ကဏ္ဍများ

မြဝတီ၊ ရွှေကုက္ကိုနှင့် KK Park နယ်မြေများတွင် ထိန်းသိမ်းထားသူများအား ပြန်လည်လွှဲပြောင်းရေးအတွက် မြန်မာ-တရုတ်-ထိုင်း ၃ နိုင်ငံ တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် နယ်စပ်လမ်းကြောင်းများ အသုံးပြုပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကာ မြဝတီ၊ ရွှေကုက္ကိုနှင့် KK Park နယ်မြေ များတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် အခြားသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသူများကို အာဏာပိုင်များက ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက်အတွင်း နိုင်ငံခြားသား ၁၀၃၀ ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။ အာဏာပိုင်များအနေဖြင့် အဆိုပါ တရားမဝင်အလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေနှင့်အညီ ပြန်လည်လွှဲပြ

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် နယ်စပ်လမ်းကြောင်းများ အသုံးပြုပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကာ မြဝတီ၊ ရွှေကုက္ကိုနှင့် KK Park နယ်မြေ များတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် အခြားသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသူများကို အာဏာပိုင်များက ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက်အတွင်း နိုင်ငံခြားသား ၁၀၃၀ ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။ အာဏာပိုင်များအနေဖြင့် အဆိုပါ တရားမဝင်အလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေနှင့်အညီ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ထိုလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင်ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ခေါင်းဆောင်သော “မြန်မာနိုင်ငံ အတွင်း တရားမဝင်ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီ”မှ တာဝန်ရှိသူများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး Liu Zhong Yi အပါအဝင် ထိုင်းနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် မြဝတီမြို့၌ တွေ့ဆုံခဲ့ပါသည်။

မြန်မာ-တရုတ်-ထိုင်း ၃ နိုင်ငံလုပ်ငန်းအဖွဲ့သည် မြဝတီ၊ ရွှေကုက္ကိုနှင့် KK Park တို့မှ သိမ်းဆည်းရမိသည့် ပစ္စည်းများအား စစ်ဆေးကြည့်ရှုခြင်း၊ ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများ၏ အထောက်အထား၊ မှတ်တမ်းများအား စစ်ဆေးအတည်ပြုခြင်း၊ တရားခံများအား ထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တရားခံများအား မြန်ဆန်စွာ ပြန်လည် လွှဲပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

မြန်မာအစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုများကို စုံစမ်းဖော်ထုတ်ခြင်းနှင့်နှိမ်နင်းခြင်း လုပ်ငန်းများကို ပြတ်ပြတ်သားသားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားပြီး အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများရှိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုကွန်ရက်များကို ဟန့်တားဖျက်သိမ်းနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်လည်းကောင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

Source: https://www.nationthailand.com

အမေရိကန်က ပိတ်ပင်မှုရုပ်သိမ်းပြီးနောက် ပေးပို့လိုက်သော ဖျက်အားပြင်း ဗုံးများကို အစ္စရေး လက်ခံရရှိ

အမေရိကန်အစိုးရက ပေါက်ကွဲအားပြင်းထန်သော MK-84 ဗုံးများ ပေးပို့မှုအား ယာယီပိတ်ပင်ထားခြင်းကို မကြာသေးမီက ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် အစ္စရေးအနေဖြင့် အဆိုပါ ဗုံးအမျိုးအစားများ ပေးပို့မှုကို လက်ခံရရှိ ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၆ ရက်၌ ပြောကြားခဲ့သည်။

MK-84 ဗုံးသည် အခိုင်အမာ အကာအကွယ်ပြုလုပ်ထားသော ပစ်မှတ်များကို ဖောက်ထွင်းနိုင်ကာ ပေါက်ကွဲအား ပြင်းထန်သဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သော ၉၀၇ ကီလိုဂရမ် အလေးချိန်ရှိ ပဲ့ထိန်းစနစ် မပါဝင်သည့် ဗုံးအမျိုးအစားဖြစ်သည်။

သင်္ဘောဖြင့် ပေးပို့လိုက်သော ယင်းခဲယမ်းမီးကျောက်များမှာ ဖေဖော်ဝါရီ ၁၅ ရက် နှောင်းပိုင်းတွင် အစ္စရေး ဆိပ်ကမ်းမြို့ အက်ရှ်ဒေ့ါသို့ ဆိုက်ရောက်လာခဲ့ကြောင်း၊ ယင်းတို့အား ညတွင်းချင်း သင်္ဘောပေါ်မှချကာ လက်ခံရယူခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ၏ လူဦးရေသိပ်သည်းသောနေရာဒေသများတွင် MK-84 ဗုံးများကို အသုံးပြုနိုင်သည့် အလားအလာနှင့် သက်ရောက်မှုအပေါ် စိုးရိမ်မှုများကြောင့် ယခင် သမ္မတ ဂျိုးဘိုင်ဒင်၏ အမေရိကန်အစိုးရက အဆိုပါဗုံး အမျိုးအစားများ ပေးပို့ခြင်းကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အစ္စရေး၏ ဗုံးကြဲ တိုက်ခိုက်မှုများနှင့် မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဂါဇာ‌ဒေသတွင် လူသောင်းနှင့်ချီ သေဆုံးခဲ့ကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပံ့ပိုးကူညီမှုဖြင့် အီရန်နှင့် စစ်ပွဲကို အဆုံးသတ်သွားမည် ဖြစ်ကြောင်း နေတန်ယာဟု ပြောကြား

ဖေဖော်ဝါရီလ ၁၆ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ပြုလုပ်သည့်ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက “အီရန်နှင့်စစ်ပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပံ့ပိုးကူညီမှုဖြင့် အဆုံးသတ်သွားမည်”ဟု ကတိပြုခဲ့သည်။ မာကိုရူဘီယို၏ အစ္စရေးခရီးစဉ်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ချိန်မှစ၍ ၎င်း၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

လွန်ခဲ့သော ၁၆ လကျော်က အစ္စရေးသည် အီရန်၏ အကြမ်းဖက်ဝန်ရိုးတန်းအဖွဲ့ကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ယခုသမ္မတထရမ့်၏ ခိုင်မာသည့် ခေါင်းဆောင်မှုအောက်တွင် အီရန်နှင့် စစ်ပွဲကို အဆုံးသတ်နိုင်မည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း နေတန်ယာဟုက ပြောကြား ခဲ့သည်။

ထို့ပြင် အီရန်အနေဖြင့် မည်သည့်အခါမျှ နျူကလီးယားပိုင်သည့်နိုင်ငံ မဖြစ်နိုင်တော့ကြောင်း၊ မိမိတို့အနေဖြင့် ဟားမက်စ်အရေးကိစ္စဖြစ်စေ၊ ဟစ်ဘိုလာအရေးကိစ္စဖြစ်စေ၊ ဂျော်ဒန်မြစ်အနောက်ဖက် ကမ်းရှိ အကြမ်းဖက်မှုအရေးကိစ္စဖြစ်စေ၊ ဆီးရီးယားအရေးကိစ္စကိုဖြစ်စေ၊ အီရတ်အရေးကိစ္စဖြစ်စေ ဆွေးနွေးကြသည့်အခါ ကိစ္စအားလုံး၏ အရင်းခံမှာ အီရန်ပင် ဖြစ်ကြောင်း၊ ဤအရေးကိစ္စကို မိမိတို့ အနေဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။

အစ္စရေးသည် ဤနှစ်အတွင်း အီရန်၏ နျူကလီးယားအစီအစဉ်အတွက် အဓိကအရေးပါသော စက်ရုံများကို တိုက်ခိုက်ရန် လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း လေ့လာအကဲဖြတ်မှုများနှင့် နီးစပ်သည့် အရင်းအမြစ်များ၏အဆိုကို ကိုးကား၍ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ဘိုင်ဒင်နှင့် ထရမ့်အစိုးရများကို မကြာသေးမီက သတိပေးခဲ့သည်။

ထို့အပြင် အစ္စရေး၏ စစ်အားအသုံးပြုလိုသည့် ဆန္ဒထက်သန်နေမှုသည် သမ္မတ ဒေါ်နယ်ထရမ့်၏ လက်ရှိ တီဟီရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိလိုမှုနှင့် ဆန့်ကျင်နေပြီး အီရန်၏ နျူကလီးယား နေရာများကို အကြီးစားတိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းတွင် ကြီးမားကျယ်ပြန့်သည့်စစ်ပွဲကြီး တစ်ရပ် ပေါ်ပေါက်လာနိုင်ခြေ ပိုမိုမြင့်မားလာစေနိုင်ကြောင်းကိုလည်း အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများက သတိပေးခဲ့သည်။

ခြုံငုံ၍ကြည့်မည်ဆိုလျှင် အစ္စရေးသည် အီရန်တွင် အာဏာအပြောင်းအလဲဖြစ်စေလိုသည့် ၎င်း၏ ကြီးမားသည့်ရည်မှန်းချက်ကို ပုံဖော်နေဆဲပင်ဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်တွင် မကြာသေးမီက ဖော်ပြခဲ့သည်။

ဂါဇာအရေးကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးတို့သည် တူညီသည့်မဟာဗျူဟာ တစ်ခုရှိကြောင်းနှင့် ဟားမက်စ်တို့အနေဖြင့် ဖမ်းဆီးထားသည့်ဓါးစာခံများအားလုံးကို လွှတ်မပေး ခဲ့ပါက ၎င်းတို့အတွက် ငရဲတံခါးများအား ဖွင့်ပေးသွားမည်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့ ပါသည်။

ထရမ့်ကလည်း အမေရိကန်အနေဖြင့် ဂါဇာကိုသိမ်းပိုက်ပြီး ပါလက်စတိုင်းများအား ပျက်စီးသွားသည့် ထိုဒေသမှ ဖယ်ရှားပစ်မည် ဖြစ်ကြောင်း၊ ဤသည်မှာ ကြီးမားသည့် မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ယခုလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထရမ့်၏ အဆိုပါပြောစကားသည် လူများကို တုန်လှုပ်ခြောက်ခြားစေနိုင်ကြောင်း၊ သို့သော် ထိုသို့ မလုပ်ဆောင်ပါက အဖန်ဖန်တလဲလဲဖြစ်နေသည့် အကြမ်းဖက်မှုသံသရာမှာ အဆုံးသတ်လိမ့်မည် မဟုတ်ကြောင်း ရူဘီယိုက ပြောကြားခဲ့ပါသည်။

အမေရိကန်ဂျူးအဖွဲ့အစည်းများ(American Jewish organizations)၏ ခေါင်းဆောင်များနှင့် ပြောဆိုရာတွင် နက်တန်ယာဟူက “ထိုအစီအစဉ်သည် ဂါဇာလူမျိုးများ၊ အစ္စရေးနှင့် ဤဒေသ အတွက် အနာဂတ်သစ်ကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသောအစီအစဉ်တစ်ရပ်” ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား - CNN

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာ၌ တရားမဝင် ကျွန်းသစ် ၁၁ ဒသမ ၁၇ တန်၊ အခြားသစ် ၁၄ ဒသမ ၄၃၁ တန်နှင့် ဆက်စပ်ပစ္စည်း ခြောက်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၀၇,၅၉၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မဟာအောင်မြေမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် ၁၁ ဒသမ ၂၄၅ တန်၊ သစ်မာ ၀ ဒသမ ၆၀၂ တန်၊ အခြားသစ် ၁၆၇ ဒသမ ၀၅၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၈၀၃,၆၁၀) နှင့် အဆိုပါသစ်များ တင်ဆောင်ထားသည့် မော်တော်ယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၇,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃,၈၀၃,၆၁၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု  တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် တစ်စီးနှင့် Toyota Kluger မော်တော်ယာဉ်တစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅,၀၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက် ရှိသည်။

ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက် တံတားတိုပဲ့ချိပ်ဆိပ်၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၅၀၀,၀၀၀) ကို လည်းကောင်း၊ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် (၃) မိုင် ကားကြီးကွင်း၌ စုပုံထားသော အကောက်ခွန်မဲ့လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉,၅၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ နေပြည်တော်သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၀၄၈,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေ ကျပ် ၄၆,၀၄၈,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 ထို့အပြင် ဖေဖော်ဝါရီ ၁၇ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုက်မရော ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်Nissan Caravan မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၇၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူ ခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၀၈၆ တန်၊ သစ်မာ ၂ ဒသမ ၇၁၉ တန်၊ အခြားသစ် ၁ ဒသမ ၅၉၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၂၁,၉၈၃) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဒိုက်ဦးမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇,၄၂၁,၉၈၃ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၄ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၁,၈၈၁,၁၈၉) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှု မရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ 

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

ကိုးကား- www.moi.gov.mm
ဆက်လက်ဖတ်ရှုရန် - https://myanmar.gov.mm/

တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများအား ဖော်ထုတ်ဖမ်းဆီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်မှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အတွင်း လုပ်ဆောင်ခဲ့သည့် ရှာဖွေဖော်ထုတ်ရေးလုပ်ငန်းစဉ်အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသား ၇ ဦးနှင့် မြန်မာနိုင်ငံသား ၂၂ ဦးတို့ကို ကွန်ပျူတာမျိုးစုံ ၁၁၁ လုံး၊ ကွန်ပျူတာမော်နီတာ ၃၂၉ လုံး၊ CPU ၉၀ လုံး၊ မိုဘိုင်းဖုန်း ၃၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာ၊ ချောင်းဆိုး ပျောက်ဆေးရည်ပုလင

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်မှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အတွင်း လုပ်ဆောင်ခဲ့သည့် ရှာဖွေဖော်ထုတ်ရေးလုပ်ငန်းစဉ်အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသား ၇ ဦးနှင့် မြန်မာနိုင်ငံသား ၂၂ ဦးတို့ကို ကွန်ပျူတာမျိုးစုံ ၁၁၁ လုံး၊ ကွန်ပျူတာမော်နီတာ ၃၂၉ လုံး၊ CPU ၉၀ လုံး၊ မိုဘိုင်းဖုန်း ၃၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာ၊ ချောင်းဆိုး ပျောက်ဆေးရည်ပုလင်း ၃၀ တို့နှင့်အတူ တာချီလိတ်မြို့တွင် ဖမ်းဆီးရမိခဲ့ပါသည်။

ယခုဝင်ရောက်စီးနင်းရှာဖွေခဲ့သည့် ဒုစရိုက်လုပ်ငန်းကို ပိုင်ဆိုင်သူမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်သည့် ထိုင်းလူမျိုးနှင့် ၎င်း၏ဇနီးတို့ဖြစ်ကြောင်း ယုံကြည်ရကြောင်း၊ ယခုကဲ့သို့ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူများအား ဖော်ထုတ်ဖမ်းဆီးခြင်း လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံအတွင်းရှိ အဆိုပါလုပ်ငန်းလုပ်ကိုင်သည်ဟု ယူဆရသည့်နေရာများအား လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ရန် ထိုင်းနိုင်ငံက ဆုံးဖြတ်ခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်းကြောင်း Tachileik News Agency ဟု သတင်းကို ကိုးကား၍ Bangkok Post တွင် ရေးသားဖော်ပြထားပါသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် Paetongtarn Shinawatra ကလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းတပ်မတော်ခေါင်းဆောင်ပိုင်းများ၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ စသည်တို့နှင့် တွေ့ဆုံပြီး  အွန်လိုင်းလောင်းကစားရုံးများတည်ရှိသည်ဟု ယူဆရသည့် မြန်မာနိုင်ငံ အတွင်းရှိ နေရာ ၅ ခုအား လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ခြင်း တို့ကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အဆိုပါလုပ်ငန်းများတွင် အဓမ္မ ဖမ်းဆီးခိုင်းစေခြင်းခံနေရသည့် အလုပ်သမားများအား နေရပ်ပြန်နိုင်ရေး ကူညီပေးရန်ကိစ္စရပ်များ၊ နယ်ခြားဒေသမူဝါဒရေးရာကော်မတီအနေဖြင့် ယခုလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားရန် ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်းနှင့် အစည်းအဝေးသို့ ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီး Phumtham Wechayachai လည်း တက်ရောက်ခဲ့ကြောင်း Bangkok Post တွင် ရေးသားဖော်ပြထားပါသည်။

Source: Bangkok Post  

ကနေဒါစစ်သင်္ဘောတစ်စီး၏ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းမှု ဖြစ်စဉ်အပေါ် တရုတ်က ပြင်းပြင်းထန်ထန်ရှုတ်ချ

တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကနေဒါစစ်သင်္ဘော တစ်စီး၏ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းခဲ့မှုဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်း၏ လေတပ်နှင့် ရေတပ်တို့က ထိုသင်္ဘောကို စောင့်ကြည့်သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ယခုဖြစ်စဉ်သည် အမေရိကန်ရေတပ်သင်္ဘောများက အလားတူ လုပ်ဆောင်ခဲ့သည့်ဖြစ်စဉ် နောက်ပိုင်း ရက်အနည်းငယ်အတွင်း ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ရေတပ်နှင့် မဟာမိတ်နိုင်ငံများဖြစ်သည့် ကနေဒါ၊ ဗြိတိန် နှင့် ပြင်သစ်တို့မှ သင်္ဘော များသည် ထိုင်ဝမ်ရေလက်ကြားကို တစ်လလျှင် တစ်ကြိမ်ခန့် ဖြတ်သန်းလေ့ရှိပြီး ထိုင်ဝမ်နှင့် ဤမဟာဗျူဟာကျသည့် ရေလမ်းကြောင်းသည် မိမိပိုင်နက်ဖြစ်ကြောင်းကို တရုတ်က ပြောဆိုထားသည်။

ကနေဒါ၏လုပ်ရပ်များသည် "တမင်တကာ ပြဿနာဖြစ်အောင် လှုံ့ဆော်ခြင်း" ဖြစ်ပြီး ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေကြောင်း၊ " မိမိတပ်ဖွဲ့ဝင်များအနေဖြင့် အမြဲတမ်း အမြင့်ဆုံး သတိထားပြီး ခြိမ်းခြောက်မှုနှင့် ကျူးကျော်မှုအားလုံးကို ခိုင်မာစွာ ခုခံတွန်းလှန်သွားမည်"ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် အရှေ့ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ထိုင်င်ဝမ်ရေလက်ကြားသို့ ကနေဒါသင်္ဘောဖြတ်သန်းမှုကို ကြိုဆိုကြောင်းနှင့် ကနေဒါသည် ထိုင်ဝမ် ရေလက်ကြား၏ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် ပွင့်လင်းမြင်သာမှုကို ကာကွယ်ရန်နှင့် ထိုင်ဝမ် ရေလက်ကြားသည် အပြည်ပြည်ဆိုင်ရာရေပိုင်နက်ဖြစ်ကြောင်း ၎င်း၏ခိုင်မာသည့်ရပ်တည်ချက်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့်အစိုးရဖြစ်ပြီး တရုတ်၏ အချုပ်အခြာအာဏာပိုင်အဖြစ် တောင်းဆိုမှုအပေါ် ငြင်းဆိုကြောင်းနှင့် မိမိနိုင်ငံ၏ အနာဂတ်ကို မိမိတို့နိုင်ငံသားများကသာလျှင် ဆုံးဖြတ်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြထားပါသည်။

Source: CNA            

Photo: DECK TV

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိ အကြမ်းဖက်ဝါဒများ ဦးမော့လာသည့်အနေအထားရှိရာ နိုင်ငံတကာအသိုက်အဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ခြိမ်းခြောက်မှုမှာ ရှုပ်ထွေး၊ ဆိုးရွားလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၁၀ ရက် လုံခြုံရေးကောင်စီအစည်းအဝေး အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးကို ဆွေးနွေးမှု အစီအစဉ်၏ ဦးစားပေးနေရာ၌ ဆက်လက်ထားရှိရမည်ဖြစ်ပြီး အကြမ်းဖက်ဝါဒအား အခိုင် အမာ “လုံးဝဥဿုံလက်သင့်မခံရန်”၊ “စံချိန်နှစ်မျိုးထားရှိခြင်း” နှင့် “ဘက်လိုက်ရွေးချယ်မှုဖြင့် အကြမ်းဖက်တိုက

လက်ရှိ အကြမ်းဖက်ဝါဒများ ဦးမော့လာသည့်အနေအထားရှိရာ နိုင်ငံတကာအသိုက်အဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ခြိမ်းခြောက်မှုမှာ ရှုပ်ထွေး၊ ဆိုးရွားလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၁၀ ရက် လုံခြုံရေးကောင်စီအစည်းအဝေး အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးကို ဆွေးနွေးမှု အစီအစဉ်၏ ဦးစားပေးနေရာ၌ ဆက်လက်ထားရှိရမည်ဖြစ်ပြီး အကြမ်းဖက်ဝါဒအား အခိုင် အမာ “လုံးဝဥဿုံလက်သင့်မခံရန်”၊ “စံချိန်နှစ်မျိုးထားရှိခြင်း” နှင့် “ဘက်လိုက်ရွေးချယ်မှုဖြင့် အကြမ်းဖက်တိုက်ဖျက်ခြင်း”ကို ကန့်ကွက်ကာ အပြည်ပြည်ဆိုင်ရာအကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ယခု ကာလများတွင် ဆီးရီးယားအခြေအနေ ရုတ်ခြည်းပြောင်းလဲမှုကို အခွင့်ကောင်းယူ၍ အကြမ်းဖက်အဖွဲ့အစည်းများ ကြီးထွားလာနိုင်သလို အကြမ်းဖက်သမားများ၏လက်ထဲသို့ လက်နက်သိုလှောင်ရုံ ကျရောက်နိုင်ရာ ထို့အပေါ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အထူးဂရုပြုသင့်သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်၏ အစီရင်ခံစာ တွင်ဖော်ပြထားကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ မကြာသေးမီရက်များက ဆီးရီးယား သည် ပြည်ပအကြမ်းဖက်တိုက်ခိုက်ရေးသမားများကို အဆင့်မြင့်ရာထူးများ ချီးမြှင့်ပေးရာ ၎င်းတို့အနက် လုံခြုံရေးကောင်စီ အကြမ်းဖက် အဖွဲ့အစည်း အမည်စာရင်းတွင် ထည့်သွင်း ခံထားရသော “Turkistan Islamic Party” ပါဝင်ကြောင်း၊ ၎င်းမှာ အရှေ့တာကစ္စတန် အစ္စလမ်မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) ၏ ဦးဆောင်သူလည်းဖြစ်ကြောင်း၊ ထို့အပေါ် တရုတ် နိုင်ငံအနေဖြင့် အထူးဂရုပြုစိုးရိမ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဆီးရီးယားအာဏာပိုင် များအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးတာဝန်ဝတ္တရားကို ဖော်ဆောင်ရန်၊ အကြမ်းဖက် သမားများက ဆီးရီးယားနယ်မြေကိုအသုံးချပြီး အခြားနိုင်ငံလုံခြုံရေးအပေါ် ခြိမ်းခြောက် နေခြင်းမှန်သမျှကို ကာကွယ်တားဆီးရန် တရုတ်နိုင်ငံကတိုက်တွန်းကြောင်း၊ ပြည်ပအကြမ်းဖက်တိုက်ခိုက်ရေးသမားများစွာ ဆီးရီးယားတွင် ရေရှည်ခိုအောင်းနေခြင်းသည် ဆိုးရွားလှသော လုံခြုံရေးအန္တရာယ်အလားအလာ ဖြစ်စေကြောင်း၊ နေရပ်ပြန်ပို့ရေးလုပ်ငန်း စဉ်ကို အရှိန်မြှင့်တင်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့်ထောက်ခံပြီး သက်ဆိုင်ရာနိုင်ငံများ အနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံးပြန်လည်လက်ခံရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ “ISIS”၊ “Al-Qaeda”၊ “ETIM” စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် အာဖဂန် နစ္စတန်တွင် အလွန်တက်ကြွလှုပ်ရှားလျက်ရှိပြီး အပြန်အလှန်ချိတ်ဆက်နေကြောင်း၊ ယင်းသည် အာဖဂန်နစ္စတန်၏ လုံခြုံရေးအခြေအနေကို ဖျက်ဆီးရုံသာမက ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုလည်းဖြစ်စေကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ထင်သာမြင်သာရှိပြီး စိစစ်နိုင်သော လှုပ်ရှားမှုများလုပ်ဆောင်ကာ အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်အဖွဲ့အစည်းစခန်းအားလုံးကို ဖြိုခွင်းချေမှုန်းရန် တရုတ်နိုင်ငံက အာဖဂန်နစ္စတန် နိုင်ငံကြားဖြတ်အစိုးရအားတိုက်တွန်းကြောင်း၊ ဗဟိုအာရှဒေသနိုင်ငံများနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့က အာဖဂန်နစ္စတန်နှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ကာ အကြမ်းဖက် နှင့်ဆက်စပ်သော လုံခြုံရေးစိန်ခေါ်မှုများကို လက်တွဲဖြေရှင်းပြီး ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အာဖဂန်နစ္စတန် ပေါင်းစည်းပါဝင်နိုင်ရန်၊ အကြမ်းဖက်ဝါဒ ပေါက်ဖွားရာနေရာအား အမြစ်ပြတ်ရှင်းလင်းရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာဖရိကတိုက်မှာ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်တိုက်ဖျက်ရေး၏ ရှေ့တန်းနေရာသစ် ဖြစ်လာသည်ဟု ဖုချုံးက ပြောကြားခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်မှုစွမ်းရည် မပြည့်စုံမှု သည် အာဖရိကနိုင်ငံအများအပြား ရင်ဆိုင်နေရသည့် အခက်အခဲဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ငွေကြေး၊ ပစ္စည်းကိရိယာ၊ ထောက်လှမ်းရေး၊ လူ့စွမ်းအားအရင်း အမြစ်၊ ထောက်ပံ့ပို့ဆောင်ရေး စသည့်ကဏ္ဍများတွင် ထောက်ခံအားပေးမှုကို တိုးချဲ့ရမည် ဖြစ်သလို ကုလသမဂ္ဂနှင့် မိတ်ဖက်များက အာဖရိကသမဂ္ဂ စသည့်ဒေသတွင်းအဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ အာဖရိက၏ အကြမ်းဖက်တိုက်ဖျက်ရေး စွမ်းရည်နှင့် အကြမ်းဖက်တိုက်ဖျက်ရေးဌာနအဖွဲ့အစည်း တည်ဆောက်မှုကိုပံ့ပိုးရမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာအကြမ်းဖက် တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို အမြဲတစေထောက်ခံသူနှင့် အကျိုးဆောင်သူဖြစ်ရာ ဘက်ပေါင်းစုံနှင့် ဆက်လက်လက်တွဲကာ အကြမ်းဖက်ဝါဒအသွင်အားလုံးကို တိုက်ဖျက်ပြီး ရေရှည်ငြိမ်းချမ်းမှု၊ ယေဘုယျအားဖြင့် လုံခြုံမှုရှိသောကမ္ဘာကြီးကို ဖော်ဆောင်ရာတွင် အကျိုးဆောင်သွားမည် ဖြစ်ကြောင်း ဖုချုံးကပြောကြားခဲ့သည်။

 ကိုးကား- ဆင်ဟွာ

အစိုးရဌာနများစွမ်းဆောင်ရည်စိစစ်ရေးဝန်ကြီးဌာန (DOGE) ၏ အံ့အားသင့်ဖွယ် စုံစမ်းစစ်ဆေးမှုအရ အယ်လ်ကေးဒါး၊ တာလီဘန်နှင့် ISIS တို့ကို အမေရိကန်အစိုးရက ကာလကြာရှည်စွာ ငွေကြေးထောက်ပံ့ ခဲ့မှု ပေါ်ပေါက်ခြင်း

အစိုးရဌာနများစွမ်းဆောင်ရည်စိစစ်ရေး ဝန်ကြီးဌာန (DOGE)၏ အံ့အားသင့်စရာကောင်းသော စုံစမ်းစစ်ဆေးမှုအရ အမေရိကန်နိုင်ငံမှ အခွန်ထမ်းများ၏ အခွန်ငွေများသည် USAID မှတစ်ဆင့် အကြမ်းဖက်အဖွဲ့များထံ ဆယ်စုနှစ်များစွာ စီးဆင်းနေကြောင်း ဖော်ထုတ်သိရှိခဲ့ရပါသည်။  နှစ်စဉ် ရန်ပုံငွေ ဒေါ်လာ ၆၉၇ သန်း၊ ငွေသားပို့ဆောင်မှုနှင့် တာလီဘန် “သက်သာချောင်ချိရေး” ပေးချေမှုများကို ပြုလုပ်ခဲ့ကြောင်း လွှတ်တော်အနေဖြင့်လည်း ဝန်ခံခဲ့ပါသည်။

ကာကွယ်ရေးကဏ္ဍစောင့်ကြည့်ကြီးကြပ်ရေးနှင့် အစိုးရဌာနများ စွမ်းဆောင်ရည် စိစစ်ရေးဝန်ကြီးဌာန တို့အနေဖြင့် အသေးစိတ် စစ်ဆေးမှု များကြောင့် လွှတ်တော်အနေဖြင့် အယ်လ်ကေးဒါး၊ တာလီဘန်နှင့် ISIS အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများကို အမေရိကန်အစိုးရက ကာလကြာရှည်စွာ ငွေကြေးထောက်ပံ့ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါသည်။ မကြာသေးမီက လွှတ်တော် ကြားနာပွဲများတွင် ဖော်ထုတ်တွေ့ရှိချက်များတွင် အမေရိကန် အကျိုးစီးပွားကို တိုက်ရိုက်ရန်လိုသော အုပ်စုများထံ USAID နှင့်အခြား လမ်းကြောင်းများမှတစ်ဆင့် အခွန်ထမ်းများ ၏ အခွန်ငွေ ဒေါ်လာများ ရောက်ရှိပုံ အသေးစိတ်ကို ဖော်ပြထားသည်။

အာဖဂန်နစ္စတန်ကို နှစ်စဉ်ရန်ပုံငွေ ဒေါ်လာ ၆၉၇ သန်းအား ပေးအပ်လျက်ရှိခြင်း။ DOGE၏ အံ့အားသင့်ဖွယ်ကောင်းသော စစ်ဆေးတွေ့ရှိမှုတွင် အမေရိကန်အခွန်ထမ်းရန်ပုံငွေ ဘီလီယံပေါင်း များစွာကို အကြမ်းဖက်အဖွဲ့များထံ လွှဲပြောင်းခဲ့ကြောင်း၊ တာလီဘန် တို့က အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ်တွင် သိမ်းပိုက်ခဲ့သော်လည်း နှစ်စဉ်ရန်ပုံငွေ ဒေါ်လာ ၆၉၇ သန်းအား ပေးအပ်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်ထဲမှာပင် USAID မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅၃၄.၇ သန်း အပါအဝင် အာဖဂန်နစ္စတန်သို့ အမေရိကန်က ဒေါ်လာ ၆၉၇ သန်း ပေးအပ်ခဲ့ပါသည်။ 

အပတ်စဉ် ငွေသား ပို့ဆောင်မှု၊ အပိုဆောင်းထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း၄၀ မှ သန်း ၈၀ အထိ ငွေသားများအား အာဖဂန်နစ္စတန်သို့ ၇ ရက်မှ ၁၀ ရက်လျှင် ၁ ကြိမ် ပို့ဆောင်လျက်ရှိပြီး ကြီးကြပ်ထိန်းချုပ်မှု ကင်းမဲ့စွာ ပေးအပ်လျက်ရှိပါသည်။ 

တာလီဘန်များ၏ “သူရဲကောင်းများချမ်းသာကြွယ်ဝရေး” အစီအစဉ်။ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် တာလီဘန် တိုက်ခိုက်ရေး သမားများ၏ မိသားစုများသည် ထောက်ပံ့ကြေးများ လက်ခံရရှိနေသော်လည်း အမေရိကန် သေဆုံးဒဏ်ရာရသူများ၏ မိသားစုများသည် “မည်သည့်အကျိုးမျှခံစားခွင့်မရှိ” ဟု CIA သတင်းပေးသူများထံမှ သိရသည်။ 

USAID အစီအစဉ်များ အစွန်းရောက်များကို ပိုမိုအားကောင်းစေခြင်း။ “အမျိုးသမီး ပညာသင်ဆု ထောက်ပံ့ကြေး” (တစ်နှစ်လျှင် ဒေါ်လာ သန်း ၆၀) နှင့် “အမျိုးသမီးငယ်များ ဦးဆောင်မှု” (တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀) ကဲ့သို့သော လှုပ်ရှားမှုများကို ခေါင်းစဉ်တပ်၍ ရန်ပုံငွေများသည် ISIS-Khorasan နှင့် ဘိုကိုဟာရမ်တို့နှင့် ချိတ်ဆက်ထားသော အကြမ်းဖက် လေ့ကျင့်ရေးစခန်းများသို့ လွှဲပြောင်းခဲ့ကြောင်း တွေ့ရှိရ ပါသည်။

လွှတ်တော်ကိုယ်စားလှယ် Scott Perry (R-PA) က အောက်လွှတ်တော် ကြားနာမှုအတွင်းတွင် “မိမိတို့၏ ရန်သူများက အမေရိကကို ထိခိုက် စေမည့် နိုင်ငံခြားအကူအညီ အစီအစဉ်ကို ရေးဆွဲခဲ့မည်ဆိုပါက USAID ထက် ပိုထိရောက်သည့် အစီအစဥ်ကို ဖန်တီးနိုင်မည် မဟုတ်ပါကြောင်း” ပြောကြားခဲ့ပါသည်။ 

စနစ်တကျဖြင့် လွဲမှားမှုများအကြောင်းကို လွှတ်တော်မှ ဝန်ခံမှုများ။ DOGE အစီရင်ခံစာတွင်ပါရှိသည့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် USAID သည် လိမ်လည်မှုများဖြင့် အကြမ်းဖက်ဝါဒကို ထောက်ပံ့မှုဖြစ်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

တာလီဘန်ငွေညှစ်မှု။ တာလီဘန်များသည် USAID မှ ပစ္စည်းပေးပို့မှုများကို အခွန်ကောက်ခံခြင်း၊ ထောက်ပံ့ပစ္စည်းများကို ခိုးယူကာ ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

ပါကစ္စတန်နိုင်ငံအတွင်းရှိ ဟန်ပြကျောင်းများ။ ၂၀၀၂ ခုနှစ်ကတည်းက ပါကစ္စတန်ရှိ ပညာရေးပရိုဂရမ်များတွင် တည်ဆောက်ခြင်း လုံးဝ မရှိသည့် ကျောင်း ၂၀ အတွက် ဒေါ်လာ၁၃၆ သန်း အပါအဝင် ဒေါ်လာ ၈.၈၄ ဘီလီယံ အသုံးပြုခဲ့ပါသည်။ 

Haqqani ကွန်ရက်နှင့် & Bin Laden ဆက်နွယ်မှု။ ရန်ပုံငွေများသည် Al-Qaeda နှင့် ချိတ်ဆက်လျက်ရှိသည့် Sarajuddin Haqqani (Haqqani ကွန်ရက် ၏ခေါင်းဆောင်) နှင့် Abdullah Bin Laden (Osama Bin Lade) ၏သား) တို့ထံ ရောက်ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ 

CIA သတင်းပေးသူ Sarah Adams က “အမေရိကန်များကို တိုက်ခိုက်နေသည့် တာလီဘန်များ၏ မိသားစုဝင်များကို မိမိတို့က ပိုက်ဆံပေးနေ ရချိန်တွင် မိမိတို့၏ စစ်မှုထမ်းဟောင်းမိသားစုများက တန်းစီ စောင့်ဆိုင်းနေကြရပါကြောင်း” အတည်ပြု ပြောကြားခဲ့ပါသည်။ 

သမိုင်းနောက်ခံ အကြောင်းအရာ။ အကြမ်းဖက်အဖွဲ့များ ဖန်တီးရာ၌ အမေရိကန်၏ အခန်းကဏ္ဍတွင် DOGE စုံစမ်းစစ်ဆေးအရ လုံခြုံရေး အဆင့်လျှော့ချထားသည့် စာရွက်စာတမ်းများအရ ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ ဖန်တီးခဲ့ကြောင်း တွေ့ရှိရသည်။

ဆိုဗီယက်-အာဖဂန်စစ်ပွဲအတွင်း စီအိုင်အေနှင့် မော့ဆက်တို့သည် မူဂျာဟီဒင်အဖွဲ့များ (နောက်ပိုင်း အယ်လ်ကေးဒါး) ကို ရန်ပုံငွေ ထောက်ပံ့ခဲ့သည်။ 

9/11 နောက်ပိုင်းတွင် ဆီးရီးယားသူပုန်များထံ ပံ့ပိုးပေးခဲ့သည့် လက်နက် များကို ISIS လက်နက်တိုက်များတွင် ပြန်လည် တွေ့ရှိရသည်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့အစည်း (PLO) အား တန်ပြန်ရန်အတွက် ၁၉၈၀ ပြည့်နှစ်များတွင် အစ္စရေးနိုင်ငံက ဟားမက်စ်အဖွဲ့ ဖွဲ့စည်းမှုတွင် ကူညီခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် Perry က “မိမိတို့ကို တိုက်ခိုက်မည့်သူများကို ထောက်ပံ့နေခြင်းပါပဲ” ဟု ပြောကြားခဲ့ပါသည်။

ကိုးကား- DOGE

Photo: Mises Institute

အစ္စရေးနိုင်ငံ Smartshooter ကုမ္ပဏီက ချေမှုန်းရေးရိုင်ဖယ်သုံး တန်ပြန်ဒရုန်းတိုက်ဖျက်ရေးစနစ် ထုတ်ဖော်ပြသ

အစ္စရေးနိုင်ငံ Smartshooter ကုမ္ပဏီသည် သယ်ဆောင်ရလွယ်ကူသော ချေမှုန်းရေးရိုင်ဖယ်သုံး တန်ပြန်ဒရုန်းတိုက်ဖျက်ရေးစနစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း The Defense Post သတင်းဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ 

အဆိုပါရိုင်ဖယ်ကို Smash Dome လက်နက်စနစ်ရှိ Smash Hopper အဝေးထိန်း လက်နက်ခန်းမှတစ်ဆင့် ထိန်းချုပ်လုပ်ဆောင်ထားသည်။ ပစ်မှတ်ကိုတိုက်ခိုက်ရာတွင် ပိုမို တိကျစေရန်အတွက် အဝေးထိန်းလက်နက်ခန်းတွင် ကျည်လှုပ်ရှားမှုသိပ္ပံအတိုင်း တွက်ချက်လုပ်ဆောင်နိုင်သော ပစ်ခတ်မှုထိန်းကျောင်းရေးစနစ်ကို အသုံးပြုထားသည်။

အလိုအလျောက်ပစ်မှတ်ကို ထောက်လှမ်းခြင်း၊ ခြေရာခံခြင်း၊ အချိန်နှင့်တစ်ပြေးညီတွက်ချက်၍ တိုက်ပွဲဝင်နိုင်ရန် အမိန့်ပေးထိန်းချုပ်မှုစနစ်နှင့် ပေါင်းစပ်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ Smash Hopper အဝေးထိန်းလက်နက်ခန်းသည် ဒရုန်းအမျိုးမျိုးကို တိုက်ခိုက်ဖျက်ဆီးနိုင်ရန် အရွေ့ စွမ်းအင်သုံး ကြားဖြတ်တိုက်ခိုက်ရေးစနစ်များအဖြစ် အခြားလက်နက်ခဲယမ်းများလည်း တပ်ဆင်ပစ်လွှတ်နိုင်ပြီး အဆိုပါ အပေါ့စားအဝေးထိန်းလက်နက်ခန်းကို မောင်းသူမဲ့-မောင်းသူပါ မြေပြင်သွားယာဉ်များပေါ်တွင် တင်ဆောင် အသုံးပြုနိုင်သကဲ့သို့ မြေပြင်အခြေစိုက်စနစ်အဖြစ်လည်း တပ်ဖြန့်အသုံးပြုနိုင်မည်ဖြစ်သည်။

Smash Dome စနစ်သည် ပစ်မှတ်ထောက်လှမ်းခြင်း၊ အမျိုးအစားခွဲခြားခြင်းနှင့် ခြေရာခံထိန်းကျောင်းခြင်းတို့အတွက် ရေဒီယိုကြိမ်နှုန်းများ ထောက်လှမ်းနိုင်သည့် ရေဒါနှင့် လှိုင်းထုတ်လွှင့်မှုမရှိဘဲ ထောက်လှမ်းနိုင်မည့် Passive Optical Detection စနစ်များကို ပေါင်းစပ်ပေးထားသည်။ ပစ်မှတ်တစ်ခုကိုတွေ့ရှိသောအခါ အာရုံခံကိရိယာများသည် အချိန်နှင့် တစ်ပြေးညီစောင့်ကြည့်ခြင်းနှင့် ကြားဖြတ်ပစ်ချနိုင်ရန် တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် Smash Dome စနစ်၏ ပင်မ ခြေရာခံထိန်းကျောင်းရေးစနစ်သို့ ပစ်မှတ်ဆိုင်ရာ အချက်အလက်များပေးပို့သွားမည်ဖြစ်သည်။ အဆိုပါစနစ်၏ ပစ်မှတ် ထောက်လှမ်းနိုင်မှု အကွာအဝေးသည် နှစ်ကီလိုမီတာဖြစ်သည်။

ကမ္ဘာကြီးသည် အရေးကြီးနေရာများအပေါ် နှောင့်ယှက်၊ အန္တရာယ်ဖြစ်စေနိုင်သော ဒရုန်းများ၏ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း Smartshooter ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Michal Mor က ပြောကြားထားသည်။

Smash နည်းပညာဖြင့် တီထွင်ဖန်တီးထားသော Smash Dome တန်ပြန်ဒရုန်း တိုက်ဖျက်ရေးစနစ်သည် ဒရုန်းခြိမ်းခြောက်မှုများကို တန်ပြန်တိုက်ခိုက်ရန် ကုန်ကျစရိတ် သက်သာပြီးလွယ်ကူအဆင်ပြေမည့် ဖြေရှင်းချက်နည်းလမ်းတစ်ရပ်ကို ပံ့ပိုးပေးနိုင်လိမ့်မည် ဖြစ်သည်။ လက်ရှိကွပ်ကဲထိန်းချုပ်မှုစနစ်များနှင့် အဆင်ပြေစွာ ပေါင်းစည်းအသုံးပြုနိုင်ပြီး စနစ်အနေဖြင့် သီးခြားကာကွယ်ရေးအတွက်ဖြစ်စေ၊ Soft-Kill နည်းလမ်းသုံး Passive C-UAS တန်ပြန်ဒရုန်းရန် ကာကွယ်တိုက်ဖျက်ရေးစနစ်များအတွက် မရှိမဖြစ်လိုအပ်သော Hard-Kill နည်းလမ်းတစ်ရပ်ဖြစ်စေ တိုက်ပွဲဝင်ဖြန့်ကြက် အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ဤလက်နက်စနစ်သည် ဒရုန်းများ၏ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပြီး စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာလိုအပ်ချက်များအတွက် အထူးသင့်တော် မည်ဖြစ်သည်။ နည်းပညာမြင့်မားပြီး လက်တွေ့အသုံးချမှုတွင် ထိရောက်မှုရှိသောစနစ်ဖြစ် သည့်အားလျော်စွာ အနာဂတ်တွင် ပိုမို ကျယ်ပြန့်စွာ အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Israeli Firm Unveils Portable Counter Drone Solution With Assault Rifle ကို ဘာသာပြန်ဆိုထားပါသည်။ (မင်းမျိုး)

Source: ရတနာပုံသတင်းစာ

အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့ ဆက်သွယ်ဆောင်ရွက်နိုင်သည့် ဖုန်းနံပါတ်များ

Source- Myanmar National Portal