တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကနေဒါစစ်သင်္ဘော တစ်စီး၏ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းခဲ့မှုဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်း၏ လေတပ်နှင့် ရေတပ်တို့က ထိုသင်္ဘောကို စောင့်ကြည့်သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ယခုဖြစ်စဉ်သည် အမေရိကန်ရေတပ်သင်္ဘောများက အလားတူ လုပ်ဆောင်ခဲ့သည့်ဖြစ်စဉ် နောက်ပိုင်း ရက်အနည်းငယ်အတွင်း ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ရေတပ်နှင့် မဟာမိတ်နိုင်ငံများဖြစ်သည့် ကနေဒါ၊ ဗြိတိန် နှင့် ပြင်သစ်တို့မှ သင်္ဘော များသည် ထိုင်ဝမ်ရေလက်ကြားကို တစ်လလျှင် တစ်ကြိမ်ခန့် ဖြတ်သန်းလေ့ရှိပြီး ထိုင်ဝမ်နှင့် ဤမဟာဗျူဟာကျသည့် ရေလမ်းကြောင်းသည် မိမိပိုင်နက်ဖြစ်ကြောင်းကို တရုတ်က ပြောဆိုထားသည်။
ကနေဒါ၏လုပ်ရပ်များသည် "တမင်တကာ ပြဿနာဖြစ်အောင် လှုံ့ဆော်ခြင်း" ဖြစ်ပြီး ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေကြောင်း၊ " မိမိတပ်ဖွဲ့ဝင်များအနေဖြင့် အမြဲတမ်း အမြင့်ဆုံး သတိထားပြီး ခြိမ်းခြောက်မှုနှင့် ကျူးကျော်မှုအားလုံးကို ခိုင်မာစွာ ခုခံတွန်းလှန်သွားမည်"ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် အရှေ့ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
ထိုင်င်ဝမ်ရေလက်ကြားသို့ ကနေဒါသင်္ဘောဖြတ်သန်းမှုကို ကြိုဆိုကြောင်းနှင့် ကနေဒါသည် ထိုင်ဝမ် ရေလက်ကြား၏ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် ပွင့်လင်းမြင်သာမှုကို ကာကွယ်ရန်နှင့် ထိုင်ဝမ် ရေလက်ကြားသည် အပြည်ပြည်ဆိုင်ရာရေပိုင်နက်ဖြစ်ကြောင်း ၎င်း၏ခိုင်မာသည့်ရပ်တည်ချက်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုင်ဝမ်အစိုးရသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့်အစိုးရဖြစ်ပြီး တရုတ်၏ အချုပ်အခြာအာဏာပိုင်အဖြစ် တောင်းဆိုမှုအပေါ် ငြင်းဆိုကြောင်းနှင့် မိမိနိုင်ငံ၏ အနာဂတ်ကို မိမိတို့နိုင်ငံသားများကသာလျှင် ဆုံးဖြတ်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြထားပါသည်။
Source: CNA
Photo: DECK TV

လက်ရှိ အကြမ်းဖက်ဝါဒများ ဦးမော့လာသည့်အနေအထားရှိရာ နိုင်ငံတကာအသိုက်အဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ခြိမ်းခြောက်မှုမှာ ရှုပ်ထွေး၊ ဆိုးရွားလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၁၀ ရက် လုံခြုံရေးကောင်စီအစည်းအဝေး အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးကို ဆွေးနွေးမှု အစီအစဉ်၏ ဦးစားပေးနေရာ၌ ဆက်လက်ထားရှိရမည်ဖြစ်ပြီး အကြမ်းဖက်ဝါဒအား အခိုင် အမာ “လုံးဝဥဿုံလက်သင့်မခံရန်”၊ “စံချိန်နှစ်မျိုးထားရှိခြင်း” နှင့် “ဘက်လိုက်ရွေးချယ်မှုဖြင့် အကြမ်းဖက်တိုက
လက်ရှိ အကြမ်းဖက်ဝါဒများ ဦးမော့လာသည့်အနေအထားရှိရာ နိုင်ငံတကာအသိုက်အဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ခြိမ်းခြောက်မှုမှာ ရှုပ်ထွေး၊ ဆိုးရွားလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၁၀ ရက် လုံခြုံရေးကောင်စီအစည်းအဝေး အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးကို ဆွေးနွေးမှု အစီအစဉ်၏ ဦးစားပေးနေရာ၌ ဆက်လက်ထားရှိရမည်ဖြစ်ပြီး အကြမ်းဖက်ဝါဒအား အခိုင် အမာ “လုံးဝဥဿုံလက်သင့်မခံရန်”၊ “စံချိန်နှစ်မျိုးထားရှိခြင်း” နှင့် “ဘက်လိုက်ရွေးချယ်မှုဖြင့် အကြမ်းဖက်တိုက်ဖျက်ခြင်း”ကို ကန့်ကွက်ကာ အပြည်ပြည်ဆိုင်ရာအကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ယခု ကာလများတွင် ဆီးရီးယားအခြေအနေ ရုတ်ခြည်းပြောင်းလဲမှုကို အခွင့်ကောင်းယူ၍ အကြမ်းဖက်အဖွဲ့အစည်းများ ကြီးထွားလာနိုင်သလို အကြမ်းဖက်သမားများ၏လက်ထဲသို့ လက်နက်သိုလှောင်ရုံ ကျရောက်နိုင်ရာ ထို့အပေါ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အထူးဂရုပြုသင့်သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်၏ အစီရင်ခံစာ တွင်ဖော်ပြထားကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ မကြာသေးမီရက်များက ဆီးရီးယား သည် ပြည်ပအကြမ်းဖက်တိုက်ခိုက်ရေးသမားများကို အဆင့်မြင့်ရာထူးများ ချီးမြှင့်ပေးရာ ၎င်းတို့အနက် လုံခြုံရေးကောင်စီ အကြမ်းဖက် အဖွဲ့အစည်း အမည်စာရင်းတွင် ထည့်သွင်း ခံထားရသော “Turkistan Islamic Party” ပါဝင်ကြောင်း၊ ၎င်းမှာ အရှေ့တာကစ္စတန် အစ္စလမ်မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) ၏ ဦးဆောင်သူလည်းဖြစ်ကြောင်း၊ ထို့အပေါ် တရုတ် နိုင်ငံအနေဖြင့် အထူးဂရုပြုစိုးရိမ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဆီးရီးယားအာဏာပိုင် များအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးတာဝန်ဝတ္တရားကို ဖော်ဆောင်ရန်၊ အကြမ်းဖက် သမားများက ဆီးရီးယားနယ်မြေကိုအသုံးချပြီး အခြားနိုင်ငံလုံခြုံရေးအပေါ် ခြိမ်းခြောက် နေခြင်းမှန်သမျှကို ကာကွယ်တားဆီးရန် တရုတ်နိုင်ငံကတိုက်တွန်းကြောင်း၊ ပြည်ပအကြမ်းဖက်တိုက်ခိုက်ရေးသမားများစွာ ဆီးရီးယားတွင် ရေရှည်ခိုအောင်းနေခြင်းသည် ဆိုးရွားလှသော လုံခြုံရေးအန္တရာယ်အလားအလာ ဖြစ်စေကြောင်း၊ နေရပ်ပြန်ပို့ရေးလုပ်ငန်း စဉ်ကို အရှိန်မြှင့်တင်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့်ထောက်ခံပြီး သက်ဆိုင်ရာနိုင်ငံများ အနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံးပြန်လည်လက်ခံရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ “ISIS”၊ “Al-Qaeda”၊ “ETIM” စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် အာဖဂန် နစ္စတန်တွင် အလွန်တက်ကြွလှုပ်ရှားလျက်ရှိပြီး အပြန်အလှန်ချိတ်ဆက်နေကြောင်း၊ ယင်းသည် အာဖဂန်နစ္စတန်၏ လုံခြုံရေးအခြေအနေကို ဖျက်ဆီးရုံသာမက ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုလည်းဖြစ်စေကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ထင်သာမြင်သာရှိပြီး စိစစ်နိုင်သော လှုပ်ရှားမှုများလုပ်ဆောင်ကာ အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်အဖွဲ့အစည်းစခန်းအားလုံးကို ဖြိုခွင်းချေမှုန်းရန် တရုတ်နိုင်ငံက အာဖဂန်နစ္စတန် နိုင်ငံကြားဖြတ်အစိုးရအားတိုက်တွန်းကြောင်း၊ ဗဟိုအာရှဒေသနိုင်ငံများနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့က အာဖဂန်နစ္စတန်နှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ကာ အကြမ်းဖက် နှင့်ဆက်စပ်သော လုံခြုံရေးစိန်ခေါ်မှုများကို လက်တွဲဖြေရှင်းပြီး ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အာဖဂန်နစ္စတန် ပေါင်းစည်းပါဝင်နိုင်ရန်၊ အကြမ်းဖက်ဝါဒ ပေါက်ဖွားရာနေရာအား အမြစ်ပြတ်ရှင်းလင်းရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဖရိကတိုက်မှာ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်တိုက်ဖျက်ရေး၏ ရှေ့တန်းနေရာသစ် ဖြစ်လာသည်ဟု ဖုချုံးက ပြောကြားခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်မှုစွမ်းရည် မပြည့်စုံမှု သည် အာဖရိကနိုင်ငံအများအပြား ရင်ဆိုင်နေရသည့် အခက်အခဲဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ငွေကြေး၊ ပစ္စည်းကိရိယာ၊ ထောက်လှမ်းရေး၊ လူ့စွမ်းအားအရင်း အမြစ်၊ ထောက်ပံ့ပို့ဆောင်ရေး စသည့်ကဏ္ဍများတွင် ထောက်ခံအားပေးမှုကို တိုးချဲ့ရမည် ဖြစ်သလို ကုလသမဂ္ဂနှင့် မိတ်ဖက်များက အာဖရိကသမဂ္ဂ စသည့်ဒေသတွင်းအဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ အာဖရိက၏ အကြမ်းဖက်တိုက်ဖျက်ရေး စွမ်းရည်နှင့် အကြမ်းဖက်တိုက်ဖျက်ရေးဌာနအဖွဲ့အစည်း တည်ဆောက်မှုကိုပံ့ပိုးရမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာအကြမ်းဖက် တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို အမြဲတစေထောက်ခံသူနှင့် အကျိုးဆောင်သူဖြစ်ရာ ဘက်ပေါင်းစုံနှင့် ဆက်လက်လက်တွဲကာ အကြမ်းဖက်ဝါဒအသွင်အားလုံးကို တိုက်ဖျက်ပြီး ရေရှည်ငြိမ်းချမ်းမှု၊ ယေဘုယျအားဖြင့် လုံခြုံမှုရှိသောကမ္ဘာကြီးကို ဖော်ဆောင်ရာတွင် အကျိုးဆောင်သွားမည် ဖြစ်ကြောင်း ဖုချုံးကပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ

အစိုးရဌာနများစွမ်းဆောင်ရည်စိစစ်ရေး ဝန်ကြီးဌာန (DOGE)၏ အံ့အားသင့်စရာကောင်းသော စုံစမ်းစစ်ဆေးမှုအရ အမေရိကန်နိုင်ငံမှ အခွန်ထမ်းများ၏ အခွန်ငွေများသည် USAID မှတစ်ဆင့် အကြမ်းဖက်အဖွဲ့များထံ ဆယ်စုနှစ်များစွာ စီးဆင်းနေကြောင်း ဖော်ထုတ်သိရှိခဲ့ရပါသည်။ နှစ်စဉ် ရန်ပုံငွေ ဒေါ်လာ ၆၉၇ သန်း၊ ငွေသားပို့ဆောင်မှုနှင့် တာလီဘန် “သက်သာချောင်ချိရေး” ပေးချေမှုများကို ပြုလုပ်ခဲ့ကြောင်း လွှတ်တော်အနေဖြင့်လည်း ဝန်ခံခဲ့ပါသည်။

ကာကွယ်ရေးကဏ္ဍစောင့်ကြည့်ကြီးကြပ်ရေးနှင့် အစိုးရဌာနများ စွမ်းဆောင်ရည် စိစစ်ရေးဝန်ကြီးဌာန တို့အနေဖြင့် အသေးစိတ် စစ်ဆေးမှု များကြောင့် လွှတ်တော်အနေဖြင့် အယ်လ်ကေးဒါး၊ တာလီဘန်နှင့် ISIS အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများကို အမေရိကန်အစိုးရက ကာလကြာရှည်စွာ ငွေကြေးထောက်ပံ့ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါသည်။ မကြာသေးမီက လွှတ်တော် ကြားနာပွဲများတွင် ဖော်ထုတ်တွေ့ရှိချက်များတွင် အမေရိကန် အကျိုးစီးပွားကို တိုက်ရိုက်ရန်လိုသော အုပ်စုများထံ USAID နှင့်အခြား လမ်းကြောင်းများမှတစ်ဆင့် အခွန်ထမ်းများ ၏ အခွန်ငွေ ဒေါ်လာများ ရောက်ရှိပုံ အသေးစိတ်ကို ဖော်ပြထားသည်။
အာဖဂန်နစ္စတန်ကို နှစ်စဉ်ရန်ပုံငွေ ဒေါ်လာ ၆၉၇ သန်းအား ပေးအပ်လျက်ရှိခြင်း။ DOGE၏ အံ့အားသင့်ဖွယ်ကောင်းသော စစ်ဆေးတွေ့ရှိမှုတွင် အမေရိကန်အခွန်ထမ်းရန်ပုံငွေ ဘီလီယံပေါင်း များစွာကို အကြမ်းဖက်အဖွဲ့များထံ လွှဲပြောင်းခဲ့ကြောင်း၊ တာလီဘန် တို့က အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ်တွင် သိမ်းပိုက်ခဲ့သော်လည်း နှစ်စဉ်ရန်ပုံငွေ ဒေါ်လာ ၆၉၇ သန်းအား ပေးအပ်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်ထဲမှာပင် USAID မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅၃၄.၇ သန်း အပါအဝင် အာဖဂန်နစ္စတန်သို့ အမေရိကန်က ဒေါ်လာ ၆၉၇ သန်း ပေးအပ်ခဲ့ပါသည်။
အပတ်စဉ် ငွေသား ပို့ဆောင်မှု၊ အပိုဆောင်းထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း၄၀ မှ သန်း ၈၀ အထိ ငွေသားများအား အာဖဂန်နစ္စတန်သို့ ၇ ရက်မှ ၁၀ ရက်လျှင် ၁ ကြိမ် ပို့ဆောင်လျက်ရှိပြီး ကြီးကြပ်ထိန်းချုပ်မှု ကင်းမဲ့စွာ ပေးအပ်လျက်ရှိပါသည်။
တာလီဘန်များ၏ “သူရဲကောင်းများချမ်းသာကြွယ်ဝရေး” အစီအစဉ်။ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် တာလီဘန် တိုက်ခိုက်ရေး သမားများ၏ မိသားစုများသည် ထောက်ပံ့ကြေးများ လက်ခံရရှိနေသော်လည်း အမေရိကန် သေဆုံးဒဏ်ရာရသူများ၏ မိသားစုများသည် “မည်သည့်အကျိုးမျှခံစားခွင့်မရှိ” ဟု CIA သတင်းပေးသူများထံမှ သိရသည်။
USAID အစီအစဉ်များ အစွန်းရောက်များကို ပိုမိုအားကောင်းစေခြင်း။ “အမျိုးသမီး ပညာသင်ဆု ထောက်ပံ့ကြေး” (တစ်နှစ်လျှင် ဒေါ်လာ သန်း ၆၀) နှင့် “အမျိုးသမီးငယ်များ ဦးဆောင်မှု” (တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀) ကဲ့သို့သော လှုပ်ရှားမှုများကို ခေါင်းစဉ်တပ်၍ ရန်ပုံငွေများသည် ISIS-Khorasan နှင့် ဘိုကိုဟာရမ်တို့နှင့် ချိတ်ဆက်ထားသော အကြမ်းဖက် လေ့ကျင့်ရေးစခန်းများသို့ လွှဲပြောင်းခဲ့ကြောင်း တွေ့ရှိရ ပါသည်။
လွှတ်တော်ကိုယ်စားလှယ် Scott Perry (R-PA) က အောက်လွှတ်တော် ကြားနာမှုအတွင်းတွင် “မိမိတို့၏ ရန်သူများက အမေရိကကို ထိခိုက် စေမည့် နိုင်ငံခြားအကူအညီ အစီအစဉ်ကို ရေးဆွဲခဲ့မည်ဆိုပါက USAID ထက် ပိုထိရောက်သည့် အစီအစဥ်ကို ဖန်တီးနိုင်မည် မဟုတ်ပါကြောင်း” ပြောကြားခဲ့ပါသည်။
စနစ်တကျဖြင့် လွဲမှားမှုများအကြောင်းကို လွှတ်တော်မှ ဝန်ခံမှုများ။ DOGE အစီရင်ခံစာတွင်ပါရှိသည့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် USAID သည် လိမ်လည်မှုများဖြင့် အကြမ်းဖက်ဝါဒကို ထောက်ပံ့မှုဖြစ်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။
တာလီဘန်ငွေညှစ်မှု။ တာလီဘန်များသည် USAID မှ ပစ္စည်းပေးပို့မှုများကို အခွန်ကောက်ခံခြင်း၊ ထောက်ပံ့ပစ္စည်းများကို ခိုးယူကာ ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။
ပါကစ္စတန်နိုင်ငံအတွင်းရှိ ဟန်ပြကျောင်းများ။ ၂၀၀၂ ခုနှစ်ကတည်းက ပါကစ္စတန်ရှိ ပညာရေးပရိုဂရမ်များတွင် တည်ဆောက်ခြင်း လုံးဝ မရှိသည့် ကျောင်း ၂၀ အတွက် ဒေါ်လာ၁၃၆ သန်း အပါအဝင် ဒေါ်လာ ၈.၈၄ ဘီလီယံ အသုံးပြုခဲ့ပါသည်။
Haqqani ကွန်ရက်နှင့် & Bin Laden ဆက်နွယ်မှု။ ရန်ပုံငွေများသည် Al-Qaeda နှင့် ချိတ်ဆက်လျက်ရှိသည့် Sarajuddin Haqqani (Haqqani ကွန်ရက် ၏ခေါင်းဆောင်) နှင့် Abdullah Bin Laden (Osama Bin Lade) ၏သား) တို့ထံ ရောက်ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
CIA သတင်းပေးသူ Sarah Adams က “အမေရိကန်များကို တိုက်ခိုက်နေသည့် တာလီဘန်များ၏ မိသားစုဝင်များကို မိမိတို့က ပိုက်ဆံပေးနေ ရချိန်တွင် မိမိတို့၏ စစ်မှုထမ်းဟောင်းမိသားစုများက တန်းစီ စောင့်ဆိုင်းနေကြရပါကြောင်း” အတည်ပြု ပြောကြားခဲ့ပါသည်။
သမိုင်းနောက်ခံ အကြောင်းအရာ။ အကြမ်းဖက်အဖွဲ့များ ဖန်တီးရာ၌ အမေရိကန်၏ အခန်းကဏ္ဍတွင် DOGE စုံစမ်းစစ်ဆေးအရ လုံခြုံရေး အဆင့်လျှော့ချထားသည့် စာရွက်စာတမ်းများအရ ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ ဖန်တီးခဲ့ကြောင်း တွေ့ရှိရသည်။
ဆိုဗီယက်-အာဖဂန်စစ်ပွဲအတွင်း စီအိုင်အေနှင့် မော့ဆက်တို့သည် မူဂျာဟီဒင်အဖွဲ့များ (နောက်ပိုင်း အယ်လ်ကေးဒါး) ကို ရန်ပုံငွေ ထောက်ပံ့ခဲ့သည်။
9/11 နောက်ပိုင်းတွင် ဆီးရီးယားသူပုန်များထံ ပံ့ပိုးပေးခဲ့သည့် လက်နက် များကို ISIS လက်နက်တိုက်များတွင် ပြန်လည် တွေ့ရှိရသည်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့အစည်း (PLO) အား တန်ပြန်ရန်အတွက် ၁၉၈၀ ပြည့်နှစ်များတွင် အစ္စရေးနိုင်ငံက ဟားမက်စ်အဖွဲ့ ဖွဲ့စည်းမှုတွင် ကူညီခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် Perry က “မိမိတို့ကို တိုက်ခိုက်မည့်သူများကို ထောက်ပံ့နေခြင်းပါပဲ” ဟု ပြောကြားခဲ့ပါသည်။
ကိုးကား- DOGE
Photo: Mises Institute

အစ္စရေးနိုင်ငံ Smartshooter ကုမ္ပဏီသည် သယ်ဆောင်ရလွယ်ကူသော ချေမှုန်းရေးရိုင်ဖယ်သုံး တန်ပြန်ဒရုန်းတိုက်ဖျက်ရေးစနစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း The Defense Post သတင်းဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါရိုင်ဖယ်ကို Smash Dome လက်နက်စနစ်ရှိ Smash Hopper အဝေးထိန်း လက်နက်ခန်းမှတစ်ဆင့် ထိန်းချုပ်လုပ်ဆောင်ထားသည်။ ပစ်မှတ်ကိုတိုက်ခိုက်ရာတွင် ပိုမို တိကျစေရန်အတွက် အဝေးထိန်းလက်နက်ခန်းတွင် ကျည်လှုပ်ရှားမှုသိပ္ပံအတိုင်း တွက်ချက်လုပ်ဆောင်နိုင်သော ပစ်ခတ်မှုထိန်းကျောင်းရေးစနစ်ကို အသုံးပြုထားသည်။
အလိုအလျောက်ပစ်မှတ်ကို ထောက်လှမ်းခြင်း၊ ခြေရာခံခြင်း၊ အချိန်နှင့်တစ်ပြေးညီတွက်ချက်၍ တိုက်ပွဲဝင်နိုင်ရန် အမိန့်ပေးထိန်းချုပ်မှုစနစ်နှင့် ပေါင်းစပ်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ Smash Hopper အဝေးထိန်းလက်နက်ခန်းသည် ဒရုန်းအမျိုးမျိုးကို တိုက်ခိုက်ဖျက်ဆီးနိုင်ရန် အရွေ့ စွမ်းအင်သုံး ကြားဖြတ်တိုက်ခိုက်ရေးစနစ်များအဖြစ် အခြားလက်နက်ခဲယမ်းများလည်း တပ်ဆင်ပစ်လွှတ်နိုင်ပြီး အဆိုပါ အပေါ့စားအဝေးထိန်းလက်နက်ခန်းကို မောင်းသူမဲ့-မောင်းသူပါ မြေပြင်သွားယာဉ်များပေါ်တွင် တင်ဆောင် အသုံးပြုနိုင်သကဲ့သို့ မြေပြင်အခြေစိုက်စနစ်အဖြစ်လည်း တပ်ဖြန့်အသုံးပြုနိုင်မည်ဖြစ်သည်။
Smash Dome စနစ်သည် ပစ်မှတ်ထောက်လှမ်းခြင်း၊ အမျိုးအစားခွဲခြားခြင်းနှင့် ခြေရာခံထိန်းကျောင်းခြင်းတို့အတွက် ရေဒီယိုကြိမ်နှုန်းများ ထောက်လှမ်းနိုင်သည့် ရေဒါနှင့် လှိုင်းထုတ်လွှင့်မှုမရှိဘဲ ထောက်လှမ်းနိုင်မည့် Passive Optical Detection စနစ်များကို ပေါင်းစပ်ပေးထားသည်။ ပစ်မှတ်တစ်ခုကိုတွေ့ရှိသောအခါ အာရုံခံကိရိယာများသည် အချိန်နှင့် တစ်ပြေးညီစောင့်ကြည့်ခြင်းနှင့် ကြားဖြတ်ပစ်ချနိုင်ရန် တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် Smash Dome စနစ်၏ ပင်မ ခြေရာခံထိန်းကျောင်းရေးစနစ်သို့ ပစ်မှတ်ဆိုင်ရာ အချက်အလက်များပေးပို့သွားမည်ဖြစ်သည်။ အဆိုပါစနစ်၏ ပစ်မှတ် ထောက်လှမ်းနိုင်မှု အကွာအဝေးသည် နှစ်ကီလိုမီတာဖြစ်သည်။
ကမ္ဘာကြီးသည် အရေးကြီးနေရာများအပေါ် နှောင့်ယှက်၊ အန္တရာယ်ဖြစ်စေနိုင်သော ဒရုန်းများ၏ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း Smartshooter ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Michal Mor က ပြောကြားထားသည်။
Smash နည်းပညာဖြင့် တီထွင်ဖန်တီးထားသော Smash Dome တန်ပြန်ဒရုန်း တိုက်ဖျက်ရေးစနစ်သည် ဒရုန်းခြိမ်းခြောက်မှုများကို တန်ပြန်တိုက်ခိုက်ရန် ကုန်ကျစရိတ် သက်သာပြီးလွယ်ကူအဆင်ပြေမည့် ဖြေရှင်းချက်နည်းလမ်းတစ်ရပ်ကို ပံ့ပိုးပေးနိုင်လိမ့်မည် ဖြစ်သည်။ လက်ရှိကွပ်ကဲထိန်းချုပ်မှုစနစ်များနှင့် အဆင်ပြေစွာ ပေါင်းစည်းအသုံးပြုနိုင်ပြီး စနစ်အနေဖြင့် သီးခြားကာကွယ်ရေးအတွက်ဖြစ်စေ၊ Soft-Kill နည်းလမ်းသုံး Passive C-UAS တန်ပြန်ဒရုန်းရန် ကာကွယ်တိုက်ဖျက်ရေးစနစ်များအတွက် မရှိမဖြစ်လိုအပ်သော Hard-Kill နည်းလမ်းတစ်ရပ်ဖြစ်စေ တိုက်ပွဲဝင်ဖြန့်ကြက် အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း သိရသည်။
ဤလက်နက်စနစ်သည် ဒရုန်းများ၏ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပြီး စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာလိုအပ်ချက်များအတွက် အထူးသင့်တော် မည်ဖြစ်သည်။ နည်းပညာမြင့်မားပြီး လက်တွေ့အသုံးချမှုတွင် ထိရောက်မှုရှိသောစနစ်ဖြစ် သည့်အားလျော်စွာ အနာဂတ်တွင် ပိုမို ကျယ်ပြန့်စွာ အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
Israeli Firm Unveils Portable Counter Drone Solution With Assault Rifle ကို ဘာသာပြန်ဆိုထားပါသည်။ (မင်းမျိုး)
Source: ရတနာပုံသတင်းစာ

အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့ကို ဝေဟင်ရော မြေပြင်ပါ အရှိန်လျှော့ချခြင်းမရှိဘဲ အရှိန်မြှင့်တိုက်ခိုက်လျက်ရှိသည်။ ဟစ်ဇ်ဘိုလာက လက်ဘနွန်မှ အစ္စရေးသို့ ဦးတည်ကာ ဒုံးကျည်ရာနှင့်ချီ ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးကပြောသည်။ အစ္စရေးတပ်မတော်သည် ဟစ်ဇ်ဘိုလာစစ်ရေးပစ်မှတ် ၂၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ခိုက်ရေးသမား ၂၅၀ ခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော် တာဝန်ရှိသူများက ပြောသည်။ အခြားတစ်ဖက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးကို ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။ ထိုသို့တိုက်ခိုက်မှုများကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူအချို့ရ
အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့ကို ဝေဟင်ရော မြေပြင်ပါ အရှိန်လျှော့ချခြင်းမရှိဘဲ အရှိန်မြှင့်တိုက်ခိုက်လျက်ရှိသည်။ ဟစ်ဇ်ဘိုလာက လက်ဘနွန်မှ အစ္စရေးသို့ ဦးတည်ကာ ဒုံးကျည်ရာနှင့်ချီ ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးကပြောသည်။ အစ္စရေးတပ်မတော်သည် ဟစ်ဇ်ဘိုလာစစ်ရေးပစ်မှတ် ၂၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ခိုက်ရေးသမား ၂၅၀ ခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော် တာဝန်ရှိသူများက ပြောသည်။ အခြားတစ်ဖက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးကို ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။ ထိုသို့တိုက်ခိုက်မှုများကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူအချို့ရှိကြောင်းလည်း ပြောသည်။
အစ္စရေး တပ်မတော်သည် ဘေရွတ်မြို့အနီး မြေအောက်ကတုတ်ကျင်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများ၏ ပြောကြားချက်ကို The New York Times သတင်းစာက ကိုးကားဖော်ပြထားသည်။ ဟစ်ဇ်ဘိုလာ အကြီးတန်းတာဝန်ရှိသူများသည် ယင်းနေရာတွင် အစည်းအဝေးတစ်ခုပြုလုပ်နေကြောင်းနှင့် ပတ်သက်ပြီး အစ္စရေးတပ်မတော်က သတင်းရခဲ့ကြောင်းလည်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။
၎င်းတို့ထဲမှ တစ်ဦးမှာ ပြီးခဲ့သည့်လက အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော အဖွဲ့ခေါင်းဆောင် ဟာဆန်နာစရယ်လာ၏ နေရာကို ဆက်ခံသူဖြစ်သည်ဟု ယူဆရကြောင်းဆိုသည်။ လက်ဘနွန်ရှိ လူပေါင်းတစ်သန်းကျော်မှာ အိုးအိမ်စွန့်ခွာခဲ့ကြရကြောင်း၊ အစိုးရက တည်ဆောက်ပေးသော ခိုလှုံရေးနေရာ ၉၀၀ နီးပါးထဲက အများစုမှာ လူပြည့်နေပြီး အမိုးအကာမရှိသော လမ်းများပေါ် သို့မဟုတ် ပန်းခြံများတွင် လူများအိပ်နေကြရကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ပြောသည်။
အင်န်အိတ်ချ်ကေ