ယူကရိန်း သမ္မတ ဇယ်လင်စကီးသည် နိုဝင်ဘာလ ၂၀ ရက်နေ့က ၎င်း၏ဗီဒီယိုမိန့်ခွန်းတွင် ယူကရိန်း တပ်များ အား မြေမြှုပ်မိုင်းများ ထောက်ပံ့ပေးအပ်ခြင်းအတွက်အမေရိကန်နိုင်ငံနှင့် သမ္မတ ဘိုင်ဒင်အား ကျေးဇူးတင်ရှိကြောင်း နှင့်၎င်းတို့သည် ရုရှား၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် အတွက် မရှိမဖြစ် လိုအပ်သည်အရာများဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဌာနနှင့် အခြားအမေရိကန်အေဂျင်စီများသည် အမေရိကန်၏ ပြိုင်ဘက်နိုင်ငံများအား မှန်ကန်ပြီး ခိုင်မာသော တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီး Thomas Buchanan က ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာတွင် ပြောကြားခဲ့သည်။
ကိုးကား - Tass သတင်းအေဂျင်စီ

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် လူမှုမီဒီယာ အိက်စ်တည်ထောင်သူ အီလွန်မတ်စ်၏ SpaceX မှ တီထွင်ထားသည့် ဧရာမ အာကာသယာဉ် စမ်းသပ်ပစ်လွှတ်မှုကို ယမန်နေ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
SpaceX အာကာသနည်းပညာကုမ္ပဏီသည် အမေရိကန်တောင်ပိုင်း တက္ကဆက်ပြည်နယ်ရှိ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ Starship ဒုံးပျံကို နိုဝင်ဘာ ၁၉ ရက်တွင် လွှတ်တင်ခဲ့သည်။

အမေရိကန်နိုင်ငံထုတ် တာဝေးဒုံးကျည်ဖြင့် ယူကရိန်းက ရုရှားနိုင်ငံကို တိုက်ခိုက်ရန် အမေရိကန်သမ္မတဘိုင်ဒန်က မီးစိမ်းပြလိုက်ပြီး ၂ ရက်အကြာတွင် ရုရှားသမ္မတပူတင်က နျူကလီးယားလက်နက် အသုံးချမှုဆိုင်ရာမူဝါဒကို ပြောင်းလဲလိုက်ပါသည်။

ရုရှားတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Sumy ဒေသရှိ Shostka မြို့၏ ကာကွယ်ရေး စက်ရုံအနီးတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဒေသတွင်း သတင်း Channel များက "Impulse" စက်ရုံ၏ ဧရိယာတွင် အားပြင်းသော ပေါက်ကွဲသံကို ကြားခဲ့ပြီး ထို့နောက်တွင် ဆင့်ပွားပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့်မီးအလင်းရောင်သည် နာရီပေါင်းများစွာကြာမြင့်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ကိုးကား- ဒေသတွင်းမီဒီယာ

ရုရှားနိုင်ငံ၏ Belgorod၊ Voronezh နှင့် Bryansk ဒေသများတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ည၌ ယူကရိန်း က ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
Voronezh ဒေသတွင် ဒုံးပျံများ နှင့် UAV များ ပေါင်းစပ် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး Voronezh ဒေသတွင် Mayonnaise စက်ရုံတစ်ရုံ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ကိုးကား - SPUTNIK

နိုဝင်ဘာ ၁၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှလေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

ဂျကာတာ နိုဝင်ဘာ ၁၉
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သည့် ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ် ကြေညာသည့် ဥပဒေကို ပါလီမန်က နိုဝင်ဘာ ၁၉ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
မိမိတို့သည် နိုင်ငံ၏ မြို့တော်သစ်အား နျူဆန်တာရာသို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်သဖြင့် ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ်လိုက်ကြောင်း ပါလီမန်ဒုတိယဥက္ကဋ္ဌ အေဒီးကာဒါက ပြောကြား သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် ည ၇:၂၅ ခန့်တွင် ယူကရိန်းက ရုရှားပိုင်နက်အတွင်းသို့ အမေရိကန်ထုတ် ATACMS တာဝေးဒုံးကျည်များဖြင့် ပထမဆုံး အကြိမ်အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂ ရက် တနင်္ဂနွေနေ့က အမေရိကန် သမ္မတ ဘိုင်ဒန်က တာဝေးဒုံးကျည်များ အသုံးပြုရန် ခွင့်ပြုပြီးနောက် ယခုအခါ စတင် သုံးစွဲခြင်း ဖြစ်ကြောင်း၊ အဆိုပါ တာဝေးဒုံးကျည်များအနက် ၅ ခုကို ရုရှားလေကြောင်းရန် ကာကွယ်ရေး တပ်က ပစ်ချခဲ့ပြီး ကျန်ဒုံးကျည်များမှာ ပျက်စီးသွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွက် ထိခိုက် ဒဏ်ရာရသူနှင့် ပျက်စီးဆုံးရှုံးမှု မရှိဟု ရုရှားလေကြောင်းရန်ကာကွယ်ရေးက ပြော