ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

သဘာဝဘေးများနှင့် လျှပ်စစ်အန္တရာယ်
-

သဘာဝဘေးအန္တရာယ်ကျရောက်လာပါက နိုင်ငံတော်မှတာဝန်ရှိသူများ၊  သက်ဆိုင်ရာဌာနများကယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပြန်လည်နေရာချထားရေးကိစ္စတို့ကို ကြိုတင်စီစဉ်ဆောင်ရွက်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မိုးလေဝသသတင်းများကို အခါမလပ် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်သတင်းစာများမှ ကြိုတင်အသိပေးကြေညာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

စာရေးသူအနေဖြင့် မကြာခင်ကဖြစ်ပွားခဲ့သောရာဂိမုန်တိုင်းကဲ့သို့သော ရေကြီးရေလျှံခြင်းမျိုး မကြာသေးမီကဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးကဲ့သို့သောငလျင်ကြီးမျိုး  စသည့်သဘာဝဘေးအန္တရာယ် မျိုးဖြစ်ပွားလာပါက ဖြစ်နိုင်ဖွယ်ရာရှိသော လျှပ်စစ်အန္တရာယ်များကို ဘေးသင့်ဒေသရှိပြည်သူများ သိရှိရှောင်ရှားကာကွယ်နိုင်ကြစေရန် ရေးသားတင်ပြလိုသည်။

ပထမဦးစွာရေကြီးရေလျှံချိန်တွင်ရေဝင်နစ်မြုပ်နေသည့် နေအိမ်အဆောက်အအုံများ၌ဆက်သွယ်တပ်ဆင်အသုံးပြုနေသည့်  လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ၊ ရေနစ်မြုပ်နေသည့် ထရန်စဖော်မာများ၊ ရေနစ်မြုပ်နေသည့်ဓာတ်တိုင်များ၊  ဓာတ်အားလိုင်းများသည် လျှပ်စစ်ဓာတ်အားရှိနေပါက  ဓာတ်လိုက် မှုအန္တရာယ် ဖြစ်ပေါ်နိုင်ပေသည်။ သို့ဖြစ်၍လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ   တာဝန်ရှိသူများက ငလျင်ကြောင့် တိုင်ပြိုလဲမှုရှိသည့်နေရာများ ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့်နေရာဒေသများကို  လျှပ်စစ်ဓာတ်အားခေတ္တဖြတ်တောက်(ဓာတ်အားပိတ်)ထားရသည်။ ပြည်သူတို့ အသက်အန္တရာယ်ဖြစ်မည်စိုး၍ ပိတ်ပေးထားရခြင်းသာဖြစ်သည်။

 ထိုသို့ အချိန်နှင့်တစ်ပြေးညီ လျှပ်စစ်ဓာတ်အားပိတ်ထားနိုင်ရန်အတွက်လည်း ရပ်ကွက်အတွင်းရှိ တာဝန်ရှိပြည်သူများက မိမိတို့ရပ်ကွက်၌ ရေကြီးရေလျှံ၍ လမ်းများ၊ အိမ်များ၊ လျှပ်စစ်ပစ္စည်းများ ရေနစ်မြုပ်ပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများသို့ ဆက်သွယ်အကြောင်းကြားကြရန်လိုအပ်လှသည်။

ထို့အတူ မိုးဒဏ်၊ လေဒဏ်၊ ရေတိုးသည့်ဒဏ်များနှင့်ငလျင်ဘေးဒဏ်များကြောင့် ဓာတ်တိုင်များ ယိုင်လဲခြင်း၊ ဓာတ်အားလိုင်းကြိုးများပြတ်ကျခြင်း၊ ဓာတ်အားလိုင်းကြိုးများ လျော့ကျအိကျနေခြင်း၊ ပြတ်ကျနေသောဓာတ်ကြိုးများ သစ်ပင်သစ်ကိုင်းပေါ်တင်နေခြင်း၊ ရေထဲသို့ကျနေခြင်း စသည့် အကြောင်းများကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်လိုက်မှုအန္တရာယ်များ ဖြစ်ပေါ်လာ နိုင်သည်။

ရေပတ်လည်ဝိုင်းရံနေသော၊ ရေဝင်နစ်မြုပ်နေသော ဘုရား၊ တန်ဆောင်း၊ ကျောင်း စသည့် သာသနိကအဆောက်အအုံများ၊ ရုံးများ၊ ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လူနေအိမ်များရှိ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို ရေစိုနေလျှင် သို့မဟုတ် ရေနစ်မြုပ်နေလျှင်၊  ရေဝင်နေလျှင် ကျန်နေသောအခြားလျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို  လုံးဝမသုံးပါနှင့်၊  လျှပ်စစ်မီးခလုတ်များကို   မဖွင့်ပါနှင့်၊  မီးခလုတ်ကို  ပိတ်ထားပါ၊ ဓာတ်အားမပိတ်ထားမီအချိန်တွင် လျှပ်စစ်ဓာတ်ကြိုးများ၊  အသုံးပြုနေသော  လျှပ်စစ်ပစ္စည်းများသည် လျှပ်စစ်ဓာတ်အားရှိနေသည်ဟု မှတ်ယူကြရမည်။

ရေကြီးရေလျှံနေ၍ဖြစ်စေ၊ ငလျင်ကြောင့်မနေရဲ၍ဖြစ်စေ မိမိတို့နေအိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာနေရာသို့  ခေတ္တပြောင်းရွှေ့လျှင်လည်း မိမိတို့နေအိမ်ရှိ  လျှပ်စစ်မီးခလုတ်များနှင့် မိန်းခလုတ်များကို ပိတ်သွားရန်လိုအပ်သည်။ ရေပြန်ကျ၍ မိမိတို့နေအိမ်သို့ပြန်လာစဉ် အိမ်ထဲတွင်ရေမရှိတော့သော်လည်း လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများဖြစ်သည့်  ပလပ်ပေါက်များ၊ မီးခလုတ်များ၊ မော်တာများ၊ မီးအားမြှင့် စက်များ၊ အင်ဗာတာများ ရေဝင်နေလျှင်၊ ရေစိုနေလျှင်၊ ရေငွေ့များရိုက်ထားလျှင်၊ ရွှံ့ညွန်များ၊ အမှိုက်များပေနေလျှင်၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့လျှင် ကိုယ်တိုင်ကိုင်တွယ်ပြုပြင်ခြင်း၊ မီးခလုတ် နှင့်လျှပ်စစ်ခလုတ်များ ဖွင့်ခြင်းမပြုသေးဘဲ လျှပ်စစ်ကျွမ်းကျင်သူကို ခေါ်ယူပြသ၍ လိုအပ်သလို ဆောင်ရွက်ပြီး လျှပ်စစ်အန္တရာယ် ရှိ/မရှိ စစ်ဆေးကာ အန္တရာယ်ကင်းရှင်းမှသာ လျှပ်စစ်ခလုတ်များ ကိုဖွင့်ကြရန်  သတိပေးလိုသည်။ လျှပ်စစ်ဓာတ်အားသုံးလိုဇောဖြင့် မစစ်ဆေးဘဲမဖွင့်မိကြစေရန် အထူးသတိပြုကြစေလိုသည်။

ရေဘေးသင့်ဒေသများ၌  ရေပြန်ကျသွား၍ ရပ်ကွက်ရှိ ပြည်သူများအနေဖြင့်   ညဘက်သွားလာကြရာ၌ လက်နှိပ်ဓာတ်မီးများကို မဖြစ်မနေယူဆောင်သွားသင့်သည်။ ယူဆောင်သွားသောလက်နှိပ် ဓာတ်မီးများဖြင့်  ပြတ်ကျနေသောဓာတ်ကြိုးများ၊ အိကျနေသောဓာတ်ကြိုးများနှင့် မြွေများ၊ ကင်းများ၊ ရေနှင့်အတူ ပါလာတတ်သော အဆိပ်ရှိသည့်သတ္တဝါများကို  မြင်အောင်ကြည့်၊ လွတ်အောင်ရှောင်၍ရေကြီးပါကဖြစ်လာနိုင်သော လျှပ်စစ်အန္တရာယ်များလွတ်ကင်းအောင် ဆင်ခြင်တုံတရားဖြင့်  သတိထားကြစေလိုသည်။

သဘာဝဘေး‌အန္တရာယ်များကြောင့် နေအိမ်များထိခိုက်မှုများရှိပြီးနောက် မူလအတိုင်း လျှပ်စစ်ကို ပြန်လည်သုံးစွဲနိုင်ခဲ့လျှင်လည်း အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ကြသည်-

(၁)အိမ်တွင် လျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်/ မီးပလပ်နှင့်ဝိုင်ယာကြိုးများကို ကလေးများ မကစားစေရန် သွန်သင်ပေးသင့်သည်။ ဖြစ်နိုင်ပါက ထိုအရာများကို ကလေးများလက်လှမ်းမမီသည့်နေရာတွင် ထားသင့်သည်။

(၂) နေအိမ်ရှိလျှပ်စစ်ပစ္စည်းများအား တစ်ပြိုင်တည်း ဝန်ပိုသုံးစွဲခြင်းမပြုသင့်ပါ။ ယနေ့အချိန်အခါတွင် လျှပ်စစ်ကိုအလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးလျက်ရှိရာ နေအိမ် အများစုသည် ဓာတ်အား ပြန်မပြတ်တောက်ခင်    မလုပ်လိုက်ရမရှိစေရန် ဓာတ်အားရလျှင်ရချင်း လျှပ်စစ်ပစ္စည်းအားလုံးကို တစ်ပြိုင်တည်းအသုံးပြုကြလေ့ရှိသည်မှာ   အလွန်အန္တရာယ်များလှသည်။       

(၃) လျှပ်စစ်ပစ္စည်းများအား  သုံးနေစဉ်ဓာတ်အားပြတ်တောက်သွားပါက ခလုတ်ပိတ်ထားသင့်သည်။ ဖြစ်နိုင်လျှင် လျှပ်စစ်ပစ္စည်းများ၏ ပလပ်ခေါင်းများကို ဖြုတ်ထားသင့်သည်။ ပလပ်ဖြုတ်သည့် အခါတွင်လည်း ပလပ်ခေါင်းမှ ကိုင်၍ ဖြုတ်ပါ၊ ကြိုးမှကိုင်၍ ဆွဲမဖြုတ်သင့်ပါ။

(၄) လျှပ်စစ်ပစ္စည်းများအားဆော့ကတ်ပေါက်မှထမ်းဆောင်နိုင်သော ဝန်အားထက်ပို၍ မသုံးစွဲသင့် ပါ။

(၅) လျှပ်စစ်ပစ္စည်းများ၊ မီးပလပ်၊ ခလုတ်၊ဝိုင်ယာကြိုးများ ပေါက်ပြဲ၊ ပျက်စီး၊ ဆွေးမြည့်နေပါက ဆက်မသုံးတော့ဘဲ လဲလှယ်သင့်သည်။

(၆) မီးလုံး၊ မီးချောင်းများ လဲလှယ်ရာတွင် သက်ဆိုင်ရာ မီးခလုတ်အား ပိတ်ပြီးမှ ဆောင်ရွက်သင့်သည် ။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ လျှပ်စစ်ပြုပြင်လိုပါက လုံးဝပင်မခလုတ် (Main  Switch)ကိုပိတ်ပြီးမှ ပြုလုပ်ဆောင်ရွက်သင့်သည်။

(၇)ရေစိုနေသောလက်ဖြင့်ခလုတ်ဖွင့်/ပိတ်လုပ်ခြင်း၊ ပလပ်ဖြုတ်/တပ်ခြင်းတို့မပြုလုပ်သင့်ပါ။ ထို့အတူ ရေစိုနေသောနေရာများတွင် လျှပ်စစ်ပစ္စည်းများထားရှိအသုံးပြုခြင်းမပြုလုပ်သင့်ပါ။

(၈) လိုအပ်သည်ဖြစ်စေ/ မလိုအပ်သည်ဖြစ်စေ   မီးချောင်း၊ ပန်ကာ၊ လေအေးပေးစက်များကို ဆက် တိုက်ဖွင့်ထားခြင်းကိုမပြုလုပ်သင့်ပါ၊ မီတာခ ပိုကုန်ကျသည့်အပြင် အပူလွန်ကဲစေနိုင်သဖြင့် မီးလောင်စေတတ်သည်။

(၉) ဟန်းဖုန်းများ၊ ကွန်ပျူတာများ အားသွင်းရာတွင် လိုအပ်ချိန်ထက် ပိုမိုကြာမြင့်စွာ အားမသွင်းထားသင့်ပါ။

(၁၀) လျှပ်စစ်ပစ္စည်းများနှင့် ဝိုင်ယာကြိုးများတွင် လျှပ်စစ်ဓာတ်အား ရှိ၊ မရှိ မသေချာပါက ဓာတ်အားရှိနေသည်ဟု မှတ်ယူပြီး ဂရုစိုက်သင့်သည်။

(၁၁) အရည်အသွေးကောင်းမွန်သော လျှပ်စစ်ပစ္စည်းများကိုသာ စနစ်တကျ တပ်ဆင်သုံးစွဲသင့်သည်။

(၁၂) နေအိမ်မှ မိသားစုလိုက် ပြင်ပထွက်သည့်အခါ ပင်မမီးခလုတ်အား ပိတ်သွားသင့်သည်။

(၁၃) မီးကြိုးများကို ပူသည့်အရာများအနီးတွင်မထားသင့်ပါ၊ ယာယီမီးကြိုးသွယ်တန်းလျှင် ကြမ်းပြင်ပေါ်မချထားဘဲ အမြင့်မှနေ၍သာ သွယ်တန်းသင့်သည်။

(၁၄) မတော်တဆ လျှပ်စစ်ပစ္စည်းများ၊ မီးကြိုး  များမီးလောင်ပါက ရေလောင်းခြင်းမပြုလုပ်ရပါ။  ပင်မမီးခလုတ်ကိုသာအမြန်ပိတ်သင့်သည်။

(၁၅) တစ်ဦးဦးဓာတ်လိုက်ခံရပါက  ၎င်းကို ချက်ချင်းသွားမထိသင့်ပါ၊ ပင်မမီးခလုတ်ကိုသာအမြန် ပိတ်သင့်သည်။

ထို့ပြင် သဘာဝဘေးကျရောက်ပြီးနောက်ပိုင်း နေအိမ်တွင်းလျှပ်စစ်လိုင်းများကို ပြုပြင်ဆောင်ရွက်သည့်အခါတွင်လည်း နားလည်တတ်ကျွမ်းသူများဖြင့်သာ ဆောင်ရွက်သင့်သည်။ လျှပ်စစ်တပ်ဆင်ရေး ဆောင်ရွက်သူများအနေဖြင့် သင်တန်းများသေချာစွာတက်ပြီးမှ ဆောင်ရွက်သင့်သလို လိုက်နာရမည့် လျှပ်စစ်သဘောတရားများကိုလည်း အပြည့်အဝလိုက်နာဆောင်ရွက်ကြရန်လိုသည်။  သဘာဝဘေး ကျရောက်ပြီးသည့်နောက်  အသစ်ပြန်လည်တည်ဆောက်ရေးများ ဆောင်ရွက်သည့်အခါတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှအစ နေအိမ်များအဆုံး လျှပ်စစ်ပစ္စည်းများအသုံးပြုသည့်အခါ Load အတိုင်းအတာအလျောက် Cable နှင့် Breaker များကို သင့်လျော်သည့်အရွယ်အစားဖြင့်သာ စနစ်တကျတပ်ဆင် အသုံးပြုသင့်ကြပါကြောင်းနှင့် သဘာဝဘေးကျရောက်ပြီးချိန်များတွင် လျှပ်စစ် အန္တရာယ်ကိုအထူးသတိပြုဆောင်ရွက်သင့်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။    ။

Photo - Vector Stock

ဆောင်းပါးရှင် - မောင်မောင်စွယ်စုံထွန်း

ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးလုပ်ငန်းစဉ်မှသည် နိုင်ငံတော်၏ အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့
-

ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသည့် ဆိုရိုးစကားအတိုင်း နောင်တစ်ချိန်တွင် တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အနာဂတ်နိုင်ငံတော်ကို ယနေ့လူငယ်များ၏လက်ထဲသို့ လွှဲပြောင်းတာဝန်ပေးအပ်ရမည်ဖြစ်သည်။ လူငယ်များက ကလေးဘဝမှသည် လူငယ်၊ လူကြီး အဖြစ်သို့ ရောက်ရှိကြရသည်ဖြစ်ရာ ကလေးဘဝမှပင် စတင်၍ ထူးချွန်ထက်မြက်သည့် နိုင်ငံ့သား ကောင်းရတနာများ လူကောင်း၊ လူတော်လေးများဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးကြရန် တာဝန်ရှိပါသည်။ ထိုတာဝန်သည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၊ မိဘများနှင့် လူမှုအဖွဲ့အစည်းအားလုံးအပေါ်တွင် ကျရောက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော် ရှိပါသည်။ အသက် ၁၈ နှစ်အောက် လူဦးရေသည် နိုင်ငံလူဦးရေ ၏ ၃၃ ဒသမ ၃၁ ရာခိုင်နှုန်းခန့်ရှိသဖြင့် ကလေးဦးရေ များပြားသည့်နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် အများဆုံးနေထိုင်ကြပါသည်။ ကျေးလက်ဒေသရှိ ကလေးသူငယ်များသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့် သန့်ရှင်းမှုဆိုင်ရာ ဝန်ဆောင်မှု၊ ပညာသင်ကြားခွင့်ဆိုင်ရာ အခွင့်အရေးများကို အကန့်အသတ်ဖြင့်သာ ရရှိနေကြပါသည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မွေးကင်းစမှသည် အသက် ၁၈ နှစ်ပြည့်သည်အထိ ကလေး သူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တနှင့် ခံယူချက်မြင့်မားရေး၊ အသက်ရှင်သန်ရပ်တည်ရေးတို့မှအစ စီမံကိန်းများချမှတ်လျက် ပြုစုစောင့်ရှောက်ကာကွယ်မှုများ ပေးလျက်ရှိပါသည်။ ထိုအထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များ၏ အလုပ်လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေများပြဋ္ဌာန်းပြီး ကာကွယ် စောင့်ရှောက်မှုများပေးနေသကဲ့သို့ ဥပဒေနှင့်အညီ နိုင်ငံတကာနှင့် လူမှုအသိုင်းအဝိုင်းက လက်မခံသော ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

Child labour, Global Estimate 2020, Trends and The Road Forward အရ ဆင်းရဲနွမ်းပါးမှု တစ်ရာခိုင်နှုန်းတိုးလာသည်နှင့်အမျှ နိုင်ငံအသီးသီးတွင် ကလေးအလုပ်သမား အနည်းဆုံး ၈ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပေါ်လာစေနိုင်သည်ကို ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကမ္ဘာပေါ်၌ ကလေးသူငယ် ၁၀ ဦးတွင် တစ်ဦးနှုန်း ကလေးအလုပ်သမားဖြစ်နေသောကြောင့် ၂၀၁၆ ခုနှစ်တွင် ကလေးအလုပ်သမားစုစုပေါင်း ၁၅၂ သန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် တွင် ကလေးအလုပ်သမား စုစုပေါင်း သန်း ၁၆၀ ရှိသဖြင့် လေးနှစ်တာကာလအတွင်း ကလေးအလုပ်သမား ၈ သန်းကျော် တိုးလာကြောင်း၊ ၎င်းတို့အနက် ၆ ဒသမ ၅ သန်းသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိသားစုအားလုံးနီးပါး၏ စားဝတ်နေရေးအတွက် ကလေးအလုပ်သမားများက ကူညီဖြေရှင်းမှုယန္တရားတစ်ခု ဖြစ်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ကမ္ဘာတစ်ဝန်း၌ ကလေးအလုပ်သမား ၈ ဒသမ ၉ သန်းနီးပါး တိုးလာကြောင်း လေ့လာသိရှိရပါသည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ကလေးအလုပ်သမားအများစုသည် စိုက်ပျိုးရေး၊ မိုင်းတူးဖော်ရေး၊ ထုတ်လုပ်ရေး၊ အိမ်အကူအလုပ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ အခကြေးငွေအနည်းငယ် သို့မဟုတ် အခကြေးငွေမရရှိဘဲ အန္တရာယ်ရှိသောအခြေအနေတွင် လုပ်ကိုင်လျက်ရှိပါသည်။ အခြေခံအကြောင်း တရားများမှာ ဆင်းရဲနွမ်းပါးမှုနှင့် မိသားစုဦးရေများ ပြားမှု၊ အခြေခံပညာ နိမ့်ပါးမှု၊ ရှေးရိုးစွဲ လူမှုဓလေ့ထုံးစံများ လက်ခံကျင့်သုံးနေမှု စသည်ဖြင့် အကြောင်းခြင်းရာအလိုက် အမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာအားဖြင့် တိုင်းပြည်ရှိ လူတစ်ဦးချင်းဝင်ငွေ နိမ့်ကျမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်မှု၊ မိသားစုအတွင်း ကလေးများပြားမှု၊ မိမစုံ၊ ဖမစုံဖြစ်မှု၊ လူကြီးလုပ်သား ရှားပါးမှုနှင့် လုပ်အားခသက်သာမှု၊ စစ်ပွဲများနှင့် ဒေသတွင်းပဋိပက္ခဖြစ်မှု၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှု၊ ပတ်ဝန်းကျင်၏ စည်းရုံးလှုံ့ဆော်မှု၊ ဥပဒေစည်းကြပ်ခြင်း အားနည်းမှု စသည်တို့ဖြစ် ကြောင်း သိရှိရပါသည်။

ထို့အတွက် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ၈ ဒသမ ၇ ကို လက်ခံကျင့်သုံးခြင်းနှင့်အတူ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းသည် ၂၀၂၅ ခုနှစ်တွင် ကလေးအလုပ်သမားခိုင်းစေမှုပုံစံအားလုံး ပပျောက်ရေးကတိကဝတ်များကို ပြုလုပ်ခဲ့ပြီး ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ILO ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) အား မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၈၇ နိုင်ငံနှင့် ILO ပြဋ္ဌာန်းချက် (အမှတ် ၁၃၈) အား အဖွဲ့ဝင်နိုင်ငံ ၁၇၆ နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားပြီး အကောင် အထည်ဖော်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။

ကလေးအလုပ်သမားဟူသည် အဘယ်နည်း

ကလေးသူငယ်များ လုပ်ကိုင်သမျှ အလုပ်အားလုံးကို ကလေးအလုပ်သမားဟု ဆိုလိုခြင်း မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကလေးအလုပ် သမား (Child Labour) ဆိုသည်မှာ ၎င်း၏ကလေးဘဝ၊ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး လုပ်ကိုင်နေရသူများကို ဆိုသည်။ ထိုအလုပ်မျိုးသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စာရိတ္တပိုင်းဆိုင်ရာကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး သို့မဟုတ် ၎င်းတို့၏ ပညာသင်ကြားရေးကို ထိခိုက်စေမည့် ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီကျောင်းမှ မဖြစ်မနေ ထွက်ရခြင်းနှင့် ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သော အလုပ်ကို အချိန်ကြာမြင့်စွာ လုပ်ကိုင်နေရ ခြင်းတို့ ဖြစ်ပါသည်။

အလုပ်လုပ်သော ကလေးသူငယ်များ (Working Children) ဆိုသည်မှာ ကလေးသူငယ်များအနေဖြင့် နေအိမ်တွင်လည်းကောင်း၊ မိသားစုပိုင် လယ်ယာအလုပ်ခွင်တွင်လည်းကောင်း၊ မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွင်လည်းကောင်း လုပ်ကိုင်ခြင်း သို့မဟုတ် အခြားဝန်မပိသော အလုပ်အကိုင် အမျိုးအစား (ကျန်းမာရေး သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်အန္တရာယ် ဖြစ်ဖွယ်ရာမရှိသော အလုပ် အကိုင်၊ ကျောင်းတက်ခြင်း၊ လုပ်ပိုင်ခွင့်ရှိသော ဥပဒေအရ ခွင့်ပြုထားသည့် အသက်မွေးဝမ်းကျောင်း၊ လမ်းညွှန်သင်ကြားခြင်း သို့မဟုတ် လေ့ကျင့်သင်ကြားခြင်းအစီအစဉ်များတွင် ပါဝင်ခြင်း သို့မဟုတ် လက်ခံရရှိသော ညွှန်ကြားချက်များမှ အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်သည့် စွမ်းရည်ကို မထိခိုက်စေသော အလုပ်များ) လုပ်ကိုင်ရခြင်းဖြစ် ပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) အရ ကလေးအလုပ်သမားများကို အဆိုးရွားဆုံးပုံစံခိုင်းစေခြင်းတွင် ကလေးသူငယ်များအနေဖြင့် ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ စီးပွားရေးအရ လိင်မှုဆိုင်ရာ အမြတ်ထုတ်ခံရခြင်း၊ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် တရားမဝင်လုပ်ငန်းများတွင် အသုံးပြုခံရ ခြင်းများ ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ကလေးအလုပ်သမားများ၏ အခွင့်အရေး များကို အကာအကွယ်ပေးသည့် ကလေးအလုပ်သမားဥပဒေသီးခြားမရှိသေးသော်လည်း စပ်ဆိုင်သည့် ဥပဒေများအနေဖြင့် ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ၊ ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေးဥပဒေတို့ဖြင့် ၎င်းတို့ကို အကာအကွယ်ပေး ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါသည်။

အလုပ်လုပ်ကိုင်နိုင်သော အနိမ့်ဆုံးအသက်အရွယ်

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၏ ကလေးများနည်းတူ မြန်မာနိုင်ငံရှိ ကလေးများသည်လည်း အလုပ်တစ်မျိုး မဟုတ်တစ်မျိုး လုပ်ကိုင်လျက်ရှိကြပါသည်။

ကလေးများလုပ်သော အလုပ်တိုင်းသည် ၎င်းတို့ အတွက် အန္တရာယ်ရှိသော သို့မဟုတ် ခေါင်းပုံဖြတ်ခံရသော အလုပ်များမဟုတ်ပါ။ မြို့ပြနှင့် ကျေးလက်ဒေသအများစုတွင် အလုပ်လုပ်သော ကလေးများ သည် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေကြသူများ ဖြစ်ပါသည်။ အလုပ်လုပ်ခြင်းဖြင့် ကလေးများသည် ဘဝအတွက် ကျွမ်းကျင်မှုများကိုလည်း ရရှိလာပြီး မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးခြင်းဖြင့် ကလေးများသည် မိမိကိုယ်မိမိ ယုံကြည်မှုနှင့် လေးစားမှုမြင့်မားလာမည်ဖြစ်ပါသည်။

ထိုသို့ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ရာ၌ ကလေးအလုပ်သမားများ မဖြစ်စေရေးအတွက် ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်နိုင်ရေးနှင့် အလုပ်လုပ်သော ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်နိုင်ရေးတို့အတွက်လည်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့၏ အနိမ့်ဆုံးအသက်အရွယ်ဆိုင်ရာ ပြဋ္ဌာန်းချက် (အမှတ် ၁၃၈) (Minimum Age Convention-138) နှင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးလုပ်သားခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) (Worst Forms of Child Labour Convention -182) တို့နှင့်အညီ ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေနှင့် ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတို့တွင် (၁၄) နှစ် မပြည့်သည့် ကလေးများကို လုံးဝအလုပ်ခိုင်းစေခြင်းမပြုဘဲ (၁၄) နှစ်ပြည့်ပြီး (၁၈)နှစ် မပြည့်သေးသည့် လူငယ် အလုပ်သမားများအား အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက် လက်မှတ်ရယူ၍ စေခိုင်းနိုင်ကြောင်းနှင့် မည်သည့် လူငယ်ကိုမျှ ဘေးအန္တရာယ်ရှိစေသော၊ ကျန်းမာရေး ထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့် အခွင့် အရေးကို အနှောင့်အယှက်ဖြစ်စေသော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်းလမ်းများဖြင့် အလုပ်ခိုင်းစေခြင်းမပြုရပါကြောင်း စသည်ဖြင့် လူငယ်များခိုင်းစေခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။

ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် ILO Convention 182 ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတွင် စတင်အာဏာသက်ဝင်ကျင့်သုံးခဲ့ရာ မြန်မာနိုင်ငံရှိ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်လုပ်သော ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာနသည် Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်ပြီး အစိုးရဌာန၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ၊ ILO ၊ UNICEF တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုး ရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ် ရန်၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရ သည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ကာလတို၊ ကာလ ရှည် အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်သွားရန်နှင့် ကာလတို (၅) နှစ် စီမံချက် (၃)ကြိမ်ဖြင့် ကာလရှည် (၁၅)နှစ်စီမံချက် သတ်မှတ်ဆောင်ရွက်သွားရန် လျာထားပြီး အစိုးရဌာနများ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများဖြင့် အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ကာ ရေးဆွဲခဲ့ပါသည်။

အမျိုးသားကော်မတီဖွဲ့စည်းခြင်း

မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ဒုတိယသမ္မတ(၁) ဦးဆောင်ပြီး အဖွဲ့ဝင် ၃၇ ဦး ပါဝင်သည့် ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ လုပ်ငန်းတာဝန် (၈)ရပ် သတ်မှတ်ကာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၃၆ ဦးဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၁၈၀/ ၂၀၂၃) ဖြင့် သတ္တမအကြိမ် ပြင်ဆင်ဖွဲ့စည်း၍ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်)အား ဦးစားပေးလုပ်ငန်းကဏ္ဍနှစ်ခုဖြစ်သည့် စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးကဏ္ဍများတွင် အသက် (၁၄) နှစ် အောက်နှင့် (၁၄) နှစ်မှ (၁၈) နှစ်အကြား အုပ်စုနှစ်စု ခွဲခြားပြီး ကလေးအလုပ်သမားပပျောက်ရေးအတွက် အမျိုးသားကော်မတီ၏ လုပ်ငန်းကော်မတီ (၈) ရပ် တို့မှ အညွှန်းကိန်းရလဒ်များရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သလို အမျိုးသား အဆင့်လုပ်ငန်းစီမံချက်၏ ဒုတိယကာလတို (၂၀၂၄-၂၀၂၈ ခုနှစ်) ငါးနှစ်တာလုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတို့တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျင်းပခဲ့မှု

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ကလေးအလုပ်သမားများ၏ အတိဒုက္ခများ၊ အခက်အခဲများနှင့် ၎င်းတို့ကို မည်သို့သော အကူအညီအထောက်အပံ့ပေးနိုင်ရေးတို့ကို မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်ပြီး နှစ်စဉ် ဇွန်လ ၁၂ ရက်နေ့ကို “ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့” အဖြစ် သတ်မှတ်ကာ ၂၀၀၂ ခုနှစ်မှစတင်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် မိဘပြည်သူများဖြင့် ပြုလုပ်လျက်ရှိပြီး အခွင့်အလမ်းများ ဆုံးရှုံးနေသည့် သန်းပေါင်းများစွာသော ကလေးအလုပ်သမားများ၏ ငယ်ရွယ်နုပျိုမှု၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ ကလေးအလုပ်သမားများ၏ ပျံ့နှံ့နေသည့် ပြဿနာများကို အာရုံစူးစိုက်မှုရှိစေရန်အတွက် အဆိုပါနေ့တွင် ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ (Theme Title) ကို ဗဟိုပြုသော အသိပညာပေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် အနုပညာနှင့် စာစီစာကုံးပြိုင်ပွဲကဲ့သို့ ဖန်တီးမှုရှိသော လှုပ်ရှားမှုများကို အသားပေး ကျင်းပပြုလုပ်ကြ ပါသည်။

ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ Theme Title မှာ Progress is clear, but there’s more to do: Let’s speed up efforts! (တိုးတက်မှုများ ထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှုအရှိန်အဟုန်မြှင့်တင်စို့) ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား Focal ဌာနအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားများကို ပြည်သူများအကြား ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ်များ၊ အသိအမြင် ဗဟုသုတများ ပိုမိုရရှိစေရန်အတွက် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ကလေးအလုပ်သမား လျော့နည်းပပျောက် ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများ၊ ဈေး များနှင့် လမ်းဆုံများ၌ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Billboard များ စိုက်ထူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ကလေးသူငယ်များအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များ စာရင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှု

ILO ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) တွင် ၎င်းပြဋ္ဌာန်းချက်ကို သဘောတူလက်မှတ် ရေးထိုးထားသည့်အဖွဲ့ဝင်နိုင်ငံတိုင်းသည် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် တည်ဆဲဥပဒေများဖြင့် လည်းကောင်း (သို့) စည်းမျဉ်းဖြင့်လည်းကောင်း (သို့) အခွင့်ရအာဏာပိုင်များကသော်လည်းကောင်း ကလေးများအား ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကို အန္တရာယ်ဖြစ်စေသော အလုပ်အကိုင်အမျိုးအစားများကို သတ်မှတ်ပေးရမည်ဟုပါရှိသဖြင့် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ကလေးအလုပ်သမားဆိုင်ရာ နည်းပညာရပ်လုပ်ငန်းအဖွဲ့ (TWG - CL) အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ညှိနှိုင်းအစည်း အဝေးများ၊ သုံးပွင့်ဆိုင်အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း၊ အမျိုးသားကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများထံ သဘောထားမှတ်ချက် တောင်းခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကလေးသူငယ်များအတွက် လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များစာရင်း (မူကြမ်း) ရရှိလာပြီဖြစ်ပါသည်။

လုပ်ငန်းအမျိုးအစားများနှင့် လုပ်ငန်းခွင်များ စာရင်းအတည်ပြုထုတ်ပြန်နိုင်ရေးသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် နိုင်ငံ၏အလေ့အထ၊ မြေပြင်အခြေအနေတို့အရ စိန်ခေါ်မှုတစ်ခုဖြစ်ပါသဖြင့် အစိုးရ၊ အလုပ်ရှင်၊ လူမှုအဖွဲ့အစည်းများက များစွာသတိပြုကိုင်တွယ်ရမည်ဖြစ်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အတည်ပြုထုတ်ပြန်နိုင်ရေးကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

အဆိုပါ ကလေးသူငယ်များအတွက် လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များစာရင်း (မူကြမ်း) အား အတည်ပြုထုတ်ပြန်နိုင်ခဲ့ပါက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၁၀၃ (က)(၃) အရ မည်သူမဆို ဘေးအန္တရာယ်ရှိသော အလုပ်ကိုဖြစ်စေ၊ ကျန်းမာရေးထိခိုက်စေသော အလုပ်ကို ဖြစ်စေ ခိုင်းစေခြင်း သို့မဟုတ် လုပ်ကိုင်ရန် ခွင့်ပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးရှစ်လမှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်း ဆုံး ကျပ်ရှစ်သိန်းမှ အများဆုံးကျပ် ၁၆ သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လည်းကောင်း ပြဋ္ဌာန်းထားသဖြင့် ကလေးသူငယ်များအတွက် ထိရောက်သည့် ဥပဒေအကာအကွယ် ရရှိလာမည် ဖြစ်ပါသည်။

နိုင်ငံတော်၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆီသို့

ကလေးအလုပ်သမားအရေးကိစ္စသည် မိမိတို့မြန်မာနိုင်ငံတစ်ခုတည်းတွင်သာ မဟုတ်ဘဲ ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံအသီးသီးတွင် တွေ့ကြုံနေရသော ပြဿနာဖြစ်သည့်အတွက် ကမ္ဘာ့စိန်ခေါ်မှု (Global Challenge) တစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်ပါသည်။ အရွယ်မတိုင်မီ လုပ်ငန်းခွင်သို့ ရောက်ရှိနေသော ကလေးသူငယ်များ၏ဘဝကို ကယ်ထုတ်မြှင့်တင်နိုင်မှသာ အနာဂတ်ကမ္ဘာအတွက် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လူသားအကျိုးပြုသော လူငယ်၊ လူကြီးများဖြစ်လာနိုင်ပေမည်။

နိုင်ငံတော်အနေဖြင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ပြီး အမျိုးသားကော်မတီသည် ချမှတ်ရေးဆွဲထားသည့် လုပ်ငန်းစဉ်နှင့် စီမံချက်များအတိုင်း ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင် ရွက်လျက်ရှိရာ မိဘပြည်သူအားလုံးကလည်း ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ပိုမိုအလေးထား ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်သွားကြမည် ဆိုလျှင် နိုင်ငံတော်၏ စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုကို မလွဲ ဧကန် အထောက်အကူဖြစ်လာစေမည်ဟု ယုံကြည်မိပါကြောင်း ဇွန် ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

MOI

အားမာန်(အလရ)

အဆိုးသံသရာထဲက ယနေ့ကမ္ဘာ
-

ယနေ့ ကမ္ဘာ့အခြေအနေကိုကြည့်လျှင် အဆိုးသံသရာထဲမှာပင် တဝဲလည်လည်ဖြစ်လျက်ရှိသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများအချင်းချင်းကြား နိုင်ငံရေးတင်းမာမှုများ၊ ဒေသတွင်းပြိုင်ဘက်နိုင်ငံများ၏ အားပြိုင်မှုများမှတစ်ဆင့် ဒေသတွင်းစစ်ပွဲများ ဖြစ်ပွားလာသည်။ လူမှုအဓိကရုဏ်းများ၊ သဘာဝဘေးအန္တရာယ်များကပါ မကြာခဏထပ်ဆင့်ဖြစ်ပွားလာ၍ ကမ္ဘာကြီးသည် ပူလောင်ဆူပွက်လျက်ရှိသည်။

ဟားမတ်စ်စစ်သွေးကြွတို့၏ အကြမ်းဖက်တိုက်ခိုက်မှုမှတစ်ဆင့် လက်တုံ့ပြန် တိုက်ခိုက်ခံရမှုကြောင့် ဂါဇာစီးတီးသည် တစပြင်ပမာပျက်စီးသွားခဲ့ရသည်။ အပြစ်မဲ့ပြည်သူ သောင်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသည်။ အမျိုးသမီးနှင့် ကလေးငယ်များ သေဆုံးမှုမှာ အများဆုံးဖြစ်သည်။

အသက်မသေဘဲ ကျန်ရှိသူများမှာလည်း ပိတ်ဆို့ခံထားရမှုကြောင့် စားရေရိက္ခာနှင့် ဆေးဝါးများပြတ်လပ်ကာ ကြီးစွာသောဒုက္ခနှင့် ရင်ဆိုင်ခဲ့ကြရရှာလေသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့သော စားရေရိက္ခာများကို အလုအယက် ခွက်ထိုးတောင်းခံနေကြသည့် လူမမည်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ၏ ပုံရိပ်များမှာလည်း ယဉ်ကျေးသည့် လူသားကမ္ဘာ အတွက် မေးခွန်းထုတ်စရာဖြစ်လာရသည်။ သို့သော် လူသားချင်းစာနာထောက်ထားမှုဟု မကြာခဏ ကြွေးကြော်လေ့ရှိသော နိုင်ငံကြီးများလည်း မတတ်နိုင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဖွဲ့စည်းထားသည်ဟုဆိုသော ကုလသမဂ္ဂလည်း မစွမ်းနိုင်၊ ကမ္ဘာကြီးက လက်မှိုင်ချနေခဲ့ရသည်။ နိုင်ငံတကာ အထောက်အပံ့များသည်ပင်လျှင် ခွင့်ပြုချက်ဖြင့် အကန့်အသတ်မျှသာပေးပို့ နိုင်လေသည်။

 ယူကရိန်းပဋိပက္ခစစ်ပွဲကလည်း နှစ်ပေါက်ခဲ့ ချေပြီ။ စစ်ပွဲရှည်ကြာလေသည်နှင့်အမျှ စစ်ဘောင်က ပို၍ကျယ်ပြန့်လာသည်။ စစ်ပွဲအရှိန်ကလည်းပို၍ ပြင်းထန်လာသည်။ ယူကရိန်း၏ နောက်ကွယ်တွင် နိုင်ငံကြီးများ၏ ပေါ်ပေါ်ထင်ထင်ပါဝင်ပတ်သက်မှုကြောင့် အင်အားကြီးနိုင်ငံများအချင်းချင်း ထိပ်တိုက်တွေ့ပြီး တတိယကမ္ဘာစစ်၊ တစ်နည်း နျူကလီးယား စစ်ပွဲကြီးများ တစ်နေ့ ထတောက်လာလေမလားဟု ကမ္ဘာသူကမ္ဘာသားများက ရင်တမမဖြစ်နေဆဲ။

သည်ကြားထဲ တောင်အာရှနှင့် အရှေ့တောင် အာရှတို့၌ ပေါ်ပေါက်လာသော စစ်ရေးငင်မှု၊ အင်အားပြမှုများကလည်း ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများအဖို့ စိတ်မချမ်းမြေ့စရာ ဖြစ်ရသည်။ တင်းမာမှုများ ပြန်လည်လျော့ပါးသွားပြီး စေ့စပ် ညှိနှိုင်းမှုများ အသက်ဝင်လာမှ စိတ်သက်သာရာ ရခဲ့ကြရသည်။

သို့သော် ယနေ့ကမ္ဘာသည် အဆိုးသံသရာထဲက ရုန်းမထွက်နိုင်ခဲ့ပါပေ။ ယခုရက်ပိုင်းအတွင်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သည့် လူဝင်မှုကြီးကြပ်ရေး ဆောင်ရွက်ချက်များကို ကန့်ကွက်သောဆန္ဒပြပွဲများ အမေရိကန်တစ်ဝန်း၌ ပျံ့နှံ့လာသည်။

လော့စ်အိန်ဂျလိစ်မြို့၌ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းသည့်ကြားက နယူးယောက်၊ ချီကာဂိုစသည့် အခြားမြို့ကြီးများအထိ ဆန္ဒပြပွဲများ ကူးစက်သွားသည်။ ဆန္ဒပြသူများက ကားများကိုမီးရှို့ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းများအပြင် ခိုးဆိုးလုယက်သူများကလည်း တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသည့်နှယ် စတိုးဆိုင်ကြီးများ၊ စူပါမားကတ်များ၊ အရောင်းဆိုင်ခန်းများကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်လုယက်ကြပြန်သည်။ သို့နှင့် လော့စ်အိန်ဂျလိစ်မြို့တွင် ကာဖျူးအမိန့်ကို နောက်တစ်ကြိမ်ထုတ်ပြန်ခဲ့ရသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟု မကြာခဏကြွေးကြော်လေ့ရှိသော ဒီမိုကရေစီစံပြအင်ပါယာနိုင်ငံကြီးအတွက် နိုင်ငံရေးသံဝေဂယူစရာ ဖြစ်ရလေသည်။

ကမ္ဘာ့နိုင်ငံရေး လေ့လာအကဲခတ်သူအဖို့ ကမ္ဘာ့ အရေးအခင်းများက အတောမသတ်နိုင်အောင် လေ့လာ၍ မဆုံးနိုင်အောင်ဖြစ်နေဆဲမှာပင် ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ် အာမီဒါဗတ်မြို့မှ လန်ဒန်သို့ စတင်ပျံသန်းထွက်ခွာသည့် အိန္ဒိယလေကြောင်းလိုင်းမှ Boeing 787 လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြန်သည်။ လေယာဉ်အမှုထမ်းနှင့် ခရီးသည်စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာသည့်အနက် သေကံမရောက်သက်မပျောက်သူ အိန္ဒိယနွယ်ဖွားဗြိတိန်နိုင်ငံသား ခရီးသည်တစ်ဦးသာ အသက်ရှင်ကျန်ရစ်သည်။

ကံဆိုးမိုးမှောင်ကျမှုများက ဤမျှနှင့် စခန်းမရပ်၊ ကြမ္မာဆိုးကလည်း ထပ်ဝင်လာသည်။ လေယာဉ်က လေဆိပ်အပြင်ဘက် လူနေထိုင်ရာရပ်ကွက်ရှိ ဆေးကျောင်းသားအဆောင်သို့ ပျက်ကျခဲ့သဖြင့် ဆေးကျောင်းသားအချို့ ထပ်မံသေဆုံးခဲ့ရပြန်သည်။ ဆယ်စုနှစ်အတွင်း ကမ္ဘာ့အဆိုးရွားဆုံးလေယာဉ် ပျက်ကျမှုဟုဆိုသည်။ ကရုဏာတရားကြီးမားသူများ အဖို့ အိပ်မက်ကိုယ်စီ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကိုယ်စီဖြင့် လေယာဉ်ပေါ်သို့ လိုက်ပါသွားခဲ့ကြရင်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း အသက်ဆုံးရှုံးသွားခဲ့ကြရသည့် ခရီးသည်များနှင့် ပူဆွေးသောကကြီးစွာဖြင့် ကျန်ရစ်သူများနှင့် ထပ်တူခံစားကြရသည်။

ကမ္ဘာ့ရှစ်ခွင်တိုင်းလုံးတုန်စေသည့် ကမ္ဘာ့ထိပ်တန်းသတင်းကြီးများက ဤမျှနှင့်မရပ်။ ဇွန်လ ၁၃ ရက် နံနက်တွင် တုန်လှုပ်ဖွယ်ရာ ထပ်မံပေါ်ထွက် လာပြန်ပါသည်။ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်း တွင် အစ္စရေးက အီရန်၏မြို့တော် တီဟီရန်ရှိ နျူကလီးယားနှင့် တာဝေးပစ်ဒုံးစီမံကိန်းအခြေစိုက် ရာ နေရာများနှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက် အအုံများကို လေကြောင်းဖြင့် လက်ဦးမှုရယူစတင် တိုက်ခိုက်ခဲ့ပြန်သည်။ အစ္စရေးတို့က အီရန်၏ ယူရေနီယံသန့်စင်ရေးအစီအစဉ်နှင့် နျူလက်နက် အစီအစဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရာ တိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်း နျူကလီယားသိပ္ပံပညာရှင်အချို့နှင့် အီရန်စစ်ဘက် ထိပ်တန်းဗိုလ်ချုပ်အချို့လည်း ထိခိုက်သေဆုံးသွား ခဲ့သည်ဟု ကမ္ဘာ့သတင်းများကဆိုသည်။

အီရန်ကလည်း ချက်ချင်းလက်တုံ့ပြန်သည့်အနေဖြင့် မွန်းလွဲပိုင်းမှစတင်၍ အစ္စရေးကို ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများရာနှင့်ချီ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လတ်တလောကာလတွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက “အီရန်၏ လက်တုံ့ ပြန်တိုက်ခိုက်မှု မရပ်တန့်ပါက မြို့တော်တီဟီရန်ကို မီးလောင်တိုက်သွင်းမည်”ဟု ကြုံးဝါးလျက်ရှိသလို အီရန်ကလည်း “အစ္စရေးအပေါ် ကြီးမားပြင်းထန် သည့် တိုက်ခိုက်မှုများ လာမည့်နာရီပိုင်းအတွင်း ပြုလုပ်တော့မည်”ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားက တစ်ဆင့် ကြေညာခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုး အမြောက်အမြား အသတ်ခံခဲ့ရသည့် ဟိုလိုကော့်စ် ဖြစ်ရပ် သမိုင်းသင်ခန်းစာအရ အီရန်တို့လက်ထဲတွင် နျူကလီးယားလက်နက် ရရှိသွားမည့်အပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ စိုးရိမ်သောကနှင့် နျူကလီးယားပါဝါကိုင်စွဲထားမှသာ ရန်ဘက် နိုင်ငံများနှင့် အင်အားကြီးနိုင်ငံအချို့၏ ဖိအားပေး စွက်ဖက်မှုများ၊ ကျူးကျော်တိုက်ခိုက်မှုများကို ကာကွယ်တားဆီးနိုင်ပြီး နိုင်ငံ၏ အနာဂတ်အတွက် စိတ်ချနိုင်မည်ဟူသော အီရန်တို့၏ အနုမာန မှန်းဆ မှုများကြားမှ လတ်တလော စစ်မီးထတောက် လာခဲ့သော အစ္စရေး - အီရန် ပဋိပက္ခကလည်း အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ကိန်း ဆိုက်လာမည့်အပေါ် ကမ္ဘာ့ပြည်သူများကြား ရတက်မအေး စရာ ဖြစ်လာရပြန်သည်။ လတ်တလောမှာပင် အဆိုပါပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးများ မြင့်တက် လာခဲ့ပေပြီ။

ဗုဒ္ဓဘာသာထွန်းကားပြီး ဘုရားစေတီပုထိုး များစွာတည်ထားကိုးကွယ်မှုကြောင့် Golden Landဟု ကမ္ဘာပေါ်တွင် ကျော်ကြားခဲ့သော မြန်မာနိုင်ငံသည်လည်း ၂၀၂၁ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုနှင့်အတူ အကြမ်းဖက်မှုများမှာ မြန်မာ့သမိုင်းတွင် မကြုံစဖူးဖြစ်ပေါ်လာခဲ့သည်။ အကြမ်းဖက်သမားတို့၏ ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးကွဲ ပျက်စီးမှုများကြောင့် အပြစ်မဲ့ပြည်သူနှင့် နိုင်ငံ့ ဝန်ထမ်းများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံး ပျက်စီးခဲ့ကြရလေသည်။ မြွေပူရာ ကင်းမှောင့် ဆိုသလိုပင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြန်သည်။

ယခုဆယ်စုနှစ်အတွင်း ကမ္ဘာကြီးသည် အဆိုးသံသရာဝဲဩဃထဲမှာပင် တဝဲလည်လည်ဖြစ်နေသည်။ ကောင်းသတင်းထက် ဆိုးသတင်းများသာ မြင်တွေ့ကြားသိနေရသည်။ ငြိမ်းချမ်းသာယာ ဝပြောသော လူ့ဘောင်သစ်ကို ကမ္ဘာသူ ကမ္ဘာသားများ မျှော်လင့်တောင့်တကြသည်။ လူ့ဘဝရခိုက် ငြိမ်းချမ်းပျော်ရွှင်စွာ လူ့သက်တမ်းစေ့အသက်ရှင် နေထိုင်လိုကြသည်။ ငြိမ်းချမ်းသာယာဝပြောသော ကမ္ဘာသစ်ကို မည်သို့တည်ဆောက်ကြမည်နည်း။

ကြားနာမှတ်သားခဲ့ဖူးသော တရားတော်တစ်ပုဒ်ကို ဖျတ်ခနဲသတိရမိသည်။ ၂၀၁၄ ခုနှစ် ကုန်ဆုံး၍ ၂၀၁၅ ခုနှစ် နှစ်သစ်သို့ကူးပြောင်းသည့် အခါသမယတွင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားခဲ့ဖူးသည့် “အကြမ်း ဖက်မှုမရှိသော မေတ္တာကမ္ဘာ”တရားတော်။

“အကြမ်းဖက်မှုတွေ အလွန်များပြားတဲ့ ယနေ့ ကမ္ဘာမှာ နိုင်ငံတကာသတင်းတွေ ဖတ်ကြည့်လိုက်မယ်ဆိုရင် လူသားအချင်းချင်း မုန်းတီးမှုကို အကြောင်းပြုပြီးတော့ အကြမ်းဖက်နေကြတာတွေ၊ အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘာကြီးတစ်ခုလုံးဟာ ဒုစရိုက်တွေလွှမ်းခြုံပြီးတော့ ပူလောင်နေတဲ့ အနေအထားမျိုးကို ရောက်ရှိနေတယ်။

“တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြမ်းဖက်တာ၊ ဒေသတစ်ခုနဲ့တစ်ခု အကြမ်းဖက်တာ။ မျိုးစုံနေအောင် အကြမ်းဖက်တာတွေဟာ မကြားချင်အဆုံး၊ အကြမ်းဖက်မှုတွေ မြောက်မြားစွာ တွေ့ရှိနေရပြီ ဖြစ်တယ်ပေါ့။ လောကမှာ သံဝေဂယူစရာ အလွန်ကောင်းတယ်”ဟု ဆရာတော်ကြီး ယနေ့ကမ္ဘာ့အခြေအနေကို သုံးသပ်ဟောကြားတော်မူခဲ့သည်။

တစ်ဆက်တည်းမှာပင် အကြမ်းဖက်မှုမရှိသော မေတ္တာကမ္ဘာ ဖန်တီးတည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ “ဒီအကြမ်းဖက်မှုတွေ ပျောက်ကင်း အောင်လုပ်နိုင်တဲ့ နည်းတစ်နည်းကတော့ မြတ်ဗုဒ္ဓ ရဲ့ အဆုံးအမသာလျှင်ဖြစ်တယ်။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့လွဲပြီးတော့၊ ကင်းပြီးတော့ အကြမ်းဖက်မှုတွေ ကင်းစင်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ မြတ်ဗုဒ္ဓရဲ့ တရားကို လိုက်နာကျင့်ကြံအားထုတ်လိုက်မယ်ဆိုရင် အကြမ်းဖက်လိုတဲ့စိတ်ဟာ လုံးဝပျောက်ကွယ်သွားပြီး လောကကြီးတစ်ခုလုံးဟာ ငြိမ်းချမ်းသာယာမှုကို ရရှိမှာဖြစ်တယ်”ဟု လမ်းပြတော်မူခဲ့သည်။

ဆက်လက်၍ မည်သူအကြမ်းဖက်ဖက် မိမိ အနေဖြင့် အကြမ်းဖက်မှုကင်းသည့် မေတ္တာကမ္ဘာ၊ မေတ္တာနှလုံးသားကို တည်ဆောက်ထားမည်ဆိုလျှင် ငြိမ်းချမ်းသည့် အနေအထားတစ်ခုကို ရရှိကြမှာ ဖြစ်သည်ဟု ညွှန်ပြတော်မူသည်။

“လောကလူသားတွေဟာ အောင်နိုင်မှုမရတဲ့ အခါမှာ တုံ့ပြန်မှုတွေအမျိုးမျိုးနဲ့ တုံ့ပြန်ချင်ကြတယ်။ တုတ်ကိုတုတ်ချင်း၊ လက်နက်ကို လက်နက်ချင်း၊ ဒေါသကိုဒေါသချင်း၊ မာနကိုမာနချင်း ယှဉ်ပြိုင် ရမယ်လို့ မြတ်စွာဘုရား ဘယ်သောအခါမှ မဟော ကြားခဲ့ဘူး။

“ဒေါသကို မေတ္တာဖြင့်သာ တုံ့ပြန်ရမယ်လို့၊ မကောင်းတဲ့လူကို ကောင်းတဲ့နည်းနဲ့ တုံ့ပြန်ရမယ် လို့ ဒီလိုမြတ်စွာဘုရားရဲ့ အဆုံးအမ၊ အလွန်အေးချမ်း မှုကိုပေးတဲ့ မေတ္တာကမ္ဘာတည်ဆောက်ဖို့ရာအတွက် အကောင်းဆုံး အဆုံးအမတစ်ခုဖြစ်တယ်။ အဲဒီ အဆုံးအမကို လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် မိမိတို့ဒေသ၊ မိမိတို့ရပ်ရွာ၊ မိမိတို့နေရာဌာန လေးဟာ အကြမ်းဖက်မှုကင်းတဲ့ မေတ္တာကမ္ဘာလေး တစ်ခုဖြစ်လာမှာ သေချာပေါက်ပဲ”ဟူ၍ ဟောကြား တော်မူခဲ့ပါသည်။

အကြမ်းဖက်မှုကင်းသည့် မေတ္တာကမ္ဘာ တည်ဆောက်နိုင်ရန် လိုအပ်ချက်များနှင့် စပ်လျဉ်း ၍လည်း “မေတ္တသုတ်တရားတော်မှာ ဟောထားတဲ့ အတိုင်းပဲ။ မြတ်စွာဘုရားက သက္ကော၊ လုပ်နိုင်တဲ့ သတ္တိရှိဖို့လိုတယ်၊ စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဥဇူစ သုဟူဇူစ - ကိုယ်အမူအရာ နှုတ်အမူအရာ ရိုးသားတယ်၊ စိတ်ထဲကပါ ရိုးသားတယ်၊ အဲဒီလို ရိုးသား ဖြောင့်မတ်ပွင့်လင်းမှသာလျှင် မေတ္တာဓာတ်ဆိုတာ ကိန်းဝပ်လာနိုင်တယ်။ ဟန်ဆောင်မှုတွေနဲ့ တစ်ဖက်သားကို တုံ့ပြန်လို့မရဘူး။ ရိုးသားပွင့်လင်း စွာ တုံ့ပြန်ရမှာဖြစ်တယ်။

“သုဝစော - တစ်ဖက်သားက အကြံဉာဏ်ပေးလာတဲ့ ကောင်းတဲ့စကားဆိုရင် နားထောင်လွယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ ပြောလို့ဆိုလို့လွယ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။ ခေါင်းမာတဲ့ပုဂ္ဂိုလ်တွေ မဖြစ်ရဘူး။ မုဒု- မာန်မာနခက်ထန်မှုမရှိဘဲ စိတ်ဓာတ်အခြေအနေဟာ မာနလွတ်ကင်းပြီးတော့ ပျော့ပျောင်းတဲ့အနေ အထားမျိုးရှိရမယ်။ မှန်တာဆိုရင် လက်ခံနိုင်ရမယ်။ အနတိမာနိ - လွန်ကဲတဲ့ မာန်မာနတွေ မရှိရဘူး။

“န ပရော ပရံ နိကုဗ္ဗေထဆိုတဲ့အတိုင်း လူသားအချင်းချင်းဟာ တစ်ဦးနဲ့တစ်ဦး လိမ်ညာတာ၊ လှည့်ပတ်တာမလုပ်ပါစေနဲ့။ နည မညဿ ဒုက္ခံ မိစ္ဆေယျ - အချင်းချင်းဒုက္ခကို လိုလားတဲ့စိတ်တွေ မရှိကြပါစေနဲ့။ တစ်ဦးဒုက္ခရောက်တာကို တစ်ဦးက မလိုလားပါစေနဲ့ဆိုတဲ့ ဒီစိတ်ဓာတ်တွေ မွေးမြူပြီးတော့ ဘယ်သူ့ကိုမှ ဒုက္ခပေးလိုတဲ့စိတ် မရှိအောင် မိမိကိုယ်တိုင်ကစတင်ပြီးတော့ ကျင့်သုံးရမှာ ဖြစ်တယ်။

“မိမိကိုယ်တိုင်တည်ဆောက်ပြီးတဲ့အခါ မိမိရဲ့ ပတ်ဝန်းကျင်မှာ တည်ဆောက်ရမယ်။ မိမိပတ်ဝန်း ကျင်ကနေ တဖြည်းဖြည်းတိုးချဲ့သွားပြီး မေတ္တာကမ္ဘာကြီးတစ်ခုကို ဖန်တီးတည်ဆောက်သွားနိုင် မယ်ဆိုရင် အောင်မြင်မှုကိုရမှာပါ” စသည်ဖြင့် ဆရာတော်ကြီးက ဟောဖော်ညွှန်ပြ ဆိုဆုံးမတော် မူခဲ့ပါသည်။

မြတ်စွာဘုရားရှင်၏ မေတ္တသုတ်တရားတော်သည် မြတ်ဗုဒ္ဓကို ယုံကြည်ကိုးကွယ် ဆည်းကပ်ကြသည့် ဗုဒ္ဓဘာသာဝင်များအတွက်သာမဟုတ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကိုလိုလားသည့် ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် ကမ္ဘာသူကမ္ဘာသား၊ လူနတ်ဗြဟ္မာ၊ သတ္တဝါတို့အတွက် လိုက်နာအပ်သည့် ကျင့်စဉ်တစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် မူ အထူးဆိုဖွယ်ရာပင်မရှိချေ။

သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများအနေဖြင့် မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ လိုက်နာကျင့်ကြံပွားများခြင်းဖြင့် ငြိမ်းချမ်းသာယာသော မြန်မာ့လူ့ဘောင်ကို ကိုယ်စီကိုယ်ငှ ဖန်တီး တည်ဆောက်ကြရပေမည်။ ထို့အတူ ကမ္ဘာ့ခေါင်းဆောင်များနှင့် ကမ္ဘာ့ပြည်သူများအနေဖြင့် လည်း လူသားအချင်းချင်း တစ်ဦးဒုက္ခရောက်သည်ကို တစ်ဦးက လိုလားစိတ်မထားဘဲ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ချစ်ကြည်ရင်းနှီးစွာ မေတ္တာပေါင်းကူးတုံ့ပြန်ခြင်းဖြင့် မေတ္တာကမ္ဘာကြီးတစ်ခုကို တည်ဆောက်ကြရပေမည်။ အဆိုးတရားများကို အဆိုးတရားဖြင့်သာ တုံ့ပြန်နေပါက ရန်လိုမုန်းတီးစိတ်များ ပိုမိုတိုးပွားကာ ယနေ့ကမ္ဘာသည် အဆိုးသံသရာထဲက ရုန်းမထွက်နိုင်ဘဲ အဆိုးသံသရာထဲတွင်သာ တဝဲလည်လည် လည်လျက်ရှိမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

MOI

မောင်ကမ္ဘာ

ကမ္ဘာကြီးက ဆက်ကွဲနေမယ်
-

ကမ္ဘာကြီးမှာ ဆူဆူညံညံဖြစ်နေတာ ကြာပါပြီ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး နောက်ပိုင်း အဲဒီအသံတွေ ပိုကျယ်လာတာပါ။ ပြောမယ်ဆို ကမ္ဘာကြီးက အတော်ကိုကွဲနေတာပေါ့။ ညှိနှိုင်းလို့မရနိုင်လောက်အောင် ကွဲနေတာပါ။ လူတွေက ဘာတွေများဖြစ်လာဦးမလဲဆိုပြီး စိုးရိမ်ကြတယ်။

အကိုင်အတွယ်မတတ်ရင် တတိယကမ္ဘာစစ်အထိ ဖြစ်သွားနိုင်တယ်လို့ ထရမ့်ကိုယ်တိုင်က တစ်ကြိမ်မကပြောထားတော့ လူတွေက ပိုစိုးရိမ်ကြတယ်။ အခုက အမေရိကန်ကော ဥရောပမှာပါ နိုင်ငံရေးအခြေအနေက တော်တော်ရှုပ်ရှုပ်ထွေးထွေးဖြစ်လာနေတယ်။ ရုရှား - ယူကရိန်းစစ်က ကြာရှည်နေသလို ပိုပြီးတင်းမာလာနေတယ်။ တရုတ်နဲ့ အမေရိကန်၊ အီးယူတို့လို အနောက်နိုင်ငံတွေအကြား တင်းမာမှုကတိုးလာနေတယ်။ ဘာမှ မှန်းဆလို့မရအောင်ဖြစ်လာတယ်။ နိုင်ငံရေးသီအိုရီတွေ ဘေးရောက်ကုန်တယ်။ ကမ္ဘာ့စနစ်ကြီးကို ထိန်းကျောင်းတယ်ဆိုတဲ့ အမေရိကန်တို့၊ ဥရောပတို့ကိုယ်တိုင် သူတို့အတွင်းထဲမှာ အကွဲအပြဲတွေ ကြီးမားနေတယ်။ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာလည်း သူတို့ကိုယ်သူတို့ အနိုင်နိုင်လိုဖြစ်နေတယ်။ တစ်ခုခုကြီးကြီးမားမားဖြစ်လာရင် ကြားဝင်မယ့်သူကလည်းမရှိဘူး။ အထိန်းအကွပ်တွေ ပြုတ်ထွက်သလို ဖြစ်နေတယ်။

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေ

အကွဲအပြဲတွေဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ အာဏာရှင်နိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိသလို ဒီမိုကရေစီနိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိတယ်။ အာဏာရှင်နိုင်ငံတွေနဲ့ ဒီမိုကရေစီနိုင်ငံတွေဆိုတာ အရင်ကတည်းက စည်းခြားပြီးသား၊ ကွဲနှင့်ပြီးသားဖြစ်တယ်။ အာဏာပိုင်နိုင်ငံတွေမှာ အကွဲအပြဲကမသိသာပေမယ့် အမေရိကန်၊ ဥ‌‌ရောပလို ဒီမိုကရေစီနိုင်ငံတွေမှာ အကွဲအပြဲက သိသာတယ်။ အခုကဒီမိုကရေစီနိုင်ငံတွေထဲမှာကို သူတို့အချင်းချင်း အကွဲအပြဲက ကြီးမားနေတာဖြစ်တယ်။ အာဏာရှင်နိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေထဲက ထရမ့်တို့လို အာဏာရှင်ဆန်သူတွေရယ် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေတယ်။

ဒီကြားထဲ ဘာသာရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်၊ အကြမ်းဖက်သမားအုပ်စုတွေနဲ့ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူသူများအခွင့်အရေး၊ တက်ကြွလှုပ်ရှားသူဆိုတာတွေကလည်း ရှိသေးတယ်။ အားလုံးကသူတို့အခွင့်အရေး တောင်းဆိုနေကြတယ်။ အားလုံးဟာ အစွန်းတွေဆီသွားနေကြတယ်။ လူတွေဟာ ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာကြပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ တိုးတက်မလာဘူး။ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို အထိအခိုက်မခံနိုင်ကြဘူး။ စေ့စပ်ညှိနှိုင်းဖို့ထက် လက်ဦးမှုရဖို့ပဲ အားသန်လာနေကြတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာ

သမိုင်းကိုပြန်ကြည့်ရင် ကမ္ဘာကြီးမှာ ကွဲပြားမှုတွေ သိပ်များလာရာ၊ သိပ်ကြီးလာရာကနေစစ်ကြီး တွေဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ပြီးတော့ အဲဒီကွဲပြားမှုတွေ လျော့နည်းဖို့၊ အပြန်အလှန်နားလည်ဖို့ဆိုပြီး နိုင်ငံတကာဥပဒေမူဘောင်တွေ ထုတ်ပြန်တယ်၊ လူ့အခွင့်အရေး မူဘောင်တွေချမှတ်တယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေဖွဲ့စည်းတယ်၊ ကုလသမဂ္ဂဆိုတာရှိလာတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးဆိုတာတွေမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာတယ်။

ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက လူသားရင်းမြစ်များစွာ မွေးထုတ်ပေးတယ်။ နိုင်ငံတကာ သုတေသနဌာနတွေက စာတမ်းပေါင်းများစွာ ရေးသားတယ်။ ဝိုင်းဝန်းချိတ်ဆက်လုပ်ဆောင်ကြတယ်။ ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ တရားမျှတဖို့ ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်လိုက်ကြတဲ့ ပရောဂျက်တွေ၊ ပရိုဂရမ်တွေဆိုတာထောင်နဲ့ သောင်းနဲ့ချီပြီးရှိတယ်။ သုံးလိုက်တဲ့ပိုက်ဆံတွေဆိုတာ ဒေါ်လာ ဘီလီယံ‌ထောင်သောင်းချီရှိတယ်။ အခု ၂၀၂၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးတာ နှစ် ၈၀ ပြည့်ပြီ။ နောက်အနှစ် ၂၀ ဆို စစ်ကြီး ပြီးတာ နှစ် ၁၀၀ ပြည့်လိမ့်မယ်။ အဲဒီနှစ် ၁၀၀ မပြည့်ခင် ကမ္ဘာကြီးက ပိုပြီးငြိမ်းချမ်းလာဖို့လိုတယ်။ သဘောထားကွဲပြားမှုတွေ လျော့နည်းလာဖို့ လိုတယ်။ နောက်ထပ် နှစ် ၂၀ ပဲ အချိန်ရတော့တယ်။ မဟုတ်ရင် ဒီကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်ကြီး ဒါမှမဟုတ်လည်း ကြီးမားတဲ့စစ်ပွဲကြီးတွေ လာမယ့်နှစ် ၂၀ အတွင်း ထပ်ပြီးရင်ဆိုင်ရလိမ့်မယ်။

လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရ

အခုဆို အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကြီးဟာ သူ့သမိုင်းမှာ လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရတယ်။ နိုင်ငံရေးလည်း နိုင်ငံရေးမို့၊ စီးပွားရေးလည်း စီးပွားရေးမို့၊ လူမှုရေးလည်း လူမှုရေးမို့အကုန်ရှုပ်ထွေးနေတယ်။ သံသယတွေကြီးနေတယ်။ ယုံကြည်မှုတွေပျောက်ဆုံးနေတယ်။ ဒီလိုအခြေအနေတွေမှာ ကမ္ဘာကြီးကို ထိန်းကျောင်းဖို့ အာဏာရှိတဲ့အစိုးရတွေ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တာဝန်ရှိတယ်ဆိုပေမယ့် အခုကအဲဒီအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်က အနိုင်နိုင်ဖြစ်လာနေတယ်။

အစိုးရတွေဟာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးအကူအညီတွေဆိုတာထက် လုံခြုံရေး၊ စစ်ရေးစတဲ့ နေရာတွေမှာ သူတို့ငွေကြေးတွေကို ပိုမိုသုံးစွဲဖို့ ဖြစ်လာတယ်။ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥရောပဆက်ဆံရေးအခြေအနေ ရုတ်ခြည်းဆိုးရွားလာတာကြောင့် ဥရောပကသူ့ကာကွယ်ရေးအတွက် အသုံးစရိတ်တွေ ပိုတိုးသုံးစွဲဖို့ စီစဉ်လာနေရတယ်။ စစ်ရေးအသုံးစရိတ်တွေ တိုးသုံးရတဲ့အတွက် အခြားနေရာက ဥပမာ-နိုင်ငံတကာဖွံ့ဖြိုးရေး၊ လူသားချင်းစာနာမှု အကူအညီတွေ လျှော့ချဖြတ်တောက်ဖို့ဖြစ်လာတယ်။ လူတွေဟာ ဘယ်သူ့ဘယ်သူမှ မယုံကြတော့ဘူး။ ဘယ်သူ့ဘယ်သူကို အားကိုးရမှန်း မသိကြတော့ဘူး။ သဘောထားကွဲလွဲမှုတွေကို စေ့စပ်ဖြေရှင်းဖို့ထက် အားလုံးက ခံစစ်ပြင်နေကြပြီ။

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ဖြစ်တည်လာတဲ့ ကမ္ဘာ့စနစ်ကြီးဟာ အခုဆိုရင် အကြီးမားဆုံး စိန်ခေါ်ခံနေရတယ်။ နိုင်ငံတကာဥပဒေမူဘောင်တွေ၊ နိုင်ငံတကာလူ့အခွင့်အရေး စည်းမျဉ်းတွေဆိုတာ ဘေးရောက်သလို ဖြစ်လာနေတယ်။ နိုင်ငံတကာ ဥ‌ပဒေမူဘောင်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အဓိကထိန်းကျောင်းတာ အနောက်နိုင်ငံတွေ ဖြစ်တယ်။ အခုဆိုအဲဒီအနောက်နိုင်ငံတွေကိုယ်တိုင် သူတို့အတွင်းမှာတင် သဘောထားကွဲပြားမှုတွေက ညှိနှိုင်းလို့မရအောင်ဖြစ်လာနေတယ်။ အရင်ကအမေရိကန်၊ ဥရောပဆိုတာ ညီညွတ်တယ်။

အမေရိကန်နဲ့ ဥ‌ရောပ စည်းလုံးညီညွတ်မှုက သိသိသာသာ ယိုယွင်းလာ

အမေရိကန်မှာ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥ‌ရောပစည်းလုံးညီညွတ်မှုက သိသိသာသာယိုယွင်းလာတယ်။ လူသိရှင်ကြားကတောက်ကဆတ်ဖြစ်ကြတယ်။ အမေရိကန်နဲ့ ဥရောပအကြားမှာတင်မဟုတ်ဘူး။ အမေရိကန်အတွင်းနဲ့ ဥရောပအတွင်းမှာလည်း အကွဲအပြဲတွေက နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်။ အမေရိကန်နိုင်ငံမှာ အာဏာရရီပတ်ဘလစ်ကင်ပါတီနဲ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီအကြား အားပြိုင်မှုက အရှိန်မြင့်လာနေသလို ဥရောပမှာလည်း အာဏာရလက်ဝဲယိမ်းလစ်ဘရယ်အစိုးရတွေနဲ့ အတိုက်အခံအမျိုးသားရေး လက်ယာစွန်းပါတီတွေအကြား ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာနေတယ်။ အမေရိကန်မှာ ဒီမိုကရက်တွေက ထရမ့်ကို အတော်မုန်းကြတယ်။ တေးထား၊ ကြိမ်းထားတာပေါ့။ မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့။ ထရမ့်ဆိုတဲ့သူကလည်း မိုးရွာရုံတင်မဟုတ်ဘူး။ လေပါတိုက်တာ၊ လေပါတိုက်ရင်းမိုးကြိုးပါပစ်တာ၊ လိုအပ်ရင် လေဆင်နှာမောင်းပါ ထည့်သုံးတာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အပြီး တည်ရှိခဲ့တဲ့ နိုင်ငံတကာအထိုင်ကြီးတစ်ခုလုံးကို ဆွဲဖြုတ်ဖို့အထိ ကြိုးစားလာတယ်။

ဥရောပမှာလည်း လစ်ဘရယ်တွေက လက်ယာစွန်းတွေကို အတော်သတိထားကြတယ်။ တစ်ချိန်က ဂျာမနီက ဟစ်တလာတို့၊ အီတလီက မူဆိုလီနီတို့ဆိုတာ လက်ယာစွန်းဖက်ဆစ်တွေဖြစ်တယ်။ ဒါကြောင့် ဥရောပအစိုးရတွေဟာ လက်ယာစွန်းပါတီတွေ ဘယ်‌လောက်အားကောင်းပါစေ၊ သူတို့ကိုဖယ်ချန်ပြီး အခြားပါတီတွေနဲ့သာ ညွန့်ပေါင်းအစိုးရဖွဲ့လေ့ရှိတယ်။ အခုက ဥရောပမှာ လယ်ယာစွန်းတွေ အားကောင်းလာနေတာကို အသိအမှတ်မပြုလို့မရနိုင်လောက် အောင်ဖြစ်လာနေတယ်။ သူတို့ဆီမှာက ရွေးကောက်ပွဲတွေက လေးနှစ်၊ ငါးနှစ်တစ်ကြိမ်မို့ အပြောင်းအလဲတွေ၊ သဘောထားကွဲမှုတွေက မဆန်းပါဘူးဆိုပေမယ့် အခုက အရင်နဲ့မတူတော့ပါဘူး။ ကမ္ဘာ့ နိုင်ငံ‌ရေးက ပြောင်းနေပါပြီ။ အချိန်တွေကို အများကြီးစောင့်မနေကြတော့ပါဘူး။ အရင်က တစ်ပါတီကနိုင်ရင် သူ့အရင်ပါတီလုပ်ခဲ့ တာတွေဖျက်ပစ်တယ်။ နောက်တစ်ပါတီက ပြန်နိုင်ရင် သူ့အရင်ပါတီလုပ်တာ ဖျက်ပစ်တယ်။ ဘတစ်ပြန်ကျားတစ်ပြန်ပဲ။ အခုကဖျက်ရုံတင်မဟုတ်ဘူး။ အမြစ်ပါလှန်၊ အစပါဖျောက်နေတဲ့သဘောတွေ မြင်နေရပါတယ်။

ဥပဒေတွေကို လိုရာစွဲသုံးလာနေကြပါတယ်။ ကြိုတင်လက်ဦးမှုရယူ၊ အငြိုးတကြီးလုပ်ဆောင်မှုတွေပါ တွေ့လာနေရပါတယ်။ ပေဖြစ်တုန်းခံကြပြီးတူဖြစ်ရင် ထုကြတဲ့သဘောပါပဲ။ ထရမ့်က သူ့အရင် ဘိုင်ဒင်အစိုးရခန့်ထားခဲ့တဲ့ ဖက်ဒရယ်အစိုးရ တာဝန်ရှိသူတွေကို ဖယ်ရှားရှင်းလင်းနေသလို ဂျာမနီမှာလည်း အာဏာရအလယ်အလတ်ဝါဒီ အစိုးရက ရွေးကောက်ပွဲမှာ ဒုတိယအများဆုံးနေရာရခဲ့တဲ့ လက်ယာစွန်း Afd ပါတီကို အစွန်းရောက်တံဆိပ်ကပ်ပြီး တားဆီးပိတ်ပင်ဖို့ ကြိုးစားနေတယ်။ နောက်ဆုံးအားလုံးပျက်သုဉ်းခြင်းဆီအထိ ရောက်သွားနိုင်တာပေါ့။ နောက်ဆုံးနိုင်ငံတွေဟာ စကားတွေသာ လှလှလေးပြောပြီး ကိုယ့်အကျိုး စီးပွားပဲကြည့်ကြတော့မှာပဲ။ ကိုယ်ရှင်သန်အောင်ပဲ ကြိုးစားကြတော့မှာပဲ။ လျင်သူနိုင်စတမ်း၊ လည်သူစားစတမ်းဖြစ်သွားတော့မှာပဲ။ လူ့အခွင့်အရေးတွေပြောရင် ထိုင်ရယ်နေကြလိမ့်မယ်။ မကွဲပြားအောင်လုပ်ရင်းကပဲ ကမ္ဘာကြီးက ပိုပြီးကွဲပြားသွားတယ်။ ဆက်လည်းကွဲပြားနေဦးမယ်။

တစ်ချိန်တုန်းက စစ်အေးတိုက်ပွဲ (Cold War) ဆိုတာ ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်ကနေ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတဲ့ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ မြင့်ခဲ့တယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေဟာ ပြိုင်ဘက်ဆိုဗီယက်ကွန်မြူနစ်တစ္ဆေကြောင့် ညီညွတ်ခဲ့ကြတယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေမှာလည်း သူ့ပြဿနာသူရှိနေပေမယ့် အချိန်ကြာတာနဲ့အမျှ တစ်ဖက်ပြိုင်ဘက် ဆိုဗီယက်ဟာ သူ့ပြဿနာနဲ့သူ လုံးချာလည်လိုက်ပြီး အားနည်းပြိုကွဲသွားခဲ့တယ်။ အခုအချိန်က အရင်လိုမဟုတ်တော့ပါဘူး။

ဆိုဗီယက်ကိုဆက်ခံတဲ့ ရုရှားတို့၊ အာရှကတရုတ်တို့က အချိန်ကြာတာနဲ့အမျှ အားအင်ပြည့်ဖြိုးလာနေပြီး လစ်ဘရယ်ကမ္ဘာဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပက အားနည်းသလိုဖြစ်လာနေပါတယ်။ အင်အားကြီးနိုင်ငံတွေအကြား ပြဿနာတစ်ခုခုဖြစ်လာရင် ကြားဝင်ပေးနိုင်မယ့် အဖွဲ့အစည်းမရှိသလောက်ဖြစ်နေပါတယ်။

UN ဆိုတာလည်း အသံလောက်ပဲရှိပါတော့တယ်။ တုတ်စု၊ ဓားစု၊ လက်နက်စုနေကြတဲ့အချိန် ဖြစ်လာပါတယ်။ တုတ်ကိုင်၊ ဓားကိုင်၊ လက်နက်ကိုင်ပြီး စကားပြောကြတဲ့အခြေအနေ ဖြစ်လာနေပါတယ်။ စကားမပြောခင်ကတည်းက မင်းအဆင့်ကဘာ၊ ငါ့အဆင့်ကဘာဆိုတာ တင်ကြိုသတ်မှတ်တဲ့ သဘောတွေ မြင်တွေ့လာနေရပါတယ်။ ကမ္ဘာကြီးဟာ ကွဲသည်ထက်ကွဲလာနေပါတယ်။ နောင်လည်း ဆက်ကွဲဖို့သာရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။

MOI

နိုင်ငံတကာရေးရာ သုတေသီတစ်ဦး

မြေကြီးကရွှေသီးစေဖို့ စိုက်ပျိုးမြေဆီလွှာကိုထိန်းသိမ်းကြပါစို့
-

မြေဆီလွှာသည် အစားထိုးမရသည့် သဘာဝအရင်းအမြစ်ဖြစ်ပြီး သီးနှံပင်များ ရှင်သန်ပေါက်ရောက်နိုင်ရန် သတ္တုဓာတ်၊ သစ်ဆွေးဓာတ်နှင့် ရေပေါက်လေပေါက်တို့ဖြင့်အချိုးကျဖွဲ့စည်းထားသည့် အပေါ်ယံအလွှာတစ်ခုဖြစ်သည်။ ယင်းမြေဆီလွှာဖြစ်ပေါ်လာမှုကို ရာသီဥတု (အပူချိန်၊  မိုးရေချိန်)၊   သက်ရှိများ/ သဘာဝပေါက်ပင်များနှင့် မြေမျက်နှာသွင်ပြင်အနေအထား၊ မိခင်ကျောက်သားနှင့် အချိန်တို့က    လွှမ်းမိုးမှုရှိသည်။  မြေဆီလွှာသည်    အပင်များကြီးထွား ကုပ်တွယ်နိုင်ရန်၊မြေတွင်းသက်ရှိများအတွက်ခိုအောင်းရာနေရာ၊အပင်၊ အပင်အာဟာရနှင့် သက်ရှိစွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတ

မြေဆီလွှာသည် အစားထိုးမရသည့် သဘာဝအရင်းအမြစ်ဖြစ်ပြီး သီးနှံပင်များ ရှင်သန်ပေါက်ရောက်နိုင်ရန် သတ္တုဓာတ်၊ သစ်ဆွေးဓာတ်နှင့် ရေပေါက်လေပေါက်တို့ဖြင့်အချိုးကျဖွဲ့စည်းထားသည့် အပေါ်ယံအလွှာတစ်ခုဖြစ်သည်။ ယင်းမြေဆီလွှာဖြစ်ပေါ်လာမှုကို ရာသီဥတု (အပူချိန်၊  မိုးရေချိန်)၊   သက်ရှိများ/ သဘာဝပေါက်ပင်များနှင့် မြေမျက်နှာသွင်ပြင်အနေအထား၊ မိခင်ကျောက်သားနှင့် အချိန်တို့က    လွှမ်းမိုးမှုရှိသည်။  မြေဆီလွှာသည်    အပင်များကြီးထွား ကုပ်တွယ်နိုင်ရန်၊မြေတွင်းသက်ရှိများအတွက်ခိုအောင်းရာနေရာ၊အပင်၊ အပင်အာဟာရနှင့် သက်ရှိစွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတောက်ရှိပစ္စည်းများအားဆွေးမြည့်ပြီး အပင်အာဟာရဓာတ်ပြန်လည် ရရှိစေခြင်း၊မြေအောက်ရေကို ထိန်းထားနိုင်ပြီး ရေသန့်စင်ခြင်းနှင့် လေထုအတွင်းဓာတ်ငွေ့များဖလှယ်ခြင်းဖြင့်  လေထုအခြေအနေကို  ထိန်းညှိပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ထုတ်ပြန်ချက်အရ မြေဆီလွှာ ၁ လက်မဖြစ်ပေါ်လာရန်အတွက် နှစ်ပေါင်း ၁၀၀၀ ကျော်နှင့်အထက် ကြာမြင့်နိုင်ပြီး တောင်သူများထွန်ယက်စိုက်ပျိုးနိုင်သော အပေါ်ယံမြေသား ၆ လက်မ ဖြစ်ပေါ်ရန်အတွက် နှစ်ပေါင်း ၁၀၀၀၀ ကျော် ကြာမြင့်နိုင် သည်။ မြေဆီလွှာတိုက်စားခြင်းကြောင့်၂၀၅၀ ပြည့်နှစ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းနှင့် အထက်ထိခိုက်နိုင်ကြောင်းနှင့် လက်ရှိ  ၅ စက္ကန့်တိုင်းတွင်  ဘောလုံးကွင်းတစ်ကွင်းနှင့်ညီမျှသည့်  မြေပမာဏကို ဆုံးရှုံးနေကြောင်း သတိပေးထားသည်။ ထို့ကြောင့်မြေဆီလွှာကိုထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရုံသာမက သက်ရှိဘဝများစွာကို ကယ်တင်ခြင်းဖြစ်တယ်လို့ တင်စားပြောဆိုကြခြင်းဖြစ်သည်။

မြေယာကိုထွန်ယက်စိုက်ပျိုးနေသည့် တောင်သူများနှင့် စိုက်ပျိုးထုတ်လုပ်သူအသင်းအဖွဲ့များအနေဖြင့် “မြေဆီလွှာတိုက်စားခြင်းဆိုတာ ဘာလဲ” ဆိုတာကို သိရှိရန်လိုအပ်လာသည်။ သို့မှသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မြေဆီလွှာထိန်းသိမ်းရန်  သို့မဟုတ် မိမိတို့၏ သဘာဝသယံဇာတအရင်းအမြစ်များအား မည်သို့မည်ပုံထိန်းသိမ်းရမည်ကို  သိရှိနိုင်မည်ဖြစ်သည်။ မြေဆီလွှာတိုက်စားခြင်းဆိုသည်မှာမြေမှုန်များ လေ၊ ရေ သို့မဟုတ်  သက်ရှိများ၊ မိုးရေမိုးပေါက်များ ထိမှန်ခြင်းနှင့် မြေပြုပြင်ထွန်ယက်ခြင်းကြောင့် မြေမှုန်များကွဲထွက်၍ ယင်းအရာဝတ္ထုများ၏ သယ်ဆောင်မှုဖြင့် တစ်နေရာမှအခြားတစ်နေရာသို့ ရွေ့လျားခြင်း သို့မဟုတ် အနည်ကျခြင်းဖြစ်စဉ် ဖြစ်သည်။ မြေဆီလွှာတိုက်စားခြင်းပုံစံနှစ်မျိုးရှိပြီး  သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် မြေဆီလွှာတိုက် စားခြင်းနှင့် လူတို့၏လုပ်ဆောင်ချက်(မြို့ပြများချဲ့ထွင်မှု၊ သစ်တောခုတ်ခြင်းနှင့် ထွန်ယက်စိုက်ပျိုးခြင်း)ကြောင့် ဖြစ်ပေါ်လာသည့် အရှိန်ပြင်းမြေဆီလွှာတိုက်စားခြင်းတို့ဖြစ်သည်။

လေကြောင့်  မြေတိုက်စားခြင်းတွင် အရွယ်အစားသေးငယ်သည့် နုန်း၊ မြေစေးနှင့် သစ်ဆွေးဓာတ်များ အဝေးသို့လွင့်ပါတိုက်စားခြင်း (Suspension)၊ သဲများကိုအနည်းငယ်ဝေးသည့်နေရာသို့ ရောက်အောင် လေဖြင့်ပါသွားခြင်း (Saltation)နှင့် အရွယ်အစားကြီးမားသည့် အရာဝတ္ထုနှင့် ကျောက်ခဲများအလျားလိုက်လေဖြင့်ရွေ့လျားခြင်းတို့ဖြစ်သည်။  လေကြောင့် မြေတိုက်စားခြင်း၏ မျက်မြင်လက္ခဏာအဖြစ် အပင်များယိုင်လဲ၍ အမြစ်များပေါ်နေခြင်း၊ သဲကန္တာရဖြစ်ပေါ်ခြင်းနှင့် အပေါ်ယံမြေမျက်နှာပြင်များ ချောမွေ့လာခြင်းဖြစ်သည်။ လေကြောင့် မြေမှုန်များတစ်နေရာမှတစ်နေရာသို့  ရွေ့လျားခြင်းဖြစ်သည်။ ပူပြင်းခြောက်သွေ့သည့် လေပူများနှင့် လေနှင့်အတူပါလာသည့်သဲများ ပွတ်တိုက်ခြင်းကြောင့် သီးနှံပင်များကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေသည်။

ရေတိုက်စားခြင်းပုံစံတွင် မိုးရေထိမှန်ပြီး ရေတိုက်စားခြင်းနှင့်စီးဆင်းရေကြောင့် ရေတိုက်စားခြင်းတို့ဖြစ်သည်။ စီးဆင်းရေကြောင့်ရေတိုက်စားခြင်းတွင်အပေါ်ယံမြေတိုက်စားခြင်းနှင့် အောက်မြေဆီလွှာတိုက်စားခြင်းတို့ဖြစ်သည်။ စိုက်ပျိုးမြေများတွင်တွေ့ရသော   အပေါ်ယံမြေဆီလွှာ တိုက်စားခြင်းတို့မှာ အလွှာလိုက်မြေဆီလွှာ တိုက်စားခြင်း၊ ကြောင်းလိုက်မြေဆီလွှာတိုက်စားခြင်း၊လျှိုတိုက်စားခြင်းနှင့် မြေလုံးမြေခဲဖြစ်ပေါ်ခြင်းတို့ဖြစ်ပြီး အောက်မြေဆီလွှာတိုက်စားခြင်းမှာ ထူးကျင်း/လိုဏ်ခေါင်းပုံ မြေဆီလွှာတိုက်စားခြင်းနှင့် ဒေါင်လိုက်မြေပြိုကျခြင်းတို့ ဖြစ်သည်။ စိုက်ပျိုးထွန်ယက်ခြင်းကြောင့်  ဖြစ်ပေါ်လာသည့်မြေဆီလွှာတိုက်စားမှုတွင် အလွန်အကျွံ   စိုက်ပျိုးထွန်ယက်ခြင်း၊ အကြီးစားလယ်ယာစက်ကိရိယာများအသုံးပြုခြင်းနှင့် လျှောစောက်အတိုင်း ထွန်ယက်စိုက်ပျိုးခြင်းတို့ကြောင့် ဖြစ်သည်။

မြေဆီလွှာအား ရေနှင့်လေတိုက်စားခြင်းကြောင့်   မြေစိုင်မြေခဲများကြေမွပျက်စီးကာ လေပေါက်ရေပေါက်များကို ပိတ်ဆို့ပြီး ရေစိမ့်ဝင်မှုလျော့နည်းခြင်း၊ ခြောက်သွေ့သည့်အခါတွင်လည်း မြေမှုန်များ ဖွဲ့စည်းမှုအားနည်းခြင်းကြောင့် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ပျက်စီးစေသည်။အကြီးစားလယ်ယာသုံး စက်ကိရိယာများအသုံးပြုခြင်း၊ ထွန်ယက်စိုက်ပျိုးမှုစနစ်မမှန်ကန်ခြင်းတို့ကြောင့် မြေကျပ်ခြင်းကို ဖြစ်ပေါ်စေသည်။

မြေဆီလွှာတိုက်စားခြင်းကြောင့် မြစ်ချောင်း၊ ဆည်ကန်များတွင်နုန်းပို့ခြင်း၊ ရေသွင်းစိုက်ပျိုးသည့်နေရာများတွင် စီးဆင်းရေနှင့်အတူမြေတိုက်စားခြင်း၊ ရေလွှမ်းခြင်း၊ ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာစေခြင်း၊မြေဆီလွှာအရည်အသွေးကျဆင်းလာခြင်း၊ သစ်ဆွေးဓာတ်ပါဝင်မှုနည်းပါးလာပြီး မြေဆီလွှာအရောင်ပြောင်းလဲလာခြင်း၊ မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိများ(မြေသားအနုအကြမ်း၊မြေချဉ်ခြင်း၊ ဆား/ဆပ်ပြာပေါက်မြေများဖြစ်ပေါ်လာခြင်း၊ အာဟာရဓာတ်မညီမျှခြင်း၊ မြေဆီလွှာအာဟာရဓာတ်များ ချို့တဲ့လာခြင်း၊ မြေဆီလွှာညစ်ညမ်းခြင်း၊ ဇီဝဂုဏ်သတ္တိများ ပျက်စီးလာခြင်း၊ မြေတွင်းရှိသက်ရှိများ/ အဏုဇီဝသက်ရှိများနည်းပါးလာခြင်းတို့ကြောင့် သီးနှံအထွက်နှုန်းကို သိသိသာသာလျော့နည်းလာစေသည်။

မြေဆီလွှာတိုက်စားခြင်း၏ဆိုးကျိုးများ

အနေဖြင့် မြေ၏ထုတ်လုပ်မှုစွမ်းအားကျဆင်းခြင်း၊ စိုက်ပျိုးမြေဧရိယာများလျော့ကျလာခြင်း၊ အထွက်နှုန်းလျော့နည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် ပြောင်းရွှေ့လုပ်သားများပြားလာခြင်း၊  ဆည်၊ မြောင်း၊ ကန်ချောင်းတိမ်ကော လာခြင်း၊ရေကြီးရေလျှံမှုဖြစ်ခြင်း၊ သီးနှံအရည်အသွေး ညံ့ဖျင်းခြင်းနှင့် သဘာဝဂေဟစနစ်   ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့် တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေများတွင် မြေဆီလွှာတိုက်စားမှု ရှိ/မရှိ စစ်ဆေးကြည့်ရှုရန် လိုအပ်သည်။ မြေဆီလွှာတိုက်စားခြင်း၏ပထမဆုံးလက္ခဏာမှာ သာမန်မျက်စိ ဖြင့်မြင်နိုင်သည့် မြေဆီလွှာအရောင်ပြောင်းလဲမှုဖြစ်ပြီး သစ်ဆွေးဓာတ်များရာမှနည်းလာသဖြင့် အရောင်ရင့်ရာမှ ဖျော့လာခြင်း၊ မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ်နည်းလာပါက သဘာဝပေါက်ပင်များ၏အရောင်သည် စိမ်းရာမှအဝါရောင်သို့ ပြောင်းလဲလာခြင်း၊ အပေါ်ယံမြေဆီလွှာတိုက်စားခြင်းကြောင့် အောက်ခံကျောက်သားများပေါ်လာခြင်း၊ ကျောက်သားအရွယ်အစားကြီးလာခြင်း၊ ပေါင်းမြက်မျိုးစိတ်အသစ်များလာခြင်းနှင့် ပေါင်းမြက်ပေါက်ရောက်မှုများပြားလာခြင်း၊ ထွန်ယက်စိုက်ပျိုး ပြီးစ မိုးမိသောစိုက်ခင်းများတွင် အလွှာလိုက်မြေတိုက်စားခြင်းနှင့် ထယ်ကြောင်းအလိုက် မြေတိုက်စားခြင်းတို့အား တွေ့ရှိနိုင်သည်။ရွှေ့ပြောင်းတောင်ယာနှင့် လျှောစောက်အတိုင်း ထွန်ယက်စိုက်ပျိုးသည့် တောင်စောင်းဒေသများတွင်လည်း မြေဆီလွှာတိုက်စားမှုအား သိသိသာသာ တွေ့ရှိ နိုင်သည်။ လူတို့၏စနစ်မကျသည့်မြေယာအသုံးပြုမှုကြောင့်ဖြစ်ပေါ်သည့် မြေဆီလွှာတိုက်စားမှုသည် မြေဆီလွှာဖြစ်ပေါ်ခြင်းဖြစ်စဉ်ထက် အဆ ၁၀၀၀ ကျော်ရှိပြီး ရေရှည်သီးနှံစိုက်ပျိုးမှုအတွက် အဟန့်အတားတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် မြေဆီလွှာတိုက်စားခြင်းကို လျော့နည်းသက်သာစေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် ရေကြီးခြင်း၊မိုးခေါင်ခြင်း၊အပူချိန် လွန်ကဲခြင်းနှင့်ရေရှားပါးသည့်ဒေသများတွင်ပိုလျှံနေသောမိုးရေများအား စုဆောင်းရန်အတွက်   တောင်သူများအနေဖြင့်  မိမိတို့ဒေသနှင့်ကိုက်ညီသည့် မြေဆီလွှာနှင့်  ရေထိန်းသိမ်းရေးလုပ်ငန်းများအား    ဆောင်ရွက်ရန်လိုအပ်လာသည်။

မြေဆီလွှာထိန်းသိမ်းရေးဆိုသည်မှာ မြေဆီဩဇာထိန်းသိမ်းရန်အတွက်ဒေသနှင့်ကိုက်ညီသည့် မြေဆီလွှာနှင့်ရေထိန်းသိမ်းရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြစ်သည်။ မြေဆီလွှာထိန်းသိမ်းခြင်းအားဖြင့်မြေတိုက်စားခြင်းကို ကာကွယ်လျှော့ချနိုင်ခြင်း၊ စီးဆင်းရေနှင့် ယင်းရေ၏အရှိန်ကို ထိန်းချုပ်နိုင်ခြင်း၊ မြေကျပ်ခြင်းအားလျှော့ချနိုင်ပြီး   မြေဆီလွှာအာဟာရဓာတ်များ တိုးတက်ကောင်းမွန်လာစေပြီး ပိုလျှံနေသောရေများအား စုဆောင်းနိုင်မည်ဖြစ်သည်။

လက်ရှိစိုက်ပျိုးရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် မြေဆီလွှာနှင့် ရေထိန်းသိမ်းရေးနည်းလမ်းများမှ (၁) ရုပ်ဝတ္ထုများတည်ဆောက်၍ မြေဆီလွှာထိန်းသိမ်းခြင်း၊ (၂)သက်ရှိအပင်များ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းနှင့်  (၃)စိုက်ပျိုးနည်းစနစ်များဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းတို့ဖြစ်သည်။

ရုပ်ဝတ္ထုများနှင့် ထိန်းသိမ်းခြင်း(Physical Measures)

ရုပ်ဝတ္ထုများတည်ဆောက်၍ မြေဆီလွှာထိန်းသိမ်းခြင်းဆိုသည်မှာ  ကုန်းစောင်းဒေသများတွင် ကျောက်သားမြေသားကန်သင်းများတည်ဆောက်ခြင်း၊ နုန်းတားဆည်များတည်ဆောက်ခြင်း၊ ရေကျော်ကျောက်တန်း၊ ရေထိန်းဆည်များတည်ဆောက်ခြင်း၊ စိုက်ကျင်းများတူး၍စိုက်ပျိုးခြင်း၊ ကွန်တိုအလိုက်စိုက်ပျိုးခြင်း၊ ရေစုကျင်းနှင့်ရေစုကန်များတည်ဆောက်ခြင်းနှင့် သစ်တော/နှစ်ရှည်ပင်များစိုက်ပျိုးရန် စိုက်ကျင်းများတူး၍ မြေဆီလွှာထိန်းသိမ်းခြင်းဖြစ်သည်။

ကွန်တိုကန်သင်းတည်ဆောက်ခြင်း

ကုန်းစောင်းဒေသများတွင်  မြေသားထူပါက မြေသားကန်သင်း၊  မြေသားပါးပါက ကျောက်စီကန်သင်း  ကွန်တိုအလိုက်ပြုလုပ်၍  မြေဆီလွှာထိန်းသိမ်းခြင်းဖြစ်သည်။

နုန်းတားဆည်/ကန်သင်းတည်ဆောက်ခြင်း

Catchment Area ဧက ၁၀၀ ထက် မကျော်သောနေရာများတွင် အမာခံကျောက်များဖြင့် ကန်သင်းပြုလုပ်၍ မြေဆီလွှာထိန်းသိမ်းခြင်းဖြစ်သည်။

ရေကျော်ကျောက်တန်း တည်ဆောက်ခြင်း လျှိုလက်တက်များတွင် ရေစီးနှုန်းနှေးသွားစေရန် ရေကျော်ကျောက်တန်းများတည်ဆောက်ခြင်းဖြစ်သည်။

ရေစုကျင်း၊ ရေစုကန်များ တည်ဆောက်ခြင်း

အပူပိုင်းဒေသ၊ မိုးရေချိန်လက်မနည်းပါးသောနေရာများတွင် မိုးရေကိုစုဆောင်းနိုင်သော ရေစုကန်များတူးဖော်ပြီး သီးနှံများရေလိုအပ်ချိန်တွင် ဖြည့်စွက်ရေပေးသွင်းခြင်းဖြစ်သည်။

သစ်တောပင်/နှစ်ရှည်ပင် စိုက်ကျင်းများပြုလုပ်ခြင်းအပူပိုင်းဒေသ လျှောစောက် ၅၀ ရာခိုင်နှုန်းအောက် ကျောက်မရှိသည့်တောင်စောင်းများတွင် ရေစုကျင်းငယ်များတူးဖော်၍ ရေထိန်းခြင်းဖြစ်သည်။

သက်ရှိများနှင့်ထိန်းသိမ်းခြင်း (Biological Measures)

သက်ရှိအပင်များစိုက်ပျိုး၍ မြေဆီလွှာထိန်းသိမ်းခြင်းဆိုသည်မှာ ထည့်သွင်းခြင်း (အဏုဇီဝမြေဩဇာ)၊ မြေဆွေးနှင့်သက်ရှိအပင်များစိုက်ပျိုး၍ မြေဆီလွှာထိန်းသိမ်းခြင်းတွင် မြေဖုံးပင်များစိုက်ပျိုးခြင်း၊ မြက်ရိုးတန်းများစိုက်ပျိုးခြင်း၊ လေကာပင်များ၊ စည်ရိုးတန်းပင်များစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းနှင့်သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းတို့ဖြစ်သည်။

တောင်စောင်းစိုက်ပျိုးရေးစနစ်

လျှောစောင်းရာခိုင်နှုန်း > ၁၅-၂၅ ရာခိုင်နှုန်း အထိရှိသည့် တောင်စောင်းမြေများတွင် ကွန်တိုလိုင်း အလိုက် အကန့်လိုက်သီးနှံများစိုက်ပျိုးခြင်းဖြစ်သည်။

ကွန်တိုလိုင်းအတိုင်း သီးနှံပင်များ၊ မြက်များကိုစိုက်ပျိုးခြင်း

လျှောစောင်း ၃-၅ ရာခိုင်နှုန်းရှိသည့် နေရာများတွင် နှစ်ရှည်ခံမြက်များ၊ နွားစာမြက်များ (နေဗီယာမြက်၊

မွန်ဘားစားမြက်)၊  Vetiver grass၊ စပါးလင်နှင့် နာနတ်ကဲ့သို့သီးနှံများ မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေးရန် ကွန်တိုအလိုက်စိုက်ပျိုးခြင်းဖြစ်သည်။

မြေဖုံးပင်များစိုက်ပျိုးခြင်း

မြေဆီလွှာအပေါ်မျက်နှာပြင်အားတိုက်စားခြင်းမှ ကာကွယ်ရန်၊ အစိုဓာတ်ထိန်းထားနိုင်ရန်၊ အာဟာရပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပဲမျိုးရင်းဝင်အပင်များအား မြေဖုံးပင်အဖြစ်စိုက်ပျိုးခြင်းဖြစ်သည်။

လေကာပင်များစိုက်ပျိုးခြင်း

လေတိုက်စားခြင်းမှကာကွယ်ရန်   စိုက်ခင်းနယ်နိမိတ်တစ်လျှောက်တွင် ဝါး၊ မိုးမခ၊ မြေပြန့် ချယ်ရီ၊ ပဲစင်းငုံ၊ နှံစားပြောင်း၊ ဘောစကိုင်း၊ ထန်း၊ သီဟိုဠ်သရက်၊ ငှက်ပျော၊ နှစ်ရှည်သီးနှံပင် စသည်တို့ကို စိုက်ပျိုးခြင်းဖြစ်သည်။

စိုက်ပျိုးနည်းစနစ်များဖြင့် ထိန်းသိမ်းခြင်း (Agronomic Measures)

သီးနှံစိုက်ပျိုးနည်းစနစ်များဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းဆိုသည်မှာ သီးနှံများကိုရောနှောစိုက်ပျိုးခြင်း၊ သီးလှည့်စိုက်ခြင်း၊ အကန့်လိုက်စိုက်ခြင်း၊ ပဲမျိုးရင်းဝင်အပင်များထည့်သွင်းစိုက်ပျိုးခြင်း၊ မြေလှပ်ခြင်း၊ ထယ်ရေးမဲ့စိုက်ပျိုးခြင်း၊ သီးနှံပင်အကြွင်းအကျန်များဖြင့် မြေဖုံးအုပ်ခြင်းနှင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းတို့ဖြစ်သည်။

သီးနှံရောနှောစိုက်ပျိုးခြင်း

သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်း၊ ရောနှောစိုက်ပျိုးခြင်းအားဖြင့် ရောဂါ၊ ပိုးမွှားများ၏ မျိုးဆက်သံသရာစက်ဝန်းကို ဖြတ်တောက်ပေးပြီး မြေဆီလွှာဖွဲ့စည်းမှုကောင်းမွန်စေ၍ မြေဆီဩဇာထက်သန်စေသည်။

သီးနှံအကြွင်းအကျန်များဖြင့် မြေကိုဖုံးအုပ်ကာကွယ်ခြင်း

ပင်ကြွင်းပင်ကျန်များဖြစ်သည့် ကောက်ရိုး၊ စပါးခွံ၊ မြေပဲရိုး၊ မြေပဲခွံ၊ နှမ်းရိုး၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်ခြောက်များဖြင့် မြေကြီးကိုဖုံးအုပ်ခြင်းဖြစ်သည်။ 

ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းရွာသွန်းသောမိုးရေကိုထိန်းထားနိုင်ပြီး ရေနုတ်မြောင်းပါရှိသဖြင့် ရေဝပ်ခြင်းမရှိစေဘဲ ရေထုတ်ရလွယ်ကူစေသည်။ မြေတိုက်စားမှုကို လျှော့ချပေးနိုင်ပြီး ခြောက်သွေ့ရာသီတွင် အစိုဓာတ်ကို ထိန်းထားပေးနိုင်သည်။ 

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း

စားကျက် သို့မဟုတ် ရာသီသီးနှံများကိုနှစ်ရှည်သီးနှံပင်များနှင့် ရောနှော၍ စိုက်ပျိုးသည့် “ဘက်စုံသီးနှံစနစ်” အမျိုးအစားဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် သီးနှံများထိခိုက်ပျက်စီးမှုအား လျော့နည်းသက်သာစေသည့် စိုက်ပျိုးခြင်းနည်းစနစ်ဖြစ်သည်။

မြေလှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်း

လှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်းအားဖြင့် မိုးရေကို ထိန်းသိမ်းပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ပေးခြင်း၊ မြေဆီလွှာဖွဲ့စည်းမှုကို ကောင်းမွန်စေပြီး လေဝင်လေထွက်ကောင်းမွန်ခြင်း၊ မြေတွင်းအစိုဓာတ်နှင့် အာဟာရဓာတ်ဆုံးရှုံးမှုကို ထိန်းထားပေးနိုင်သည်။

ထို့ပြင် မိုးခေါင်ရေရှားသည့်အပူပိုင်းဒေသများတွင် မိုးရွာသွန်းပြီးနောက် မြေမျက်နှာပြင်ပေါ်တွင်စီးဆင်းလာသည့်ရေများကို စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုရန်ရည်ရွယ်၍ စုဆောင်းခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုအပ်လာသည်။ပိုလျှံနေသောမိုးရေနှင့်အရှိန်ဖြင့်စီးဆင်းလာသည့်ရေစီးအား ဖမ်းယူသိုလှောင်ခြင်းသည် မြေတိုက်စားခြင်းကို သက်သာစေရုံသာမက စိမ့်ဆင်းရေကို များစေသည်။ ထို့ကြောင့် မိုးရေကို အသုံးချသည့် အစီအစဉ်များတွင် ရေနှင့်မြေဆီလွှာထိန်းသိမ်းခြင်းအား တစ်ပါတည်းဆောင်ရွက်ရန်လိုအပ်သည်။

သီးနှံစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ၏ မြေတိုက်စားခြင်းကိုကာကွယ်လိုသည့်စိတ်အားထက်သန်မှုနှင့်လက်ခံမှု၊အနီးဝန်းကျင်ရှိတောင်သူများ၏ ပူးပေါင်းဆောင်ရွက်လိုမှု၊ ငွေကြေးအထောက်အပံ့နှင့် အဆိုပါလုပ်ငန်းများကို ရေရှည်ထိန်းသိမ်းလိုသော ဆန္ဒသဘောထားများသည် မြေဆီလွှာထိန်းသိမ်းရေးတွင် အလွန်အရေးကြီးသည့်အတွက် မြေဆီလွှာအား တန်ဖိုးထားထိန်းသိမ်းပေးကြရန် လိုအပ်လာသည်။ ထို့ကြောင့်တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေများ ဆုံးရှုံးမှုမှကာကွယ်ရန်အတွက် မိမိတို့ဒေသနှင့်ကိုက်ညီသည့်  မြေဆီလွှာနှင့်ရေထိန်းသိမ်းရေးစနစ်များကို လုပ်ကိုင်ကြရန်လိုအပ်လာသည်။ သို့မှသာ တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာပြီး စားနပ်ရိက္ခာဖူလုံသည့်အပြင်ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် တောင်သူများအနေဖြင့် တောင်သူစီးပွားတိုးတက်ရေး၊ စိုက်ပျိုးသီးနှံများပိုမိုထုတ်လုပ်နိုင်ရေးအတွက် သဘာဝအရင်းအမြစ် မြေကြီးမှရွှေသီးစေဖို့ မြေဆီလွှာကို ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ လိုအပ်ပါကြောင်းနှိုးဆော်တိုက်တွန်းအပ်ပါတယ်ရှင်။   ။     

MWD Web Portal 

မြင့်မြင့်ထွန်း(စိုက်ပျိုးရေးဦးစီးဌာန)

အကျိုးရှိသောအလုပ်

“ဃရာဝါသော ဗဟုကိစ္စော- ကိစ္စမြားမြောင်လူတို့ဘောင်” ဆိုသည့် ဆိုရိုးစကားနှင့်အညီ နိစ္စဓူဝကိစ္စအမျိုးမျိုးဖြင့် အချိန်ကုန်နေရသည့် လူ့ဘောင်လောကလူ့ဘဝတွင် လူသားတို့အနေဖြင့် လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အချိန်ပေးရမည်ဖြစ်သည်။ လူမှုပတ်ဝန်းကျင် အပါအဝင် လူ့ဘောင်လောက လူ့ဘဝကိုအကျိုးပြုနိုင်မည့် အလုပ်ဟုဆိုလိုက်ပါလျှင် “ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း” စသည့် ကိုယ်ကျိုး ကိုဘေးဖယ်ထားပြီး အများအကျိုးကို ဦးတည်ဆောင်ရွက်ရသည့် အလုပ်များကိုသာ ပြေးမြင်မိကြသည်။ ထိုကဲ့သို့သော လူမှုပတ်ဝန်းကျင်တွင် အများအကျိုးကိုဦးတည်သည့် ပရဟိတလုပ်ငန်းများအနက် ကိုယ်ကျိုးကိုလည်းပြည့်ဝစေ၊ အများအကျိုးကိုလည်း ဖြစ်စေသည့် အလုပ်များလည်းရှိတတ်သည်။

လူသားတို့ အသက်ရှင်သန်နေထိုင်ရာ ဤကမ္ဘာမြေပေါ်တွင် လူသားတို့ကို “အေးမြသောအရိပ် အာဝါသကို ပေးစွမ်းနိုင်သကဲ့သို့ နားခိုနေထိုင်ရာ အိုးအိမ်တည်ဆောက်ရာတွင်လည်း အသုံးပြုနိုင်သည့်သစ်ပင်” ဆိုသည့်အရာသည် လူသားတိုင်း လွယ်လင့် တကူစိုက်ပျိုးနိုင်သည့် အရာပင်ဖြစ်သည်။ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနေနိုင် သည်” ဆိုသည့်စကားနှင့်အညီ သစ်ပင်ဆိုသည်မှာ လူတို့အတွက် အရိပ်အာဝါသကို ပေးစွမ်းနိုင်ရုံသာမက ကျေးငှက်သာရကာတို့အတွက် ခိုနားစရာ နေရာတစ်ခုဖြစ်သည်။ သစ်ပင်တစ်ပင်၏ ရှင်သန်မှုတွင် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီးလူတို့အတွက် မရှိမဖြစ်လိုအပ်သည့် အောက်ဆီဂျင်ကို လေထုအတွင်းသို့ ပြန်လည်ထုတ်လွှတ်ပေးသည်။ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သဖြင့် လူသားအကျိုးပြုလုပ်ငန်းတစ်ခု ပင်ဖြစ်သည်။

ချစ်တတ်ပါစေ ကမ္ဘာမြေ

မြေကြီးကရွှေသီးဆိုသကဲ့သို့ ကမ္ဘာမြေကြီးသည် မြေဆီမြေနှစ်မြေဩဇာကောင်းကောင်းဖြင့် သစ်သီးဝလံ သစ်ပင်ပန်းမန်တို့ကို ရှင်သန်ကြီးထွား၍ လူသားတို့အတွက် အစာအာဟာရကို ဖြည့်စွမ်းပေးသည်။ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဆိုသကဲ့သို့ သစ်ပင်တို့ ရှင်သန်ရန်လိုအပ်သည့် မြေဆီမြေဩဇာနှင့် အစာအာဟာရတို့ကို မြေကြီးကပေးသည်။ မိုးရေတိုက်စားခြင်းကဲ့သို့သော မြေဆီလွှာပြုန်းတီး ခြင်းကို သစ်ပင်တို့က ကာကွယ်ပေးသည်။ ရာသီဥတု ဖောက်ပြန်မှုကိုဖြစ်စေသည့် လေထုအတွင်းက ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ လူသားအကျိုးပြုဖြစ်စေသည့် အောက်ဆီဂျင်ကို ထုတ်ပေးခြင်းဖြင့် သစ်ပင်တို့က ကမ္ဘာမြေကြီးနှင့် လူသားတို့ အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်ပေးသည်။

လေထုညစ်ညမ်းမှုကို ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို လူသားတို့ဘေးထွက် ဆိုးကျိုးဖြစ်စေမည်ဖြစ်သဖြင့် သစ်ပင်တို့က လေထုအတွင်းမှ စုပ်ယူပေးကာ လေထုကိုသန့်စင်ပေးသည်။ သန့်ရှင်းလတ်ဆတ်သော လေကိုရှူသွင်း၍ စိတ်ပင်ပန်းခြင်းတို့ကို ဖြေဖျောက်နိုင်ပြီး ရောဂါဘယကင်းစင်၍ လှပသောလူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြမည်ဖြစ်သည်။ သစ်ပင်တို့ကပေးသော အရိပ်ကိုခို၍ အကျိုးကိုစားသုံးကြသည့် လူသားများက “အရိပ်နေနေ အခက်ချိုးချိုး” ဆိုသကဲ့သို့ သစ်ပင်တို့ကို ပျိုးထောင်ခြင်းမပြုဘဲ သဘာဝအလျောက် ပေါက်ရောက်သည့်အပင်များကိုပါ ခုတ်လှဲနေကြမည်ဆိုပါက ကမ္ဘာကြီး၏ သာယာလှပမှုကို ဖျက်ဆီးနေကြသူများသာ ဖြစ်ပေသည်။

သစ်ပင်တို့ကို ခုတ်လှဲရခြင်း အကြောင်းတရား များစွာရှိနေနိုင်သည်။ တောင်ယာစိုက်ခင်းများ အတွက် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ စားကျက်မြေရှာဖွေခြင်း၊ လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန်အတွက် ခုတ်လှဲရခြင်း၊ နေအိမ်အဆောက် အအုံဆောက်လုပ်ရေးအတွက် ခုတ်လှဲရခြင်း၊ ထင်းအဖြစ် ခုတ်လှဲရခြင်း စသည့်အကြောင်းပြချက် မျိုးစုံသုံး၍ ခုတ်လှဲနေကြသည်။ လူတို့၏ သဘာဝအရ လူသားလိုအင်ဆန္ဒကို ပြည့်ဝကြရန်အတွက် မဖြစ်မနေခုတ်လှဲနေရပါသည်ဟုဆိုပါလျှင် လူသားနှင့် ကမ္ဘာကိုအကျိုးပြုသည့် သစ်ပင်များကို ပြုစုပျိုးထောင်၍ ပြန်လည်စိုက်ပျိုးရမည်ဆိုသည့် အသိ မျိုး ရှိသင့်ပေသည်။

ကမ္ဘာ့ကုလသမဂ္ဂက နှစ်စဉ်ကမ္ဘာပေါ်၌ သစ်တောဟက်တာ ၁၂ သန်းခန့် ခုတ်လှဲခြင်းခံနေရပြီး သစ်တောပြုန်းတီးမှု၊ စိုက်ပျိုးရေးနှင့်အခြားရည်ရွယ်ချက်များဖြင့် သစ်တောခုတ်ထွင်ရှင်းလင်းမှုတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု၏ လေးပုံတစ်ပုံခန့်ကို ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ထားသည်။ “လေထုကို သန့်စင်ပေးနိုင် ခြင်း၊ အပူချိန်ကို ထိန်းညှိပေးခြင်း၊ ရာသီဥတုကို မျှတစေခြင်း၊ ရေလွှမ်းမိုးမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန်စေခြင်း” စသည့် အကျိုးကျေးဇူးများကို သစ်ပင်များကသာ ပေးစွမ်းနိုင်သဖြင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုများကို ကာကွယ်နိုင်ရေးအတွက် သစ်တောနှင့်သစ်ပင်များကို ထာဝစဉ်ရှင်သန်တည်ရှိနေရေးထိန်းသိမ်းကြရမည်ဟု ကမ္ဘာ့ကုလသမဂ္ဂက နိုင်ငံများသို့ တိုက်တွန်းထားသည်။

ထိန်းသိမ်းကြစို့

၁၉၉၀ ပြည့်နှစ်ဝန်းကျင်ခန့်က ကမ္ဘာပေါ်တွင် သစ်တောဧရိယာ ဟက်တာ ၄ ဒသမ ၂၄ ဘီလီယံခန့်ရှိခဲ့ရာ လက်ရှိအချိန်တွင် ဟက်တာလေးဘီလီယံ ကျော်ခန့်သာရှိတော့သဖြင့် သစ်တောဧရိယာ ဟက်တာ ၅၀ မီလီယံခန့် ဆုံးရှုံးခဲ့ရသည်ဟု ပညာ ရှင်များက ခန့်မှန်းထားသည်။ ရေမြေသဘာဝ သာယာလှပပြီး သစ်တောသယံဇာတများလည်း ပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် သစ်တောဧရိယာ သည် နိုင်ငံဧရိယာ စုစုပေါင်း၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ထိုသစ်တောဧရိယာများ ဆုံးရှုံးမှုမရှိစေရေးနှင့် သဘာဝဂေဟစနစ်များ ပျက်စီးယိုယွင်းခြင်း မရှိစေရေးအတွက် နိုင်ငံတော်အစိုးရက အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

နိုင်ငံတော်အနေဖြင့် ရှိရင်းစွဲသစ်တောဧရိယာများ လျော့ပါးသွားခြင်းမရှိအောင် နည်းစနစ်တကျ ထိန်းသိမ်းနေသကဲ့သို့ တစ်ဖက်တွင်လည်း သစ်တောစိုက်ခင်းအသစ်များကို အကောင်အထည် ဖော်ပေးနေသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး ၁၀ နှစ် စီမံကိန်း (Myanmar Reforestation and Rehabilitation Programme) အရ သစ်တောစိုက်ခင်း ၆၆၈၈၈ ဧက တည်ထောင်သွားရန်နှင့် သဘာဝကျန်သစ်တောဧက ၅၀၀၀၀၀ ခန့်ကိုလည်းထိန်းသိမ်းကာကွယ်သွားရန် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့က ရည်မှန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သစ်တောများနှင့် ထိစပ်နေသည့်ဝန်းကျင်တွင် ကျင်လည်နေထိုင်ကြသည့် အများပြည်သူတို့အနေဖြင့်လည်း သစ်တောသယံဇာတများ၏တန်ဖိုးကို နားလည်သိရှိကာ ထင်းအစားထိုး အခြားလောင်စာအသုံးပြုခြင်းမှ အစပြု၍ သစ်ပင်ခုတ်လှဲကာ ကိုယ်ကျိုးအတွက် အသုံးပြုခြင်းကို နည်းနိုင်သမျှနည်းအောင် ကြိုးစားကြရပါမည်။

သစ်တောမူဝါဒ

သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဂေဟစနစ်ကို ထိန်းညှိပေးရာတွင် များစွာအရေးပါသည့် သစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်းမှ အစပြု၍ သစ်တောသယံဇာတများကို အများ ပြည်သူတို့ တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ သစ်တောမူဝါဒ ၆ ချက်ကိုလည်းချမှတ်ထားသည် ကိုတွေ့ရသည်-

(၁) ကာကွယ်ခြင်း - ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို ကာကွယ်ရမည်။

(၂) ထာဝစဉ်တည်တံ့စေခြင်း - လက်ရှိပြည်သူလူထုနှင့် နောင်လာနောက်သားများကိုပါ သစ်တောများမှရရှိနိုင်သည့် တိုက်ရိုက်နှင့်သွယ်ဝိုက်သော အကျိုးများကို စဉ်ဆက်မပြတ် ခံစားနိုင်ကြစေရန် သစ်တောသယံဇာတ အရင်းအမြစ်များကို ထာဝစဉ်တည်တံ့နေစေရေးအတွက် ထိန်းသိမ်းရ မည်။

(၃) အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း - ပြည်သူလူထု၏ လောင်စာ၊ နေအိမ်အဆောက်အအုံ၊ အစားအစာနှင့် အပန်းဖြေနားနေမှု အစရှိသည့် အခြေခံစားဝတ်နေရေး လိုအပ် ချက်များကို ဖြည့်ဆည်းပေးရမည်။

(၄) စွမ်းဆောင်ရည် တိုးတက်မြင့်မားစေခြင်း - သစ်တောသယံဇာတများမှ ရရှိနိုင်သည့် စီးပွားရေး အကျိုးအမြတ်တို့အား လူမှုရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ကိုမထိခိုက်စေဘဲ အပြည့်အဝ အသုံးချနိုင်ရန် စီမံရမည်။

(၅) ပြည်သူတို့က ပူးပေါင်းပါဝင်ဆောင်ရွက်လာစေခြင်း - သစ်တောများ ပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးဆိုင်ရာလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင်လာကြစေရန်၊

(၆) ပြည်သူအတွင်း နိုးကြားထကြွသည့်အသိ ရှင်သန်နေစေခြင်း - နိုင်ငံတော်၏ လူမှုစီးပွား‌ရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် သစ်တောများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း နိုးကြားသည့် အသိရှင်သန်နေစေရေး စည်းရုံးလှုံ့ဆော်သွားရမည်။

ထိုမူဝါဒနှင့်အညီ ရှိရင်းစွဲသစ်တောဧရိယာများကို လျော့ပါးသွားခြင်းမရှိအောင် ထိန်းသိမ်း ပေးနေသကဲ့သို့ ပုဂ္ဂလိကသစ်တောစိုက်ခင်း အသစ်များမူဝါဒနှင့်အညီ ခွင့်ပြုပေးခြင်းတို့ကို နိုင်ငံတော်အနေဖြင့် အမြော်အမြင်ကြီးစွာ ဆောင်ရွက်နေသည်။ ရာသီဥတု အနည်းငယ်ပူပြင်း ခြောက်သွေ့သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်ကို အပူပိုင်းဒေသဇုန်အဖြစ်သတ်မှတ်ကာ ထိုဒေသများတွင် သစ်ပင်များရှင်သန်ကြီးထွားလာကာရာသီဥတု အေးမြလာစေရေးအတွက် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့က တာဝန်ယူဆောင်ရွက်နေသည်ကို တွေ့ရသည်။ “အပင်ကြီးစိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မ စိုက်ပျိုးခြင်း၊ ကွန်တိုပေါင်စိုက်ပျိုးခြင်း၊ ဖြည့်စွက်စိုက်ပျိုးခြင်း၊ သဘာဝတောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း” စသည့် နည်းလမ်းပေါင်းစုံသုံး၍ အပူပိုင်းဒေသကို အစဉ်ထာဝရအေးမြကာ လှပလာစေရေး အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

မိုးရာသီအလှကို ဖော်ကျူးဖို့ သစ်ပင်စိုက်ကြစို့

ဝသန်ကာလ မိုးရာသီသို့ ချင်းနင်းဝင်ရောက် ကာ ဇွန်လအတွင်းသို့ရောက်ရှိချိန် မိုးစက်မိုးပေါက် တို့က တဖြိုက်ဖြိုက်ရွာသွန်းလာသည့်ကာလတွင် သစ်ပင်ပျိုးပင်များကို စနစ်တကျ စိုက်ပျိုးကြမည် ဆိုပါက ရာနှုန်းပြည့်ရှင်သန်နိုင်သည့်ကာလပင် ဖြစ်သည်။ ထိုကာလကို အကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို အစိုးရက ဦးဆောင်ဦးရွက်ပြုကာ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည်။ “သစ်ပင်စိုက်ပါတို့ကမ္ဘာ သာယာလှပ စိမ်းမြမြ” ဆိုသည့် စကားနှင့်အညီ ကမ္ဘာမြေထာဝရလှပစေရေး ဆောင်ရွက်ချက်များတွင် သစ်ပင်ပျိုးပင်များ စိုက်ပျိုးခြင်းအလုပ်သည်ကား အခြားသော လူမှုအကျိုးပြုလုပ်ငန်းများထက် အချိန်ကုန်ငွေကုန်သက်သာကာ အကျိုးပိုမိုဖြစ်ထွန်းနိုင်သော အလုပ်ပင်ဖြစ်သည်။

သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီအတွင်း အမြင့်နှစ်ပေနှင့်အထက် ပျိုးပင်ပေါင်း ၂၁ သန်းခန့်စိုက်ပျိုးသွားရန် လျာထားသည် ကိုလည်းတွေ့ရသည်။ မြန်မာ့မြေ စိမ်းလန်းစိုပြည် လာအောင်စွမ်းဆောင်ကြရာတွင် မြန်မာနိုင်ငံသားတစ်ဦးလျှင် ပျိုးပင်တစ်ပင်ကျ စိုက်ပျိုးသွား မည်ဆိုပါက ရာသီဥတုမျှတသည့် မြန်မာနိုင်ငံသည် ယခုထက် ပိုမိုစိမ်းလန်းလှပမည်သာ ဖြစ်သည်။

သစ်ပင်တစ်ပင်၏ အရိပ်အာဝါသသည် လူတို့၏စိတ်ကို ကြည်လင်အေးမြလန်းဆန်းစေပြီး စိတ်ခံစားချက်များကို လျော့ပါးစေသည်။ စိတ်ပင်ပန်း နွမ်းနယ်သည့်အခါ တောတောင်စိမ့်စမ်းများနှင့် သာယာလှပသည့် တောင်ပေါ်အရပ်ဒေသများသို့ အပန်းဖြေခရီးထွက်တတ်ကြသည်က သက်သေပင်ဖြစ်သည်။ လူ့ဘဝရလာသည့် အခိုက်အတန့် ကာလသည် အလွန်တိုတောင်းလှသည်။ ဘဝပေးအခြေအနေအရ လူမှုပတ်ဝန်းကျင်အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် အခြေအနေမပေးဟုဆိုပါလျှင် ကမ္ဘာမြေပေါ်တွင် သစ်ပင်တစ်ပင်တော့ စိုက်ပျိုးနိုင်မည်သာဖြစ်သည်။ မိမိစိုက်ပျိုး ပြုစုပျိုးထောင်သည့် သစ်ပင်လေး စိမ်းလန်းစိုပြည်စွာဖြင့် အခက်အလက်ဝေဆာနေသည်ကိုကြည့်ရင်း ကြည်နူးပီတိဖြစ်ခြင်းအရသာသည် ဘယ်အရာနှင့် မျှမလဲနိုင်ပေ။ “တစ်သက်လုံးစိတ်ချမ်းသာချင်လျှင် သစ်ပင်စိုက်” ဆိုသော ရှေးစကားအရ အနာဂတ် ဘဝများလှပရေး သစ်ပင်စိုက်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။         ။

ရည်ညွှန်းကိုးကား -

          -         သစ်တောကြေးမုံ၊ သတင်းဂျာနယ်၊ ၂၀၂၅ ခုနှစ် ဇွန်လ၊

          -         သစ်တောဦးစီးဌာန တင်ပြချက်များ၊ (https://www.forestdepartment.gov.mm/)

          -         https://www.un.org/ (Causes and Effects of Climate Change)

          -         နေ့စဉ်ထုတ်သတင်းစာများ။

MOI

ဘုန်းသန့်စင်

အစဉ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့် သဘာဝပတ်ဝန်းကျင်
-

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်သည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့်သက်ဆိုင်သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှု၊ ပုံမှန်အတိုင်းထားရှိမှု စသည်တို့နှင့်လူသားတို့၏ရှင်သန်မှုတို့မှာ   တိုက်ရိုက်အချိုးကျနေခြင်းကြောင့်ဖြစ်သည်။  ကမ္ဘာတစ်ဝန်းလုံး၌  ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစုအစပိုင်းမှစ၍ ပြောင်းလဲလျက်ရှိသည်။  ကမ္ဘာပေါ်ရှိ   နိုင်ငံအသီးသီးတွင် ပုံမှန်မဟုတ်ဘဲ တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ပြောင်းလဲလာသော  ရာသီဥတုဆိုင်ရာပြဿနာများကိုဖြေရှင်းလျက်ရှိကြသည်။ ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကြော

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်သည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့်သက်ဆိုင်သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှု၊ ပုံမှန်အတိုင်းထားရှိမှု စသည်တို့နှင့်လူသားတို့၏ရှင်သန်မှုတို့မှာ   တိုက်ရိုက်အချိုးကျနေခြင်းကြောင့်ဖြစ်သည်။  ကမ္ဘာတစ်ဝန်းလုံး၌  ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစုအစပိုင်းမှစ၍ ပြောင်းလဲလျက်ရှိသည်။  ကမ္ဘာပေါ်ရှိ   နိုင်ငံအသီးသီးတွင် ပုံမှန်မဟုတ်ဘဲ တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ပြောင်းလဲလာသော  ရာသီဥတုဆိုင်ရာပြဿနာများကိုဖြေရှင်းလျက်ရှိကြသည်။ ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့် ဆိုးကျိုးခံစားနေရသည့် နိုင်ငံပေါင်းများစွာရှိနေပြီဖြစ်ရာ ရာသီဥတု သမမျှတရေးနှင့် ရာသီဥတု၏အရင်းတည်ရာဖြစ်သောသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် လူသားအားလုံးအတွက်  အဓိကကျလာသည်။

“သဘာဝဟူသည်  ကောင်းစွာဖြစ်ခြင်း၊  အလိုအလျောက်ဖြစ်နေခြင်း”ဟူသော အဓိပ္ပာယ်ရသည်။ လူသားသည် သဘာဝထဲမှမွေးဖွားလာသူဖြစ်သည်။ လူသားဟူသည် သဘာဝ၏ကျေးကျွန်မဟုတ်သလို သဘာဝ၏အရှင်သခင်လည်းမဟုတ်ပေ။ “သစ်ပင်စိုက်ပါ ဤကမ္ဘာ၊ သာယာလှပ စိမ်းမြမြ”ဟူသောဆောင်ပုဒ်ကို လူတိုင်းကြားဖူးကြပါသည်။ သစ်ပင်တောတောင်သည်သတ္တလောကကြီးအတွက် မရှိမဖြစ်သောအရာဖြစ်သည်။   လူနှင့်သတ္တဝါများ အသက်ရှင်နေထိုင်ရန် မျှတသင့်လျော်သောပတ်ဝန်းကျင်ဖြစ်စေရေးအတွက် သစ်ပင်တောတောင်များက စေစားပေးလျက်ရှိသည်။ သစ်ပင်များသည် ၎င်းတို့ရှင်သန်ကြီးထွားရေးအတွက် လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူကာ လေထုထဲသို့အောက်ဆီဂျင်ကို  ပြန်လည်ထုတ်လွှတ်ပေးသည်။  ထို့ကြောင့် သစ်တောများကို ကမ္ဘာမြေကြီး၏အဆုတ်များဟု တင်စားခေါ်ဝေါ်ကြသည်။

ကမ္ဘာပေါ်တွင် ပြောင်းလဲလာသောရာသီဥတုဖြစ်စဉ်ကြောင့် မတူညီသည့်သဘာဝဖြစ်စဉ်အမျိုးမျိုးတို့ကိုကမ္ဘာပေါ်ရှိလူသားတိုင်း  ရင်ဆိုင်ကြုံတွေ့နေရသည်။ လူတို့၏ပြုပြင်စီမံဖန်တီးမှုများကြောင့် ပုံမှန်ရာသီဥတုဖြစ်စဉ်များ၊  ပုံမမှန်ရာသီဥတုဖြစ်စဉ်ဖောက်ပြန်မှုများဖြစ်ပေါ်လာပြီးအကျိုးဆက်ကိုကြုံတွေ့နေကြပြီဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကို  ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ပြီး ကြိုတင်ပြင်ဆင်သတိပြုမှုဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှု

မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်ထုတ်ပြန်ချက်အရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိပြီးတဖြည်းဖြည်းလျော့နည်းလာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် “ဥတုရာသီ တောကိုမှီ”ဟုဆိုသည့်အတိုင်း ရာသီဥတုမှန်ကန်ကောင်းမွန်ရေးအတွက် သစ်ပင်သစ်တောများကိုထိန်းသိမ်းရန်လိုအပ်မည်ဖြစ်သည်။ စိုက်ပျိုးသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် သစ်ပင်သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့်အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်သစ်တောများကို ခုတ်ထွင်ရှင်းလင်းနေမှုကြောင့်   သစ်ပင်သစ်တောပြုန်းတီးမှုများမှာ များပြားလျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား၌  ရေကြီးရေလျှံမှုများ၊  မုန်တိုင်းတိုက်ခတ်မှုများ၊  မိုးခေါင်ရေရှားမှုများ  စသည်ဖြင့် ရာသီဥတုဖောက်ပြန်မှု၏အကျိုးဆက်ကို ကြုံတွေ့လျက်ရှိရာ သဘာဝဘေးအန္တရာယ်သည်  ရှောင်လွှဲ၍ ရနိုင်သည်မဟုတ်သော်လည်း     ကြိုတင်ပြင်ဆင်ကာကွယ်မှုကောင်းခြင်းဖြင့်  ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်ကြရမည်ဖြစ်သည်။

သဘာဝကို ကောင်းအောင်ဖန်တီးသည်မှာ လူသားများပင်ဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီးသည်မှာလည်း လူသားများပင်ဖြစ်သဖြင့်လူသားများအနေဖြင့် သဘာဝသစ်တောထွက်သယံဇာတများကို စည်းကမ်းစနစ်တကျမဟုတ်ဘဲ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့်  သဘာဝ၏အကျိုးဆက်ကို ပြန်လည်ခံစားကြရမည်ဖြစ်သည်။  

ရာသီဥတုဖောက်ပြန်ချို့ယွင်းမှုကြောင့်  စားနပ်ရိက္ခာအထွက်နှုန်းကျဆင်းလာခြင်း၊    မွေးမြူရေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခြင်း၊  ဂေဟစနစ်များ ယိုယွင်းပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာခြင်း၊ အချို့သတ္တဝါမျိုးစိတ်နှင့် ဇီဝမျိုးစိတ်များ မူရင်းဒေသများမှနေရာပြောင်းရွှေ့ခြင်း၊ ပင်လယ်နှင့် သမုဒ္ဒရာများ၏ဂေဟစနစ်များယိုယွင်းပျက်စီးခြင်း၊  သဘာဝပတ်ဝန်းကျင်ကို  ထိခိုက်လာခြင်း၊  ရောဂါဖြစ်စေသောပိုးမွှားများရှင်သန်ရာဒေသ ပိုမိုကျယ်ပြန့်လာခြင်း၊ အပူလွန်ကဲခြင်းကြောင့်  လူသားများ၏ကျန်းမာရေးဆိုင်ရာထိခိုက်လာခြင်း၊ သီးနှံစိုက်ခင်းနှင့်    သစ်တောသစ်ပင်များပျက်စီးခြင်း စသည့်ပြဿနာများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလျက်ရှိသည်။ရာသီဥတုဖောက်ပြန်မှု၏လက္ခဏာများအဖြစ်  မုန်တိုင်းများတိုက်ခတ်ခြင်း၊   ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းများကျရောက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ အအေးလွန်ကဲခြင်း စသည့်သဘာဝဘေးအန္တရာယ်များ   ဖြစ်ပွားမှုသည်လည်း ယခင်ကထက် ပိုမိုပြင်းထန်လာသည်။

ရာသီဥတုဖောက်ပြန်လာရခြင်း၏အဓိကအကြောင်းရင်းသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုသည်လည်း လူသားများ၏လုပ်ဆောင်ချက်များမှထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုက်များကြောင့်   ဖန်လုံအိမ်ဓာတ်ငွေ့များ ကမ္ဘာ့လေထုထဲအလွန်အကျွံရောက်ရှိ လာခြင်းကြောင့်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး  လူသားများအတွက်လိုအပ်သည့် အောက်ဆီဂျင်ကို   ပြန်လည်ထုတ်လွှတ်ပေးသည့် သစ်တောများပြုန်းတီးခြင်းသည်လည်း ကမ္ဘာကြီး ပူနွေးလာမှု၏အကြောင်းရင်းတစ်ရပ်ဖြစ်သည်။

ကုန်းမြေအခြေပြုသည့်မျိုးစိတ်များ၏ သုံးပုံနှစ်ပုံသည် သစ်တောများတွင်ရှင်သန်မှုအတွက် မှီခိုနေရ သည်ဖြစ်ရာသစ်တောများပြုန်းတီးမှုသည် ဇီဝမျိုးစုံမျိုးကွဲများ၏ဂေဟစနစ်ကိုများစွာထိခိုက်စေသည်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်လျှင် သစ်တောသစ်ပင်ထိန်းသိမ်းရေးကို အလေးထား ရမည်ဖြစ်သကဲ့သို့ လေထုညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းမှုများကိုလျှော့ချရန်၊ စက်ရုံသုံးစွန့် ပစ်ပစ္စည်း များကိုထိန်းသိမ်းကြပ်မတ်ရန်၊ သဘာဝသားငှက်တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရန် စသည့် လုပ်ငန်းများကို ဘက်စုံထောင့်စုံကဆောင်ရွက်သွားရမည်ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပျက်စီးခြင်း ကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများသည် ကမ္ဘာကြီးကို မှီခိုရှင်သန်နေရသော လူသားများနှင့်သက်ရှိဇီဝများကို ခြိမ်းခြောက်လျက်ရှိသည်။

ယနေ့ကမ္ဘာ့လူသားများ၏စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်နိုင်ရေးကိုအနှောင့်အယှက်မဖြစ်စေရန်နှင့်ကောင်းမွန်သောအနာဂတ်ကမ္ဘာကို နောင်လာနောက်သားများအတွက် ထားရှိပေးနိုင်ရန်ကိုလည်းဂရုပြုရမည်ဖြစ်သည်။သဘာဝကပေးထားသည့်စိမ်းလန်းစိုပြည်မှုများ မပျက်စီးစေရန် လူသားများကပင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်လျော့ နည်းလာသည့်အခါတွင်လည်း လူသားများကပင် ပြန်လည်ထိန်းသိမ်းဖန်တီးပေးရမည်ဖြစ်သည်။

နိုင်ငံတော်မှသစ်ပင်သန်းပေါင်းများစွာစိုက်ပျိုး

ကမ္ဘာ့နိုင်ငံများနည်းတူမြန်မာနိုင်ငံအနေဖြင့် သစ်ပင်သစ်တောများရေရှည်တည်တံ့စေရေးအတွက် သစ်တောများဖုံးလွှမ်းမှုတိုးတက်လာစေရေးနှင့် သစ်တောပြုန်းတီးမှုလျော့နည်းစေရေးကို အထူးအလေး ပေးလုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သော မိုးတွင်းကာလဖြစ်သည့် ဇွန်လ၊ ဇူလိုင်လများ၌ သစ်ပင်သန်းပေါင်းများစွာ စိုက်ပျိုးလျက်ရှိသည်။

နိုင်ငံတော်အနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီမှ ၂၀၂၄ခုနှစ် မိုးရာသီအထိ နိုင်ငံအဝန်းတွင် ပျိုးပင်စုစုပေါင်း၉၀ ဒသမ ၅၅ သန်းကျော် ဖြန့်ဝေစိုက်ပျိုးပေးနိုင်ခဲ့သည်။ နေပြည်တော်တွင် သစ်ပင်စိုက်ပျိုးပွဲ (၉)ကြိမ်ပြု လုပ်ခဲ့ပြီး ၃၂၀၉၇၀၃ ပင်  စိုက်ပျိုးနိုင်ခဲ့သည်။

ရှင်သန်ဖြစ်ထွန်းမှု ၃၀၃၂၉၈၂ ပင် (၉၄ ရာခိုင်နှုန်း)ရှိသည်။ ဖြန့်ဝေစိုက်ပျိုးခဲ့သည့် သစ်ပင်များသည် သစ်တောနယ်မြေများဖြစ်သည့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း၌ စိုက်ပျိုးခြင်းသာမက ဘဲသစ်တောနယ်မြေပြင်ပနေရာများ၌လည်း ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများက မိုးရာသီလူထု လှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့်စိုက်ပျိုးလိုက်သည့်သစ်ပင်များ ရာနှုန်းပြည့် အောင်မြင်ရှင်သန်ရေးအတွက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အားလုံးဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ပေသည်။ ယခုနှစ် မိုးရာသီ၌လည်း အမြင့် ၂ ပေအထက် ပျိုးပင် ၂၀ ဒသမ ၅၉ သန်းကို နိုင်ငံအဝန်းဖြန့်ဝေပေးထားပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဇွန်လ ၁၅ ရက်နေ့တွင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ သစ်မျိုး ၁၆ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ပင်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် နိုင်ငံတစ်နိုင်ငံ၏အစိုးရ၊ တာဝန်ရှိသူတို့မှ လုပ်ကိုင်ဆောင်ရွက်ရုံနှင့်ဖြေရှင်းနိုင်သည့်ပြဿနာမဟုတ်ပေ။ ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်း အသိစိတ်ဓာတ်ရှိရှိဖြင့်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်သောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရပိုင်းမှ မည်မျှပင်ဆောင်ရွက်စေကာမူ  လူတစ်ဦးချင်း၏ မိမိကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်မှုမရှိပါက သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများမှာတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ မီးဖိုချောင်ထွက်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ ရေတွင်းရေကန်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မြစ်၊ ချောင်းများအတွင်း အညစ်အကြေးနှင့် အမှိုက်သရိုက်များစွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊    သစ်တောသစ်ပင်များခုတ်ယူမှုမပြုခြင်း၊ ပလတ်စတစ်နှင့်ကြွပ်ကြွပ် အိတ်အသုံးပြုမှု များကို စနစ်တကျဆောင်ရွက်ခြင်း စသည့်အပြုအမူများသည်  လူတစ်ဦးချင်းစီမှအစပြု၍  ကမ္ဘာပေါ်ရှိ လူသားတိုင်းဆောင်ရွက်ရမည့်တာဝန်များဖြစ်သည်။ ထိုသို့ လူတိုင်းအသိစိတ် ဓာတ်ရှိရှိပါဝင်ဆောင်ရွက်မှသာ မြန်မာနိုင်ငံ၏ဦးတည်ရာပန်းတိုင်ဖြစ်သော (Green Economic and Green Develop-ment) စိမ်းလန်းသောစီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ထို့ကြောင့်မလွန် ဆန်နိုင်သောသဘာဝဘေးအမျိုးမျိုးကို ကြိုတင်ပြင်ဆင်၍ စဉ်ဆက်မပြတ်ကာကွယ်ထိန်းသိမ်းပြီးရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို လျော့ကျစေကာ သက်ရှိနှင့်သဘာဝပတ်ဝန်းကျင်တို့ဟန်ချက်ညီညီနေထိုင်နိုင်သောအနာဂတ်ကို အကောင်အထည် ဖော်နိုင်ရေး ကာကွယ်ထိန်းသိမ်း စောင့်ရှောက် သွားကြရမည်ဖြစ်ကြောင်းရေးသား တင်ပြလိုက်ရပါသည်။    ။

 MWD Web Portal

ဆုလတ်မေ

ငါးရိက္ခာဖူလုံစေရေး ငါးမျိုးစိုက်ထည့်ပေး
-

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်တို့ကို မူဝါဒချမှတ် ဆောင်ရွက် လျက်ရှိသည်။ မျှော်မှန်းချက်အနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာ ဖူလုံစေရန်၊ငါးလုပ်ငန်းကိုအခြေခံ၍ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ရည်မှန်း ချက်(၆)ရပ်၊ လ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်တို့ကို မူဝါဒချမှတ် ဆောင်ရွက် လျက်ရှိသည်။ မျှော်မှန်းချက်အနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာ ဖူလုံစေရန်၊ငါးလုပ်ငန်းကိုအခြေခံ၍ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ရည်မှန်း ချက်(၆)ရပ်၊ လုပ်ငန်းစဉ်(၂၅)ချက်ကို ရေးဆွဲချမှတ်ပြီး ငါးကဏ္ဍဖွံ့ဖြိုးရေးအတွက်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင်ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး၊ ငါးသယံဇာတများ စဉ်ဆက် မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများအလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေရရှိ စေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ မြစ်ကြီးများ၊ သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်  ယင်းတို့နှင့်ထိစပ်လျက်ရှိသော မြစ်ဖျား၊ ချောင်းဖျားများနှင့်   ဆည်၊  ကန်၊  ရေလှောင်တမံများအတွင်းသို့ နှစ်စဉ်  ၁ လက်မ အရွယ် ငါးသားပေါက် များကို မျိုးစိုက်ထည့်ပေးလျက်ရှိသည်။

နိုင်ငံတော်အကြီးအကဲက“တိုင်းပြည်စားနပ်ရိက္ခာဖူလုံရေးမှာအရေးကြီးကြောင်း၊ မွေးမြူရေးလုပ်ငန်း များကိုလည်း တွန်းအားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအတွက် ရေမြေ နှင့်အခြေခံကောင်းများရှိပါကြောင်း၊ ယင်းကိုအကျိုးရှိရှိအသုံးချရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းကို နည်းစနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းပြည်အတွက် စားနပ်ရိက္ခာ ပေါများရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးမှာ လွယ်ကူသည့်နည်းလမ်းဖြစ်ကြောင်း မြစ်ချောင်းအင်းအိုင်များတွင် ငါးမျိုးများအမြောက်အမြားစိုက်ထည့်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်လျှင် စားနပ်ရိက္ခာဖူလုံသည့်အပြင် စီးပွားဖြစ်သည့် အဆင့်သို့ရောက်ရှိလာမည်ဖြစ်ကြောင်း” ကိုလည်း  စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၂/၂၀၂၁) တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုနှစ်တွင် စိုက်ထည့်မည့်ငါးမျိုးသည် ရှင်သန်မှုနှုန်း ပိုမိုကောင်းမွန်ရေးအတွက် အနည်းဆုံး၂ လက်မအရွယ်ရှိသည့်ငါးသားပေါက်များကိုသာ မျိုးစိုက် ထည့်ရန်၊ သားငါးပေါများစေရန် အဓိကမြစ်ကြီးများတွင် ပိုမိုစိုက်ထည့်ရန်၊ ငါးမျိုးစိုက်ထည့်သည့် အချိန်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့်လိုအပ်သည့်အဖွဲ့များဖွဲ့စည်း၍ငါးမျိုးစိုက်ထည့်ရန်၊ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်ပေါင်းစပ်၍  တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ထိရောက်သည့် ငါးမွေးမြူရေးသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရန်နှင့် ငါးသားဖောက်သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးနိုင်ရန်  လိုအပ်မည်ဖြစ်ကြောင်း  လမ်းညွှန်မှာကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရေချိုရေပြင်များ 

မြန်မာနိုင်ငံတွင် ရေချိုငါးများရှင်သန် ပေါက်ပွားကြီးပြင်းနေ ထိုင်နိုင်သည့်ကုန်းတွင်းရေချိုရေပြင် များဖြစ်သော မြစ်၊ ချောင်း၊ အင်း၊ အိုင်များသည် ဧရိယာအားဖြင့် ဟက်တာသန်းပေါင်း ၈ ဒသမ ၁- ၈ ဒသမ၂ သန်း ရှိသည်။ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ် အရှည် ၂၁၅၀ ကီလိုမီတာ၊ ချင်းတွင်းမြစ် အရှည် ၁၂၀၀ ကီလိုမီတာ၊ သံလွင်မြစ် အရှည် ၂၈၀၀ ကီလိုမီတာ၊ စစ်တောင်းမြစ် အရှည် ၄၂၀ ကီလိုမီတာ၊ သဘာဝကန်ကြီးများဖြစ်သည့် ရှမ်းပြည်နယ် အင်းလေးကန် ၁၅၅၀၀ ဟက်တာ၊ ကချင်ပြည်နယ် အင်းတော်ကြီးကန် ၁၂၀၀၀ ဟက်တာ၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်ကန် ၂၈၅၀ ဟက်တာ၊ ရေချိုရေပြင် ဧရိယာ စုစုပေါင်း ၈ ဒသမ ၁ ဟက်တာသန်းအနက် ဧရိယာ ၁ ဒသမ ၂-၁ ဒသမ ၃ ဟက်တာသန်းသည် အမြဲတမ်းတည် ရှိသောရေချိုရေပြင်ဖြစ်ပြီး ကျန်ရှိသော ဧရိယာ ခုနစ်ဟက်တာသန်းခန့်သည် ရာသီအလိုက် ရေပေါ်ရေလျှံဧရိယာများဖြစ်သည်။ ရေချိုငါးသယံဇာတများ ရှင်သန် တည်ရှိပွားများရန် သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင် - ၂၀ ဒသမ၅၀ ဧက (သန်း)၊ ရေဝပ်ဧရိယာ   ၁၅ ဧက (သန်း) ၊  ဆည်/ရေလှောင်ကန် ၄ ဒသမ ၅ ဧက (သန်း)၊  စပါးစိုက်ဧက ၁၃ ဒသမ ၃၈ ဧက (သန်း)  စုစုပေါင်း  ၅၃ ဒသမ ၃၈ ဧက (သန်း) ရှိသည်။

မြန်မာနိုင်ငံ၏ ရေချို/ရေငန်စပ်နှင့် ရေငန်ရေပြင်များ

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ဘက်တွင်အိန္ဒိယသမုဒ္ဒရာ၊ ဧရာဝတီတိုင်းဒေသကြီးဘက်၌ဘင်္ဂလားပင်လယ်အော်၊ တနင်္သာရီတိုင်း ဒေသကြီးဘက်တွင်ကပ္ပလီပင်လယ်ပြင်တို့နှင့် ထိစပ်နေပြီး ကမ်းရိုးတန်းဒေသများတွင် ရေငန်ပုစွန်၊ ကဏန်းပျော့မွေးမြူရေးနှင့်  ကမ်းနီးပင်လယ်ပြင်တွင် ရေငန်ငါး၊  ရေမှော်စသည်တို့ကိုမွေးမြူ လျက်ရှိ သည်။ 

မြန်မာနိုင်ငံကမ်းရိုးတန်းအရှည်မှာ ၂၈၃၂ ကီလိုမီတာရှိသည်။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ပုစွန်မွေးတောင်သူများ၏ပုစွန်မွေးမြူခြင်းလုပ်ငန်းမှာ အများအားဖြင့် သဘာဝမှပုစွန်သား ပေါက်များကို မွေးကန်အတွင်းရေသွင်းပြီးပါလာသည့် ပုစွန်သားပေါက်များကိုသာ ထည့်သွင်းမွေးမြူ သောလုပ်ငန်းတစ်ခုဖြစ်သည်။ 

ယခုအခါ သဘာဝတွင် ဖမ်းဆီးမှုများပြားခြင်းကြောင့်လည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့်လည်းကောင်း၊ သဘာဝ၌ပုစွန်သားပေါက်များထွက်ရှိမှုမှာ တဖြည်းဖြည်းလျော့ကျလာပြီဖြစ်သည်။   ပုစွန်သားပေါက်များအား ပုစွန်သားပေါက်စခန်းများမှရယူပြီး ပုစွန်မွေးမြူရေးလုပ် ငန်းအားလုပ်ဆောင်သွားရန်နှင့် သဘာဝရေပြင်သို့ ပုစွန်မျိုးများမျိုးစိုက်ထည့်ရန် လိုအပ်လာသည်။

သို့ဖြစ်ပါ၍ရေငန်ပုစွန်သားပေါက်များအားရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပုစွန်သား ဖောက်စခန်း၊ စစ်တွေမြို့နယ်ရှိ ရေချမ်းပြင်ပုစွန်သားဖောက်စခန်းနှင့်  အောင်တိုင်ပုစွန်သား ဖောက်စခန်းတို့မှလည်းကောင်း၊  ရေချိုပုစွန်သားပေါက်များအား ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်ရှိ  ကျောက်တန်းပုစွန်သားဖောက်စခန်းမှ လည်းကောင်း နှစ်စဉ်မျိုးစိုက်ထည့်ပေးလျက်ရှိသည်။

ရေချိုငါးသယံဇာတ ရေရှည်တည်တံ့ရန်ဆောင်ရွက်ချက်များ

ငါးလုပ်ငန်းဦးစီးဌာနသည် ရေချို ငါးလုပ်ငန်းရေပြင်များပျက်စီးခြင်းမှကာကွယ်စောင့်ရှောက်ခြင်း၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တား ဆီးခြင်း၊ ဂရန်အင်းအတွင်း ဖမ်းဆီးခြင်းကိုအခြေခံသော မွေးမြူရေးစနစ်(Capture Based Culture System)ဖြင့် တိုင်းရင်းငါးမျိုးများအား ထိန်းသိမ်းပြုစုမွေးမြူခြင်း၊  ဂရန်အင်းအတွင်း ငါးအထွက်တိုး စေရေးအတွက် မွေးမြူရေးကိုအခြေခံသော ဖမ်းဆီးထုတ်လုပ်မှုစနစ်(Culture Based Capture System )ဖြင့် မွေးမြူရေးငါးသားပေါက်များထည့်သွင်းမွေးမြူခြင်း၊ ဆည်၊ ကန်ရေလှောင်တမံများအပါအဝင် ရေချိုငါးလုပ်ငန်းရေပြင်များတွင် ငါးမျိုးစိုက်ထည့်ခြင်း၊ တိုင်းရင်းငါးမျိုးထိန်းသိမ်းခြင်းနှင့် ငါးမျိုးပြုန်းတီး မှုမရှိစေရေးအတွက် သုတေသနအင်းများ သတ်မှတ်ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ရေချိုငါးလုပ်ငန်းနှင့်စပ်လျဉ်း၍  ဌာနပိုင်ငါးလုပ်ငန်းစခန်းများမှ အရည်အသွေးကောင်းမွန် သော ငါးမျိုးများဖောက်ပြီး ငါးသားဖောက်ထုတ်လုပ်ခြင်းနှင့် သဘာဝရေပြင်များသို့ ငါးသားပေါက်များ မျိုးစိုက်ထည့်ပေးခြင်း၊ သဘာဝငါးနေငါးထိုင်များနှင့် ငါးများသားပေါက်၊ မျိုးပွားသည့်နေရာများ ထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ အခြားတစ်ဖက်၌လည်း ငါးဖမ်းလုပ်ငန်းများကို စီမံခန့်ခွဲမှုအနေဖြင့် တရားမဝင်သောငါးဖမ်းနည်းများ (ဘက်ထရီရှော့တိုက်ခြင်း၊ အဆိပ်ချ၊ မိုင်းခွဲငါးဖမ်းခြင်း)ဖြင့် ဖမ်းဆီးထုတ်လုပ်ခြင်းကို မပြုလုပ်ရန် အသိပညာပေးခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ငါးသယံဇာတများရေရှည်တည်တံ့ပွားများစေရန်ထိန်းသိမ်းခြင်းနှင့် မျိုးပွားရာသီတွင် မျိုးငါးမကြီးများနှင့် ပေါက်ပွားလာသော ငါးရစ်၊ ငါးသန်များကို မဖမ်းဆီးရေး အသိပညာပေးခြင်းနှင့် တားမြစ်ခြင်း၊ အ‌ရေးယူခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်မှု

ငါးလုပ်ငန်းဦးစီးဌာနသည်  ငါးသယံဇာတများ ရေရှည်တည်တံ့ ပြန့်ပွားစေရေးနှင့် ငါးစားသုံးမှုဖူလုံစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်း ဒေသကြီး/ပြည်နယ်များရှိ သဘာဝမြစ်၊ ချောင်းများအတွင်းသို့ ဌာနပိုင် ငါးလုပ်ငန်းစခန်း ၂၆ ခုနှင့် ပုစွန်သား‌ဖောက်စခန်း ၃ ခုတို့မှ အောက်ဖော်ပြပါအတိုင်း နှစ်အလိုက် ၂ လက်မအရွယ်ငါး/ပုစွန် သားပေါက်များအား မျိုးစိုက်ထည့်ပေးခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သဘာဝမြစ်၊ ချောင်းများအတွင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်မှု၊ ပြည်ထောင်စုဝန်ကြီး၏ ကြီးကြပ်မှုတို့ဖြင့် ၂ လက်မအရွယ် ငါး/ပုစွန်သားပေါက်ကောင်ရေ ၃၈၈ ဒသမ ၇၄ သိန်း မျိုးစိုက်ထည့်ပြီး ငါးရိက္ခာ ဖူလုံစေရေးအတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်းရေးသားဖော်ပြအပ်ပါသည်။   ။

 MWD Web Portal

ဝေလင်းမောင်(ငါးဦးစီး)

သစ်ပင်စိုက်လျှင်ရှင်သန်ချင် လိုက်နာကြဖို့အသိယှဉ်
-

သစ်ပင်တစ်ပင်ရှင်သန်ဖြစ်ထွန်း အောင်မြင်စေရန် သစ်မျိုး၊ မြေ၊ ရေ၊ ရာသီဥတုတို့အပေါ် များစွာမူတည်ပေသည်။ သစ်မျိုးအလိုက် ရှင်သန်အောင်မြင်ဖြစ်ထွန်းသည့် ရပ်ဝန်းရှိကြသည်။ မြန်မာတို့၏ ရှေးကဘိုးဘွားတို့အစဉ်အဆက် စိုက်ပျိုးခဲ့သောသစ်ပင်များမှာ လက်ရှိ လူသားမျိုးဆက်တို့ကို အကျိုးပြုလျက်ရှိနေသကဲ့သို့လက်ရှိမျိုးဆက်တို့ကလည်း နောင်လာမည့်မျိုးဆက်များအတွက်  သစ်ပင်စိုက်ပျိုးခြင်းကို ပြုကြရမည်ဖြစ်သည်။

သစ်ပင်စိုက်ပျိုးခြင်းကြောင့်   သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတု ညီညွတ် မျှတစေခြင်းအပြင် မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သောလေရရှိခြင်း၊ သစ်ပင် ရှင်သန်နေစဉ် အသီး၊ အပွင့်၊ အရွက် စသည်တို့ခံစားရရှိခြင်း၊ နေစရာအတွက်  သစ်၊ တိုင်၊  မျော အလွယ်တကူရရှိပြီး ပိုလျှံက ရောင်းချခြင်းဖြင့် ဝင်ငွေရရှိခြင်း၊ သားငှက်တိရစ္ဆာန်များအတွက် အစာရေစာနှင့် နားနေရာရရှိခြင်း စသည့်လက်ငင်း အကျိုးကျေးဇူးများ ရရှိပါမည်။

မြန်မာလူမျိုးတို့သည် ကိုးကွယ်သည့် ဘာသာတရား၏ အဆုံးအမအရသော် လည်းကောင်း၊ မိရိုးဖလာ အစဉ်အလာအရသော် လည်းကောင်း ရှေးပဝေသဏီကပင် မိုးကြို၊ မိုးဦးကာလမှသည် မိုးကာလ  မြေဆီစိုခိုက် အချိန်တွင် သစ်ပင်စိုက်ခြင်းကို ဆောင်ရွက်ကြသည်၊

သစ်ပင်စိုက်ခြင်းကို ပသာဒဖြစ်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်လာစေရန်၊ သဘာဝတောများမှထုတ်ယူသုံးစွဲမှုလျှော့ချရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ သစ်တောများ ရေရှည်တည်တံ့စေပြီး စဉ်ဆက်မပြတ် အကျိုးရရှိစေရေးအတွက် ပြုစုထိန်းသိမ်းရေးနှင့်  စနစ်တကျထုတ်ယူ သုံးစွဲရေးဆိုင်ရာ အသိအမြင်များ တိုးပွားပြီး   သိရှိလိုက်နာစေရန်၊ ဒေသခံများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်အမျိုးမျိုးနှင့် သစ်ပင်များကို တစ်နိုင်တစ်ပိုင်၊ တစ်အုပ်တစ်မ၊ အစုအဝေးလိုက် ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ  စိုက်ကြသည်။ နိုင်ငံတစ်ဝန်းတွင် နေရာဒေသအလိုက် ပြည်နယ်၊တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက်နှင့် အထိမ်းအမှတ်နေ့များ စသည်ဖြင့် လူစုလူဝေး အင်အားသုံး မိုးရာသီသစ်ပင်စိုက်ပွဲများလည်း  နှစ်စဉ်ပြုလုပ်ကြသည်။ အားရစရာကြီးပင်။ သစ်ပင်စိုက်ခြင်းကို ခေတ်အဆက်ဆက်   နိုင်ငံတော်အကြီးအကဲများကလည်း အားပေးအားမြှောက် ပြုခဲ့ကြသည်။

သစ်ပင်စိုက်တိုင်း မိမိတို့၏ရည်ရွယ်ချက်အတိုင်း အကျိုးများသည့် သစ်ပင်များအဖြစ် ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရန် အသွင်နှင့် အနှစ်သာရအပြည့်အဝဖြစ်စေရန်သစ်ပင်စိုက်လျှင်ရှင်သန်ချင်  လိုက်နာကြဖို့ အသိယှဉ်စေ ချင်ပါသည်။

ဥပမာ ကျွန်း ဆိုပါစို့။ မိုးရေချိန်လက်မ ၆၀ မှ ၈၀ ကြား ရေစီးရေလာကောင်းပြီး မြေဩဇာထက်သန်သည့် မြေအမျိုးအစားတွင် ရှင်သန်ဖြစ်ထွန်းအောင်မြင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ဒေသတွင် ကျွန်းပင်စိုက်သော် ရှင်နိုင်သော်လည်း   မဖြစ်ထွန်း  မအောင်မြင်နိုင်ပါ။   ထိုအပင်မျိုးက  ကောင်းမွန်သော    ကျွန်းမျိုးဆက်များကို ပေးနိုင်စွမ်းမည်လည်း မဟုတ်ပါ။  ကျွန်း၏မျိုးရိုးဗီဇ အရည်အသွေးကိုပင် ယုတ်လျော့ကျ ဆင်းစေနိုင်သည်။ အလားတူ  ဒီရေတောသစ်မျိုးများကို တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသ သစ်မျိုးများကို အပူပိုင်း ဒေသတို့တွင်စိုက်ပါက  ရှင်သန်မှုမရှိနိုင်ပါ၊   သစ်မျိုးရွေးချယ်ရာတွင်   ဒေသ၏ရေမြေရာသီဥတုနှင့် လိုက်လျောညီထွေပြီးဖြစ်သည့် ဒေသသစ်မျိုးများကို ဦးစားပေးရွေးချယ်ရမည်ဖြစ်ပြီး  စိုက်သည့်ရည်ရွယ်ချက်က လောင်စာအတွက်ဆိုက အကြီးမြန်သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း၊ စီးပွားဖြစ် သစ်၊ တိုင်၊မျောအတွက်ဆိုပါက  စျေးကွက်မှတောင်းဆိုသည့် အဖိုးတန်သစ်မျိုးများ ရွေးချယ်၍သော် လည်းကောင်း စိုက်ရမည်ဖြစ်သည်၊၊

မြေရှိလျှင် သစ်ပင်စိုက်၍ ရပါသည်။ စိုက်သည့်မြေတွင် သစ်မျိုးအလိုက် အပင်ဖြစ်ထွန်းချင်မှဖြစ်ထွန်းမည်၊ မြေဆီမြေနှစ် မြေဩဇာကင်းမဲ့သောမြေ၊ အပင်အတွက် လိုအပ်သော အစိုဓာတ်မထိန်းသော မြေမှာ သစ်ပင်စိုက်က ရှင်သန်ရန်ခဲယဉ်းသည်။ အပင်ရှင်သန်ရန်ရေလိုသလို လိုသည်ထက်ပိုသော ရေဝပ်နေရာများ၊ ရေစီးရေလာမကောင်းသော နေရာများတွင် အပင်စိုက်ပါကလည်း မဖြစ်ထွန်းနိုင်ပါ။ အလားတူ ရာသီဥတုကိုလည်း သတိပြုရမည်။ ပူပြင်းသော၊ အေးသော၊ မိုးနည်းသော၊ မိုးများသောဒေသအလိုက် ရှင်သန်ဖြစ်ထွန်းမည့် သစ်မျိုးကိုသာ စိုက်ရမည်ဖြစ်သည်။  စိုက်ပင်တိုင်း ရှင်သန် အောင်မြင်ဖြစ်ထွန်းရေး သစ်မျိုးကို ဦးစားပေးလိုက သစ်မျိုးနှင့်  သဟဇာတဖြစ်မည့်   မြေနေရာရွေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် မြေနေရာဦးစားပေးလိုက မြေနေရာနှင့်လိုက်လျောညီထွေဖြစ်မည့် သစ်မျိုးကိုရွေးစိုက်ရမည်ဖြစ်သည်။

သစ်ပင်စိုက်မည့်မြေနေရာသည် လျှပ်စစ်ဓာတ်အားလိုင်းများ၊ သွယ်တန်းထားသည့် ဓာတ်ကြိုးများအောက်၊ နဂိုရှင်သန်ကြီးထွားပြီး အပင်ကြီးများအောက်၊ လမ်းဘေးဝဲယာဖြစ်က တိုးချဲ့မည့်လမ်းအဆင့်မြှင့်တင်မည့် လမ်းဧရိယာနှင့်  လမ်းနယ်နိမိတ်များ၊ အဆောက်အအုံ ဆောက်မည့်နေရာ၊ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည့်နေရာ၊ ရေဝပ်သည်နေရာတို့ဖြစ်ပါက  ရှောင်ရှားရမည်။ ဓာတ်ကြိုးများအောက်ခြေမှ ပေ ၅၀ ခွာရမည်။ ရေဝပ်နေရာဖြစ်ပါက လုံလောက်သောမြေစာဖို့ရမည်။ အမြန်လမ်း၊ ဒွေးလမ်းကြီးများ၏ လမ်းလယ်ကျွန်း အပင်စိုက်က အပင်ကြီးသစ်မျိုးအစား  အပင်ငယ်  သို့မဟုတ် ပသာဒဖြစ်မည့် သစ်မျိုးကိုရွေးရမည်။

သစ်ပင်စိုက်ရန် သစ်မျိုး၊ စိုက်မည့်နေရာရွေးချယ်ခြင်း

( Choice of species & Site selection)ပြီးနောက် ပျိုးဥယျာဉ်ရှိ ပျိုးပင်များကို ဒဏ်ခံနိုင်စေရန် တစ်နည်းအားဖြင့် သန်စွမ်းသောပျိုးပင်ဖြစ်စေရန်    ဧပြီလနောက်ဆုံးရက်သတ္တပတ်လောက်မှစ၍ မြေချမစိုက်မီအချိန်အတွင်း ရေလျှော့လောင်းခြင်း၊   အလင်းဖွင့်(Hardening process)    စသည့်လုပ်ငန်းများ ဆောင်ရွက်ရမည်။     (သစ်တောဦးစီးဌာနသည် သစ်ပင်စိုက်ပြီး   ရှင်သန်ကြီးထွားမှု ကောင်းစေရန် ဒဏ်ခံနိုင်သော၊  သန်စွမ်းသော အမြင့်  ၂ ပေနှင့်အထက်ရှိ ပျိုးပင်များကို မိုးကာလတွင် ပြည်သူ လူထုသို့ အခမဲ့ဖြန့်ဝေလျက်ရှိသည်။)  စိုက်မည့်အကွာအဝေးအလိုက် ပန္နက်ရိုက်ခြင်း၊   မြေပြုပြင်ခြင်းဆောင်ရွက်ရမည်။

မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသများတွင် ရေစုစည်းသိုမှီးနိုင်သည့် အရွယ်အစားရှိ ကျင်းတူးရမည်။ အများအားဖြင့် ၄'x၄'x၁'/ ၃'x၃'x၁'/၄'x၁'x၁' အရွယ်အစားရှိ ကျင်းအတွင်း အလယ်တွင် တစ်ပေပတ်လည် ချက်ကျင်းတူးရပါမည်။ အပူပိုင်းဒေသမှအပ ကျန်ဒေသများတွင် နှစ်ပေပတ်လည် တစ်ပေအနက်ကျင်း သို့မဟုတ်  ပျိုးအိတ်အရွယ်အစားပေါ်မူတည်၍ လိုအပ်သည့်     အရွယ်အစား ကျင်းတူးရပါမည်။

ကျင်းများအတွင်း ရောစပ်ထားသည့်မြေဆွေးများ အလုံအလောက်ထည့်ရပါမည်။ ရေလောင်းပေးနိုင်ပါက မိုးကြိုသစ်ပင်စိုက်ခြင်း၊ သစ်ပင်စိုက်ရန်လုံလောက်သည့် မြေအစိုဓာတ်ရရှိသည့် မိုးဦးကာလတွင်သစ်ပင်စိုက်ခြင်း  ဆောင်ရွက်နိုင်ပါပြီ။ ပျိုးဥယျာဉ်တွင်  ဒဏ်ခံနိုင်အောင် ပြုစုထားသည့်   ပျိုးပင်တို့သယ်ယူချိန်တွင်   ပျိုးပင်များမကျိုးမပျက်စေရန်၊   ပျိုးအိတ်မြေလုံးမကွဲစေရန်သယ်ရမည်။

သစ်ပင်စိုက်ကြရာတွင် ပျိုးအိတ်မြေလုံးမကွဲစေရန် သတိနှင့်ကိုင်တွယ်ပါ။ ပျိုးအိတ်ကို လက်နှစ်ဖက်ဖြင့် အသာဆုပ်ညှစ်ရပါမည်။ သစ်ပင်စိုက်မည့်ကျင်းအနီး ပျိုးအိတ်ပလတ်စတစ်အား လက်သည်း သို့မဟုတ် အသွားထက်ဓားသေးသေးဖြင့် ခွဲထုတ်ရပါမည်။

စိုက်ပင်အားတည့်တည့်မတ်မတ်ထား၍ မြေလုံးကို သတိဖြင့်ကျင်းအတွင်းအသာထည့်ပြီး စိုက်ပင်ဘေးပတ်လည် လေဟာမှုမဖြစ်စေရန် ဖို့မြေကို ဖိသိပ်ပေးရမည်၊။  အပင်အခြေ ရေဝပ်မှုမရှိစေရေး မို့မောက်သည်အထိ ရောစပ်ထားသည့် မြေဆွေးပုံပေးရပါမည်။

စိုက်ပင်များအား ကျွဲ၊ နွား၊ သိုး၊  ဆိတ်စသည့်အိမ်မွေးတိရစ္ဆာန်များ၊  အခြားဖျက်ဆီးမှုများ မရှိစေရန်  အကာအရံ အရံအတားများ စနစ်တကျပြုလုပ်ပေးရမည်။ လိုအပ်သလို ရေလောင်းပေးခြင်း၊ အရိပ်ပေးခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းသင်ရှင်းလင်း၊ မြေတောင်မြှောက် ခါးဆွခြင်းများဆောင်ရွက်ခြင်းဖြင့် ပြုစုထိန်းသိမ်းမှုပြုရပါမည်။

သစ်တောဦးစီးဌာနသည် ၂၀၂၅ ခုနှစ် မိုးကာလတွင် သစ်ပင်စိုက်ရန်   နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ အာဆီယံလမ်း၊ အမြန်လမ်းနှင့် လမ်းဘေးဝဲယာများ၊ အထူးလုပ်ငန်းတစ်ရပ်အနေဖြင့် အပင်စိုက်ခြင်း၊ နိုင်ငံတစ်ဝန်း  မိုးကြို/မိုးကာလ သစ်ပင်စိုက်ပွဲတော်များ ကျင်းပခြင်း၊ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများသို့ဖြန့်ဝေခြင်းတို့ အတွက် သစ်မျိုးစုံ၊ ဝါးမျိုးစုံ ပျိုးပင် ၂၁  သန်းနီးပါး ပျိုးထောင်ထားရှိပေသည်။ ထို့ပြင် သစ်ပင် ပျိုးထောင်မှုနှင့်ပတ်သက်၍ သစ်တော သစ်ပင်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တစ်သီးပုဂ္ဂလတစ်နိုင်တစ်ပိုင် ဝါသနာရှင်များ၏ ဆောင်ရွက်မှုများ ပါဝင်ပါက နှစ်စဉ်မြန်မာနိုင်ငံတွင် ပျိုးပင်များ သန်းဆယ်ချီမှုများသော အရေအတွက် ပမာဏဖြင့် ပျိုးထောင်ကြပါသည်။

ထို့အတွက် အချိန်၊ လုပ်အား၊ ငွေကြေး၊ နည်းပညာအရင်းအနှီးများ၏ တန်ဖိုးကား အနမတဂ္ဂပါ၊ သစ်ပင်စိုက်ရာတွင် ရှင်သန်အောင်မစိုက်ပါက၊ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပင်များ ပျက်စီးပါက တန်ဖိုး တွက်ချက်ရသည်ရော မရသည်ရော ဆုံးရှုံးမှုများကား မနည်းမနောရှိနိုင်ပေသည်။ မြေဆီစိုခိုက်  သစ်ပင်စိုက်ကြရာဝယ် စိုက်ပင်များအား

-ရှင်အောင်စိုက်၊

-ကြီးအောင်ပြုစု

-မြဲအောင်ထိန်းသိမ်းခြင်းဖြင့် တစ်ပင်မှတစ်တောဖြစ်အောင် စွမ်းဆောင်ရင်း သစ်ပင်များ စိုက်ကြပါစို့။

သစ်ပင် သစ်တောများသည်- အတိတ်ကာလ၏ အမွေအနှစ်၊ပစ္စုပ္ပန်ကာလတွင် အကျိုးစီးပွား၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးမြှုပ်နှံသည့် အရင်းအနှီးကောင်း များပင်ဖြစ်သည်။

နောင်လာနောက်သား မျိုးဆက်သစ်များအား အမွေကောင်းများပေးနိုင်စေရေး၊  စိမ်းလန်းစိုပြည်သည့်မြေကြီးမှ ရွှေသီးစေရေးနှင့် သက်ရှိများအားလုံး အကျိုးရှိစေရေးအတွက်  မိုးကာလမြေဆီစိုခိုက် သစ်ပင်များများ စိုက်ကြပါစို့။    ။

MWD Web Portal

အုန်းလွင်လေး

ပညာရှင်များစောင့်ကြည့်နေကြတဲ့ တရုတ်ရဲ့မျိုးဆက်သစ်တိုက်လေယာဉ်များ
-

hengdu J-36 နဲ့ Shenyang J-50 တို့ဆိုတာက တရုတ်နိုင်ငံရဲ့  နောက်ထပ်မျိုးဆက်သစ်ကိုယ်ပျောက် တိုက်လေယာဉ်များဖြစ်ပါတယ်။ သူတို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ အတိအကျ ဖော်ပြထားခြင်းမရှိတဲ့ နေရာတစ်ခုကနေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီအချိန်မှာပဲ တရုတ်နိုင်ငံရဲ့မျိုးဆက်သစ် တိုက်လေယာဉ်များကို စောင့်ကြည့်နေကြတဲ့လေ့လာသူများက မထင်ထားလောက်အောင် အံ့အားသင့်ခဲ့ရပါတယ်။

သို့ပေမယ့် ဘယ်လိုမျိုးနည်းပညာတွေကိုအသုံးပြုထားတယ်။ ဘယ်လိုစွမ်းဆောင်ရည်တွေရှိတယ်ဆိုတာကိုတော့ ဘယ်သူမှမသိခဲ့ကြပါဘူး။   ခန့်မှန်းပြီးတော့သာတစ်ယောက်တစ်မျိုး ထင်ကြေးပေးခဲ့ ကြတာပါ။

အခုဆိုရင် အဲဒီလေယာဉ်တွေထွက်ပေါ်လာတာ  အချိန်အားဖြင့်  ခြောက်လထဲကိုရောက်လာပါပြီ။ ဒီလေယာဉ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေလည်း တစ်စွန်းတစ်စထွက်ပေါ်လာခဲ့ပါပြီ။ ဒါကြောင့် ပညာရှင်များစိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ တရုတ်ရဲ့အဆင့်မြင့်တိုက်လေယာဉ်များ အကြောင်းနဲ့ပတ်သက်လို့ SCMP ဝက်ဆိုက်မှာဖော်ပြထားတာကို ပြန်လည်လက်ဆင့်ကမ်းဖော်ပြလိုက်ပါတယ်။

Chengdu J-36

သူ့ရဲ့ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီးခေါ်ရမယ်ဆိုရင် "Gingko Leaf" (ကမ္ဘာဦးပင်အရွက်)လို့ခေါ်နိုင်ပေမယ့် ချန်ဒူးလေကြောင်းစက်မှုကော်ပိုရေးရှင်းကထုတ်လုပ်ထားတဲ့လေယာဉ်ရဲ့တရားဝင်အမည် ကထွက်ပေါ်လာခြင်း   မရှိသေးပါဘူး။ လက်ရှိမှာ သူ့ရဲ့အမှတ်အသားနဲ့ နံပါတ်စဉ်ကိုလိုက်ပြီးခေါ်ဝေါ် ထားတာက တော့ Chengdu J-36 ဆိုပြီးဖြစ်ပါတယ်။

ပုံစံအပိုင်းကိုအရင်ပြောရမယ်ဆိုရင် J-36 ကစိန်ပွင့်ပုံစံရှိပါတယ်။ တောင်ပံက တြိဂံပုံစံရှိပါတယ်။ ဒီလိုတောင်ပံပုံစံကြောင့် လေယာဉ်ကအလွန်မြင့်မားတဲ့ အမြန်နှုန်းနဲ့သွားချိန်မှာ ဖြစ်ပေါ်လာတဲ့ လေဆွဲအားကိုလျော့ကျစေပါတယ်။ ပြီးတော့ သူ့မှာနောက်တစ်ခုထူးခြားတာက အမြီးပိုင်းမပါဝင်ပါဘူး။ ဒီလိုပုံစံနဲ့ဒီဇိုင်း ထုတ်ထားခြင်းက  အထူးသဖြင့်  ရေဒါရဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်စေဖို့ ဖြစ်ပါတယ်။

လေယာဉ်တစ်စင်းအတွက်အဓိကကျတဲ့အင်ဂျင်ပိုင်းကိုကြည့်မယ်ဆိုရင် သမားရိုးကျတိုက် လေယာဉ်တွေမှာအများဆုံးအနေနဲ့ အင်ဂျင်နှစ်လုံးပဲပါတာပါ။ ဒါပေမဲ့ J-36   မှာတော့  အင်ဂျင်သုံးလုံးအထိ တပ်ဆင်ထားပါတယ်။ အင်ဂျင်အမျိုးအစားက ဘာဖြစ်မလဲဆိုတာကိုအသေးစိတ် မသိရပေမယ့် လက်ရှိအသုံးပြုလျက်ရှိတဲ့ J-20 တိုက်လေယာဉ်မှာတပ်ဆင်ထားတဲ့ WS-10C Taihang အမျိုးအစား အင်ဂျင် ဒါမှမဟုတ် အင်ဂျင်ရဲ့တွန်းအားညွှန်ရပ် ကိုလိုသလိုပြောင်းလဲနိုင်ပြီး အဆင့်မြှင့်တင်ထားတဲ့ WS-10 အင်ဂျင် သို့မဟုတ် ပိုမိုအဆင့်မြင့်မားပြီး စွမ်းဆောင်ရည်ပိုင်းမှာသာလွန်လှတဲ့ WS-15 Emei ကိုတပ်ဆင်ထားနိုင်ဖွယ်ရှိပါတယ်။ဒီဇိုင်းပိုင်းအနေနဲ့ပြောရရင်သူ့မှာမြင့်မားလှတဲ့ကိုယ်ပျောက် စွမ်းရည် ရရှိစေဖို့ အထူးဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။

J-36 တိုက်လေယာဉ်က ဆဋ္ဌမမျိုးဆက်ဖြစ်တာကြောင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များနဲ့ တစ်မူထူးခြားတာတစ်ခုပါဝင်နေပါတယ်။ အဲဒါကတော့ လေယာဉ်ရဲ့ ပတ်ပတ်လည်မှာ ရေဒါနဲ့လျှပ်စစ်-မျက်မြင်ထောက်လှမ်းရေးကိရိယာတွေ တပ်ဆင်ထားတာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေကိုမြင်ရသလောက်ဆိုရင် J-36 တိုက်လေယာဉ် ကို J-20S လေယာဉ်က ဘေးကနေအတူ ယှဉ်တွဲလိုက်ပါတာကိုတွေ့ရတဲ့အတွက် J-36 ရဲ့အရွယ်အစားကိုလည်း ခန့်မှန်းရလွယ်ကူသွားပါတယ်။ ခန့်မှန်းချက်အရဆိုရင် အလျားက J-20 ရဲ့အလျားဖြစ်တဲ့ ၂၁ မီတာအောက်နဲ့ တောင်ပံအလျား ၃ မီတာအောက်သေးဖို့တော့ မရှိပါဘူး။

ဒါကြောင့် အတိအကျပြောနိုင်တဲ့တစ်ချက် က J-36 ဟာ အကြီးစားတိုက်လေယာဉ် ဖြစ်တဲ့ J-20 ထက်ကိုကြီးမားနိုင်တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။

ဒီလိုမျိုးအရွယ်အစားကြီးမားနိုင်တယ်ဆိုခြင်းကြောင့် သူ့မှာလက်နက်အများ အပြားပိုမိုတပ်ဆင်လာနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ သီအိုရီအရဆိုရင် သူ့ရဲ့ဝမ်းဗိုက်ပိုင်းမှာတပ်ဆင်ထားတဲ့ လက်နက် အိမ်ထဲမှာ  တာဝေးပစ်ဒုံးကျည်ခြောက်စင်းကနေ ရှစ်စင်းအထိသယ်ဆောင်နိုင်ဖွယ်ရှိမှာပါ။ ဘေးတစ် ဖက်တစ်ချက် စီမှာတော့ အသေးစားဒုံးကျည်နှစ်စင်းစီသယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်က လက်ရှိထွက်ပေါ်လာတဲ့ဓာတ်ပုံအရ လေယာဉ်ဦးခန်းထဲမှာထိုင်ခုံနေရာက သမားရိုးကျတိုက် လေယာဉ်တွေလိုမျိုး ရှေ့တစ်ခုံ၊ နောက် တစ်ခုံမဟုတ်ဘဲ ဘေးကပ်ရပ်နှစ်ခုံတွဲပုံစံ ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီလိုပုံစံမျိုးနဲ့သာ အမှန်တကယ်ထွက်ပေါ်လာရင် ဒါကဒရုန်း တွေကိုထိန်းချုပ်ဖို့အတွက်ဖြစ်နိုင်ဖွယ်ရှိပါတယ်။

Shenyang J-50

Chengdu J-36 လိုမျိုးပဲ စွမ်းဆောင်ရည်ပိုင်းမှာယှဉ်ပြိုင်လာနိုင်တဲ့ နောက်ထပ်လေယာဉ်တစ်စင်းက Shenyang J-50  ဖြစ်ပါတယ်။ သူ့ကို ရှန်းယန်းလေယာဉ် ထုတ်လုပ်ရေးကော်ပိုရေးရှင်းက ဖန်တီးထားတာပါ။ သူသည်လည်း J-36 လိုမျိုးပဲ အမြီးပိုင်းမပါတဲ့ တိုက်လေယာဉ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် J-50 က J-36 လိုမျိုး ပျံသန်းမှု   စွမ်းဆောင်ရည်များပါရှိတဲ့ လေယာဉ်တစ်စင်းဖြစ်ပါတယ်။

ဒါပေမဲ့ သူ့မှာအသုံးပြုထားတဲ့အင်ဂျင်ကတော့ နှစ်လုံးတည်းပါပဲ။ J-36 လိုမျိုး သုံးလုံးမဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအရှိဆုံးသော အင်ဂျင်အမျိုးအစားက တွန်းအား ညွှန်ရပ်ကို လိုသလိုပြောင်းလဲထိန်းချုပ်နိုင်စွမ်းရှိတဲ့ WS-10B/C အမျိုးအစားအင်ဂျင်ကိုအသုံးပြုလာနိုင်တယ်လို့ဆိုပါတယ်။

ဒီအင်ဂျင်ကိုအသုံးပြုထားတဲ့အတွက် လေယာဉ်ရဲ့လှုပ်ရှားသွားလာမှုကို ပိုမိုမြန်ဆန်စေမယ့်အပြင် လေယာဉ်ရဲ့ကိုယ်ပျောက်နိုင်စွမ်းကိုလည်း ပိုမိုမြင့်မားစေမှာဖြစ်ပါတယ်။

J-50 ရဲ့အရွယ်အစားကို J-16 နဲ့ယှဉ် ကြည့်လိုက်ချိန်မှာ အရွယ်အစားအားဖြင့် J-16 နဲ့အတူတူ ဖြစ်နေပေမယ့် တောင်ပံအလျားမှာတော့ J-50 ကပိုမိုရှည်လျား တာကိုတွေ့ရပါတယ်။ ဒါ့အပြင် J-50 ရဲ့ အရွယ်အစားက J-36 လောက်ကြီးမားခြင်းမရှိတဲ့အတွက် သူ့ကိုလေယာဉ်တင် သင်္ဘောပေါ်မှာ တင်ဆောင်အသုံးပြုသွား နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

လေယာဉ်ရဲ့ဝမ်းဗိုက်အောက်မှာ အချိုး ညီမျှစွာတည်ရှိနေတဲ့ လက်နက်အိမ်နှစ်ခုက တရုတ်နိုင်ငံရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးသော  ဝေဟင်မှ  ဝေဟင်တာဝေးပစ်ဒုံးကျည်ဖြစ်တဲ့ PL-17 ကိုတင်ဆောင်ဖို့ အထိအရွယ်အစားကြီးမားတာကိုမြင်ရပါ တယ်။ PL-17 ဒုံးကျည်ဆိုတာ ရေဒါလမ်း ညွှန်စနစ်သုံး ဝေဟင်မှဝေဟင်ပစ်ဒုံးကျည် တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် J-50 ဟာ ပစ်ကူပေးရေးနဲ့ဝေဟင် ကာကွယ်ရေးမှာ မြင့်မားတဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင် စေမယ်လို့‌ မျှော်မှန်းရပါတယ်။

ချန်ဒူးကုမ္ပဏီနဲ့ ရှန်းယန်းကုမ္ပဏီတို့သာမက တခြားတာဝန်ရှိသူများကလည်း J-36 နဲ့ J-50 တိုက် လေယာဉ်နှစ်စင်းစလုံးရဲ့အချက်အလက်တွေနဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာ ပေးထားခြင်း မရှိပါဘူး။

ဒါကြောင့် ဒီလေယာဉ်တွေထွက်ပေါ်လာမယ့်အချိန်၊ တပ်တော်ဝင်နိုင်မယ့်အချိန်၊ ထုတ်လုပ်သွားမယ့်အရေအတွက် အစရှိတာတွေနဲ့ပတ်သက်လို့ ဘာတစ်ခုမှမသိရသေးပါဘူး။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတာနဲ့အမျှစစ်လက်နက်နည်းပညာပိုင်းမှာလည်း ကိုယ့်အားကိုယ်ကိုးလာတာကြာနေပါပြီ။ လေယာဉ်တွေကို ကိုယ်တိုင်ထုတ်လုပ်တယ်။ လေယာဉ်တင်သင်္ဘောတွေကို ကိုယ်တိုင်ထုတ်လုပ်တယ်။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ အသံနှုန်းလွန် ဒုံးကျည်တွေကိုလည်း ကိုယ်တိုင်ပဲထုတ်လုပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။   တစ်နည်းပြောရရင် စစ်လက်နက်နည်းပညာပိုင်းမှာ တခြားပြိုင်ဘက်နိုင်ငံတွေထက်ခြေတစ်လှမ်း နောက်ကျနေခြင်း မရှိဘဲ အမီလိုက်နိုင်နေတာကို တွေ့ရပါတယ်။

ဒီအချိန်မှာ အံ့ဩမင်သက်လောက်စရာကောင်းတဲ့ တိုက်လေယာဉ်နှစ်စင်းထွက်ပေါ်လာတာက ပြိုင်ဘက်နိုင်ငံတွေအပေါ်ကျော်လွန်သွားစေနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။

အစောပိုင်းတုန်းကတော့ ရှေ့ပြေးပုံစံတူ လေယာဉ်တွေကိုစမ်းသပ်ပျံသန်းနေရာမှ လေ့လာစောင့်ကြည့် သူတွေကသတိထားမိပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုစူးစမ်းလေ့လာရင်း အခုလိုမျိုး အချက်အလက်တွေကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့များတရားဝင် ထုတ်ပြန်ချက်တွေထွက်လာရင် အခုလေယာဉ်နှစ်စင်းဟာ တရုတ်နိုင်ငံရဲ့ဝေဟင်အရေးသာမှုကို ဦးဆောင်မယ့် လေယာဉ်များဖြစ်လာမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။     ။

Ref: SCMP

ကိုထက်