ်ကို လာမည့် ၂၀၃၅ ခုနှစ်ခန့်တွင် မစ်ရှင်များ၌ အသုံးပြုနိုင်မည်ဖြစ်ပြီး အာကာသယာဉ်မှူး တစ်ဦးကို ၂၀၄၀ ပြည့်နှစ်ခန့်တွင် လကမ္ဘာသို့ စေလွှတ်ရန် ကြိုးပမ်း လျက်ရှိသည်။

MWD Portal