ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်များကို ပြုစုပျိုးထောင်ခြင်းဖြင့် ဦးနှောက်စွမ်းအားကို မြှင့်တင်နိုင်ကြောင်း သုတေသီများက ရှာဖွေတွေ့ရှိ လာကြသည်။ အခက်အခဲများကိုဖြေရှင်းခြင်း၊ စူးစမ်းချင်စိတ်မွေးမြူခြင်း၊ ဘာသာစကားအသစ်များ သင်ယူ ခြင်း၊ ပတ်ဝန်းကျင်ရှိနေရာနှင့် အမြင်အာရုံများကို ဆက်စပ်နိုင်ရန်လေ့ကျင့်ခြင်း၊ တိတ်ဆိတ်စွာနေရန် အချိန်ခဏယူခြင်းနှင့် နောက်ပြန်တွေးခြင်းတို့ပါဝင် သည်။ တခြားသူများကို သင်ကြားပေးခြင်း၊ မတူညီ သောရှုထောင့်များကို ထည့်သွင်းစဉ်းစားခြင်း၊ သက်သောင့်သက်သာရှိသော အခြေအနေများမှ ရုန်းထွက်ခြင်းနှင့် အိပ်ရာမဝင်မီ နေ့စဉ်တွေ့ကြုံခဲ့သမျှ
ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်များကို ပြုစုပျိုးထောင်ခြင်းဖြင့် ဦးနှောက်စွမ်းအားကို မြှင့်တင်နိုင်ကြောင်း သုတေသီများက ရှာဖွေတွေ့ရှိ လာကြသည်။ အခက်အခဲများကိုဖြေရှင်းခြင်း၊ စူးစမ်းချင်စိတ်မွေးမြူခြင်း၊ ဘာသာစကားအသစ်များ သင်ယူ ခြင်း၊ ပတ်ဝန်းကျင်ရှိနေရာနှင့် အမြင်အာရုံများကို ဆက်စပ်နိုင်ရန်လေ့ကျင့်ခြင်း၊ တိတ်ဆိတ်စွာနေရန် အချိန်ခဏယူခြင်းနှင့် နောက်ပြန်တွေးခြင်းတို့ပါဝင် သည်။ တခြားသူများကို သင်ကြားပေးခြင်း၊ မတူညီ သောရှုထောင့်များကို ထည့်သွင်းစဉ်းစားခြင်း၊ သက်သောင့်သက်သာရှိသော အခြေအနေများမှ ရုန်းထွက်ခြင်းနှင့် အိပ်ရာမဝင်မီ နေ့စဉ်တွေ့ကြုံခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းတို့သည် မှတ်ဉာဏ်စွမ်းရည်ကို သိသိသာသာ တိုးတက်စေနိုင်သည်။
ဉာဏ်ရည်ဉာဏ်သွေးသည် လူတို့၏မွေးရာပါ စရိုက်လက္ခဏာဟု လူအများက ယုံကြည်ကြသော် လည်း လေ့ကျင့်မှုဖြင့်ကြီးထွားနိုင်သော ပြုစုပျိုးထောင် နိုင်သည့် ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ ကျန်းမာရေး နှင့်ညီညွတ်သောအလေ့အကျင့်များကို ကျင့်သုံးခြင်းဖြင့် ဦးနှောက်စွမ်းအားကိုမြှင့်တင်နိုင်ပြီး သင်ယူနိုင် စွမ်းကို ပိုမိုကောင်းမွန်စေသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို ရိုးရှင်းသောပြောင်းလဲမှု အနည်းငယ်ဖြင့် ဦးနှောက်၏ တီထွင်ဖန်တီးတွေးခေါ်မှုကို လှုံ့ဆော်ပေးပြီး သိမြင်နိုင်စွမ်းကို တိုးတက်စေကာ ပိုမိုရှင်းလင်းစွာ တွေးခေါ်နိုင်စေသည်။
ဦးနှောက်ကို အသိပညာဖြင့်မြှင့်တင်ခြင်း
'You are what you eat' ဆိုသကဲ့သို့ သင်ယူသည့်အပေါ်အခြေခံ၍ လိုက်လျောညီထွေဖြစ်စေသော ဉာဏ်ရည်ထက်မြက်မှုကိုဖြစ်စေသည်။
ဦးနှောက်ကိုထက်မြက်နေစေရန် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတစ်ခုခုကိုနေ့စဉ်ရယူပါ။ စိတ်ဝင်စားဖို့ ကောင်းသည့်နည်းဖြင့် ခက်ခဲသောစာအုပ်တစ်အုပ်ကိုဖတ်ရှုခြင်း၊ နက်နဲသော Podcast တစ်ခုကို နားထောင်ခြင်းနှင့် ရှုပ်ထွေးသောပဟေဠိများကို ဖြေရှင်းခြင်းတို့ ပါဝင်သည်။ ခက်ခဲသောစကားဝှက် ကို အဖြေရှာခြင်း သို့မဟုတ် တွေးခေါ်မှုကိုလှုံ့ဆော်ပေးသော ဆောင်းပါးတစ်ပုဒ်ကိုဖတ်ရှုခြင်းက ဦးနှောက်ကို တွေးတောဆင်ခြင်ရန် တွန်းအားပေး နိုင်သည်။
စူးစမ်းချင်စိတ်ကိုမွေးမြူခြင်း
ကလေးများသည် သဘာဝအတိုင်း စူးစမ်းတတ်သောကြောင့် 'ဘာကြောင့်လဲ' ဟု မေးတတ်သည်။ စူးစမ်းချင်စိတ်သည် သင်ယူခြင်း၏အခြေခံအုတ်မြစ် ဖြစ်သည်။ စူးစမ်းချင်စိတ်ကို မွေးမြူခြင်းသည် ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ နေ့စဉ် နက်နက်နဲနဲစူးစမ်းလေ့လာရန် အကြောင်းအရာ တစ်ခုကိုရွေးချယ်ပါ။ အဖြေကိုအမြန်ရှာမည့်အစား အကြောင်းအရာကို စေ့စေ့စပ်စပ်လေ့လာကြည့်ပါ။ ဥပမာအားဖြင့် အာကာသကို စိတ်ဝင်စားပါက တွင်းနက်များ သို့မဟုတ် တခြားဂြိုဟ်များပေါ်ရှိ သက်ရှိများ၏ဖြစ်နိုင်ခြေများအကြောင်း နောက်ဆုံး ရှာဖွေတွေ့ရှိချက်များကို သုတေသနပြုပါ။ ဤအလေ့အကျင့်သည် တွေးခေါ်မှုကိုထက်မြက်စေပြီး အသိပညာကို တိုးတက်စေသည်။ စူးစမ်းချင်စိတ်မျာလာလေဉာဏ်ရည်ထက်မြက်လာလေဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် ဘာသာစကားအသစ်များကို လေ့လာခြင်း
အထူးသဖြင့် အသက်ငယ်ငယ်ကတည်းက ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းသည် ဦးနှောက်ကို ထူးခြားသောနည်းလမ်းများဖြင့် လှုံ့ဆော်ပေးသည်။ အရွယ်ရောက်ပြီးစ ကလေးငယ်များ၏ IQ မြှင့်တင်မှုတွင် ဘာသာစကားသင်ယူခြင်းမှ အများဆုံးအကျိုး ခံစားရသကဲ့သို့ အရွယ်ရောက်ပြီးသူများသည်လည်း ဘာသာစကားလေ့လာရေး အက်ပ်များ အကူအညီ ယူ၍ ဘာသာစကားအသစ်များကို သင်ယူခြင်းဖြင့်မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။
အမြင်အာရုံလေ့ကျင့်ခန်းများဖြင့် IQ မြှင့်တင်ခြင်း
အမြင်အာရုံဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးသည် အမြင်ရုပ်ပုံများနှင့် အမြင်အာရုံဆက်နွှယ်မှုကို အသုံးပြု၍ပြဿနာများကို ဖြေရှင်းသည့် အထူးကျွမ်းကျင်မှု တစ်ခုဖြစ်သည်။ ဗိသုကာပညာရှင်၊ အနုပညာရှင်များနှင့် အင်ဂျင်နီယာများအဖြစ် ထူးချွန်သူများတွင် ဤ ဉာဏ်ရည်အမျိုးအစားကို တွေ့ရလေ့ရှိသည်။ ဝင်္ကပါ များကိုဖြေရှင်းခြင်း၊ 3D Model များဖြင့် လုပ်ဆောင် ခြင်း၊ မြေပုံများဖတ်ခြင်းကဲ့သို့သော လေ့ကျင့်ခန်း များပြုလုပ်ခြင်းဖြင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရည် ကို တိုးတက်စေသည်။ ရှုပ်ထွေးသော ပစ္စည်းအစိတ်အပိုင်းများကို တပ်ဆင်သော jigsaw puzzle ကဲ့သို့ ပဟေဠိတစ်ခုကိုဖြေရှင်းကြည့်ပါ သို့မဟုတ် ရှုထောင့် အမျိုးမျိုးမှ အရာဝတ္ထုများကို စိတ်ကူးပုံဖော်ရန် လိုအပ်သည့် Point-of-view exercise များကို လေ့ကျင့်ကြည့်ပါ။ ရိုးရှင်းသော်လည်း ထိရောက်သော လှုပ်ရှားမှုများကို နေ့စဉ်ဘဝတွင် လေ့ကျင့်ခြင်းဖြင့် ဉာဏ်ရည်ကိုသာမက စိတ်ပိုင်းဆိုင်ရာတက်ကြွမှုနှင့် လိုက်လျောညီထွေရှိမှုကိုလည်း တိုးတက်စေနိုင်သည်။
စိတ်ကြည်လင်စေရန် တိတ်ဆိတ်ငြိမ်သက်စွာနေခြင်းကို လေ့ကျင့်ခြင်း တိတ်ဆိတ်ငြိမ်သက်စွာနေ၍ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာငြိမ်သက်မှုကို အာရုံစိုက်ခြင်းသည်စိတ်ကြည်လင်စေသော လေ့ကျင့်မှုတစ်ခုဖြစ်သည်။ စိတ်ခံစားမှုများကိုပြေငြိမ်းစေရန်၊ စိတ်ဖိစီးမှုကို လျှော့ချရန်နှင့် ထိန်းချုပ်နိုင်စွမ်းကိုတိုးတက်စေရန် ကူညီပေးနိုင်သည်။ အေးအေးဆေးဆေးထိုင်ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းကို လေ့ကျင့်ရန် တစ်ရက်ကို အနည်းဆုံးငါးမိနစ်လောက် အချိန်ပေးပါ။ တိတ်ဆိတ်ခြင်းသည် စိတ်ခွန်အားကြီးထွားမှုအတွက် အစွမ်းထက်သော ကိရိယာတစ်ခုဖြစ်ပြီး ဉာဏ်ရည်ကို သိသိသာသာမြှင့်တင်ပေးနိုင်ပါသည်။ တိတ်ဆိတ်သော အခိုက်အတန့်တွင် ဦးနှောက်က စိတ်ကူးများကို ချိတ်ဆက်နိုင်ပြီး ပြဿနာများကို ပို၍ထိရောက်စွာ ဖြေရှင်းနိုင်ပါသည်။ ရှင်းလင်းပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု သို့မဟုတ် တီထွင်ဖန်တီးနိုင်သောအဖြေတစ်ခုကို ရရှိလာနိုင်သည်။
ပြဿနာဖြေရှင်းရန် နောက်ပြန်စဉ်းစားခြင်း
"နောက်ပြန်တွေးခြင်း" ဆိုသည်မှာ လိုချင်သော ရလဒ်ကို စိတ်ထဲထားပြီး ထိုရလဒ်ကိုဖြစ်ပေါ်စေမည့် လိုအပ်သောလုပ်ဆောင်မှုများ သို့မဟုတ် အခြေအနေများကို ဖော်ထုတ်ရန် နောက်ပြန်လှည့်ကာ အဖြေရှာခြင်းဖြစ်သည်။ နောက်ပြန်တွေးခြင်းသည် ပြဿနာဖြေရှင်းနိုင်စွမ်းရည်ကို ထက်မြက်စေမည့် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။ အကယ်၍ သင်သည် ပရောဂျက်တစ်ခုကို စီစဉ်နေပါက နောက် ဆုံးရလဒ်ကို ဦးစွာမြင်ယောင်ပြီး ထိုနေရာသို့ မည်သို့ ရောက်ရှိရမည်ကို အဆင့်ဆင့်ဖော်ထုတ်ခြင်းဖြစ်သည်။ အဆုံးပန်းတိုင်ကိုစိတ်ထဲ ထား၍ စတင်ပြီးအောင်မြင်ရန် လိုအပ်သည့်အဆင့်များကို အဖြေရှာရန် နောက်ပြန်လှည့်ပါ။ ဤနည်းလမ်းသည် အတွေးများအတွက် ရှင်းလင်းပြတ်သားသော နည်းလမ်းများနှင့် လက်တွေ့ကျသောအဖြေကို ပေးနိုင်ပါသည်။
တခြားသူများကို သင်ပေးခြင်းဖြင့် သင်ယူခြင်း
ဘာသာရပ်တစ်ခုကို တစ်စုံတစ်ဦးအားသင်ကြားရန် တက်ကြွစွာပြင်ဆင်ခြင်း၊ အယူအဆများကို ရှင်းလင်းစွာရှင်းပြခြင်းနှင့် ဖြစ်နိုင်ခြေရှိသောမေးခွန်းများ ကို ဖြေရှင်းပေးခြင်းဖြင့် ကိုယ်ပိုင်နားလည်မှုကိုပိုမိုခိုင်မာစေသည်။ တခြားသူများကို သင်ကြားပေးခြင်းသည် အချက်အလက်အသစ်များကို နားလည်စေမည့် အထိရောက်ဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ အသစ်အဆန်းတစ်ခုခုကို လေ့လာသည့်အခါ ၎င်းကို သူငယ်ချင်း သို့မဟုတ် ဆိုရှယ်မီဒီယာမှတစ်ဆင့် တခြားသူများအား မျှဝေပါ။ မိသားစုဝင်တစ်ဦးဦးကို ရှင်းပြပါ။ သင်ကြားခြင်းက သင့်အတွက်သာမက သင့်ပတ်ဝန်းကျင်ရှိသူများကိုပါ အကျိုးပြုစေပါသည်။
မတူကွဲပြားသောအတွေးအမြင်များနှင့် ချိတ်ဆက်ခြင်း
အတွေးအခေါ်မတူသူများနှင့် ထိတွေ့ဆက်ဆံခြင်းက သင့်အမြင်ကိုချဲ့ထွင်နိုင်ပြီး ဉာဏ်ရည်ထက် မြက်စေနိုင်ပါသည်။ အမြင်မတူသူများနှင့် ထိတွေ့ ဆက်ဆံဆွေးနွေးခြင်းဖြင့် စိတ်မသက်မသာဖြစ်နိုင်သော်လည်း ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို လှုံ့ဆော်ပေးသောကြောင့် အမြင်ကျယ်ပြန့်စေပြီး ဦးနှောက် ကို နိုးကြားလာစေသည်။ ထို့ကြောင့် မတူကွဲပြားသောရှုထောင့်မှထင်မြင်ချက်များကို မျှဝေသည့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်း သို့မဟုတ် ခေါင်းစဉ်အမျိုးမျိုးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုကို အားပေးသည့်ပွဲများကို တက်ရောက်ပါဝင် ဆွေးနွေးမှုများပြုလုပ်ရန် အတွေးအခေါ်ပညာရှင်များက တိုက်တွန်းထားသည်။
သက်သောင့်သက်သာရှိသော အခြေအနေမှ ရုန်းထွက်ခြင်း
ဦးနှောက်သည် သက်သောင့်သက်သာရှိသော အခြေအနေတစ်ခုမှကျော်လွန်၍ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ ဦးနှောက်ကိုကြီးထွားစေသည်ဟုဆိုသည်။ ညာသန်သူသည် ဘယ်ဘက်လက်ကိုအသုံးပြု၍အလုပ်လုပ်ခြင်း၊ ကျွမ်းကျင်မှုအသစ်ကို သင်ယူခြင်း၊ အစားအစာအသစ်များ စမ်း၍ချက်ပြုတ်ခြင်း၊ အလုပ်သို့ လမ်းကြောင်းအသစ်မှသွားခြင်းကဲ့သို့ သက်သောင့်သက်သာ အခြေအနေတစ်ခုမှ ရုန်းထွက်သည့်အပြောင်းအလဲများဖြင့် စတင်ရန် ကြိုးစားပါ။ သေးငယ်သော အပြောင်းအလဲများသည်လည်း ဦးနှောက်ကိုနိုးကြားလာစေပြီး ကြီးမားသောရလဒ်များ ရရှိစေနိုင်သည်။ ဥပမာအားဖြင့် နံနက်ခင်း ပုံမှန်လုပ်ငန်းစဉ်တွင် ဖုန်းကိုကြည့်မည့်အစား ယောဂ လေ့ကျင့်ခန်းကိုပြောင်းလဲခြင်းဖြင့် မှတ်ဉာဏ်နှင့် တခြားသောသိမြင်မှုဆိုင်ရာ စွမ်းဆောင်ရည်များ အတွက် အကောင်းဆုံးရလဒ်များကို ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ညမအိပ်ခင် တစ်နေ့တာကို ပြန်လည်သုံးသပ်ရန် အချိန်ယူခြင်း
ညတိုင်း အိပ်ရာမဝင်မီ တစ်နေ့တာလုံး တွေ့ကြုံ ခဲ့သမျှကို စကားစမြည်ပြောဆိုခြင်းမှ သတင်းအချက် အလက်အသစ်များအထိ ခဏလောက်အချိန်ယူ စဉ်းစားပါ။ ဤအလေ့အကျင့်သည် မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပြီး အာရုံကြောများ ချိတ်ဆက်မှုကို အားကောင်းစေသဖြင့် အရေးကြီးသောသတင်း အချက်အလက်များကို စိတ်ထဲတွင်ပို၍ မှတ်မိအောင် ကူညီပေးသည်။ အစည်းအဝေးတစ်ခု သို့မဟုတ် ကြည့်ရှုခဲ့သည့်ရုပ်ရှင်တစ်ကားမှ အဓိကအချက်များကို ပြန်စဉ်းစားကြည့်ပါ။ ဤလေ့ကျင့်ခန်းကို ည အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် သင်မည်မျှ မှတ်မိသည်ကို အံ့သြသွားနိုင်သည်။ မှတ်ဉာဏ်ကို တိုးတက်စေခြင်းသည် အချက်အလက်များကို ကျက်မှတ်ရုံထက်မက အလိုရှိသောအရာကို ရရှိစေမည့် စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်ကို တည်ဆောက်ခြင်း ဖြစ်သည်။
အနှစ်ချုပ်ရလျှင် ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက် မြက်လာစေရန်လေ့ကျင့်မှုမှာ ခဲယဉ်းသောအလုပ် တစ်ခုတော့မဟုတ်ပါ။ နေ့စဉ်ဘဝတွင် စူးစမ်းလိုစိတ် ကိုပြုစုပျိုးထောင်ခြင်း၊ လှုပ်ရှားမှု အသစ်များကိုစမ်းသုံးခြင်းနှင့် သက်သောင့်သက်သာရှိသော အခြေအနေတစ်ခုမှ ရုန်းထွက်ခြင်းဖြင့် သိမြင်နိုင်စွမ်းကိုမြှင့်တင်ပြီး ဦးနှောက်ဉာဏ်ရည်ကို မြှင့်တင်နိုင်ပါ သည်။ နေ့စဉ်ဘဝတွင် ရိုးရှင်းသော အလေ့အကျင့်များကို အကောင်အထည်ဖော်ခြင်းဖြင့် ဦးနှောက်ကို အားကောင်းစေပြီး မှတ်ဉာဏ် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပါသည်။
Source: Myawady Web Portal

အန္တာတိကတိုက်နှင့် အာတိတ်ဒေသတို့ပြီးလျှင် ရေခဲပမာဏအကြီးမားဆုံး သိုလှောင်ထားသည့် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းကြီးသည် ကမ္ဘာလုံးဆိုင်ရာပျမ်းမျှထက် သုံးဆပိုမိုပူနွေးလာသည်။ ဒေသအလိုက် စီးပွားရေးကို ပျက်စီးစေပြီး ကမ္ဘာတစ်ဝှမ်း မတည်မငြိမ်ဖြစ်မှုကို တွန်းအားပေးမည့် ရေခဲများလျင်မြန်စွာအရည်ပျော်မှု၏ ဆိုးရွားသောသက်ရောက်မှုများကို ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများမှ အရေးပေါ် အရေးယူဆောင်ရွက် ကြရမည်ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၅ ခုနှစ်ကို နိုင်ငံတကာ ရေခဲတောင်များထိန်းသိမ်း စောင့်ရှောက်ရေးနှစ်အဖြစ် ကြေညာခဲ့ခြင်းသည် ကမ္ဘာ့ရေခဲလွှာများ အရည်ပျော်ကျနေသည့် အဖြစ်မှန်ကို ပေါ်လွင်ထင်ဟပ်စေခဲ့သည့် အခိုက်အတန့်ဖြစ်ပေသည်။ ရာသီဥတုပြောင်းလဲမှုသည် အထူးသဖြင့် အာတိတ်ဒေသနှင့် အန္တာတိကတိုက်ပြီးနောက် အကြီးမားဆုံးသော ရေခဲပမာဏ ရှိသဖြင့် ကမ္ဘာ့တတိယ ဝင်ရိုးစွန်းဟုလူသိများသော ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းကြီးအပေါ် များစွာသက်ရောက်လျက်ရှိသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံအထိ နိုင်ငံပေါင်း ရှစ်နိုင်ငံကို ဖြတ်သန်း၍ ကီလိုမီတာ ၃၅၀၀ ကျော် ရှည်လျားသော ထိုတောင်တန်းသည် ကမ္ဘာလုံးဆိုင်ရာပျမ်းမျှထက် သုံးဆပိုမိုပူနွေးလာသည်။ ယခု ရာစုနှစ်အကုန်တွင် စက်မှုတော်လှန်ရေးမတိုင်မီကထက် အပူချိန် ၃ ဒီဂရီစင်တီဂရိတ် မြင့်တက်လာပါက ဒေသတွင်းရှိ ရေခဲတောင်များ၏ ၇၅ ရာခိုင်နှုန်းအထိ အရည်ပျော်ခြင်း၊ ရေရရှိနိုင်မှု လျော့နည်းခြင်း၊ အစားအစာနှင့် စွမ်းအင်လုံခြုံမှုကို လျော့နည်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း စသည်တို့ ပိုမို ဆိုးရွားလာစေမည်ဖြစ်သည်။
ရေခဲပြင်များ အရည်ပျော်ခြင်းသည် ပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းနှင့် ဒေသန္တရ စီးပွားရေး ပျက်စီးဆုံးရှုံးမှုများကို ခြိမ်းခြောက်လျက်ရှိသည်။ ထို့အပြင် ရွှေ့ပြောင်းနေထိုင်မှုများ တိုးမြင့်လာခြင်း၊ ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်လာခြင်း တို့ကြောင့် ကမ္ဘာတစ်ဝှမ်း မတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် နီပေါနိုင်ငံရှိ မယ်လန်ချီမြစ်ရေကြီးရေလျှံမှုဘေးသည် နောင်ဖြစ်လာမည့် အခြေအနေများကို အရိပ်အမြွက်ပေးခဲ့သည်။ ပုံမှန်မဟုတ်သော မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းခြင်း၊ နှင်းမိုးများထူထပ်စွာရွာသွန်းခြင်းတို့ကြောင့် စိုက်ပျိုးမြေဟက်တာ ထောင်ပေါင်းများစွာ ဆုံးရှုံး၍ အရေးပါသော အခြေခံအဆောက်အအုံများစွာ ပျက်စီးကာ လူသိန်းပေါင်း များစွာ သောက်သုံးရေ ပြတ်လပ် ခဲ့ရသည်။
ရေခဲတောင်များလျော့နည်းလာခြင်းကြောင့် ရေအနည်းငယ်သာ ကျန်ရှိတော့မည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းအပေါ် ထိခိုက်စေနိုင်မည်ဟု ခန့်မှန်းထားကြသည်။ မြစ်ရေ စီးဆင်းမှုလျော့နည်းလာခြင်းကြောင့် ကမ္ဘာ့ဆန်၏ သုံးပုံတစ်ပုံနှင့် ဂျုံ၏ လေးပုံ တစ်ပုံခန့် ထွက်ရှိသော ဧရိယာတွင် သီးနှံများစိုက်ပျိုးရန် ပိုမိုခက်ခဲလာစေနိုင်သည်။ ရေပေးဝေရေးနှင့် မိလ္လာစနစ်ကို ထိန်းသိမ်းရန် ခက်ခဲလာကာ ဒေသတွင်းအခြေခံမိလ္လာစနစ် လက်လှမ်းမမီသော လူဦးရေ တစ်ဘီလီယံခန့်လည်း ထပ်လောင်း တိုးလာစေနိုင်သည်။ စားနပ်ရိက္ခာမလုံလောက်မှုသည်လည်း ပိုမိုဆိုးရွားလာမည်မှာ အသေချာပင်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းများနှင့် စက်မှုလုပ်ငန်းတစ်ခုလုံးသည်ပင်လျှင် ရေချိုရှာဖွေရန်အတွက် ရွှေ့ပြောင်း သွားလာရန် လိုအပ်လာပေလိမ့်မည်။ အာရှတိုက်၏ အဆင်းရဲဆုံးနှင့် ထိခိုက်အလွယ်ဆုံး ပြည်သူများသည် ပြင်းထန်စွာ ထိခိုက်ခံစားကြရဦးမည်ဖြစ်သည်။
အဆိုပါဒေသရှိ ရေခဲများအရည်ပျော်မှု မြန်ဆန်လာခြင်း၏ ဆိုးရွားသော သက်ရောက်မှုများကို ရှောင်ရှားရန် ကမ္ဘာကြီးအနေဖြင့် အရေးတကြီး လုပ်ဆောင်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘေးအန္တရာယ် ပေါင်းစုံ အကဲဖြတ်စစ်ဆေးမှု (Multi-hazard Risk Assessment)တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မိမိတို့၏ အသိပညာများ ပိုမိုကြွယ်ဝလာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာသည် ကမ္ဘာ့အပူချိန် 1.5°၊ 1.8°၊ 2° သို့မဟုတ် 3°C မြင့်တက်လာခြင်းအပေါ် များစွာ မူတည်နေပါသည်။ အချက်အလက်စုဆောင်းမှုကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ အသိပညာမျှဝေခြင်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုကို ကောင်းမွန်အောင်လုပ်ဆောင်ခြင်းနှင့် မြစ်ညာနှင့်မြစ်အောက်ပိုင်းနေထိုင်သောပြည်သူများနှင့် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ပေါင်းစည်းမြစ်ဝှမ်းစီမံခန့်ခွဲမှုကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
အခြေခံအဆောက်အအုံအသစ်များနှင့် ရှိရင်းစွဲအခြေခံအဆောက်အအုံများသည် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်းသည် ဘေးကင်းသော သောက်သုံးရေနှင့် စွမ်းအင်လုံခြုံရေးတို့အပြင် မိလ္လာ၊ ဆည်မြောင်း နှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ဂေဟစနစ်များကို ကာကွယ်ရန်နှင့် သစ်တောပျိုးထောင်ခြင်း၊ ပြန်လည်စိုက်ပျိုးခြင်း၊ စိမ့်မြေထိန်းသိမ်းခြင်းနှင့် ရေလွှမ်း လွင်ပြင် ပြန်လည်ထူထောင်ခြင်းကဲ့သို့သော သဘာဝအခြေခံ ဖြေရှင်းနည်းများကို မြှင့်တင်ရန်လည်း အချိုးညီစွာ အရေးကြီးပေသည်။
အဆိုပါ နည်းဗျူဟာ၏အစိတ်အပိုင်းတိုင်းသည် ဘဏ္ဍာငွေ ပိုမိုလိုအပ်မည်ဖြစ်သည်။ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများသည် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားရမည်ဖြစ်သည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက် ၎င်းတို့၏ အရေးပါမှု ကို ပေးထားသည့် အဆိုပါရေခဲဒေသနှင့် ၎င်း၏မြစ်ဝှမ်းဒေသတို့ကို ကမ္ဘာလုံးဆိုင်ရာ အများသူငှာ ကောင်းကျိုး အဖြစ်သတ်မှတ်၍ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်သည်။
နောက်ဆုံးအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းသည် ပူးပေါင်းဆောင်ရွက်မှုနှင့် သံခင်းတမန်ခင်း နည်းလမ်းအားဖြင့် ရေခဲပြင်အရင်းအမြစ်များကို သာတူညီမျှစွာအသုံးပြုမှုကို မြှင့်တင်ပေး ရမည်ဖြစ်သည်။ ယင်းသည် ဖြစ်နိုင်ခြေရှိသော တင်းမာမှုများကို ပြေပျောက်စေပြီး ဒေသတွင်းရှိ ရေခဲတောင်များသည် ပဋိပက္ခထက် ငြိမ်းချမ်းရေးအတွက် တွန်းအားတစ်ခုအဖြစ် ဆောင်ရွက်ပေးကြောင်းသေချာစေကာ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် အဆိုပါရည်မှန်းချက်အချို့ကို ပြည့်မြောက်အောင် ဆောင်ရွက် လျက်ရှိသည်။ Green Climate Fund နှင့် မိတ်ဖက်နိုင်ငံများနှင့်အတူ ADB သည် Glaciers to Farms အစီအစဉ်ကို မကြာသေးမီက စတင်ခဲ့ပြီး အာရှအလယ်ပိုင်းနှင့် အနောက်အာရှ တို့တွင် စိုက်ပျိုးရေးကဏ္ဍ၌ ရာသီဥတုဒဏ်ခံနိုင်ရည် အားကောင်းလာစေရန် ဒေါ်လာ ၃.၅ ဘီလီယံ ထည့်ဝင်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဟိန္ဒူကုရှ်ဟိမဝန္တာ-ဘူတန်နှင့် နီပေါနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွင် ရာသီဥတုဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများကို စီစဉ်ရေးဆွဲရာတွင်လည်း ကူညီ ပံ့ပိုးပေးနေသည်။ ထို့အပြင် ADB သည် ဂေဟစနစ်ပြန်လည်ဖြည့်ဆည်းမှု (Eco-compensation Mechanisms), ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်မည့် ကာဗွန်အရောင်းအဝယ်စနစ် (Carbon Markets) and ရေကုန်သွယ်ရေး(Water Trading)နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆက်စပ်နေသော စာချူပ်များ (Sustainability-linked Bonds) ကဲ့သို့သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်သစ်များကိုလည်း စမ်းသပ် လုပ်ဆောင်လျက်ရှိသည်။
UNESCO နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) တို့သည် ပြီးခဲ့သောလက နိုင်ငံတကာ ရေခဲတောင် များထိန်းသိမ်းစောင့်ရှောက်ရေးနှစ်အဖြစ် ကြေညာခဲ့မှုအပေါ် WMO အထွေထွေ အတွင်းရေးမှူးချုပ် Celeste Saulo က ကမ္ဘာကြီးအနေဖြင့် တက်ကြွနိုးကြားစွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ရာသီဥတုဒဏ်ခံနိုင်ရည် တည်ဆောက်ခြင်းမှသည် စိမ်းလန်းသော အကူးအပြောင်း (ရာသီဥတုပြောင်းလဲမှု နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတို့ကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုရေရှည်တည်တံ့သော လူနေမှု ပုံစံများဆီသို့ ကူးပြောင်းမှု) နှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင်ခြင်းအထိ ရေခဲတောင် များနှင့် ၎င်းတို့၏ ဆက်စပ်ဂေဟစနစ်ကို မှီခိုနေရသည့် သန်းပေါင်းများစွာသော ပြည်သူများအတွက် ရေရှည်တည်တံ့သောအနာဂတ် သေချာစေရန်အတွက် ကမ္ဘာ့အသိုက်အဝန်းသည် ၎င်း၏စွမ်းအားဖြင့် ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပါက ကျွန်ုပ်တို့ အားလုံးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပေသည်။
စာရေးသူ Masatsugu Asakawa သည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဥက္ကဋ္ဌဖြစ်သည်။
ဘာသာပြန်ဆိုသူ- ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
Source: https://www.eco-business.com/opinion/meltdown-at-the-top-of-the-world/

မြန်မာနိုင်ငံ၏ ဆီလိုအပ်မှုအခြေအနေ
လူတစ်ဦး တစ်နေ့ဆီ ၁ ဒသမ ၇ ကျပ်သားနှုန်း စားသုံးသည်ဟု တွက်ပါက လူတစ်ဦးသည် တစ်နှစ်လျှင် ၆ ပိဿာ စားသုံးပါသည်။ ၂၀၂၄ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ဖြင့် ဆိုပါက တစ်နှစ်လျှင် ဆီတန်ချိန် ၅ သိန်းကျော် လိုအပ်မည်ဖြစ်သည်။ စားသောက်ကုန် ထုတ်လုပ် သည့် လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်မိုတယ်တည်းခိုခန်းများ၊ တိရစ္ဆာန်အစားအစာ တွင် အသုံးပြုမှုများနှင့် အခြားသော အသုံးပြုမှုများအရ တစ်နှစ်လျှင်တန်ချိန် ၃-၄ သိန်းခန့် လိုအပ် မည်ဟု ခန့်မှန်းသည်။ သို့ဖြစ်၍ တစ်နှစ်လျှင် မြန်မာနိုင်ငံ၏ ဆီလိုအပ်ချက်မှာ တန်ချိန် ၈ သိန်းမှ ၉ သိန်းခန့် လိုအပ်မည်ဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၀ ပြည့် နှစ်မတိုင်မီက တစ်နှစ်လျှင် စားသုံးဆီတန်ချိန် ၈ သိန်းကျော် တင်သွင်းခဲ့ပြီး နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာသန်း ၆၀၀ ကျော်အထိ ကုန်ကျခဲ့သည်။
စားအုန်းဆီ
စားအုန်းဆီသည် ဆီအုန်းပင်များမှ ထွက်ရှိပြီး ဆီထွက်သီးနှံများတွင် ဆီထုတ်လုပ်နိုင်မှု အများဆုံးဖြစ်ခြင်းကြောင့် စားသုံးဆီများတွင် စားအုန်းဆီသည် နေရာရရှိလာသည်ကို တွေ့နိုင်သည်။
မြန်မာနိုင်ငံသို့ စားအုန်းဆီကို ၁၉၇၆ ခုနှစ်ခန့်မှ စတင်တင်သွင်းခဲ့သည်ဟု သိရသော်လည်း အများအပြား တင်သွင်းလာသည်မှာ ၁၉၉၀ ပြည့်နှစ်တွင်မှဖြစ်သည်။ ထိုစဉ်က စားအုန်းဆီသည် ဈေးနှုန်းသက်သာခြင်းကြောင့် ဝင်ငွေနည်းသော လုပ်သားပြည်သူများအတွက် ဈေးသက်သက် သာသာဖြင့် စားသုံးနိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
စားသုံးဆီတစ်မျိုးချင်း၏ အားသာချက် အားနည်းချက်များ
စားသုံးဆီတစ်မျိုးချင်း အနေဖြင့် အားသာချက်၊ အားနည်းချက်များရှိကြသည်။ ထိုအထဲတွင် စားသုံးဆီများအကြောင်း သိထားသင့်သည်မှာ စားသုံးဆီတိုင်းတွင် ပြည့်ဝဆီ (Saturated fatty acid)၊ မိုနိုမပြည့်ဝဆီ (Monounsaturated fatty acid) နှင့် ပိုလီမပြည့်ဝဆီ (Polyunsaturated fatty acid) ဟူသော အမျိုးအစားသုံးမျိုးသာ ပါဝင်ကြသည်။
ပြည့်ဝဆီ (Saturated fatty acid) ပါဝင်မှုများသော ဆီသည် ကျန်းမာရေးကို များစွာထိခိုက်စေနိုင်သည်။ မိုနိုမပြည့်ဝဆီ (Monounsaturated fatty acid) နှင့်ပိုလီမပြည့်ဝဆီ (Polyunsaturated fatty acid) များသည် ကျန်းမာရေးအတွက် ကောင်းမွန်သည်။
မပြည့်ဝဆီထဲတွင် ပါဝင်သော အိုမီဂါ- ၃ သည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်ဟုဆိုသည်။ ထိုအထဲတွင် ပြည့်ဝဆီ (Saturated fatty acid) ပါဝင်မှုများသော ဆီများမှာ ဝက်ဆီ၊ အမဲဆီနှင့် စားအုန်းဆီတို့ဖြစ်ကြပြီး အဆိုပါဆီများကို စားသုံးပါက လူ့ခန္ဓာကိုယ်၏ သွေးကြောများကိုကျဉ်းစေကာ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ရောဂါတို့ကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။
ထိုအချက်အပြင် အရေးကြီးသော အချက်တစ်ခုမှာ စားသုံးဆီများ၏ အရည်အသွေးတစ်ခုအဖြစ် သတ်မှတ်ထားသော အိုင်အိုဒင်းတန်ဖိုး (Iodine Value - IV) ပါဝင်မှုရာခိုင်နှုန်းဖြစ်သည်။ အိုင်အိုဒင်းတန်ဖိုးသည် ပြည့်ဝဆီ၊ မပြည့်ဝဆီတို့နှင့် သက်ဆိုင်နေ၍ ပြည့်ဝဆီများလေလေ အိုင်အိုဒင်းတန်ဖိုးနည်းလေလေဖြစ်ပြီး ပြည့်ဝဆီနည်း၍ မပြည့်ဝဆီများလေလေ အိုင်အိုဒင်းတန်ဖိုးများ လေလေဖြစ်သည်။ ထို့ကြောင့် စားသုံးဆီများကို စားသုံးရန်အတွက် ရွေးချယ်မည်ဆိုပါက အိုင်အိုဒင်းတန်ဖိုးများသော ဆီများကိုသာ ရွေးချယ်စားသုံးသင့်သည်ဟု အကြံပြုလိုသည်။ ပြည်တွင်း၌ အများဆုံးထုတ်လုပ်သော စားသုံးဆီများဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီတို့သည် အားသာချက်များစွာရှိသည်ကို အများသိရှိပြီးဖြစ်သည်။ ထိုဆီများနှင့် နိုင်ငံခြားငွေများသုံးစွဲပြီး တင်သွင်းနေရသော စားအုန်းဆီတို့ကို နှိုင်းယှဉ်၍ တင်ပြလိုသည်။
မြေပဲဆီကို ပထမဦးစွာ ကြည့်မည်ဆိုပါလျှင် မြေပဲဆီတွင်ပါဝင်သော အာဟာရဓာတ် မိုနိုမပြည့်ဝဆီ ၄၆ ဂရမ်၊ ပိုလီမပြည့်ဝဆီ ၃၂ ဂရမ်ပါဝင်ပြီး ကျန်းမာရေးအတွက် မကောင်းသော ပြည့်ဝဆီမှာ ၁၇ ဂရမ်ခန့်သာ ပါဝင်သည်ဟုသိရသည်။ မြေပဲ၏အားသာချက်တစ်ခုမှာ အချို့သောဆီများကဲ့သို့ အရောင်အနံ့ချွတ်ရန်မလိုအပ်ဘဲ သဘာဝအတိုင်း ကြိတ်ခွဲထုတ်လုပ်နိုင်သဖြင့် သဘာဝအရောင် အရသာများအတိုင်းရရှိစေသည်။ မြေပဲဆီတွင် ကိုလက်စထရော မပါဝင်သကဲ့သို့ ကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်အီးနှင့် သွပ်ဓာတ်များ ပါဝင်ကြသည်။
မြေပဲတွင် အဓိကသတိပြုရမည်မှာ မခြောက်သွေ့လျှင် အာဖလာတောက်ဆင်မှိုဆိပ် ပါဝင်လာမည်ဖြစ်သည်။ အိုင်အိုဒင်းတန်ဖိုးမှာ ၈၅ မှ ၁၁၀ ဂရမ်/ ၁၀၀ ဂရမ်အထိပါဝင်သည်။ ထို့ကြောင့် ရောနှောဆီအဖြစ် အခြား အိုင်အိုဒင်းတန်ဖိုးနိမ့်သောဆီ (ဥပမာ- စားအုန်းဆီ အိုင်အိုဒင်းတန်ဖိုး ၅၈) ဖြင့် ရောနှောပါက ရောနှောဆီသည် စားအုန်းဆီသက်သက်ထက် အရည်အသွေးတက်လာမည်ဖြစ်သည်။ မြေပဲဆီကို မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး ဆီအဖြစ် သတ်မှတ်ရမည်ဖြစ်သည်ကို တွေ့ရှိနိုင်သည်။
စိုက်ပျိုးထုတ်လုပ်မှုတွင်လည်း အများဆုံးစိုက်ပျိုးထုတ်လုပ်ခြင်း၊ စိတ်ချရသော နာမည်ကြီး ဆီစက်ကြီးများကလည်း မြေပဲဆီများ ကြိတ်ခွဲဖြန့်ဖြူးနေခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွက်ဆိုပါက မြေပဲ ဆီကို စားသုံးရန် အသင့်ဆုံးအခြေအနေဖြစ်သည်ဟု ဆိုနိုင်သည်။ စားသုံးဆီဖူလုံပါက မြေပဲဆီကိုသာ လူထုကရွေးချယ် စားသုံးကြမည်မှာ သေချာလျက်ရှိသည်။
ပုံမှန်နေကြာဆီ ၁၀၀ ဂရမ်တွင် ပိုလီမပြည့်ဝဆီ (အိုမီဂါ-၃နှင့် အိုမီဂါ-၆) ၆၅ ဒသမ ၇ ဂရမ်၊ မိုနိုမပြည့်ဝဆီ (အိုမီဂါ-၉၊ အိုးလီရစ်အက်စစ်) ၁၉ ဒသမ ၅ ဂရမ်၊ ပြည့်ဝဆီ ၁၀ ဒသမ ၃ ဂရမ်တို့ပါဝင်သည်။ နေကြာဆီ၏ ရူပဓာတုဂုဏ်သတ္တိများတွင် အိုင်အိုဒင်းတန်ဖိုး ၇၈ မှ ၁၂၂ ဂရမ်/ ၁၀၀ ဂရမ်အထိ ပါဝင်နေသည်ကို တွေ့ရကြောင်းသိရသဖြင့် နေကြာဆီသည် မြေပဲဆီထက်ပင် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ဆိုနိုင်သည်။ နေကြာဆီ၏ အားသာချက်တစ်ခုမှာ အာဖလာတောက်ဆင်မှိုဆိပ် လုံးဝကင်းစင်ခြင်းဖြစ်သည်ဟု သိရသည်။ မှိုဆိပ်ကင်းစင်သည့်အပြင် ဗီတာမင်ကေနှင့် ဗီတာမင်အီးကြွယ်ဝခြင်း၊ ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် အိုမီဂါ-၃ နှင့် အိုမီဂါ-၉ တို့ များစွာပါဝင်သည်။ နေကြာဆီကို ဆီပါးသည်ဟု ယူဆကြသော်လည်း အမှန်မှာ နေကြာဆီသည် အနံ့၊ အရသာကောင်းမွန်သဖြင့် ချက်ပြုတ်ခြင်းအပြင် ကြော်လှော်သည့် နေရာတွင်လည်း သုံးစွဲနိုင်သည်။
နှမ်းဆီ ၁၀၀ ဂရမ်တွင် ပါဝင်သော အာဟာရဓာတ်များတွင် မိုနိုမပြည့်ဝဆီ အိုးလီရစ်အက်စစ် ၄၂ ဂရမ်၊ ပိုလီမပြည့်ဝဆီ လီနိုလီရစ်အက်စစ် ၄၃ ဂရမ်၊ ပြည့်ဝဆီ ၁၅ ဂရမ်နှင့် ဗီတာမင်ကေနှင့်အီးတို့ ပါဝင်ကြသည်။ ကိုလက်စထရောလည်း မပါဝင်ပါ။ အိုင်အိုဒင်းတန်ဖိုးမှာလည်း ၁၀၄ မှ ၁၂၀ ဂရမ်/၁၀၀ ဂရမ်အထိ ပါဝင်ကြသည်။ နှမ်းဆီကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးသကဲ့သို့ မက်မက်မောမော စားသုံးကြသည်။ ရိုးရာတိုင်းရင်းဆေးအဖြစ် သုံးစွဲလေ့ရှိပြီး အိန္ဒိယတွင် လိမ်းဆေးအဖြစ်လည်း သုံးစွဲလေ့ရှိသည်။
နှမ်းဆီကိုကြော်ရာတွင် အမြှုပ်ထွက်များသည်ဟုဆိုကာ အိမ်ရှင်မများက ကြိုက်နှစ်သက်မှု နည်းတတ်သော်လည်း အမှန်အားဖြင့် နှမ်းဆီ၏ ဆီခိုးမှတ်မှာ ၃၅၀ မှ ၄၅၀ ဒီဂရီဖာရင်ဟိုက်အထိ ရှိသဖြင့် ကောင်းစွာကြော်လှော်နိုင်သည်။ ယခုအခါ ဆီစက်များ၏ အရည်အသွေး တိုးတက်လာသဖြင့် နှမ်းဆီကောင်းများ ပိုမိုရရှိလာပြီး နှမ်းဆီကို ကောင်းစွာသုံးစွဲနိုင်ပြီဖြစ်သည်။ နှမ်းလှော်ဆီမွှေး သည် များစွာတန်ဖိုးရှိသဖြင့် ပြည်တွင်းဖူလုံမှုအတွက်အပြင် ပြည်ပတင်ပို့ရေးအတွက်လည်း နှမ်းဆီ ကို ကြိတ်ခွဲထုတ်လုပ်သင့်သည်။ စားရန်သင့်တော်သော ဆီတစ်မျိုးမှာ ပဲပုပ်ဆီ (Soybean Oil) ဖြစ်သည်။ အဆိုပါဆီကို ဆီစက်သမားများက ပဲပိစပ်ဆီဟုလည်း အမည်ပေးတတ်ပါသည်။ “ပုပ်” ဆိုသော စကားလုံးနှင့် အသံထွက်ကို မသုံးလိုသဖြင့် ပြောင်းလဲသုံးစွဲခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ခေါ်တွင်စေကာမူ အဆိုပါ Soybean Oil ၁၀၀ ဂရမ်တွင် ပိုလီမပြည့်ဝဆီ [ လီနိုလီရစ်အက်စစ် (အိုမီဂါ-၆) ၅၀ ဂရမ်နှင့် (အိုမီဂါ- ၃) ၁၀ ဂရမ်] ၆၀ ဂရမ်၊ မိုနိုမပြည့်ဝဆီ (အိုးလီရစ်အက်စစ် အိုမီဂါ- ၉) ၂၅ ဂရမ်၊ ပြည့်ဝဆီ ၁၅ ဂရမ်၊ ဗီတာမင်အီးနှင့် ဗီတာမင်ကေ အနည်းငယ်ပါဝင်သည်။ အိုင်အိုဒင်းတန်ဖိုးမှာ အလွန်မြင့်မားပြီး ၁၂၀-၁၃၆ ဂရမ်/ ၁၀၀ ဂရမ်အထိ ရှိသည်ဟုသိရှိရသည်။ ပဲပုပ်ဆီသည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ကြောင်း သိရသည်။
အထက်ပါ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ပဲပုပ်ဆီတို့အပြင် ပန်းနှမ်းဆီ၊ ဖွဲနုဆီနှင့် ပြောင်းဆီ တို့မှာလည်း မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ကြပြီး စားသုံးရန်သင့်တော်သည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ အရွယ်တင်နုပျိုခြင်းစသော အချက်များကိုလည်း ဤဆီများထဲတွင် တွေ့နိုင်သည်။
ပြည်တွင်း၌ အနည်းငယ်သာထုတ်လုပ်နိုင်ပြီး ဈေးသက်သာသဖြင့် ပြည်ပမှ တင်သွင်းနေရသည့် စားအုန်းဆီနှင့်ပတ်သက်၍ သိထားသင့်သည်များကို တင်ပြလိုပါသည်။ စားအုန်းဆီသည် အုန်းဆီပြီးလျှင် ပြည့်ဝဆီပါဝင်မှု အများဆုံးဆီဖြစ်သည်။ အုန်းဆီထက် နိမ့်သည်ဆိုသော်လည်း အုန်းဆီတွင်ပါဝင်သော ပြည့်ဝဆီမှာ ကျန်းမာရေးအတွက် သင့်တော်ပြီး စားအုန်းဆီတွင်ပါဝင်သော ပြည့်ဝဆီမှာမူ မကောင်းကျိုးဘက်သို့ ပိုမိုရောက်သည်ဟု ဆိုနိုင်ကြောင်းသိရသည်။
စားအုန်းဆီ ၁၀၀ ဂရမ်တွင် ပြည့်ဝဆီ ၅၄ ဒသမ ၃ ဂရမ်၊ မိုနိုမပြည့်ဝဆီ ၃၆ ဒသမ ၆ ဂရမ်နှင့် ပိုလီမပြည့်ဝဆီ ၉ ဂရမ်ခန့်သာပါဝင်သည်။ အခြားသော ဗီတာမင်ဓာတ်များလည်း ပါဝင်မှုမရှိဟုသိရသည်။ အိုင်အိုဒင်းတန်ဖိုးမှာ ပုံမှန်အားဖြင့် ၅၀ မှ ၅၅ ဂရမ်ခန့်သာ ပါဝင်တတ်သည်။
ယခုတင်သွင်းသော စားအုန်းဆီမှာ စားသုံးသူများအတွက် သင့်တင့်သော အရည်အသွေးရစေရန် အိုင်အိုဒင်းတန်ဖိုး ၅၈ ဂရမ် တင်သွင်းထားခြင်းဖြစ်သည်။ထို့ကြောင့် သာမန်စားအုန်းဆီထက် ဈေးအနည်းငယ်မြင့်နေခြင်းဖြစ်သည်။
နယ်စပ်မှဝင်သော ပုစွန်နှစ်ကောင်အစရှိသော စားအုန်းဆီများမှာ အရည်အသွေး စစ်ဆေးထားခြင်းမရှိကြပါ။ “စားအုန်းဆီနှင့် ကျန်းမာရေးအန္တရာယ်”ဟု ဒေါက်တာခင်မောင်လွင် (Fame) က သူ၏ ဆောင်းပါးပေါင်းချုပ်စာအုပ်တွင်ဖော်ပြထားပါသည်။ ဖော်ပြထားသောအချက်များမှာ စားအုန်းဆီတွင် ပါဝင်သော ပြည့်ဝဆီ၌ ပါဝင်သည့်အက်စစ်မှာ ပါမစ်တစ်အက်စစ်ဖြစ်ပြီး ပြည့်ဝဆီ (၅၄ ဒသမ ၃ ဂရမ်တွင်) ၄၄ ဂရမ်အထိ ပါဝင်နေသည်ကို တွေ့ရသည်။
အဆိုပါဆီသည် အစားအသောက်များမှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်းရောက်ပါက အသည်းမှ တစ်ဆင့် အယ်ဒီအယ်လ်ကိုလက်စထရောများကို ထုတ်လုပ်ပေးရန် ကုန်ကြမ်းများအဖြစ် သွေးတွင်း တွင် အဆိုပါကိုလက်စထရောကို မြင့်တက်စေသည်။ တစ်ခါတစ်ရံနှင့် နည်းနည်းသာစားပါက ပြဿနာနည်းနိုင်သော်လည်း နေ့စဉ်ချက်ပြုတ်စားသောက်ရာတွင် သုံးပါက သွေးကြောအတွင်း အဆီများစုလာကာ သွေးကြောများ ကျဉ်းလာမည်ဖြစ်သည်။ ထို့ကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ်လာကာ နောက်ဆက်တွဲရောဂါအဖြစ် နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားများ ထိခိုက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် စားအုန်းဆီပါဝင်မှုများသော အစားအစာများကို ရှောင်ကြဉ်သင့်သည်။ အထူး သဖြင့် အဝလွန်သူများ၊ သွေးတိုးရောဂါရှိသူများ၊ အသက်ကြီးရင့်သူများ၊ လှုပ်ရှားမှုနည်းသူများ မစားသင့်ကြောင်း သိရသည်။ ဆရာက စားအုန်းဆီစားသုံးမှုကိုလျှော့ပြီး ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီတို့ကို စားသုံးသင့်ကြောင်း အကြံပြုထားသည်။ မြေပဲဆီဈေးက မြင့်နေလျှင် လည်း စားအုန်းဆီဝယ်မည့်ငွေကြေးအား မြေပဲဆီစသည့် ပြည်တွင်းထုတ်ဆီကို ရသလောက် ဝယ်ယူပြီး ရေလည်ဆီလည်ချက်စားသင့်ကြောင်း အကြံပေးထားသည်။ မှန်ပါသည်။ ပြည်တွင်းဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာဆီများကို ပိုမိုအားပေးသင့်သည်။ ကျန်းမာရေးထိခိုက်ပါက ကြီးမားသော ဆေးကုသစရိတ်ကိုပါ ထပ်မံကုန်ကျမည်ကို အထူးသတိချပ်သင့်သည်။
ထို့ကြောင့် စားသုံးသူများအနေဖြင့် ပြည်ပမှတင်သွင်းနေသော စားအုန်းဆီအစား ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပိုမိုအားပေးဝယ်ယူစားသုံးသင့်သည်။
မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ပြည်တွင်းဈေးကွက်၌ ရောင်းချခြင်းဖြင့် သင့်တော်သောဝင်ငွေရရှိနိုင်ရေးအတွက် ဆီစက်များ များများ လည်ပတ်နိုင်ရန် လိုအပ်သည်။ ပြည်တွင်းတွင် ဆီစက်များ တိုးတက်လည်ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းလည်း တိုးတက်လာနိုင်သည်။ နိုင်ငံခြားငွေကိုသုံးစွဲပြီး ပြည်ပမှတင်သွင်းရကာ ဈေးကြီးပေး ဝယ်စားနေရ သော စားအုန်းဆီများအစား ပြည်တွင်း၌ ထုတ်လုပ်သော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပိုမိုစားသုံးခြင်းဖြင့် ပြည်တွင်းစက်မှုကဏ္ဍကို အားပေးရာလည်းရောက်သည်။ ထို့ပြင်အထက်တွင် ဖော်ပြသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း များပြားလာခြင်း၊ Supply Chain တစ်ခုလုံး လိုက်ပါ လည်ပတ်ပြီး တောင်သူ၊ ကုန်သည်၊ ဆီစက်ပိုင်ရှင်နှင့် စားသုံးသူများအားလုံး အကျိုးကျေးဇူးလည်း တိုးတက်ရရှိလာနိုင်သည်။
ပြည်တွင်းဖြစ်ကိုအားပေးခြင်းသည် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်ရာလည်း ရောက်မည်ဖြစ်သည်ကို မျှော်လင့်ခြင်းများစွာဖြင့် တင်ပြလိုက်ရပါသည်။ ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများသည် ပြည်တွင်းထုတ်မြေပဲဆီ၊နှမ်းဆီများထက် ဈေးနှုန်းချိုသာသဖြင့် စားသုံးခဲ့ရခြင်းဖြစ်သည်။ ပေါပေါရတိုင်း များများသုံးခဲ့ခြင်း၏ အကျိုးဆက်အနေဖြင့် ကျန်းမာရေးထိခိုက်မှုကို ကြုံကြရသည်။ ထို့ကြောင့် စားအုန်းဆီဝယ်မည့်ငွေကို ပြည်တွင်းထုတ်မြေပဲဆီ၊ နေကြာဆီနှင့် နှမ်းဆီ စသည်တို့ကို ဝယ်ယူစားသုံးသင့်သည်။ ငွေလည်းချွေတာ၊ ကျန်းမာရေးအတွက် လည်းကောင်း၊ ပြည်တွင်းစက်မှု လုပ်ငန်းများကိုလည်း အားပေးရာရောက်သဖြင့် ပြည်တွင်းဖြစ်ကို အားပေးကြပါစို့ဟု တိုက်တွန်းလိုပါကြောင်း ထပ်လောင်းပြောလိုက်ပါရစေခင်ဗျား။ ။

လူသားတစ်ဦးအတွက် မွေးဖွားချိန်မှစ၍ သဘာဝအရင်းအမြစ်မှ ရရှိသည့် စွမ်းအင်ကို မည်သို့မည်ပုံ အသုံးပြုရမည်ကို ရည်မှန်းလုပ်ဆောင်ကြ ရသည်။ အားလုံးသော လေ့လာဖော်ထုတ်မှုများနှင့် တီထွင်ဆန်းသစ်မှု များသည် အဆိုပါရည်မှန်းချက်ကို ရောက်ရှိအောင် ကြိုးပမ်းလုပ်ဆောင်ခြင်း၏ ရလဒ်များပင် ဖြစ်သည်။ သဘာဝအရင်းအမြစ်မှ ရရှိသည့် စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းနှင့်ပတ်သက်ပြီး အဓိကကျသည့် အကြောင်းအချက်များအနက်တစ်ခုမှာယင်းစွမ်းအင်အား သိုလှောင်သိမ်းဆည်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ လိုအပ်သည့်ပမာဏကိုသာ ထုတ်ယူသုံးစွဲခြင်းပင် ဖြစ်ပေသည်။

စွမ်းအင်ကို ဟန်ဘီးများ(flywheels)၊ ဘက်ထရီများ၊ လေဖိအားသုံး စက်များနှင့် ရေအားလျှပ်စစ်သုံးပန့်များကို အသုံးပြု၍ သမားရိုးကျနည်းများဖြင့် သိုလှောင်သိမ်းဆည်းခဲ့ကြသည်။ ယနေ့ခေတ်တွင် စွမ်းအင်ကဏ္ဍကို လေ့လာ လိုက်စားသူများအား ဆွဲကိုင်လှုပ်နိုင်ခဲ့သည့် နောက်ဆုံးပေါ် ခေတ်မီတိုးတက်လာမှုမှာ စွမ်းအားမြင့် လျှပ်ကူးမှုစနစ်သုံး သံလိုက်များ (superconducting magents)၊ စွမ်းအားမြင့် လျှပ်သိုပစ္စည်းများ (supercapacitors)၊ အလင်းစနစ်သုံး စွမ်းအင်ပြောင်းပစ္စည်းများ (photonic energy conversions)နှင့် ဟိုက်ဒရိုဂျင်သုံး လျှပ်စစ်ပစ္စည်းများ (hydrogen electrolysis) ပင် ဖြစ်သည်။
ယနေ့အချိန်အထိ လက်လှမ်းမီပြီး အသုံးပြုနိုင်သည့် အကောင်းဆုံး စွမ်းအင်သိုလှောင်ပစ္စည်းမှာ ဓာတုဗေဒစနစ်သုံး ဘက်ထရီပင် ဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပေါ် အလျင်အမြန် ပြောင်းလဲမှီခိုမှုကြောင့် ဘက်စုံသုံးနိုင်ပြီး စွမ်းအင်ချွေတာနိုင်သည့် ရေရှည်အသုံးပြုနိုင်သော စွမ်းအင်သိုလှောင်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်မှာ ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာပေသည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (International Energy Agency-IEA) က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (RE) ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ်တွင် ၉,၀၀၆ ထရီလီယံဝပ် ထုတ်လုပ်နိုင်ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၁၇,၀၃၂ ထရီလီယံ ဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားပါသည်။ အဆိုပါပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကောင်းမွန်သည့်လျှပ်စစ်သွယ်တန်းမှုစနစ်ရှိရန် လိုအပ်ပြီး အားနည်းချက်အနေဖြင့် စွမ်းအင်ထုတ်လုပ်နိုင်ခြင်းမရှိသည့်အခါ အနာဂတ်တွင် အသုံးပြုနိုင်ရန်အတွက် စွမ်းအင်သိုလှောင်သိမ်းဆည်းရန် မလုံလောက်မှုပင် ဖြစ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ရုပ်ကြွင်းလောင်စာ မဟုတ်သော အရင်းအမြစ်များ အခြေခံသည့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ အဆောက်အအုံများကို ၂၀၃၀ ပြည့်နှစ်တွင် ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်တည်ဆောက်ရန်နှင့် နိုင်ငံ၏ GDP ကို ၃၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ရည်မှန်းထားရှိကြောင်း အိန္ဒိယနိုင်ငံ ပြန်လည်ဖွံ့ဖြိုးရေး စွမ်းအင်ဆိုင်ရာဝန်ကြီးဌာန (Ministry of New and Renewable Energy) က ဆိုသည်။
သဘာဝစွမ်းအင်များဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ (Renewable Energy-RE) မှ ရရှိလာသည့် စွမ်းအင်ပမာဏများစွာသည် ဓာတ်အားလိုင်းအတွင်း ပေါင်းစပ်စီးဝင်သည့်အတွက် ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများကို ကြိုတင်မျှော်မှန်းထားရမည်ဖြစ်သည်။ အဆိုပါ RE စွမ်းအင်သည် အရင်းအမြစ်အမျိုးမျိုး (ဥပမာ- လေအား၊ ရေအား၊ ဆိုလာ) မှ ရရှိနိုင်ပြီး ၎င်းတို့အားလုံးကို တစ်ပြိုင်တည်း ပေါင်းစပ်စီးဝင်စေခြင်းဖြင့် မဟာဓာတ်အားလိုင်း၏ တည်ငြိမ်မှုကို ထိခိုက်စေနိုင်သဖြင့် အဆိုပါ အရင်းအမြစ်များကို ကာလ၊ ဒေသ၊ ရာသီဥတုအခြေအနေများအပေါ်တွင် အခြေခံကာ ရွေးချယ်စဉ်းစားရမည် ဖြစ်သည်။ ထင်သာမြင်သာရှိသည့်အချက်မှာ လျှပ်စစ်သုံးစွဲမှုဝန်အား အမြင့်ဆုံး ဖြန့်ဖြူးနိုင်မှုသည် အခြေအနေအရ ပြောင်းလဲ(လျော့ကျ) သွားမည် ဖြစ်သဖြင့် အပြန်အလှန်အားဖြင့် လျှပ်စစ်သုံးစွဲမှုအပေါ် အခွန်ကောက်ခံနိုင်မှုကိုလည်း ကမောက်ကမ ဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် RE စွမ်းအင်အတွက် လုံလောက်မှုရှိသည်အထိ စွမ်းဆောင်နိုင်သည့် စွမ်းအင်သိုလှောင်မှုစနစ်တစ်ခု ဖော်ဆောင်ခြင်းသည် အဆိုပါစိန်ခေါ်မှု အားလုံး၏ ဖြေရှင်းနိုင်မည့် အဖြေဖြစ်သည်။
မည်သည့်စွမ်းအင်သိုလှောင်ပစ္စည်းမဆို ကန့်သတ်ချက်များရှိပေသည်။ ကုန်ကျစရိတ်ကြီးမားသည့် စွမ်းအားမြင့် လျှပ်ကူးမှုစနစ်သုံး သံလိုက်များသည်လည်း သုံးစွဲနိုင်သည့်ကာလ ကန့်သတ်ချက်ရှိခြင်း၊ စွမ်းအားမြင့် လျှပ်သိုပစ္စည်းများ (supercapacitors) သည်လည်း ကုန်ကျစရိတ် မြင့်မားပြီး လျှပ်စစ်ပမာဏအနိမ့်ကိုသာ ခံနိုင်စွမ်းရှိခြင်း၊ ဗို့အားထိန်းညှိသည့် လျှပ်စီးပတ်လမ်းနှင့် စွမ်းအားမြင့် Converter လိုအပ်ခြင်းစသည့် အကန့်အသတ်များ ရှိကြသည်။
သို့ရာတွင် ၎င်းကို ဘက်ထရီများက ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အများစုမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ထုတ်လွှင့်ခြင်းနှင့် ဖြန့်ဖြူးခြင်းများတွင် DC ဓာတ်အား အရန်အဖြစ် ခဲအက်ဆစ် ဘက်ထရီ များကို အသုံးပြုကြသည်။ ထိုအချက်သည် ခဲအက်ဆစ် ဘက်ထရီများက အိန္ဒိယဈေးကွက်အား လွှမ်းမိုးထိန်းချုပ်နိုင်မှုကို ဖြစ်စေခဲ့သည်။ အဆိုပါ ခဲအက်ဆစ်ဘက်ထရီများသည် အကြမ်းခံသော်လည်း သံချေးကိုက်ခြင်း၊ ဘက်ထရီ ငုတ်များအား အက်စစ် စားခြင်း၊ လျှပ်စစ်အား သယ်ဆောင်ပေးသည့် Electrolyte အရည်များမှ ညစ်ညမ်းမှုကို ဖြစ်စေခြင်းနှင့် ဘက်ထရီအတွင်းရှိ အခန်းများ ပေါက်ပြဲခြင်း စသည့် ပြဿနာများ ရှိနေပေသေးသည်။ ထို့အပြင် ဘက်ထရီများတွင် အက်ဆစ်အရည်နှင့် ခဲတို့ကိုအသုံးပြုခြင်းအားဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင် ပါသည်။ ဘက်ထရီအပိုင်းအစများ စွန့်ပစ်ခြင်းအရေးကိစ္စသည်လည်း စက်ရုံအလုပ်ရုံအားလုံးအတွက် စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။
ယခုအခါ Lithium-ion ဘက်ထရီများသည် ခဲအက်ဆစ်ဘက်ထရီများ၏ ပြိုင်ဘက်အဖြစ် တိုးတက်ဖြစ်ပေါ်လာခဲ့ သည်။ အဆိုပါ Lithium-ion ဘက်ထရီများသည် ရာသီဥတုပူပြင်းသည့် အိန္ဒိယနိုင်ငံအတွက် သင့်လျော် ကောင်းမွန်မှု ရှိသည်။ သို့သော် ကုန်ကျစရိတ် မြင့်မားခြင်း၊ နည်းပညာဆိုင်ရာကန့်သတ်ချက်ရှိခြင်း၊ ကုန်ကြမ်း ရရှိနိုင်မှု ခက်ခဲခြင်းနှင့် လုပ်ငန်းအရွယ်အစား ကြီးမားခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ထို့ပြင် ခဲအက်ဆစ် ဘက်ထရီများသည် recycle လုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး American Chemical Society ၏ အစီရင်ခံစာတစ်စောင်တွင် အဆိုပါ ခဲအက်ဆစ်ဘက်ထရီများ၏ ၉၉ ရာခိုင်နှုန်းကို ရာနှုန်းပြည့် recycle လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်သော်လည်း Lithium ဘက်ထရီများကိုမူ လက်ရှိအချိန်အထိ ၅ ရာခိုင်နှုန်းသာ recycle လုပ်နိုင် သေးကြောင်း ရေးသားဖော်ပြခဲ့ပါသည်။
ဘက်ထရီများအား တရားမဝင် recycle ပြုလုပ်ခြင်းနှင့် မြေဖို့ရာတွင် အသုံးပြုခြင်းတို့သည် သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေနိုင်သဖြင့် အိန္ဒိယနိုင်ငံတွင် ဘက်ထရီနှင့် စွန့်ပစ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြုပြင်ပြောင်းလဲခြင်းဆိုင်ရာဝန်ကြီးဌာန (MoEFCC) က ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဘက်ထရီများအား recycle လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် အဆောက်အအုံများ တိုးတက်ဖြစ်ထွန်းရေးနှင့် ပြည်သူလူထုအား အသိပညာပေးရေး စသည့်လုပ်ငန်းစဉ်များတွင် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အတူတကွပူးပေါင်း လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ ဘက်ထရီ စွန့်ပစ်ပစ္စည်းများအား မသင့်မလျော် စွန့်ပစ်ခြင်း၏ ဆိုးကျိုးများကို သတိပြုနိုင်ရန်အတွက် ပညာပေးအစီအစဉ်များ၊ ကျန်းမာရေး အသိပညာပေးအစီအစဉ်များနှင့် Media Campaigns များ လုပ်ဆောင်ပေးခြင်း၊ စာသင်ကျောင်းများတွင် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးခြင်းနှင့် လူမှုအဖွဲ့အစည်းများစုပေါင်း၍ အသိပညာပေး အစီအစဉ်များ ဖော်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်သင့်ပေသည်။
တင်းကြပ်သည့်လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းနှင့် လူထုအား အသိပညာပေးမှုများ လုပ်ဆောင်ခြင်းတို့ဖြင့် ထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးမည်ဆိုပါက ခဲအက်ဆစ်ဘက်ထရီများသည် ကန့်သတ်ချက်များ ရှိလင့်ကစား စွမ်းအင်သိုလှောင်မှုပြဿနာအတွက် ဖြစ်နိုင်ချေအရှိဆုံးသော အဖြေတစ်ခုအဖြစ် သက်သေပြနိုင်မည် ဖြစ်ပေသည်။ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် အဆိုပါစိန်ခေါ်မှုများကို ကြိုတင်မျှော်တွေး လုပ်ဆောင်ရာတွင် မိမိတို့၌ နည်းလမ်းများ၊ အရင်းအမြစ်များနှင့် မူဝါဒများရှိပေသည်။ အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယှဉ်ပြိုင်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုတို့ လိုအပ်သော်လည်း မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများဖြင့် မိမိတို့ လျှောက်လှမ်းရမည့်လမ်းကြောင်းကို အတူတကွ လက်တွဲလျှောက်လှမ်းမှသာလျှင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
(Rajiv Gandhi Institute of Petroleum Technology မှ စွမ်းအင်ပြောင်းလဲမှုဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ ပေးအပ်ရေး အမှုဆောင်အဖွဲ့ဝင် Gunjan Patel ရေးသားထားသည့် “Energy Storage: A grappling challenge for green energy revolution” ကို ထက်ထက်အောင်(နစက-၄) က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

ပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက် အဓိကအရေးပါသည့် ကမ်းလွန်ရေကြောင်းပြစခန်း

မြန်မာနိုင်ငံသည် ကမ်းရိုးတန်းအရှည် ရေမိုင် ၁၂၆၀ ကျော်ကို ပိုင်ဆိုင်သည့် ပင်လယ်ပိုင်နက်နိုင်ငံဖြစ်သဖြင့် နိုင်ငံတကာကုန်သွယ်မှု တန်ဖိုး၏ ၇၅ ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်လျက်ရှိပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုသာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်လျက်ရှိသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် မိမိနိုင်ငံ၏ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှအရေးပါသည်ကို ဆန်းစစ်သုံးသပ်နိုင်မည်ဖြစ်သည်။ ထိုနည်းတူစွာပင် ဆိပ်ကမ်းလုပ်ငန်းများ ကောင်းစွာလည်ပတ်နိုင်ရန်နှင့် အထူးသဖြင့် နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများကို ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာရာတွင် ဘေးကင်းလုံခြုံစွာ ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရန်ကုန်မြစ်အတွင်းသို့ စတင်ဝင်ရောက်မည့်ပင်လယ်ဝမှသည် ရန်ကုန်မြစ်ရေလမ်းကြောင်းတစ်လျှောက် နေ့/ည ရာသီမရွေး တာဝန်ထမ်းဆောင်နေကြရသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာဝန်ထမ်းများဖြစ်ကြသည့် ရေကြောင်းပြမှူးကြီး(Pilot)များနှင့် အဆင့်ဆင့်သောဝန်ထမ်းများ၏တာဝန်ကျေပွန်စွာဆောင်ရွက်နေမှုအခြေအနေများကို ဂုဏ်ယူစွာရေးသားတင်ပြလိုက်ရပါသည်။
ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုအရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ဇန်နဝါရီလ ၂၅ ရက်တွင် ရန်ကုန်မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station)သို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်တွင် စာရေးသူအနေဖြင့်လည်း လိုက်ပါခွင့်ရခဲ့သဖြင့် ဆိပ်ကမ်းနှင့်ရေကြောင်းပြဆိုင်ရာ ဝန်ထမ်းများနှင့် ကမ်းလွန်ရေကြောင်းပြစခန်း၏ အတိတ်နှင့်ပစ္စုပ္ပန်ဆောင်ရွက်နေမှုအခြေအနေအရပ်ရပ်ကို ကောင်းစွာလေ့လာသိရှိခွင့်ရခဲ့သည်။
၂၀၁၅ ခုနှစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေ၏ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တွင် “ဆိပ်ကမ်းသို့ ဝင်ရောက်သော သို့မဟုတ် ဆိပ်ကမ်းမှထွက်ခွာသော ရေယာဉ်နှင့်ကုန်ပါ စုစုပေါင်းတန်ချိန် ၅၀၀ ထက်ပိုသည့်ရေယာဉ်၏ ရေယာဉ်မှူးသည်- ရေကြောင်းပြမှူးကြီးမပါဘဲ ဝင်/ထွက်ခွင့် တောင်းခံရယူနိုင်ရန် ရေကြောင်းဌာနက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ပါက ရေကြောင်းပြမှူးကြီး၏အကူအညီကို မဖြစ်မနေ တောင်းခံရယူပြီး ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ခြင်း၊ ရပ်နားခြင်း၊ ထွက်ခွာခြင်း သို့မဟုတ် ဆိပ်ကမ်းနယ်နိမိတ်အတွင်း နေရာရွှေ့ပြောင်းခြင်းပြုရမည်”ဟု ထည့်သွင်းပြဋ္ဌာန်းထားသည့်အတိုင်း ဒေသတွင်းနှင့် နိုင်ငံတကာဆိပ်ကမ်းများနည်းတူ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာကြသည့် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများသည် ပင်လယ်ဝနှင့်ဆိပ်ကမ်းတံတားများအကြား ရေလမ်းကြောင်း တစ်လျှောက် ဘေးကင်းလုံခြုံစွာ ဝင်/ထွက်သွားလာနိုင်ရေးအတွက် ရေကြောင်းပြဝန်ဆောင်မှု(Pilotage Service)ကို မပျက်မကွက် ရယူကြရသည်။
၂၀၁၉ ခုနှစ်မတိုင်မီ နှစ်များဆီသို့ ပြန်ပြောင်းတွေးဆကြည့်ပါက နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများကို ရေကြောင်းပြဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရေကြောင်းပြရေယာဉ်(Pilot Vessel) နှစ်စင်းဖြစ်သောအလျား ၆၀ မီတာဝန်းကျင်၊ တန်ချိန်(Gross Tonnage-GT) ၇၇၈ နှင့် ၅၀၀ အသီးသီးရှိကြသည့်သမ္မတရေယာဉ်နှင့် ဧကရီရေယာဉ်တို့ကို ရေကြောင်းပြစခန်း(Pilot Station)အဖြစ် ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်ရေမိုင် ၂၀ ခန့်အကွာတွင် အလှည့်ကျကျောက်ချထားရှိဆောင်ရွက်ရသည်။ ထိုအချိန်က ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများသည် ရေကြောင်းပြရေယာဉ်ပေါ်တွင်ပင် အနေအစားပင်ပန်းဆင်းရဲစွာ စခန်းချနေထိုင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်ကြသည့် သင်္ဘောကြီးများပေါ်ကို ရေကြောင်းပြ ကြို/ပို့ခြင်းလုပ်ငန်းကို သစ်သားကတ္တူလှေငယ်(Pilot Cutter)များဖြင့် လှိုင်းကြားလေကြား အန္တရာယ်ကြားမှခက်ခဲစွာရေကြောင်းပြ ကြို/ပို့ခြင်း (Pilot Transfer Operation)ဆောင်ရွက်၍ တက်/ဆင်းမောင်းနှင်ပေးခဲ့ကြရသည်။ ထိုအချိန်ကာလများတွင် ရေကြောင်းပြမှူးကြီးများနှင့်ရေကြောင်းပြဝန်ထမ်းများ လှိုင်းလေထန်လှသည့် ပင်လယ်ပြင်တွင် ကတ္တူလှေငယ်ဖြင့် သင်္ဘောကြီးများဆီသို့ သတိပြုချဉ်းကပ်၍ တက်/ဆင်းရပုံများကို ယူကျူ(Youtube)ပေါ်တွင် မြန်မာရေကြောင်းပြမှူးကြီး၏ နေ့စဉ်ဘဝ (Daily Life of Myanmar Pilot)အမည်ဖြင့် မြန်မာရေကြောင်းပြမှူးကြီးများအသင်း (Myanmar Maritime Pilot Association)မှ ဗဟုသုတအဖြစ် လွှင့်တင်ပေးထားသည်ကိုလည်း ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သိရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် ရာသီဥတုဆိုးရွားချိန်များတွင် ရေကြောင်းပြစခန်းအဖြစ်အသုံးပြုသော ရေကြောင်းပြရေယာဉ်ကို ဘေးကင်းလုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းရခြင်း၊ ရေယာဉ်များ၏သက်တမ်းအရ ရေယာဉ်ပြုပြင် ထိန်းသိမ်းစရိတ် ကြီးမြင့်လာပြီး ဘေးကင်းလုံခြုံမှုအဆင့်လျော့ကျလာခြင်းနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများနှင့်အတူ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာနေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလိုအပ်ချက်အရ ရန်ကုန်ဆိပ်ကမ်းသည်လည်း နိုင်ငံတကာကုန်သွယ်ရေယာဉ်ကြီးများ အဝင်/အထွက် ပိုမိုများပြားလာပြီး ရေကြောင်းပြလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ရမည့်ဝန်ထမ်းများ ပိုမိုများပြား လာသောကြောင့် ရေကြောင်းပြရေယာဉ်ဖြင့် ဘေးကင်းလုံခြုံစွာဆောင်ရွက်နိုင်ရန်အတွက် နေရာလုံလောက်မှု မရှိခြင်း၊ လှိုင်းဒဏ်လေဒဏ်ကို တိုက်ရိုက်ခံစားကြရခြင်းနှင့် ကိုယ်စိတ်လုံခြုံမှု (Physical and Mental Safety and Security) အားနည်းခြင်း စသည့်ကန့်သတ်ချက်များကြုံတွေ့လာခဲ့ရသည်။
အဆိုပါကြုံတွေ့လာရသည့်အခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဌာနအကြီးအမှူးအဆင့်ဆင့်တို့သည် အမြော်အမြင်ကြီးစွာ ချင့်ချိန်သုံးသပ်၍ ရေကြောင်းပြမှူးကြီးများနှင့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာနှင့်ဆက်သွယ်ရေးဆိုင်ရာဝန်ထမ်းများအတွက် ကမ်းလွန်ရေကြောင်းပြစခန်း တည်ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများကို အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံဆိပ်ကမ်းများသို့သွားရောက်လေ့လာစေခဲ့ပြီး လေ့လာတွေ့ရှိချက်များအပေါ် ပြန်လည်သုံးသပ်၍ ရန်ကုန်ဆိပ်ကမ်းနှင့်မြစ်ကြောင်းအနေအထား၊ ရေလမ်းကြောင်းအနေအထားတို့ နီးစပ်တူညီမှုရှိသည့် ထိုင်းနိုင်ငံ ဗန်ကောက်ဆိပ်ကမ်း၏ ပင်လယ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း၏ ပုံစံကိုနမူနာယူပြီး အခြေခံဒီဇိုင်း(Conceptual Design)ကိုရေးဆွဲခဲ့ကြသည်။ ထို့နောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံပိုင်သတင်းစာများ၌ ကြော်ငြာထည့်သွင်း၍ ပြည်တွင်း/ပြည်ပမှ ကမ်းဝေးပင်လယ်ပြင်တည်ဆောက်ရေး လုပ်ငန်းအတွေ့အကြုံရှိလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူခဲ့ရာ China Harbour Engineering Co., Ltd. (CHEC)မှ စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ သန်းဖြင့် တင်ဒါအောင်မြင်တည်ဆောက်ခဲ့သည်။
ကမ်းလွန်ရေကြောင်းပြစခန်းကို မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁၂ ဒသမ ၇ လက်မနှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၆ ဒသမ ၇ လက်မတွင် အလျား ၃၃ ဒသမ၂ မီတာနှင့်အနံ ၃၀ ဒသမ ၄ မီတာအရွယ်အစားရှိ သံကူကွန်ကရစ်သုံးထပ်အဆောက်အအုံအဖြစ်တည်ဆောက်ထားခြင်းဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းအားလုံးပြီးစီး၍ ဖွင့်ပွဲအခမ်းအနား(Grand Opening Ceremony)ကို ၃၀-၃-၂၀၁၉ရက်တွင်ပြုလုပ်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှလွှဲပြောင်းလက်ခံရယူကာ Operation လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ စီမံကိန်းလုပ်ငန်းတွင် တန်ချိန် GT ၁၅၀၀ အရွယ်အစားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း၊ ၂၀ မီတာ ရေကြောင်းပြ ကြို/ပို့ ဖိုက်ဘာရေယာဉ်(Pilot Boat) သုံးစင်း၊ မီးစက်၊ ရေချိုချက်လုပ်သည့်စနစ် (Desalination System)၊ ရေဆိုးသန့်စင်စက်၊ မီးငြှိမ်းသတ်စနစ်၊ ရေကြောင်းပြလုပ်ငန်းထိန်းချုပ်ခန်း(Control Room)နှင့် ရေကြောင်းဆိုင်ရာ ဆက်သွယ်ရေးစက်ကိရိယာများစ်ကြသည့် ရေဒါ(Radar)နှင့် အလိုအလျောက် ရေယာဉ်အမျိုးအစားနှင့် အချက်အလက်ဖော်ပြသည့်စနစ်(Auto-matic Identification System – AIS)တို့ ပါဝင်သည်။ ထို့ပြင် ဘုရားခန်း၊ လူနေတစ်ယောက်/နှစ်ယောက်/သုံးယောက်အိပ်ခန်းများ၊ အားကစားခန်း၊ ရိက္ခာသိုလှောင်ခန်း၊ မီးဖိုခန်း၊ စားသောက်ခန်းနှင့် ရေချိုးခန်း၊ သန့်စင်ခန်း၊ အဝတ်လျှော်စက်၊ အခြောက်ခံစက်၊ စက်သုံးဆီသိုလှောင်ကန် စသည်တို့ပါဝင်ပြီး ဝန်ထမ်း ၃၆ ဦးသက်သောင့်သက်သာ အဆင်ပြေစွာနေထိုင်၍ တာဝန်ထမ်းဆောင်နိုင်သောအဆောက်အအုံတစ်ခုဖြစ်သည်။
Operation လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းရာသီ၌ ရေကြောင်းပြ ကြို/ပို့ ဖိုက်ဘာရေယာဉ်များဖြင့် ဆိုက်ကပ်၍ ရေကြောင်းပြမှူးကြီးများ အတက်/အဆင်းပြုလုပ်ရာတွင် အဆင်ပြေမှု ရှိသော်လည်း မိုးရာသီမုတ်သုံ ကာလ၌ လှိုင်းလေပြင်းထန်ချိန်တွင် လှိုင်းလေဒဏ်မခံနိုင်သောကြောင့် အန္တရာယ်ရှိသဖြင့် ဖိုက်ဘာရေယာဉ် များကို မြစ်ကြောင်းအတွင်း ရေကြောင်းပြကြို/ပို့ရန်သာအသုံးပြုပြီး ပင်လယ်ပြင်တွင်အသုံးပြုနိုင်ရန်အတွက် သံထည်ဖြင့်ပြုလုပ်ထားသော ၂၀ မီတာရှိသည့် PilotBoat သုံးစင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များတွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်းလျာထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူ၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သိမ်ဖြူသင်္ဘောကျင်းတွင် ပုဂ္ဂလိကနှင့်ပူးပေါင်းပြီး ထပ်မံတည်ဆောက် ဖြည့်တင်းပေးခဲ့သည်။ ထို့ပြင် ရေကြောင်းပြစခန်း၏ လေကွယ်ရာဘက်တွင် Pilot Boat များ အန္တရာယ်ကင်းရှင်းစွာဆိုက်ကပ်၍ ရေကြောင်းပြမှူးကြီးများ လုံခြုံစိတ်ချစွာ အတက်/အဆင်းပြုလုပ်နိုင်ရေးအတွက် ထပ်တိုးရေယာဉ်ဆိုက်ကပ်ရန်နေရာတစ်ခုကိုလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် CHEC နှင့် ညှိနှိုင်း၍ တည်ဆောက်ပေးခဲ့သည်။ အဆိုပါရေကြောင်းပြစခန်းသည် ရန်ကုန်မြို့တွင်း ဆိပ်ကမ်းဧရိယာမှ ရေမိုင် ၃၆ မိုင် ကွာဝေးသဖြင့် ဒီရေအတက်/အကျအခြေအနေများအပေါ်မူတည်ပြီး ရေကြောင်းပြစခန်းသို့ရောက်ရှိရန် ခုတ်မောင်းချိန် လေးနာရီမှခြောက်နာရီခန့်အထိ ကြာမြင့်နိုင်သည်။
စာရေးသူသည် ခရီးစဉ်တွင် ခေတ်မီ Pilot Boat ဖြင့် ရန်ကုန်မြစ်အတွင်းသို့ ဝင်ရောက်မည့် ကုန်သွယ်သင်္ဘောကြီးပေါ်သို့ ရေကြောင်းပြကြို/ပို့ခြင်းလုပ်ငန်းစဉ်ကို စောင့်ကြည့်မှတ်တမ်းတင်ခွင့်ရရှိခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ရန်အတွက် သင်္ဘောကြီးများကို သတ်မှတ်အချိန်တွင် ကျောက်ချဧရိယာ (Anchorage Area)မှ စတင်ဝင်ရောက်လာရန်ခေါ်ယူခြင်း၊ Pilot Boat စေလွှတ်ခြင်းနှင့် ပြန်လည်ခေါ်ယူခြင်း၊ တာဝန်ကျရေကြောင်းပြမှူးကြီး၏ဦးဆောင်မှုဖြင့် သင်္ဘောကြီး ရန်ကုန်မြစ်ရေလမ်းကြောင်းသို့ ဝင်ရောက်ခြင်း စသည့်လုပ်ငန်းစဉ်များကို ရေကြောင်းပြစခန်းရှိ Control Room တာဝန်ကျရေ ယာဉ်မှူးကြီးများနှင့် ဆက်သွယ်ရေးတာဝန်ခံတို့က ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ခြင်း(Pilot Transfer Coordi-nation)ကို Radar နှင့် AIS စနစ်များ၊ ဆက်သွယ်ရေးစက်များအသုံးပြု၍ စောင့်ကြည့်ဆက်သွယ်ဆောင်ရွက်ပေးကြရသည်။
ဤခေတ်မီ ကမ်းလွန်ရေကြောင်းပြစခန်းနှင့် Pilot Boat များအတွက် နိုင်ငံတော်မှ ရင်းနှီးတည်ဆောက် ဖြည့်တင်းပေးရသည်နှင့် ထိုက်တန်သည့် အကျိုးရလဒ်ကောင်းများဖြစ်သော နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာရာတွင်လည်းကောင်း၊ ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းအောင်စီမံ ဆောင်ရွက်ပေးနိုင်ခြင်းအပြင် တာဝန်ထမ်းဆောင်သူများ၏ ကိုယ်စိတ်လုံခြုံမှုပိုမိုရရှိပြီး မိမိကိုယ်ကိုယုံကြည်မှု(Self-Confidence)ရှိစွာ တာဝန်ထမ်းဆောင်နိုင်ခြင်း၊ အကျိုးဆက်အနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ဆိပ်ကမ်းနှင့် ရေကြောင်းပြဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ငန်းခွင် မတော်တဆမှုနှင့် ထိခိုက်မှုအနည်းဆုံး (Zero Accident) အဆင့်သို့ရောက်ရှိထိန်းသိမ်းလာနိုင်ပြီး ဆိပ်ကမ်းသုံးစွဲသူ နိုင်ငံတကာသင်္ဘောလိုင်းများနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၏ ယုံကြည်မှု(Trust)ပိုမိုရရှိလာနိုင်ပြီ ဖြစ်သောကြောင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ၏ ပုံရိပ်(Image)သည်လည်း ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ပြင် ရေကြောင်းပြမှူးကြီးများ၊ ဆိပ်ကမ်းနှင့်ရေကြောင်းဆိုင်ရာ၊ ဆက်သွယ်ရေးဝန်ထမ်းများအနေဖြင့် ကမ်းလွန်ရေကြောင်းပြစခန်းတွင် လှိုင်းလေဒဏ်ကို တိုက်ရိုက်မခံစားရတော့ဘဲ Facilities အပြည့်အစုံဖြင့် လုံခြုံစိတ်ချစွာနေထိုင်နိုင်ပြီဖြစ်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် စိတ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာယုံကြည်မှု အပြည့်ဖြင့် တာဝန်ထမ်းဆောင်နေနိုင်ကြပြီဖြစ်သည်။ ပင်လယ်ပြင်ရာသီဥတု ဆိုးရွားချိန်များတွင် အခြားလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန် မလိုအပ်တော့ခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် လျှော့ချနိုင်ခြင်း၊ ဘေးကင်းလုံခြုံစိတ်ချရခြင်း၊ ထင်ရှားသည့်ရေကြောင်းပြအမှတ်အသားအဖြစ် ပင်လယ်ဝကျောက်ချဧရိယာအနီးတွင် တည်ရှိနေသောကြောင့် ဖြတ်သန်းသွားလာသည့် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများနှင့် တပ်မတော် (ရေ) အပါအဝင် အရပ်ဘက်ကုန်တင်သင်္ဘောများအတွက် ရေကြောင်းပြ အမှတ်အသားအဖြစ် အထောက်အကူပေးနိုင်ခြင်း၊ ယခင်က ရေကြောင်းပြလုပ်ငန်းကို ၂၄ နာရီအပြည့်မဆောင်ရွက်နိုင်ဘဲ ယခုအခါ ရန်ကုန်ဆိပ်ကမ်းများသို့ ဝင်/ထွက်ဆိုက်ကပ်သည့် နိုင်ငံတကာကုန်သွယ်ရေယာဉ်ကြီးများကို ရာသီမရွေး၊ ၂၄ နာရီ နေ့/ည အချိန်အခါမရွေး၊ ဆိပ်ကမ်းနှင့်ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေးလာနိုင်ပြီး နိုင်ငံ၏ သွင်းကုန်/ ပို့ကုန်များကို ပိုမိုကိုင်တွယ်လာနိုင်ခြင်းဖြင့် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုစေနိုင်သည့်အပြင် နိုင်ငံတော်အတွက် နိုင်ငံခြားငွေများစွာကို ရှာဖွေပေးနိုင်လျက်ရှိသည်။
ဒုတိယဝန်ကြီးအနေဖြင့်လည်း ရေကြောင်းပြစခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မိမိဝန်ထမ်းများ၏ လုပ်အားတန်ဖိုးကို အလေးထားပြီး ဝန်ထမ်းများ ဘေးကင်းလုံခြုံစွာ တာဝန်ထမ်းဆောင်နိုင်ကြစေရန် ငွေလုံးငွေရင်းစိုက်ထုတ်ရင်းနှီး ဆောင်ရွက်ပေးထားမှုကြောင့် မိမိဝန်ထမ်းများ ရေကြောင်းပြစခန်းကြီးတွင် ဘေးအန္တရာယ်ကင်းစွာနေထိုင်၍ တာဝန်ထမ်းဆောင်နေနိုင်ပြီ ဖြစ်သည့်အတွက် များစွာဝမ်းမြောက်ရကြောင်း၊ နှစ်စဉ်လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးထားမှုနှင့် နေထိုင်ရေးအပြင် စားသောက်ရေးအတွက်ပါ ပြည့်စုံအောင် ဆောင်ရွက်ပေးထားမှုတို့ကို တန်ဖိုးထားကာ ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်၊ ဌာနနှင့်ဝန်ထမ်းများအတွက် အရေးပါလှသည့် Offshore Fixed Pilot Station ကြီးကို ရေရှည် ကောင်းမွန်စွာအသုံးပြုနိုင်ရေး တန်ဖိုးထားဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန်၊ မျိုးဆက်သစ်လူ့စွမ်းအားအရင်းအမြစ်များကိုလည်း စဉ်ဆက်မပြတ် မွေးမြူလေ့ကျင့်ပေးရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန်၊ လုပ်ငန်းတာဝန်များကို စွမ်းအားပြည့်ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းတစ်ဦးချင်း ကျန်းမာရေးကို အထူးသတိပြု ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်နှင့်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို တာဝန်ရှိသူ အဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရှာဖွေပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအားပေးပြောကြားခဲ့သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၌ လက်ရှိကာလတွင် တပ်မတော်(ရေ)မှပြောင်းရွှေ့လာသည့် ရေကြောင်းပြမှူးကြီး ၃၅ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ဌာနတွင်းမှ ကျွမ်းကျင်လက်မှတ်ရ ရေယာဉ်မှူးကြီးများ၊ ရေယာဉ်မှူးများနှင့် ရေယာဉ်အင်ဂျင်နီယာမှူးကြီးများ၊ ဆက်သွယ်ရေး အရာရှိများနှင့်အတူပူးတွဲ၍ ကမ်းလွန်ရေကြောင်းပြစခန်းတွင် တာဝန်ထမ်းဆောင်စေလျက်ရှိသည်။ ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လိုအပ်ချက်အရ နှစ်အလိုက် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများပိုမိုများပြားစွာ ဝင်/ထွက်လျက်ရှိပြီး ကုန်ကိုင်တွယ်ရရှိမှုသည်လည်း တိုးတက်လျက်ရှိနေသည်။
ရန်ကုန်ဆိပ်ကမ်းအနေဖြင့် တစ်နှစ်လျှင် သင်္ဘောစင်းရေ ၁၄၀၀ ခန့်၊ ကုန်သေတ္တာ (ပေ ၂၀၊ Twenty-foot Equivalent Unit – TEU) တစ်သန်းခန့်နှင့် အထွေထွေကုန်စည်မက်ထရစ်တန် လေးသန်းခန့်၊ စက်သုံးဆီ မက်ထရစ်တန် လေးသန်းကျော်နှင့် စားသုံးဆီ မက်ထရစ်တန် ငါးသန်းခန့်ကိုင်တွယ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် ပြည်ပသို့ လယ်ယာထွက်ပို့ကုန် ဆန်တန်ချိန် ၂ ဒသမ ၇၈ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ ၇၃ သန်း၊ ပဲအမျိုးမျိုး တန်ချိန် နှစ်သန်းခန့်၊ နှမ်းတန်ချိန် ၆၇၂၂၀ အသီးသီးတင်ပို့နိုင်ခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုလွယ်ကူအဆင်ပြေချောမွေ့ဖွံ့ဖြိုးတိုးတက်စေရန် အဓိကဆိပ်ကမ်းကြီးဖြစ်သော ရန်ကုန်ဆိပ်ကမ်း၏ ရန်ကုန်ဧရိယာတွင် ဆိပ်ကမ်းတံတား ၂၈ စင်း၊ သီလဝါဧရိယာတွင် ဆိပ်ကမ်းတံတား ၂၀ စင်း စုစုပေါင်းဆိပ်ကမ်းတံတား ၄၈ စင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာကြသည့် နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများအတွက် ဘေးကင်းလုံခြုံစွာ ဆိပ်ကမ်းနှင့်ရေကြောင်းပြဝန်ဆောင်မှုလုပ်ငန်းများကို ၂၄ နာရီ လှိုင်းလေကြားက ဝန်ဆောင်မှုပေးနေကြသော ရေကြောင်းပြမှူးကြီးများနှင့် သတ်မှတ်ကာလအလိုက် အလှည့်ကျ တာဝန်ထမ်းဆောင်နေကြသည့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာနှင့်ဆက်သွယ်ရေးဆိုင်ရာဝန်ထမ်းများကိုယ်စိတ်လုံခြုံစွာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အပြည့်အဝအထောက်အကူဖြစ်စေသည့် ရန်ကုန်မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြ စခန်းကြီး(Offshore Fixed Pilot Station)နှင့် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးကို ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါကြောင်း။ ။

ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲလာမှုများ လျင်မြန်စွာဖြစ်ပေါ်လျက်ရှိရာ သဘာဝအရင်းအမြစ်များ ဆုံးရှုံးမှုကို ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားနပ်ရိက္ခာဖူလုံစေရေး အတွက် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှုကို ရရှိရန် စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် အရေးကြီးလှပါသည်။

နိုင်ငံတကာတွင် စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရသော ဓာတ်မြေဩဇာများ ထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် ဓာတ်မြေဩဇာများ ရှားပါးခြင်း၊ သယ်ယူပို့ဆောင်မှု အခက်အခဲများကြောင့် ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်ခြင်းနှင့် အလွယ်တကူဝယ်ယူ၍ မရသော ပြဿနာများနှင့် ရင်ဆိုင်နေရပါသည်။
ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် မြေဆီလွှာအရည်အသွေး ကောင်းမွန်ပြီး အပင်အာဟာရဓာတ် လုံလောက်စွာရရှိရေးမှာ အရေးကြီးလှပါသည်။ အပင်အာဟာရဓာတ် လုံလောက်မျှတစွာ ရနိုင်မှသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်မည်ဖြစ်ပါသည်။နွားချေးနှင့် သစ်ဆွေး မြေဩဇာများသုံးစွဲခြင်း၊ သီးနှံ ရိတ်သိမ်းပြီး အပင်အကြွင်းအကျန်များကို မြေသို့ ပြန်လည်ထည့်သွင်းပေးခြင်းအားဖြင့် မြေဆီလွှာပြုန်းတီးခြင်းနှင့် အပင်အာဟာရဓာတ်များ လျော့နည်းဆုံးရှုံးခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။
သီးနှံအထွက်နှုန်းများ တည်ငြိမ်တိုးတက်စေရန်နှင့် စိုက်ပျိုးသူတောင်သူများ အမြတ်အစွန်းရရှိနိုင်ရန်အတွက် မြေသားဖွဲ့စည်း တည်ဆောက်မှုကို ကောင်းမွန်စေသည့် ထွန်ယက်စိုက်ပျိုးမှုပုံစံနှင့် သီးနှံပင်အကြွင်းအကျန်များ မြေတွင်းသို့ ပြန်လည်ထည့်သွင်း စိုက်ပျိုးခြင်းကို ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ထို့ပြင် အပေါ်ယံမြေသားများ တိုက်စားပျက်စီး ဆုံးရှုံးခြင်းများကို ကာကွယ်ပေးခြင်း၊ သစ်ဆွေးဓာတ်များ လုံလောက်အောင် ထည့်သွင်းပေးခြင်းနှင့် မြေဆီလွှာအတွင်း ရှိ အကျိုးပြုဇီဝ သက်ရှိများနှင့် အပင်အာဟာရဓာတ် လှည့်ပတ်မှုပုံစံ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းများကို အဓိကထား၍လည်း ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းသည်လည်း နည်းလမ်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။
သစ်စိမ်းမြေဩဇာ
သစ်စိမ်းမြေဩဇာဆိုသည်မှာ အကြီးမြန်ဆွေးမြည့်လွယ်၍ ဇီဝဒြပ်ထု(Biomass) အထွက်များများရရှိသော အပင်မျိုးဖြစ်သည့်အတွက် ကြဲပက်စိုက်ပျိုးကာ ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲပေး၍ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးသော သဘာဝမြေဩဇာပင် ဖြစ်ပါသည်။
သီးနှံများမစိုက်ပျိုးမီ သို့မဟုတ် သီးနှံရိတ်သိမ်းပြီး ခေတ္တမြေလှပ်ချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင်အပင်များကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီအချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် နောက် စိုက်ပျိုးမည့်သီးနှံအတွက် လိုအပ်သောနိုက်ထရိုဂျင်ဓာတ်၊ ဖော့စပရပ်စ်ဓာတ်၊ ပိုတက်ရှ်ဓာတ်များနှင့် သစ်ဆွေးဓာတ်(Organic Matter)များကို ရရှိစေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာ ကျွေးခြင်း (Green Manuring) ဟု ခေါ်ဆိုပါသည်။ သစ်စိမ်းမြေဩဇာအဖြစ် ပဲမျိုးရင်းဝင်အပင်များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲစသည်တို့အပြင် ပိုက်ဆန်လျှော်၊ ဆူးမဲ့ထိကရုံး(Mimosa)အစရှိသည် တို့ကို သစ်စိမ်းမြေဩဇာအပင်များအဖြစ် အသုံးပြုနိုင်ပါသည်။
ပိုက်ဆန်လျှော်ပင်သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်း
သစ်စိမ်းမြေဩဇာပင် အမျိုးမျိုးအနက် အပင်အကြီးမြန်၍ စိုက်ပျိုးရ အလွယ်ကူဆုံး အပင်သည် ပိုက်ဆန်လျှော်ပင်ဖြစ်ပါသည်။ ပိုက်ဆန်လျှော်ကို အခြားသီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးနိုင်ပါသည်။ ပိုက်ဆန်လျှော်၏ အင်္ဂလိပ်အမည်မှာ Sunn hemp ဖြစ်ပြီး သိပ္ပံအမည်မှာ Crotalaria juncea ဖြစ်ပါသည်။ ပိုက်ဆန်လျှော်ပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအတွက် သစ်စိမ်း မြေဩဇာပင်အဖြစ် လူသိများသော ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။
အစိုဓာတ်လုံလောက်ပါက မည်သည့်မြေအမျိုးအစားတွင်မဆို ကောင်းစွာ ပေါက်ရောက်ရှင်သန်နိုင်သော အပင်ဖြစ်ပါသည်။ အလင်းရောင်ကို တုံ့ပြန်မှုရှိပြီး နေ့တာရှည်ကာလများရရှိပါက အပင်ပိုင်းကြီးထွားမှုကြာရှည်စေသော အပင်မျိုးဖြစ်ပါသည်။
ပိုက်ဆန်လျှော် သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရန် အတန်းလိုက် (၁’ x ၄”) စိုက်စနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့ ၂ ဒသမ ၅ ပြည်နှုန်း၊ ကြဲပက် စိုက်ပျိုးလျှင် ၄ - ၆ ပြည်နှုန်း သုံးစွဲ ရပါမည်။ မျိုးစေ့များကို မြေအနက် ၆-၈ လက်မခန့်ထိ မြေချစိုက်ပျိုးရပါမည်။
ပုံမှန်အားဖြင့် စပါးအခြေခံသီးနှံပုံစံများတွင် လယ်မြေများ၌ မိုးစပါးရိတ်သိမ်းပြီးနောက် ထယ်တစ်စပ်၊ ထွန်တစ်စပ်ဝင်ပြီး မျိုးစေ့ကိုညီညာအောင် ကြဲပက်ရပါသည်။ ထို့နောက် ထွန်တစ်စပ်ဖြင့် ပြန်ဖုံးပေးရပါသည်။ စိုက်ပျိုးပြီး ထယ်ထိုးနစ်မြုပ်ရမည့်အချိန်သည် အထူးအရေးကြီးပါသည်။
မိုးရေကိုသာ အားကိုးစိုက်ရသော ကုန်းပိုင်းယာမြေများတွင် မိုးသီးနှံမစိုက်ပျိုးမီ ကြဲပက်စိုက်ပျိုးထားပါက အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း ထယ်ထိုး မြေမြှုပ်ပေးရပါသည်။ လယ်မြေများတွင် မိုးစပါးရိတ်သိမ်းပြီးနောက် နွေသီးနှံမစိုက်ပျိုးမီ ပိုက်ဆန်လျှော်မျိုးစေ့ကြဲပက်၍ အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့ရှိပါသည်။
နွေသီးနှံရိတ်သိမ်းပြီးနောက် မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆန်လျှော်မျိုးစေ့ကြဲပက်၍လည်း အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့လည်း ရှိပါသည်။
အပင်၏အစိတ်အပိုင်းများကို အစိမ်းအတိုင်းထယ်ထိုး၍ မြေမြှုပ်ပြီး ၁၀ ရက်မှ ၁၄ ရက်အကြာတွင် ကောင်းစွာဆွေးမြည့်ပြီးမှသာ နောက်သီးနှံစိုက်ပျိုးသင့်ပါသည်။ ကောင်းစွာ ဆွေးမြည့်သွားသည့်အခါ မြေဆီလွှာအားဖြည့်ပေးသော မြေဩဇာအဖြစ်ရရှိမည်။
ပိုက်ဆန်လျှော်၊ ပဲလွမ်းနှင့် မတ်ပဲတို့၏ အပင်သက်တမ်းအလိုက် ထယ်ထိုးမြေမြှုပ်ခဲ့ရာ မြေတွင်း၌ရရှိသော အာဟာရဓာတ်ပါဝင်မှုများကို အောက်ပါအတိုင်း ဓာတ်ခွဲစစ်ဆေးခြင်းရလဒ်အဖြစ် တွေ့ရှိရပါသည်။
ပိုက်ဆန်လျှော်သစ်စိမ်းစိုက်ပျိုး၍ မြေမြှုပ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးသည်သာမက သစ်ဆွေးဓာတ်ကိုလည်း တိုးတက်စေကာ မြေသားဖွဲ့စည်းမှုကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။
(၂) လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူ ပေးသည့်တွက် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်ဓာတ်ဖြည့်တင်းပေးရာ ရောက်ပါသည်။
(၃) မြေဆီလွှာအတွင်းရှိ အပင်အာဟာရဓာတ်များကို မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးသည်။
(၄) မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပြီး အပေါ်ယံမြေလွှာများပျက်စီးမှုကို ကာကွယ်ပေးပါသည်။
(၅) မြေညံ့များတွင် စိုက်ပျိုးပြီး ထွန်ယက်မြေမြှုပ်ပေးပါက မြေဆီအရည်အသွေးကို တိုးတက်စေပါသည်။
သစ်စိမ်းမြေဩဇာ (ပိုက်ဆန်လျှော်)ကို သုံးစွဲခြင်းသည် မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ၊ ဓာတုပိုင်းဆိုင်ရာ ဂုဏ်သတ္တိနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ တိုးတက်ရေးနှင့် ပျက်စီးနေသောမြေဆီလွှာနှင့် သစ်ဆွေးဓာတ် လျော့နည်းနေသော မြေဆီလွှာများ၊ မြေချဉ်ငန်ကိန်း မြင့်လွန်းသော အပူပိုင်းဒေသ မြေဆီလွှာများပြုပြင်ရန်အတွက် သုံးစွဲရန်အထူးသင့်လျော်ပါသည်။ သက်တမ်းတိုတိုနှင့် ကြီးထွားနှုန်းမြန်ဆန် ၍ မြေဆီလွှာအတွင်း သစ်ဆွေးဓာတ်နှင့် နိုက်ထရိုဂျင်ပမာဏ များများ ဖြည့်တင်းပေးသည့်အပြင် အကုန်အကျသက်သာသည့် ပိုက်ဆန်လျှော်ကိုဝင်ငွေရ သီးနှံများ မစိုက်မီသစ်စိမ်းမြေဩဇာအဖြစ် နှစ်စဉ်စိုက်ပျိုးသင့်ပါကြောင်း သိရှိနိုင်ပါရန် ရေးသားတင်ပြအပ်ပါသည်။ ။

စမတ်မီတာစနစ်ဆိုသည်မှာ အလိုအလျောက် မီတာစနစ်ကိုခေါ်သည်။ မြန်မာနိုင်ငံတွင် AMI စနစ်(Advanced Metering Infrastructure)ကို လက်ရှိ စမတ်မီတာစနစ်အဖြစ် အသုံးပြုလျက်ရှိသည်။ AMI စနစ်ဖြင့် မီတာအားလုံး လဲလှယ်တပ်ဆင်ထားပြီးသော မြို့တစ်မြို့အနေဖြင့် မီတာဖတ်လုပ်ငန်းအားလုံးကို ကွန်ပျူတာစနစ်ဖြင့်သာ လုပ်ဆောင်နိုင်ပြီး သမားရိုးကျ မီတာစနစ်နှင့် ကွဲပြားခြားနားသွားမည်ဖြစ်သည်။

စမတ်မီတာအမျိုးအစား များစွာရှိသည့်အနက် ငွေကြိုပေးမီတာနှင့် သုံးသလောက်ပေး မီတာဟူ၍ အဓိကအုပ်စုကြီးနှစ်ခုရှိသည်။
ငွေကြိုပေးမီတာသည် မီတာအတွင်းမှ ထိန်းချုပ်သောစနစ်ဖြစ်ပြီး ဗဟိုထိန်းချုပ်သည့်နေရာမှ အလွယ်တကူ ထောက်လှမ်းသိရှိနိုင်ခြင်း မရှိချေ။ ဖွံ့ဖြိုးပြီး နိုင်ငံအချို့တွင် လူကြိုက်များ၍ သုံးစွဲကြသည်။
မြန်မာနိုင်ငံကဲ့သို့ လျှပ်စစ်မီးကို တရားမဝင် သွယ်တန်းသုံးစွဲမှုများ ရှိနေသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ငွေကြိုပေးမီတာမှာ အခြားသောအားသာချက်များ ရှိနေသော်လည်း လက်ရှိအချိန်တွင် သုံးစွဲရန်မသင့်လျော်သေးဘဲ သုံးသလောက်ပေး မီတာ (AMI စနစ်) ကိုသာ သုံးသင့်သေးကြောင်း စာရေးသူအနေဖြင့် သုံးသပ်တွေ့ရှိရသည်။
မည်သည့်အတွက် AMI မီတာများ သုံးသင့်ပါသလဲဟုဆိုပါက AMI မီတာများသည် ပြင်ပမှထိန်းချုပ်၍ ရသောမီတာများဖြစ်ပြီး မသမာမှုများကိုလည်း ဗဟိုထိန်းချုပ်သည့်နေရာမှ အလွယ်တကူ ထောက်လှမ်း သိရှိနိုင်သောကြောင့်ဖြစ်သည်။ AMI စနစ်တွင် ဗဟိုထိန်းချုပ်သည့် နေရာမှ မီးသုံးသူ၏ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေကိုအချိန်နှင့်တစ်ပြေးညီ သိရှိနေပြီး မသမာမှုများပြုလုပ်ရန် ခက်ခဲသည့်အားသာချက်ရှိသည်။
ဓာတ်အားခပေးသွင်းမှု မရှိခြင်းကဲ့သို့သော ကိစ္စရပ်များအတွက်လည်း ဗဟိုထိန်းချုပ်သည့်နေရာမှပင် အလွယ်တကူသိရှိ၍ မီးဖြတ်တောက်နိုင်သည်။ ထိုသို့သောအားသာချက်များကြောင့်သာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ငွေကြိုပေးအမျိုးအစား စမတ်မီတာများကို ရွေးချယ်ခြင်းမပြုဘဲ သုံးသလောက်ပေး အမျိုးအစား စမတ်မီတာ (AMI မီတာ) များကိုသာ ရွေးချယ်အသုံးပြုခဲ့ခြင်းဖြစ်ပြီး မြို့နယ်တစ်မြို့နယ်ချင်းအလိုက် လဲလှယ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပထမဆုံးသော AMI စမတ်မီတာစနစ်ကို ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၌ (၁.၈.၂၀၁၇) ရက်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်လုံးကျွတ် မဆောင်ရွက်နိုင်ခဲ့ဘဲ (၁.၁၂.၂၀၁၈) ရက်တွင်မှ ပန်းဘဲတန်းမြို့နယ်၌ ပြီးပြည့်စုံသော AMI စနစ်တစ်ရပ်ကို မြို့နယ်လုံးကျွတ် ပထမဦးဆုံး ဆောင်ရွက်ပြီးစီးခဲ့သည်။ ယခုအခါ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် မြို့နယ်ပေါင်း ၅၈ မြို့နယ်ရှိသည့်အနက် AMI စနစ်အပြည့်အဝဆောင်ရွက်ပြီးသည့် မြို့နယ်ပေါင်း ၂၀ ရှိပြီဖြစ်သည်။ AMI စနစ် အပြည့်အဝ မဆောင်ရွက်နိုင်သေးသော်လည်း အလိုအလျောက် ငွေတောင်းခံစနစ် ဆောင်ရွက်ပြီး မြို့နယ် ၃၆ မြို့နယ်အထိရှိလာပြီဖြစ်သည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တွင် AMI စနစ်ကိုရာနှုန်းပြည့်ပြောင်းလဲ တပ်ဆင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြို့ကြီးများတွင်လည်း ထိုစနစ်ကိုပြောင်းလဲတပ်ဆင်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခြင်းအားဖြင့် ဓာတ်အားပျောက်ဆုံးမှုများကို အတတ်နိုင်ဆုံးလျှော့ချ သွားနိုင်ရေးလုပ်ဆောင်လျက်ရှိသည်။
AMI စနစ်ဖြင့် ဆောင်ရွက်ပြီးမြို့နယ်များတွင် မိုဘိုင်းဖုန်းဖြင့် အသုံးပြုရသော Mebill အပလီကေးရှင်းဖြင့် ဘားကုတ်မှတစ်ဆင့် မိမိတို့အသုံးပြုနေသော မည်သည့် ဘဏ်နှင့်မဆိုအွန်လိုင်းမှ ငွေပေးဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အပြည့်အဝ ဆောင်ရွက်နိုင်မည်ဆိုပါက ဌာနအနေဖြင့် မီတာစာရွက်ဝေရန်ပင် မလိုအပ်တော့ဘဲ ပြည်သူများအနေဖြင့် မိုဘိုင်းဖုန်းမှပင် မိမိတို့ကျသင့်သော ဓာတ်အားခကို သိရှိနိုင်ပြီး အွန်လိုင်းမှ တိုက်ရိုက်ပေးချေသွားနိုင်မည်ဖြစ်ရာ ဝန်ထမ်းအင်အားကို များစွာလျှော့ချနိုင်မည်ဖြစ်သည်။
AMI မီတာစနစ်ဆိုသည်မှာ စမတ်မီတာစနစ်ဖြစ်၍ နည်းပညာကိုသာ အခြေပြုဆောင်ရွက်ပြီး မီတာဖတ်ရာတွင် လျှပ်စစ်ပုံစံများပြုစုခြင်းနှင့် ဓာတ်အားခ ငွေကောက်ခံခြင်း လုပ်ငန်းစဉ်များ အားလုံးသည် အလိုအလျောက်စနစ်ဖြစ်သောကြောင့် မှားယွင်းမှုမရှိသလောက် နည်းပါးသည်။ အချိန်နှင့်တစ်ပြေးညီ အလွယ်တကူဆောင်ရွက်နိုင်ပြီး ပြည်သူသို့ဝန်ဆောင်မှု ပေးရာတွင် ထိရောက်ကောင်းမွန်သော စနစ်တစ်ခုဖြစ်ကြောင်းတွေ့ရှိရသည်။
AMI မီတာစနစ်တွင် ဆင်းကတ်ထည့်သွင်း အသုံးပြုရသော Data Concentrator Unit ခေါ် DCU ပုံးများပါရှိပြီး အင်တာနက်လိုင်းကို အသုံးပြု၍ မီတာ ၁၀၀ ခန့် အကွာအဝေးအတွင်းရှိ မီတာအားလုံး၏ အချက်အလက်များကို အလိုအလျောက် ချိတ်ဆက်ဆောင်ရွက်နိုင်သည်။ လှိုင်းနှုန်းဖြတ်စက်များနှင့် နီးကပ်ခြင်းနှင့် အခြားအင်တာနက်လိုင်း အနှောင့်အယှက်များရှိလျှင်သာ အလိုအလျောက်ဖတ်ရှုရန် အခက်အခဲအနည်းငယ် ရှိသော်လည်း အဆိုပါမီတာအနီးမှ ဖတ်စက်ဖြင့် သွားရောက်ဖတ်ရှုနိုင်ပြီး လူမနေအိမ်ပိတ်ထားသော အိမ်မျိုးများတွင် မီတာကို အလွယ်တကူ ဖတ်ရှုနိုင်သည့် အားသာချက်ရှိသည်။ မီးသုံးသူများက တရားမဝင်ဆောင်ရွက်မှု တစ်ခုခုပြုလုပ်လျှင်လည်း ဗဟိုထိန်းချုပ်သည့်နေရာက ချက်ချင်းအလွယ်တကူ သိရှိနိုင်၍ ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်သည်။
AMI မီတာစနစ်သည် e-Government ဖော်ဆောင်မှုကို များစွာအထောက်အကူပြုစေပြီး ပြည်တွင်းရှိ မည်သည့်ဘဏ်နှင့်မဆို ချိတ်ဆက်၍ အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ဓာတ်အားခပေးဆောင်နိုင်မည် ဖြစ်သောကြောင့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို များစွာအကျိုးဖြစ်ထွန်းလာစေမည်။ အဲဗားဒစ်ဂျစ်တယ်မီတာများကို စတင်ထုတ်လုပ်သည့် ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အထိ နည်းပညာမြင့်မားစွာ အသုံးပြုနိုင်ရေး တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သော အဲဗားမီတာကုမ္ပဏီသည် AMI မီတာများကို ကိုယ်ပိုင်ရေးဆွဲထားသော ဆော့ဝဲများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လျှပ်စစ်မီးသုံးသူများ၏ အချက်အလက်များသည် ပြည်ပနိုင်ငံများသို့ သတင်းပေါက်ကြားခြင်း မျိုးမှလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ပြည်တွင်းကုမ္ပဏီဖြစ်၍ ထုတ်လုပ်မှုစရိတ်လည်း များစွာလျော့နည်းလာစေမည်ဖြစ်သည်။ ထို့ပြင် ဝန်အားကို စောင့်ကြည့်မှုပြုလုပ်နိုင်၍ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို အချိန်မီပြုပြင်ရန်နှင့် တိုးချဲ့ဆောင်ရွက်ရန် လုပ်ငန်းများကိုကြိုတင်ပြင်ဆင်နိုင်ပြီး ပျက်စီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်ပေးနိုင်သည်။
ဘဏ္ဍာရေးဆိုင်ရာ ပုံစံနှင့်အချက်အလက်များကို ဆာဗာတွင်သိမ်းဆည်းထားနိုင်၍ အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကြည့်ရှုနိုင်ခြင်းနှင့် စာရွက်စာတမ်း စစ်ဆေးရန်လိုအပ်ပါက လျင်မြန်စွာ ပရင့်ထုတ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။ ယခုအခါ (MEB) (Myanmar Electric Bill) ဆော့ဝဲကိုအခြေခံ၍ မိုဘိုင်းဖုန်းဖြင့်အသုံးပြုနိုင်သော Mebill အပလီကေးရှင်းကို တီထွင်ဆောင်ရွက်လျက်ရှိရာ အပြည့်အဝဆောင်ရွက် ပြီးစီးလာမည်ဆိုပါက ကျသင့်ငွေကိုအွန်လိုင်းမှ တိုက်ရိုက်ပေးဆောင် လာနိုင်တော့မည်ဖြစ်သည်။
အချုပ်အားဖြင့် ဆိုရပါလျှင် Mebill အပလီကေးရှင်းသာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါက AMI စနစ်အသုံးပြုနိုင်သော မြို့နယ်များတွင် ပြည်သူများသည် မိမိတို့သုံးစွဲသော ဓာတ်အားယူနစ်ပမာဏကို လက်ကိုင်ဖုန်းမှတစ်ဆင့် အချိန်မရွေးကြည့်ရှု စစ်ဆေးသွားနိုင်တော့မည်ဖြစ်၍ သုံးစွဲယူနစ်များအတွက် စိတ်ကျေနပ်မှုကို ရရှိစေမည်ဖြစ်သည့်အပြင် မိမိ၏ဝင်ငွေကို ချင့်ချိန်၍ ဓာတ်အားကိုလည်း ချွေတာသုံးစွဲနိုင်လာမည်ဖြစ်သည်။ ဌာနနှင့် လျှပ်စစ်မီးသုံးသူပြည်သူများအတွက် နှစ်ဦးနှစ်ဖက်ပွင့်လင်း မြင်သာမှုကိုရရှိစေမည်။ ပြည်တွင်းရှိ မည်သည့်ဘဏ်နှင့်မဆို အွန်လိုင်းဖြင့်ချိတ်ဆက်၍ မိုဘိုင်းဖုန်းမှတစ်ဆင့် လွယ်ကူစွာဓာတ်အားခများ ပေးဆောင်လာနိုင်တော့မည်ဖြစ်၍ လုံခြုံဘေးကင်းပြီး စိတ်ချရမှုလည်း ရရှိလာစေသည်။ လိုအပ်ပါက အချိန်နှင့် တစ်ပြေးညီ မီးဖြတ်ခြင်း၊ မီးဆက်ခြင်း ပြုလုပ်နိုင်ပြီး ပြည်သူများအတွက် စိတ်ချမ်းမြေ့ ကျေနပ်ဖွယ်ရာ ဝန်ဆောင်မှုများကို အပြည့်အဝရရှိခံစား လာစေနိုင်တော့မည်ဖြစ်ကြောင်း AMI ဟုခေါ်သော စမတ်မီတာများနှင့် ပတ်သက်၍ စာရေးသူ၏ အမြင်ကို ဗဟုသုတဖြစ်စေရန်အလို့ငှာ တစေ့တစောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
(၆-၂-၂၀၂၅)ရက်နေ့ထုတ် မြဝတီသတင်းစာမှ ကူးယူဖော်ပြပါသည်။

မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး အရှေ့တောင်အာရှ ပင်မကုန်းမြေပေါ်ရှိ နိုင်ငံအားလုံးတွင် အကျယ်ဆုံးဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် ဒုတိယအကျယ်ဝန်းဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့်တွင် ၄၀ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် နိုင်ငံအင်အားကြီးလျှင် ကြီးသလောက် တန်ခိုးဩဇာဖြန့်ကြက်နိုင်ခဲ့ရာ တောင်အာရှနှင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအချို့တို့သို့ပင် ကျော်လွန်ရောက်ရှိခဲ့သည်။

ယနေ့ခေတ်အမြင်ဖြင့် ကြည့်မည်ဆိုပါက သူတစ်ပါးနိုင်ငံကို ကျူးကျော်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်စေကာမူ ထိုခေတ်ထိုအခါတွင် အင်အားသာသူတို့က ဘုန်းလက်ရုံး ဆန့်တန်းကြမြဲဖြစ်သည့်အလျောက် ကိုယ်မကျူးလျှင် သူကျူးမည်။ ကိုယ်မတိုက်လျှင် သူတိုက်မည်သာဖြစ်ရာ မိမိနိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် အင်အားကိုပြသကြရမြဲဖြစ်သည်။ မိမိတို့ အင်အားချည့်နဲ့ချိန်၊ နိုင်ငံကိုစိုးမိုးအုပ်ချုပ်မင်းလုပ်သူ ညံ့ဖျင်းချိန်တွင် နိုင်ငံအတွင်း တိုင်းတစ်ပါးသားတို့ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးမှုကို မလွှဲသာမရှောင်သာ ခံခဲ့ရသည်မှာလည်း သမိုင်းတွင် အထင်အရှားပင် ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့ ဝင်ရောက်သိမ်းပိုက်ပြီးချိန်တွင်မူ တစ်ချိန်က မြန်မာဘုရင်လက်ထက် အုပ်ချုပ်မှုသက်ရောက်ခဲ့ရာ နယ်မြေများအားလုံးကိုသိမ်းယူ၍ တစ်ဖက်နိုင်ငံများနှင့်ပါ နယ်နိမိတ်စာချုပ်များချုပ်ဆိုပြီး ယနေ့မိမိတို့ တွေ့မြင်နေရသည့် မြန်မာနိုင်ငံမြေပုံ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ တိကျသည့် နယ်နိမိတ်ရေးဆွဲ သတ်မှတ်ရာတွင် အပေးအယူအချို့လုပ်ခဲ့ပြီး အချို့နယ်မြေဒေသများမှာ မြန်မာနိုင်ငံပိုင်နက် ဖြစ်သင့်ပါလျက် မဖြစ်တော့ဘဲ တစ်ဖက်နိုင်ငံကို ပေးအပ်လိုက်ရသည်များလည်းရှိခဲ့သည်ကို သမိုင်းတွင် တွေ့ရှိနိုင်သည်။
၂၀ ရာစုအတွင်း ကမ္ဘာ့စနစ်မှာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ နိုင်ငံများ၏ ပိုင်နက်နယ်နိမိတ်များ သည် တိကျသည့်အတိုင်းအတာများ၊ သတ်မှတ်ချက်များ၊ သဘောတူညီချက်များ၊ စာချုပ်စာတမ်း များနှင့် ခိုင်ခိုင်မာမာ အတည်တကျ ဖြစ်လာခဲ့ပြီဖြစ် သည်။ အင်အားရှိတိုင်းလည်း နယ်မြေချဲ့ထွင်နိုင် သည့် ခေတ်အခါမဟုတ်တော့။ မိမိတို့ဘိုးဘေး ဘီဘင်များ အသက်သွေး၊ ချွေးများစွာဖြင့် တည်ထောင်ခဲ့သည့် ဤနိုင်ငံ၊ ဤနယ်နိမိတ်ကို တစ်လက်မမျှပင်မလျော့ပါး၊ မဆုံးရှုံးစေရန် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်သည်။
ကမ္ဘာ့မြေပုံကိုကြည့်လျှင် ကမ္ဘာတွင် တတိယမြောက် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် သတ္တမမြောက် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတို့၏အကြားတွင် နှစ်နိုင်ငံလုံးနှင့် ထိစပ်လျက် မြန်မာနိုင်ငံကို သေးသေးငယ်ငယ်ကလေး တွေ့ရှိနိုင်သည်။ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးတို့မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးများ ဖြစ်ကြသည့်အပြင် စီးပွားရေးတွင်လည်း အင်အားကြီးနိုင်ငံများအဖြစ် လျင်မြန်စွာ တက်လှမ်းနေကြ သည်။ ၂၁ ရာစုသည် အာရှ၏ ရာစုနှစ်ဟု ဆိုရလောက်အောင် ကမ္ဘာ့အချက်အချာသည် အာရှဆီသို့ ပြောင်းရွှေ့လျက်ရှိနေရာ ကမ္ဘာ့အင်အားပြိုင်ဆိုင်မှုများကလည်း ပထဝီအနေအထားအရ အချက်အချာကျသည့် မိမိတို့နိုင်ငံ၏ မြေပြင်၊ ရေပြင်နှင့် ကောင်းကင်ပြင်ပိုင်နက်နယ်နိမိတ်များနှင့် ဆက်စပ်လာနေသည်။ နိုင်ငံတိုင်း ၎င်းတို့နိုင်ငံ အဓွန့်ရှည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး အင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အားတို့ကို အခိုင်အမာတည်ဆောက်လျက်ရှိရာ မိမိတို့သည်လည်း နောက်ကျမကျန်ရစ်ဖို့လိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ၏ တစ်ကျော့ပြန်သမ္မတဖြစ်လာခဲ့သည့် ဒေါ်နယ်ထရမ့် အိမ်ဖြူတော်၏ သမ္မတရုံးခန်းတွင်းသို့ရောက်မလာမီအချိန်အတွင်း ပြောခဲ့သည့်စကားအချို့က ကမ္ဘာကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့သည်။ ကမ္ဘာ့နံပါတ် (၁) အင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်၏ မဟာဗျူဟာအကျိုးစီးပွားအတွက် ဂရင်းလန်ကျွန်း၊ ပနားမားတူးမြောင်း၊ မက္ကဆီကို၊ ကနေဒါတို့ကဲ့သို့သော အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ အစိတ်အပိုင်းများကို သိမ်းပိုက်ရယူရန် လေသံပေးမျက်စောင်းထိုးပြခဲ့ခြင်းမှာ သက်ဆိုင်ရာနိုင်ငံတို့အတွက် နာသာခံခက်ဖြစ်စေသည်။ ထရမ့်၏ စကားနှုတ်ကျွံ အပြောလွန်တတ်သည့် ဝသီစရိုက်ဖြင့် လေထဲတွင် တိုက်အိမ်ဆောက်ပြခြင်းဖြစ်သည်ဟု ဆိုနိုင်စေကာမူ အမြဲပြောခံရသည့် နိုင်ငံများမှ ခေါင်းဆောင်များနှင့် ပြည်သူများအဖို့ မခံချိမခံသာ အမျက်ဒေါသထွက်ဖွယ်ရာများပင်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ၁၉ ရာစုကာလက အထွတ်အထိပ်ရောက်ခဲ့သည့် နယ်ချဲ့ဝါဒသည် ဒုတိယကမ္ဘာစစ်ကြီးနှင့်အတူ ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည့်တိုင် အင်အားကြီးနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားနှင့် ယှဉ်လာပါက နယ်ချဲ့လိုစိတ်တို့ ရှိနေဆဲပင်ဖြစ်သည်ကို ဒေါ်နယ်ထရမ့်က ပြောင်ပြောင်တင်းတင်း သက်သေပြခဲ့ခြင်းဟု ယူဆရမည်လည်းဖြစ်သည်။ ထို့အပြင် နိုင်ငံငယ်များ၏ ပြည်တွင်းရေးတွင် ပါဝင်စွက်ဖက်ကာ ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများအတွက် လိုသလိုဖန်တီးခြေရှုပ်နေကြသည်ကိုလည်း သတိပြုကြရန်လိုသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်ပြီး ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးမှနုတ်ထွက်ကာ တိုင်းပြည်မှ ထွက်ပြေးသွားခဲ့ရသည်။ ယင်းပြဿနာ၏ နောက်ကွယ်တွင် အနောက်နိုင်ငံအချို့ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ရာ ၎င်းတို့က ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှ အတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားအချို့ကို အသုံးချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်က သတင်းများအရ အနောက်အုပ်စု၏ ခေါင်းကိုင်ဖခင်နိုင်ငံကြီးက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ပိုင်နက်နယ်မြေများကို စုပေါင်းကာ ခရစ်ယာန်နိုင်ငံတစ်ခု တည်ထောင်ရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ ဟိန္ဒူဘာသာဝင်အများစု နေထိုင်သည့် အိန္ဒိယ၊ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံတို့နှင့် ဆက်စပ်ရာဒေသတွင် ခရစ်ယာန်ဟူသော ခေါင်းစဉ်တပ်၍ နိုင်ငံတစ်ခုထူထောင်မည့်အကြံမှာ ဒေသတွင်းမတည်မငြိမ် ဖြစ်လာစေရန် ဖန်တီးခြင်းဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများအဖြစ်သို့ တက်လှမ်းလာနေသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် အနောက်အုပ်စု၏ အခိုင်အမာခြေကုပ်ယူစရာနေရာကို ဖော်ဆောင်ခြင်းလားဟု စဉ်းစားဖွယ်ရာဖြစ်သကဲ့သို့ မြန်မာ့ပိုင်နက်နယ်နိမိတ်ကို တစ်လက်မမျှပင် ပဲ့ပါမသွားစေရန် ကာကွယ်စောင့်ရှောက်ဖို့လည်း သတိဖြင့်ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်သည်။
ရေပြင်နယ်နိမိတ်တွင်လည်း မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်း စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ၊ စစ်အခြေစိုက်စခန်း တည်ဆောက်မှုများ တစ်နိုင်ငံချင်းအနေဖြင့်လည်းကောင်း၊ နိုင်ငံအုပ်စုဖွဲ့၍လည်းကောင်း ပိုမိုအာရုံစိုက်ပြုလုပ်လာကြသည်ကိုလည်း သတင်းများတွင် တွေ့ရှိနိုင်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး ကမ္ဘာပေါ်တွင် ဝါဒရေးရာ ဆန့်ကျင်ခြားနားမှုများကို အကြောင်းပြု၍ နိုင်ငံအုပ်စုနှစ်စုကြားတွင် စစ်ရေးအပြိုင်အဆိုင် တည်ဆောက်မှုများပြုလုပ်ပြီး ရန်စောင်တင်းမာခဲ့ကြသည့် စစ်အေးတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေးတို့တွင် ပြောင်းလွယ်၊ ပြင်လွယ်နိုင်စွမ်းမရှိသည့် အရှေ့အုပ်စုဝင် ပြည်ထောင်စုနိုင်ငံကြီးများ ပြိုကွဲသွားခြင်းအားဖြင့် စစ်အေးတိုက်ပွဲများ ပြီးဆုံးသွားခဲ့ချိန် အာရှတွင် “ကြောင် ဖြူဖြူ၊ မည်းမည်း၊ ကြွက်ဖမ်းနိုင်ဖို့သည်အဓိက” ဟူသော ကြွေးကြော်သံဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကွန်မြူနစ်ဝါဒနှင့်ပေါင်းစပ်၍ အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကမ္ဘာ့စင်မြင့်ဆီသို့ တစ်လှမ်းချင်းတက်လှမ်းလာခဲ့သည်။ အာရှရာစုနှစ် အစပျိုးလာခြင်းသည် အနောက်အုပ်စု၏ ကမ္ဘာကြီးကို လွှမ်းမိုးမှုနိဂုံးချုပ်တော့မည့် နိဒါန်းပင်ဖြစ်ရာ အနောက်အုပ်စုနိုင်ငံတို့က ဘက်ပေါင်းစုံမှ အပြင်းအထန် ဆန့်ကျင်မှုများ ပြုလုပ်နေကြသည်ကို ကမ္ဘာ့မြင်ကွင်းတွင် နေ့စဉ်နှင့်အမျှ တွေ့မြင်နေကြရသည်။
ယနေ့ မိမိတို့ဖြတ်သန်းနေကြရသည့် ကမ္ဘာကြီးတွင် နိုင်ငံတိုင်း ကိုယ်ခံအားကောင်းကြဖို့ လိုသည်။ အင်အားတောင့်တင်းခိုင်မာသည့် နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ပြည်တွင်းအင်အားဖြင့် တည်ဆောက်ထားကြရမည့် ခေတ်ကာလဖြစ်သည်။ ယင်းသို့သော အခြေအနေတွင် မိမိတို့နိုင်ငံ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် မြို့/ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများပြုလုပ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိအောင် ဖန်တီးလျက်ရှိသည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေသည်ကို တွေ့ရသည်။
ကချင်ပြည်နယ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက PDF များနှင့်ပူးပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ် ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက် သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ မကွေးတိုင်း- ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း- ရခိုင်ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ဒေသများတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်တွင် CNF သောင်းကျန်းသူများသည် PDF များနှင့် ပူးပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
“အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုအပေါ်တွင် မဲမသမာမှုပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့က လူထု၏စိတ်ခံစားချက်ကိုအသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းက အစပြုခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များ အနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အစွန်းရောက်ယူဆချက်များနှင့် ၎င်းတို့လှုပ်ရှားသည့် နယ်မြေများတွင် လှုံ့ဆော်အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း” ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၃၁-၁-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) တွင် ထည့်သွင်းရှင်းလင်းတင်ပြခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ၎င်းတို့၏ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဆောင်ရွက်ရာတွင် လူမျိုးရေးစိတ်ဓာတ်ကို အစွန်းရောက်သည်အထိ လှုံ့ဆော်မြှင့်တင်ခြင်း၊ လူမျိုးရေး မုန်းတီးမှု (အထူးသဖြင့် ဗမာမုန်းတီးရေး) ဖြစ်ပေါ်အောင်သွေးခွဲခြင်း စသည့် ပြည်ထောင်စုကြီးတွင် အတူနေထိုင်ကြသူများအကြား အန္တရာယ်ကြီးမားသည့် လုပ်ရပ်များကို ပြုလုပ်နေကြခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးများစွာ အတူတကွ စုစည်းနေထိုင်ကြသည့် နိုင်ငံ၊ ပြည်ထောင်စုကြီး၏ တစ်ခုတည်းသော နယ်နိမိတ်အတွင်း တောတောင်ရေမြေတို့ တစ်ဆက်တစ်စပ်တည်းတည်ရှိကာ လူမှုစီးပွား ဘဝများလည်း ခွဲခြား၍မရသည့် နိုင်ငံတွင် လူမျိုးရေး ခွဲခြားမှုနှင့် အမုန်းတရားများ ဖန်တီးခြင်းမှာ မိုက်မဲလွန်းခြင်းပင်ဖြစ်သည်။
လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား “ရန်” ဟူ၍ သတ်မှတ်လိုက်သည်နှင့် ယုံကြည်မှု၊ ရင်းနှီးမှု၊ ချစ်ခင်မှု၊ သံယောဇဉ်တရားနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုတို့ပျောက်ကွယ်၍ ပျက်စီးခြင်းနှင့်သာ နိဂုံးချုပ်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ဈေးများစသည်ဖြင့် ပျက်စီးဆုံးရှုံးမှုပမာဏများစွာ ကြီးမားသကဲ့သို့ပင် အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူတို့၏ အခွင့်အရေးများစွာတို့လည်း ဆုံးရှုံးနေရသည်။
ပစ္စက္ခကာလ ပြည်တွင်းပြည်ပ အခြေအနေအရပ်ရပ်တို့က မိမိတို့နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေးအတွက် အန္တရာယ်အချိန်မရွေးကျရောက်လာနိုင်သည်ကို တွေ့ရှိနိုင်သည်။ လွန်ခဲ့သည့် ၇၇ နှစ်က ရရှိထားခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စွဲမြဲခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ် ဖြင့် စုပေါင်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းကြောင့်သာ ယခုတိုင် တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ ပြည်ထောင်စုကြီးပြိုကွဲပျက်စီးစေမည့်ဘေးရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲမည့်ဘေးရန်၊ အချုပ်အခြာအာဏာ ဆုံးရှုံးမည့်ဘေးရန်တို့မှာ အတွင်းရန်၊ အပြင်ရန်များအဖြစ် ခေတ်အဆက်ဆက်တွင်လည်းရှိခဲ့သလို ပစ္စုပ္ပန်တွင် ရှိဆဲ၊ အနာဂတ်တွင်လည်း ရှိနေနိုင်သည်သာဖြစ်ရာ မိမိတို့ဘိုးဘွားများက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ခဲ့ကြသည့်နည်းတူ မိမိတို့သည်လည်း တာဝန်ကျေပွန်ကြရမည်ဖြစ်သည်။
ခန္ဓာကိုယ်တွင် ကိုယ်ခံအားစနစ် အားနည်းလျော့ကျပါက ပြင်ပရောဂါမျိုးစုံတို့ ဝင်ရောက်လာသည့် သဘောကိုနှလုံးမူ၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းအင်အား လျော့နည်းကျဆင်းလာပါက ပြည်ပပယောဂပေါင်းစုံတို့ ဝင်ရောက်လာနိုင်သည်ကို ဆင်ခြင်မြော်တွေးကာ ပြည်တွင်းအင်အားကို စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ထားကြရမည်လည်း ဖြစ်သည်။
ပယောဂမကင်းသည့် စိတ်ဝမ်းကွဲပြားမှုများနှင့် ပဋိပက္ခများကို ဆန့်ကျင်ပယ်ရှားကာ ဘိုးဘွားတို့၏ အမွေ ပြည်ထောင်စုစိတ်ဓာတ်ကို မိမိတို့၏ နှလုံးသားတွင် ထာဝစဉ်စွဲမြဲစွာခံယူ၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေး၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အားလုံး၏ စုပေါင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်သွားကြရမည်ဟူ၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလျက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
Source: www.moi.gov.mm

ကမ္ဘာ့ရေဝပ်ဒေသများနေ့
(World Wetlands Day)
နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်သည် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wet-lands Day) ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ရေဝပ်ဒေသများ၏တန်ဖိုးကို မီးမောင်းထိုးပြရန်သာမက ရေဝပ်ဒေသများရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေနေသတ္တဝါများ၊ ဆောင်းခိုငှက်များနှင့် ရေဝပ်ဒေသ ဂေဟစနစ်များ ထိန်းသိမ်းရေး၊ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် တစ်ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်သောနေ့လည်း ဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်ဖြစ်သည့် “Protecting Wetlands for Our Common Future”“အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့” ဟူသည့်ဆောင်ပုဒ်သည် လူသားအားလုံး၏ လူမှုဘဝဖူလုံရေးအတွက် ရေဝပ်ဒေသများ၊ တောရိုင်းတိရစ္ဆာန်များ၏ သဘာဝနေရင်းဒေသများကို ထိရောက်စွာကာကွယ်ရေးသည် အရေးတကြီးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြထားပါသည်။
ရေဝပ်ဒေသများ
ရေဝပ်ဒေသများဆိုသည်မှာ ဒီရေကျချိန်တွင် ရေအနက် ၆ မီတာထက်ပိုမနက်သည့် အဏ္ဏဝါရေပြင်များအပါအဝင် ရေသေ သို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန်၊ ဆားငန်ရေများရှိသော ယာယီ သို့မဟုတ် အမြဲတမ်းရှိနေသော သဘာဝ သို့မဟုတ် လူတို့ပြုလုပ်ဖန်တီးထားသော ရွှံ့ညွန်မြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေနှင့် ရေပြင်ဧရိယာများကို ခေါ်ဆိုပါသည်။ ရေဝပ်ဒေသများကို ပင်လယ်ကမ်းခြေရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ဖန်တီးထားသော ရေဝပ်ဒေသများနှင့် ကုန်းတွင်းရေချိုရေဝပ်ဒေသများဟူ၍ သုံးပိုင်းခွဲခြားထားပါသည်။
ရေဝပ်ဒေသများတွင် မြစ်၊ ချောင်းများ၊ အင်း၊ အိုင်၊ ကန်နှင့် ရေအောင်းလွှာများ၊ နွံအိုင်များနှင့် ရွှံ့မြေများ၊ စိုစွတ်သည့် မြက်ခင်းလွင်ပြင်များ၊ ပင်လယ်သဲသောင်ကမ်းပါးများ၊ ကမ်းလွန်ကျွန်းစုငယ်များ၊ ပင်လယ်ဝ ဧရိယာများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတောများ၊ ကမ်းရိုးတန်းဒေသများ၊ သန္တာကျောက်တန်းများ၊ ငါးကန်၊ ပုစွန်ကန်များ၊ စပါးကွင်းများ၊ ဆားကွင်းများ၊ ဆည်ရေလှောင်တမံများ၊ ဆည်ရေသောက်ဧရိယာများ စသည့်နေရာများပါဝင်ပါသည်။
ရေဝပ်ဒေသများသည် လူသားများအတွက် အရေးပါသည့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ၊ အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။ အဓိကအားဖြင့် မြေဆီလွှာများအတွင်း ကာဗွန်သိုလှောင်မှုတိုးပွားပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ခြင်း၊ ရေကြီးခြင်း၊ ရေလျှံခြင်း စသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ ရေပျော်ငှက်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေထုညစ်ညမ်းမှုများကို သန့်စင်ပေးခြင်း၊ ရေချိုများ ပံ့ပိုးပေးခြင်း၊ ငါး၊ ပုစွန်၊ ကဏန်းစသည့် ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် တိရစ္ဆာန်မွေးမြူရေးစသည့်လုပ်ငန်းများအတွက် အထောက်အပံ့ပြုပြီး စားရေရိက္ခာဖူလုံစေရန် ပံ့ပိုးပေးခြင်း၊ ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အရေးပါခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။
ရေဝပ်ဒေသများသည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အရေးပါသည့်အလျောက် ရေဝပ်ဒေသများကိုဝိုင်းဝန်းထိန်းသိမ်းကြရန် “ရေဝပ်ဒေသများကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar) ၌ ဖွဲ့စည်းခဲ့ပါသည်။ ယနေ့အချိန်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိပြီး နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ်ဒေသပေါင်း ၂၅၂၆ ခုရှိကာ စုစုပေါင်းဧရိယာ ၂၅၇,၅၃၈,၂၁၈ ဟတ်တာရှိပါသည်။
အာဖရိက၊ အာရှ၊ ဥရောပနိုင်ငံများ၊ လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ၊ မြောက်အမေရိက၊ သမုဒ္ဒရာပိုင်းနိုင်ငံများဟူ၍ ဒေသအလိုက် ပိုင်းခြားသတ်မှတ် ထိန်းသိမ်းထားလျက်ရှိပါသည်။ အဆိုပါ နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသများကို “ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ” ဟုလည်း ခေါ်ဆိုပါသည်။ ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ အများဆုံးရှိသည့်နိုင်ငံများမှာ ယူနိုက်တက်ကင်းဒမ်းဖြစ်ပြီး ရမ်ဆာရေဝပ်ဒေသ ၁၇၆ ခုရှိ၍ ဒုတိယအများဆုံးမှာ မက္ကဆီကို နိုင်ငံဖြစ်ပြီး ရမ်ဆာရေဝပ်ဒေသ ၁၄၄ ခု ရှိပါသည်။
“ရမ်ဆာ (Ramsar) ရေဝပ်ဒေသ” အဖြစ် သတ်မှတ်ခံရနိုင်ရန် စံသတ်မှတ်ချက် (၉) ချက်ရှိပြီး အနည်းဆုံးတစ်ချက်နှင့်ကိုက်ညီသောရေဝပ်ဒေသများကို နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။ အဓိကစံသတ်မှတ်ချက်များမှာ ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း၌ သဘာဝအတိုင်းတွေ့ရသည့် သို့မဟုတ် သဘာဝနီးပါးရှိနေသည့် ထူးခြားရှားပါးသော ရေဝပ်ဒေသဖြစ်ခြင်း၊ ထူးခြားသော ဇီဝဘူမိဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များကို ထောက်ပံ့ပေးသည့် ရေဝပ်ဒေသဖြစ်ခြင်း၊ အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များ၏ အသက်ရှင်နေထိုင်မှု၌ အကောင်းဆုံးအခြေအနေကို ပေးနိုင်သော သို့မဟုတ် မတူညီသော အသက်ရှင်နေထိုင်မှု၌ ခိုလှုံခွင့်ပေးနိုင်သော ရေဝပ်ဒေသဖြစ်ခြင်း၊ ရေပျော်ငှက်ပေါင်း ၂၀၀၀၀ နှင့်အထက် ပုံမှန်ကျက်စားနိုင်သော ရေဝပ်ဒေသဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။
ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ
အနေဖြင့် ကွန်ဗင်းရှင်းအပေါ် ထားရှိရသည့် အဓိက ကတိကဝတ်တစ်ခုမှာ စံသတ်မှတ်ချက်နှင့်ကိုက်ညီသော ရေဝပ်ဒေသများကို Ramsar List ဟု လူသိများသည့် နိုင်ငံတကာအရေးပါသော ရေဝပ်ဒေသများစာရင်းတွင် ထည့်သွင်းသတ်မှတ်ဖော်ပြရန်ဖြစ်ပါသည်။ “ရေဝပ်ဒေသများကွန်ဗင်းရှင်း (Convention on Wetlands)” အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရေဝပ်ဒေသများအားလုံးကို အကျိုးရှိစွာ စနစ်တကျအသုံးချခြင်း၊ နိုင်ငံတကာအဆင့် အရေးပါသည့် ရေဝပ်ဒေသများ (ရမ်ဆာရေဝပ်ဒေသများ)ကို ထိန်းသိမ်းခြင်းနှင့် နိုင်ငံတကာပူးပေါင်းမှုများဖြင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ရေဝပ်ဒေသများ၊ အဆိုပါရေဝပ်ဒေသများရှိ သားငှက်တိရစ္ဆာန်မျိုးစိတ်များ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသ
ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသသည် ဩစတြေးလျနိုင်ငံရှိ ကိုဘော့(Cobourg) ကျွန်းဆွယ်(ဆိုက်အမှတ် ၁) ဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် သတ်မှတ်ခဲ့ပါသည်။ ကိုဘော့ (Cobourg) ကျွန်းဆွယ်သည် ဧရိယာအားဖြင့် ဟတ်တာ ၂၂၀,၇၀၀ ကျယ်ဝန်းပြီး ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစွာတည်ရှိသည့်အတွက် ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။
ကိုဘော့ (Cobourg) ကျွန်းဆွယ်တွင် ကြီးမားသောအပင်များနှင့် တောရိုင်းတိရစ္ဆာန်များ၊ ပင်လယ်လိပ်များကဲ့သို့ မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များ၊ ရေပျော်ငှက်များ နေထိုင်ကျက်စားလျက်ရှိပြီး မိကျောင်းများ၊ လင်းပိုင်များ၊ ငါးမန်းများ၊ လိပ်များ၊ ရေပျော်ငှက်များနှင့် ငါးများအတွက် ဘေးကင်းသောပတ်ဝန်းကျင်တစ်ခုလည်းဖြစ်သည်။ အဆိုပါတိရစ္ဆာန်များအတွက် မျိုးပွားခြင်း၊ သားပေါက်ခြင်းနှင့်အစားအစာများအတွက် ခိုကိုးရာ၊ ထောက်ပံ့ပေးရာ နေရာလည်းဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သော ကမ်းရိုးတန်းငှက်များ၊ ရေပျော်ငှက်များ ခိုလှုံရာနေရာ (Refuge) အတွက် အရေးကြီးသော နားခိုရာနေရာတစ်ခုလည်းဖြစ်သည်။ ဩစတြေးလျနိုင်ငံသည် ၁၉၇၅ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး ယနေ့အချိန်ထိ ရမ်ဆာရေဝပ်ဒေသ ၆၇ ခု (ဟတ်တာ ၈ ဒသမ ၃ သန်းကျော်) သတ်မှတ်ထားပြီးဖြစ်ပါသည်။
ကမ္ဘာ့အကြီးဆုံး ရမ်ဆာရေဝပ်ဒေသဂီရိ-တွန်ဘာ-မိန်းဒွန်ဘီ (Ngiri-Tumba-Maindombe) ရမ်ဆာရေဝပ်ဒေသ (ဆိုက်အမှတ် ၉၅၀) သည် ရမ်ဆာကွန်ဗင်းရှင်းမှ အသိအမှတ်ပြုထားသည့် ကမ္ဘာ့အကြီးဆုံးရေဝပ်ဒေသဖြစ်သည်။
အဆိုပါနေရာသည် ကွန်ဂိုနိုင်ငံအနောက်ပိုင်းရှိ တွန်ဘာရေကန် (Tumba Lake) ဝန်းကျင်ဒေသတွင်ရှိပြီး ဧရိယာအကျယ်အဝန်း ၆၅၆၉၆၂၄ ဟတ်တာရှိ၍ ဘယ်ဂျီယံနိုင်ငံ အရွယ်အစားထက် နှစ်ဆပိုကြီးမားပါသည်။ သစ်တောနှင့်အမြဲတမ်း သို့မဟုတ် ရာသီအလိုက် ရေကန်များနှင့် စိမ့်မြေ ဧရိယာကျယ်ပြန့်စွာပါဝင်နေသည့် အဆိုပါဧရိယာသည် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးတန်ဖိုးများစွာရှိသည်။
ရေဝပ်ဒေသအတွင်းတွင် ကျွဲ၊ မျောက်မျိုးစိတ်အမျိုးမျိုး၊ တောဆင်များ၊ ကျားသစ်များနှင့် အခြားများစွာသော တောရိုင်းတိရစ္ဆာန်များ၊ ရေပျော်ငှက်များစွာကို တွေ့နိုင်ပါသည်။ စိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ စုဆောင်းခြင်းကဲ့သို့သော ဆောင်ရွက်မှုများသည် ရေဝပ်ဒေသအပေါ်တွင် မှီခိုနေသောဒေသခံ ပြည်သူများအတွက် ဝင်ငွေတိုးပွားမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကွန်ဂိုနိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ယနေ့အချိန်ထိ ရမ်ဆာရေဝပ်ဒေသ ၁၄ ခု(၁၃၈၁၃၈၆၅ ဟတ်တာ) သတ်မှတ်ထားပြီးဖြစ်ပါသည်။
အာရှအကြီးဆုံး ရေဝပ်ဒေသတရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းမွန်ဂိုးလီးယားဒေသ (Inner Mongolia) ရှိ အာဂန်း (Ergun) ရေဝပ်ဒေသသည် တရုတ်နိုင်ငံ၏ ရင်သပ်ရှုမောဖွယ်အကောင်းဆုံးနှင့်ဂေဟဗေဒအရ အရေးပါဆုံး ရေဝပ်ဒေသများထဲမှတစ်ခုဖြစ်ပြီး ကျယ်ပြန့်သော မြက်ခင်းများ၊ စိမ့်မြေများ၊ မြစ်များနှင့် သစ်တောများ လွှမ်းခြုံထားပါသည်။ အကွေ့အကောက်များသော အာဂန်း (Ergun) မြစ်နှင့် ၎င်း၏မြစ်လက်တက်များသည် စီးဆင်းနေသော ရေလမ်းကြောင်းနှင့် စိမ်းလန်းစိုပြည်သော ရှုခင်းများကို ဖန်တီးပေးသည့် ရင်သပ်ရှုမောဖွယ်ရှုခင်းများကြောင့် ကျော်ကြားခြင်းဖြစ်ပါသည်။
ရေစိုမြေများ၊ စိမ့်များ၊ ရေလွှမ်းမြေများ၊ သစ်တောများနှင့် ကွဲပြားနေသော ရေကန်အချို့ကို လွှမ်းခြုံထားသည်။ မတူကွဲပြားသော အပင်မျိုးစိတ်များ၊ ငှက်များနှင့် အခြားတောရိုင်းတိရစ္ဆာန်များအတွက် မရှိမဖြစ်လိုအပ်သော နေရင်းဒေသတစ်ခုလည်းဖြစ်သည်။ အာဂန်း (Ergun) ရေဝပ်ဒေသသည် ဧရိယာဟတ်တာ ၁၂၀၀၀ ကျော် ကျယ်ဝန်းပြီး တရုတ်နိုင်ငံတွင် အကြီးဆုံးရေဝပ်ဒေသဖြစ်သကဲ့သို့ အာရှတွင်လည်း အကြီးဆုံးရေဝပ်ဒေသများထဲမှ တစ်ခုဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အခြားထင်ပေါ်ကျော်ကြားသော ရမ်ဆာရေဝပ်ဒေသတစ်ခုမှာ ဂွန်ဒေါင်းရှန်ကျန်းဖူတီယန် ဒီရေတောရေဝပ်ဒေသ (Guangdong Shenzhen Futian Mangrove Wetlands) (ဆိုက်အမှတ် ၂၅၁၈) ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရပါသည်။ ရှန်ကျန်းပင်လယ်အော်၏ အရှေ့မြောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင်တည်ရှိပြီး ကျယ်ပြန့်သောရွှံ့ညွန်တောများနှင့် ဒီရေတောများရှိသော မြစ်ကမ်းစပ်၊ မြစ်များဆုံစည်းရာပင်လယ်ပြင်တွင် တည်ရှိပါသည်။ ၎င်းရမ်ဆာရေဝပ်ဒေသသည် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australasian Flyway- EAAF) တွင်လည်း ကျရောက်နေပါသည်။
ဖူတီယန်ဒီရေတောတွင် ဒီရေတောအပင်မျိုးစိတ် ၁၉ မျိုးကို ထိန်းသိမ်းထားရှိပြီး ငှက်မျိုးစိတ် ၂၆၀ ကျက်စားလျက်ရှိပါသည်။ နှစ်စဉ်ရေပျော်ငှက်ကောင်ရေ ၁၀၀,၀၀၀ ၏ ဆောင်းခိုရာနေရာတစ်ခုလည်း ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ရေဝပ်ဒေသများ ထိန်းသိမ်းရေးနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို ဂေဟဗေဒစနစ်ထိန်းသိမ်းရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေးအမြင်ဖြင့် ရေဝပ်ဒေသများ ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်စေရေးအတူတကွ စီမံဆောင်ရွက်လျက်ရှိပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာကာ လက်ရှိအချိန်ထိ ရမ်ဆာရေဝပ်ဒေသပေါင်း ၈၂ ခု သတ်မှတ်ထားပြီးဖြစ်ပါသည်။ စုစုပေါင်း ရေဝပ်ဒေသဧရိယာ ၇,၆၄၇,၈၉၅ ဟတ်တာရှိပြီး ရေဝပ်ဒေသအမျိုးအစား စုံလင်ပြည့်စုံစွာ ပိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်ပါသည်။
အရှေ့တောင်အာရှဒေသ၏ ထင်ရှားသောရေဝပ်ဒေသများ
ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသသည် ကမ္ဘောဒီးယားနိုင်ငံရှိ ရမ်ဆာရေဝပ်ဒေသငါးခုအနက် အထူးထင်ရှားကျော်ကြားသော ရေဝပ်ဒေသတစ်ခုဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၉ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ (ဆိုက်အမှတ် ၂၂၄၅)သည် အကောင်းမွန်ဆုံးသော ရေလွှမ်းလွင်ပြင်များ၊ ရေချိုဂေဟစနစ် ရွှံ့ညွန်တောများ ဖုံးလွှမ်းလျက်ရှိပြီး ဧရိယာအားဖြင့် ၂၁,၃၄၂ ဟတ်တာရှိပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။
မြန်မာနိုင်ငံရှိ အင်းလေးကန်ကဲ့သို့ပင် ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ၏ ဒေသခံပြည်သူများသည် ရေပေါ်အိမ်များတွင် နေထိုင်ကြပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းခြင်းနှင့် အခြားရေလုပ်ငန်းများအပေါ် မှီခိုနေထိုင်ကြသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်သည့် နေရာလည်းဖြစ်ပါသည်။ ရေပျော်ငှက်မျိုးစိတ်များစွာအတွက် နေရင်းဒေသများ၊ သားပေါက်မွေးမြူနိုင်သည့် နေရင်းဒေသများစွာကို ထောက်ပံ့ပေးထားသည်။ ဂေဟစနစ်ကောင်းမွန်သော ရေလွှမ်းလွင်ပြင်များကို ပိုင်ဆိုင်သည့် ပရက်တိုး (Prek Toal) ရေဝပ်ဒေသသည် ရေချိုဂေဟစနစ်ရွှံ့ညွန်တောများကို ပိုင်ဆိုင်ထားပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်များဖြစ်သည့် River Terrapin (Batagur baska)၊ Giant Barb (Catlocarpio siamensis)၊ Siamese crocodile (Crocodylus siamensis) နှင့် Mekong giant catfish (Pangasia-nodon gigas) တို့ ကျက်စားနေထိုင်ပါသည်။ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်ဖြစ်သည့် Greater Adjutant (Leptoptilos dubius) နှင့် Masked Finfoot (Heliopais personatus) တို့ ကျက်စား နေထိုင်ခြင်းသည် ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ၏ ထူးခြားသောတန်ဖိုးများဖြစ်ပါသည်။
ထိုင်းနိုင်ငံ၏ ကရာဘီမြစ်ဝှမ်း (Krabi Estuary)ရမ်ဆာရေဝပ်ဒေသ(ဆိုက်အမှတ် ၁၁၀၀) သည် ထင်ရှားကျော်ကြားသော ရမ်ဆာရေဝပ်ဒေသဖြစ်ပြီး ဧရိယာအားဖြင့် ၂၁၂၉၉ ဟတ်တာရှိကာ ၂၀၀၁ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ ထိုင်းနိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာကာ လက်ရှိအချိန်ထိ ရမ်ဆာရေဝပ်ဒေသပေါင်း ၁၅ ခု သတ်မှတ်ထားပြီးဖြစ်ပါသည်။
ထိုင်းနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသ အမျိုးအစားများမှာ အဏ္ဏဝါအမျိုးသားဥယျာဉ်များ (Marine National Park)၊ မြစ်ဝှမ်းဒေသများ (Estuaries) ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ (Wildlife Sanctuaries)၊ မြစ်ကြောင်းဧရိယာများ အစရှိသဖြင့် အမျိုးအစားစုံလင်လှပါသည်။ ကရာဘီမြစ်ဝှမ်း ရမ်ဆာရေဝပ်ဒေသအပါအဝင် ရမ်ဆာရေဝပ်ဒေသများတွင် ဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများနှင့်အတူ ကျေးရွာလူထုအခြေပြုထိန်းသိမ်းရေးနှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်မှုများကို အဓိကထား
လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသများ
မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ် မတ်လ ၁၇ ရက်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများစီမံအုပ်ချုပ်သည့်အဖွဲ့အစည်း (Administrative Authority) အဖြစ် ရေဝပ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ရမ်ဆာရေဝပ်ဒေသများကို သတ်မှတ်ထိန်းသိမ်းလျက်ရှိရာ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ မုတ္တမပင်လယ်ကွေ့ဒေသ (မွန်ပြည်နယ်အပိုင်း) ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၈ ခုနှစ်တွင်လည်းကောင်း၊ နံသာကျွန်းနှင့် မေယုမြစ်ဝဒေသကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း၊ တံတားဦးမြို့ အနီးရှိ ပြူကန်ရေဝပ်ဒေသကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသများအဖြစ် သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသ စုစုပေါင်းဧရိယာ ၂၇၈,၉၁၃ ဟတ်တာကျော်ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရမ်ဆာရေဝပ်ဒေသမှာ မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (ဆိုက်အမှတ် ၁၄၃၁ )ဖြစ်ပြီး မိုးယွန်းကြီးအင်းအပါအဝင် ရေဝပ်ဒေသများ၌ နယ်မြေခွဲခြားခြင်းကို အမာခံထိန်းသိမ်းရေးနယ်မြေ (ငှက်နှင့်ငါးသားပေါက်ရန်၊ ဆောင်းခိုငှက်များ မှီခိုကျက်စားနိုင်ရန်အတွက် သုတေသနလုပ်ငန်းမှအပ ဝင်ရောက်ခြင်းခွင့်မပြု)၊ ကြားခံနယ်မြေ (ဖွံ့ဖြိုးရေးဇုန်တွင် ငါးဖမ်းခြင်း၊ အင်းဆက်စုဆောင်းခြင်းနှင့် အကျိုးရှိစွာ အသုံးပြုရေးဇုန်နယ်မြေတွင် ငါးဖမ်းခြင်း၊ အင်းဆက်စုဆောင်းခြင်း၊ ကျွဲ၊ ဘဲ စားကျက်ချခြင်း၊ ဆိုင်ရာဆိုင်ခွင့်နှင့်အညီ လယ်စိုက်ခြင်း) စသည်ဖြင့် ခွဲခြားပြီး စီမံအုပ်ချုပ်ဆောင်ရွက်လျက်ရှိပါသည်။
ဆောင်းခိုငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ နှစ်စဉ်အောက်တိုဘာလမှဧပြီလအထိ လာရောက်ကျက်စားကြပါသည်။ မျိုးသုဉ်းလုနီးအန္တရာယ်ရှိနေသော မျိုးစိတ်ပို့ချပ်ခေါင်းစိမ်း(Baer’s Pochard)၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်ပို့ချပ်ဘဲ (Common Pochard)၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါးမျိုးစိတ် ဘဲနီစပ် (Ferruginous Pochard)၊ ခရုစုတ်အနက် (Black-headed Ibis)၊ နှုတ်သီးကောက်ကြီး (Eurasian Curlew)၊ ဘဲတောင်ရှည် (Falcated -Duck) နှင့် ဌာနေရေပျော်ငှက်များတွင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်ကြိုးကြာခေါင်းနီ (Sarus Crane)၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါးမျိုးစိတ် ငှက်ကြီးဝန်ပို (Spot-billed Pelican)၊ ဥပန်း (Oriental Darter) မျိုးစိတ်များကို အင်းတော်ကြီး၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် တွေ့ရှိနိုင်ပါသည်။
သစ်တောဦးစီးဌာန၏ နှစ်စဉ်ငှက်စာရင်းကောက်ယူမှုများအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၁၁ မျိုးနှင့် ကောင်ရေ ၂၃,၉၃၆၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၂၄ မျိုးနှင့် ကောင်ရေ ၄၈,၄၆၄၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၂၈ မျိုးနှင့် ကောင်ရေ ၁၆,၆၈၀၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၄၉ မျိုးနှင့် ကောင်ရေ ၁၈,၈၉၃ တို့ နေထိုင်ကျက်စားကြောင်း လေ့လာတွေ့ရှိရပါသည်။
အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့
ယခုအခါတွင် လူဦးရေတိုးတက်လာမှု၊ မြို့ပြများနှင့် ဖွံ့ဖြိုးမှုဆိုင်ရာအဆောက်အအုံများ တိုးချဲ့လာခြင်း၊ ရေအလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ အမှိုက်သရိုက်များ ပလတ်စတစ်များ၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ရွှေနှင့်ဓာတ်သတ္တုတူးဖော်ခြင်းလုပ်ငန်းများမှ ဓာတုစွန့်ပစ်ပစ္စည်းများ များပြားလာခြင်း၊ အိမ်ထောင်စုများမှ အညစ်အကြေးများစွန့်ပစ်မှုနှင့် အခြားမြေအသုံးချမှုသို့ ပြောင်းလဲမှုများကြောင့် ရေဝပ်ဒေသများပျောက်ကွယ်ခြင်းနှင့် ပျက်စီးယိုယွင်းခြင်း၊ အရည်အသွေးကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။
မြို့ပြပတ်ဝန်းကျင်ရှိ ရေဝပ်ဒေသများ၏ ရေလွှမ်းလွင်ပြင်ဧရိယာများလျော့ပါးခြင်း၊ ပျောက်ကွယ်ခြင်းတို့ကြောင့် ရေဝပ်ဒေသများ၏ ရေစီးဆင်းသိုလှောင်နိုင်မှု စွမ်းရည်များကျဆင်းပြီး ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်စေပါသည်။ ရေဝပ်ဒေသဂေဟစနစ် ယိုယွင်းပျက်စီးခြင်းကြောင့် ရေနေသတ္တဝါအမျိုးမျိုး၊ ဒေသမျိုးရင်း ငါးမျိုးစိတ်များနှင့် ရေနေအပင်များ ဆုံးရှုံးပျောက်ကွယ်သကဲ့သို့ ရေလုပ်ငန်းများကို မှီခိုနေရသော ဒေသခံရေလုပ်ငန်းများ၏လူမှုစီးပွားကျဆင်းစေပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေနိုင်ပါသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဂေဟစနစ်တည်ငြိမ်ရေးအတွက် အလွန်အရေးပါသော ရေဝပ်ဒေသများထိန်းသိမ်းရေးကို နိုင်ငံအဆင့် စဉ်ဆက်မပြတ်အကောင်အထည်ဖော်နိုင်ရန် ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee) ကို လည်း ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး “အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများ” ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏အမျိုးသားရေဝပ်ဒေသမူဝါဒ(၆) ရပ်ဖြစ်သည့် ကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်များတွင် ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်းခြင်း၊ ပူးပေါင်းပါဝင်လာခြင်း၊ သိမြင်နိုးကြားမှုမြှင့်တင်ခြင်း၊ ဒေသနှင့်နိုင်ငံတကာ ရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်းစသည့် မူဝါဒလုပ်ငန်းစဉ်များ အောင်မြင်စေရန် အထူးအရေးကြီးပါသည်။
ထို့ကြောင့်လည်း ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ရေဝပ်ဒေသဂေဟစနစ်နှင့် ရေပျော်ငှက်ထိန်းသိမ်းရေးလုပ်ငန်းများ၌ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံတကာက သိမြင်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတို့၌ ရေဝပ်ဒေသများ၏ အရေးကြီးသည့် အခန်းကဏ္ဍကို ပြည်သူလူထုနှင့် ဆက်စပ်ပတ်သက်သူများအကြား ပိုမိုသိရှိနားလည်စေရန်နှင့်ဆက်စပ်ပတ်သက်သူများအကြား ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့်အကျိုး
ရှိစွာအသုံးချခြင်းတို့တွင် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိပါသည်။
“Protecting Wetlands for Our Common Future” “အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့” ဟူသည့် ယခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်နှင့်အညီ ကောင်းမွန်သော အနာဂတ်များပိုင်ဆိုင်နိုင်ရန် ရေဝပ်ဒေသများ ထိန်းသိမ်းကာကွယ်ခြင်းနှင့်စီမံအုပ်ချုပ်ခြင်းများတွင် ဆက်စပ်ပတ်သက်သည့် ဌာနများ၊ အဖွဲ့အစည်းများ၊ ဌာနေ
တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ အားလုံးတက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြပါရန် အလေးထားတိုက်တွန်းနှိုးဆော်လျက် ကမ္ဘာ့ရေဝပ်ဒေသများနေ့ကို ဂုဏ်ပြုလိုက်ပါသည်။ ။

အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်းဆိုသည်မှာ ပုံမှန်အားဖြင့် လူသိများသောအကြောင်းအရာမဟုတ်သော်လည်း လူမှုအဖွဲ့အစည်းအသိုင်းဝိုင်းများ၏အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက်မူ သေရေးရှင်ရေးမက အရေးကြီးသော သတိပြုစရာ အကျင့်စရိုက်တစ်ခုဖြစ်သည်။ အဆင်အခြင်မဲ့လူ့အဖွဲ့အစည်း ဆို သည်မှာ သာမန်အားဖြင့် အကြောင်းအရာတစ်ခုအပေါ် ကြားနာ၊ တုံ့ပြန်၊ သုံးနှုန်းရာတွင် သုံးသပ်မှု မရှိသလောက် အားနည်းခြင်းနှင့် သုံးသပ်ချက်များသည်လည်း တည်ငြိမ်သော စိတ်ဝင်စားမှုနှင့်အတူ ထပ်ဆင့်မေးခွန်းများ ဉာဏ်သုံးဆင့်ထုတ်ကာ စုံစမ်းချင့်ချိန်နိုင်မှု အားနည်းသော/မရှိသော လူ့အသိုင်းအဝိုင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုသို့သောလူ့အဖွဲ
အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်းဆိုသည်မှာ ပုံမှန်အားဖြင့် လူသိများသောအကြောင်းအရာမဟုတ်သော်လည်း လူမှုအဖွဲ့အစည်းအသိုင်းဝိုင်းများ၏အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက်မူ သေရေးရှင်ရေးမက အရေးကြီးသော သတိပြုစရာ အကျင့်စရိုက်တစ်ခုဖြစ်သည်။ အဆင်အခြင်မဲ့လူ့အဖွဲ့အစည်း ဆို သည်မှာ သာမန်အားဖြင့် အကြောင်းအရာတစ်ခုအပေါ် ကြားနာ၊ တုံ့ပြန်၊ သုံးနှုန်းရာတွင် သုံးသပ်မှု မရှိသလောက် အားနည်းခြင်းနှင့် သုံးသပ်ချက်များသည်လည်း တည်ငြိမ်သော စိတ်ဝင်စားမှုနှင့်အတူ ထပ်ဆင့်မေးခွန်းများ ဉာဏ်သုံးဆင့်ထုတ်ကာ စုံစမ်းချင့်ချိန်နိုင်မှု အားနည်းသော/မရှိသော လူ့အသိုင်းအဝိုင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုသို့သောလူ့အဖွဲ့အစည်းမှလူများသည် ပျော်ရွှင်စိတ်အေး/စိတ်ချမှုများဖြင့်သာ နေ့စဉ်ဘဝကို ပုံမှန် လုပ်ဆောင်ဖြတ်သန်းကာ ဖြစ်ပေါ်လာသော အကြောင်းအရာအခြေအနေများအပေါ် ထပ်ဆင့်တွေးခေါ်ခြင်း၊ မေးခွန်းဆင့်ကဲထုတ်ခြင်း၊ သင်ခန်းစာယူ ဉာဏ်နှင့်ယှဉ်သင်ယူမှုများ မရှိသလောက်အား နည်းကြသည်ကိုတွေ့ရှိကြရမည်ဖြစ်သည်။ ထိုကဲ့သို့ အဆင်အခြင်မဲ့သော လူမှုအဖွဲ့အစည်းများတွင် အောက်ပါအင်္ဂါရပ်များပါဝင်သည်ကို လေ့လာတွေ့ ရှိရမည်ဖြစ်သည်။
၁။ သဘောထားကိုက်ညီမှု (Conformity)။
လူတွေဟာ ပုံမှန်အလေ့အထ၊ ယုံကြည်မှုကိုသာ ဆုပ်ကိုင်ထားခြင်းနှင့် မိမိမျှော်လင့်ထားသည့်အတိုင်း ဖြစ်ပေါ်ပြောဆိုမှုကိုသာအလေးထားတတ်ပြီး သဘောထားကိုက်ညီမှုကိုသာ ဦးစားပေး အဆင်အခြင် အမေးအမြန်းမရှိ ဆက်ဆံယုံကြည် ပေါင်းသင်းတတ်ကြခြင်း။
၂။ ဆင်ခြင်တွေးခေါ်မှုအားနည်းခြင်း (Lack of Critical Thinking)။
လူတို့သည် သတင်းအချက်အလက်များအပေါ်တွင် ကွဲပြားသောအမြင်များရှိနိုင်ကြောင်း အချိန်ပေး စဉ်းစားဆင်ခြင်ကာတွေးခေါ်ခြင်းမရှိဘဲ လက်ခံယုံကြည်တတ်ခြင်း။
၃။ လေးနက်မှုမရှိ ပေါ့ပျက်ခြင်း (Superficiality)။
များသောအားဖြင့် လူများသည် လူပုဂ္ဂိုလ် (သို့မဟုတ်) လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် အပေါ် ယံအမြင်နှင့် ဖြစ်လေ့ဖြစ်ထများကိုသာ ဦးစားပေး ခံစားတွေးခေါ်တတ်ကြပြီး အကြောင်းအရာအရင်းခံကိုမူ စဉ်းစားဖော်ထုတ်ရန် စိတ်မဝင်စားဘဲ ဝန်လေးတတ်ကြသည့်အပြင် ပစ္စည်းဝယ်ယူမှု၊ လူပုဂ္ဂိုလ်ဆိုင်ရာ လေးစားကြည်ညိုမှုများအထိပါ အဆင်အခြင်မဲ့ ပေါ့ပျက်ဉာဏ်နည်းတတ်ကြခြင်း။
၄။ များများထုတ်၊ များများသုံး ဝါဒ (Consumerism)။
လူများသည် ပစ္စည်းဝယ်ယူခြင်းမှအစ လက်ဝတ်ရတနာ၊ အိမ်၊ ခြံ၊ မြေ၊ ကား စသည်အထိပါ လိုအပ်ခြင်းမလိုအပ်ခြင်း၊ အချိန်ကာလ ယခုနှင့် အနာဂတ်ဈေးကွက်များနှင့် သင့်တော်မှုများ ရှိ/မရှိကို ခံစားသိခြင်းမရှိဘဲ အဆင်အခြင်မဲ့ စိတ်ကြိုက် ပိုမိုလိုချင်ခြင်း၊ သာလွန်လိုခြင်း၊ စိတ်ကိုသာအခြေခံ ရှေ့တန်းတင်ဝယ်ယူတတ်ကြခြင်း။
၅။ အမှန်တရား/အရှိပကတိတရားနှင့် အဆက်ပြတ်ခြင်း (Disconnection from Reality)။
ထိုသို့သော လူ့အသိုင်းအဝိုင်းသည် လောက၏နက်နဲသောအကြောင်းအရာများ၊ မသိမဖြစ် သိရှိရမည့် ခါးသီးသော ပကတိအရှိတရားများကို လက်ခံနား လည်ခြင်း၊ ဆက်သွယ်ရှာဖွေမေးမြန်း အဖြေရှာခြင်းမရှိဘဲ စိတ်ခံစားမှုနှင့် ဖြစ်ချင်လိုမှုကိုသာ မျက်စိမှိတ် ရည်ညွှန်းလုပ်ဆောင်တတ်ခြင်း။ ထို့ပြင် အမှန်တရားအတွက် လက်တွဲခေါ်လိုသူများကိုပင် အတ္တကြီး ပြင်းထန်ပုတ်ခတ်တတ်ကြပြီး မိမိ မှားမှန်းသိနေလျှင်ပင် သဘောထားတူသူများနှင့်သာ ဇွတ်မှိတ် မိတ်ဖွဲ့စုစည်း နေလိုတတ်ကြခြင်း။
အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်းမှသည် အဆင်အခြင်မဲ့နိုင်ငံအဖြစ် (Mindless Society to Mindless Nations)
အဆင်အခြင်မဲ့ အတွေးအခေါ် ကြီးစိုးယုံကြည်ထားသောလူ့အဖွဲ့အစည်း (Mindless Society) ၏ အတွေးအခေါ်များသည် နိုင်ငံတစ်ဝန်း အများစုသော လူ့အဖွဲ့အစည်းများကိုပါ ကျယ်ပြန့်စွာလွှမ်းမိုးလာ ပါက အဆင်အခြင်မဲ့သော နိုင်ငံ/လူမျိုး (Mindless Nations)အဆင့်သို့ ရောက်ရှိလာနိုင်သည်။ အဆင် ခြင်မဲ့သောလူမျိုးများသည် ဖြစ်ပေါ်ကြားမြင်ရသောအကြောင်းအရာတိုင်းကို မိမိစိတ်ကူးတစ်ခုတည်းနှင့်သာ လက်ခံ၊ ကြည့်မြင်၊ နားလည် ထောက်ခံတတ်ကြရာက တစ်ဆင့် ရိုးရာလက္ခဏာအဖြစ်ယဉ်ပါးလာကာ နိုင်ငံဖြစ်တည်မှု၏ အဓိကကျသော နိုင်ငံရေး၊ နိုင်ငံလုံး လွှမ်းခြုံသောလူမှုအရေးများအထိပါ သက်ရောက်လာလေ့ရှိတတ်သည်။ တွေ့ရှိလေ့လာနိုင်သော လူအဖွဲ့အစည်း၊ လူမျိုး၊ နိုင်ငံများ၏ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အာဏာရှင်ဆန်သော အစိုးရစနစ် (Authoritarian Regimes)။
သဘောထားကျဉ်းမြောင်းသော၊ ဉာဏ်နှင့် ယှဉ်ဆင်ခြင်တွေးခေါ်တတ်ခြင်းများကို ကန့်သတ်သော၊ သဘောထားကွဲလွဲမှု အတွေးအမြင်များအပေါ် နှိမ်နင်းတတ်သော၊ ခေါင်းဆောင်မှုအမိန့်တစ်ခုအောက်တွင် အမေးအမြန်းမရှိ သဘောတူလက်ခံရတတ်သည့်အလေ့အထရှိသော အစိုးရစနစ်များအောက်တွင် ဆယ်စုနှစ်များစွာ ရှင်သန်နေထိုင်ခဲ့ရသူများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများ။
၂။ ဝယ်ယူခြင်းကိုအခြေခံသော စီးပွားရေး (Consumer-Driven Economies)။
ဆယ်စုနှစ်ပေါင်းများစွာ ထုတ်ကုန်တင်ပို့ကုန်မရှိဘဲ သွင်းကုန်သာရှိသော စီးပွားရေးစနစ်ရှိသည့် နိုင်ငံပညာအသားပေးချိန်ဆခြင်းနှင့် တရားမျှသော လိုချင်စိတ်ကိုအခြေမခံ လိုချင်တာကိုဖန်တီးရန် အစားဝယ်လိုက်ရင်ရကြောင်းသာ လိုက်လျောညီထွေ ဖြစ်သလိုတွေးတတ်သော လူ့အဖွဲ့အစည်း။
၃။ ကမ္ဘာတစ်ဝန်းလုံးနှင့် ယဉ်ကျေးမှုအမျိုးမျိုး (Globalization and Cultural Homogenization)။ မိမိနိုင်ငံပြင်ပကမ္ဘာတစ်ဝန်းမှ အတွေးအခေါ်များ၊ အနောက်တိုင်းယဉ်ကျေးမှု၊ လူနေမှုနှင့် ဓလေ့ထုံးစံများ ကူးစက်ပျံ့နှံ့လွယ် လက်ခံလွယ်သော လူ့ အဖွဲ့အစည်းများသည် မိမိနိုင်ငံ့ ပကတိယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ၏ တန်ဖိုးကို မရေရာ ဝေဝါးသွားစေခြင်း (uniformity of values)အထိ ဘေးထွက်ဆိုးကျိုးအဖြစ် ဦးတည်လာနိုင်သည်။ ထို့ ပြင် လူမျိုးလိုက်ပါ နိုင်ငံအဝန်း မိမိနိုင်ငံအတွင်းက တိုင်းရင်းသားများအကြား ဗဟုဝါဒ မတူကွဲပြားမှုများနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကို ယုံကြည်မှုကျဆင်း အမုန်းပွားလာနိုင်ခြင်းနှင့်အတူ အတွေးအခေါ်အဖြစ် အမြစ်တွယ်လာသော လူ့အဖွဲ့အစည်း။
၄။ လူမှုကွန်ရက်ကို အခြေခံလွှမ်းမိုးမှု (Social Media Influence)။
နေ့စဉ် လူမှုကွန်ရက်နှင့် ဒီဂျစ်တယ်နည်းပညာများမှတစ်ဆင့်ရရှိသော သတင်းအချက်အလက်နှင့် အတွေးအခေါ်ဖြစ်ရပ်များအပေါ်သာ ပင်မအသိပညာ နေ့စဉ်အသိဖြစ်ကြောင်း အတွေးအခေါ်အယူအဆမြင်များကို ပုံသွင်းခံရပြီး ခက်ခဲရှုပ်ထွေးသော အဖြစ်အပျက်ပြဿနာများကို ဖြေရှင်းရာတွင်ပင် လူချင်းတွေ့ဆုံ ယုံကြည်မှုတည်ဆောက်ဆွေးနွေးခြင်းဓလေ့ လျော့ပါးပျောက်ပျက်နေသော လူ့အဖွဲ့အစည်း။
လူမှုအဖွဲ့အစည်းနှင့် အတွေးအခေါ်များကို လေ့လာသော ကမ္ဘာ့ပညာရှင်ကြီးအများစုကတော့ အဆင်ခြင်မဲ့ လူ့အဖွဲ့အစည်း (Mindless Society) ဟူသောအတွေးအခေါ်သည် လူ့အဖွဲ့အစည်းများ၊ လူမျိုးစုများ၊ နိုင်ငံများအတွက်မကောင်းကြောင်း အကျိုးမရှိကြောင်း ထောက်ခံရေးသား သုတေသနပြုခဲ့ကြသည်။
အဆင်ခြင်မဲ့ လူ့အဖွဲ့အစည်းအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများ
၁။ ပညာရေး (Education)။
ဓမ္မဓိဋ္ဌာန်ကျကျတွေးခေါ်တတ်ခြင်းနှင့် ထိုးဖောက်တွေးမြင်စဉ်စားတွေးခေါ်တတ်ခြင်းဓလေ့ကို လူမှုအဖွဲ့အစည်းများအကြား မြှင့်တင်ပေးရန်။ အကြောင်းအရာများကို တည်ငြိမ်စွာ ချဉ်းကပ်တတ်စေခြင်း၊ မေးခွန်းများမေးခြင်း၊ အချက်အလက်များကို ဆက်လက်ရှာဖွေ ကိုးကားတတ်စေခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်စေခြင်းများသည် သာလွန်သော ဆင်ခြင်တုံတရားရှိစေခြင်းနှင့် လူသားတို့အကြား တွေ့ ဆုံ ဆွေးနွေးစာနာနားလည် အဖြေရှာတတ်ခြင်း အလေ့အထများကို ရင့်သန်တိုးပွားလာစေပါမည်။
၂။ မီဒီယာ သဘောတရား အလေ့အထများကို နားလည်ခြင်း(Media Literacy)။
လူများကို မီဒီယာ၏သဘောတရားများ၊ အားနည်းချက်၊ အားသာချက်များ၊ ဘေးထွက်ဆိုးကျိုးများ၊ အသုံးချနိုင်စွမ်းများကို ပိုမိုသိရှိနားလည်လာစေရန် အစီအမံများဆောင်ရွက်ရမည်။
၃။ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်း (Politi- cal Engagement)။
ပြည်သူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများအကြား နိုင်ငံရေး ပူးပေါင်းပါဝင်နိုင်စေခြင်း အခွင့်အလမ်းနှင့် အတွေးအမြင်များ စုစည်းနားလည်ပြီး အတူတကွ ဆုံးဖြတ်တတ်ကြသောဓလေ့ကို အသားကျလာအောင် တိုက်တွန်းကျင့်သုံးကာ ပြည်သူသာလျှင် နောက်ဆုံး၌ နိုင်ငံ၏အနာဂတ်ကို အဆုံး အဖြတ်ပေးနိုင်သူဖြစ်သည်ကို ပြည်သူများအကြား ဂုဏ်ယူတတ်ကာ ယုံကြည်နားလည်လာစေရန်မှသည် ဒီမိုကရေစီစံထားသောလူ့အဖွဲ့အစည်းတစ်ခုအထိ ဦးတည်လာစေရန်။
၄။ ယဉ်ကျေးမှုဆိုင်ရာ လိုက်လျောညီထွေရှိခြင်း (Cultural Diversity)။
နိုင်ငံ၏သင်္ကေတ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ လူမျိုးစုတစ်စုချင်းစီတိုင်း၏ ဖြစ်တည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ၊ အတွေးအခေါ်၊ တန်ဖိုးများကို လူမျိုးစုများအကြား ဖလှယ်ခြင်းမှသည် သိရှိနားလည်လေးစား စာနာတတ်စေပြီး လိုက်လျောညီထွေ အတွေးအခေါ်မြင့်သော လူမှုအဖွဲ့အစည်းဆိုင်ရာ ဓလေ့ကောင်းများတည်ဆောက်ရန်။
အချုပ်အားဖြင့်ဆိုရလျှင် အဆင်အခြင်မဲ့လူ့ အဖွဲ့အစည်း (Mindless Society) မှလူများသည် ပညာစိတ်မြင့်မားကြီးမြတ်မှု အားနည်းခြင်း၊ အဓိပ္ပာယ်ကို နက်နဲစွာနားလည်နိုင်စွမ်း အားနည်းခြင်း၊ ပြဿနာများကိုဖြေရှင်းနိုင်ရန် ချဉ်းကပ်မှုမေးခွန်းများ ဆင့်ကဲမထုတ်တတ်ခြင်း စသော အတွေးအခေါ် ဆိုင်ရာ အားနည်းခြင်းများရှိတတ်ကြသည်။ အဆင်အခြင်မဲ့ လူမျိုး/နိုင်ငံ (Mindless Nations)များတွင်မူ အစိုးရမှစပြီး အင်အားစုများ၊ လူများသည် ရှိထားပြီး သားနည်းပညာများအပေါ် လိုသည်ထက် မှီခိုလွန်ခြင်း၊ မတူကွဲပြားအောင် တီထွင်လိုစိတ်အားနည်းခြင်း၊ သာလွန်ကောင်းမွန် ပြောင်မြောက်ခြင်းထက် အလုပ်ပြီးစီးရုံမျှနှင့် တင်းတိမ်တတ်ခြင်း၊ သမားရိုးကျများဖြစ်စဉ်အပေါ် ဆန့်ကျင်မှုများမရှိဘဲ အစဉ်အလာအတိုင်းသာ လိုက်နာစီစဉ်လုပ်ကိုင်မြဲလုပ်ကိုင်တတ်ကြခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှု လုံးဝကင်းမဲ့ကာ ခေါင်းဆောင်သူတစ်ဦးတစ်ယောက်၏ ဆုံးဖြတ်မှုတစ်ခုတည်း၏အောက်တွင် အရာရာကို လိုက်ပါဆောင်ရွက်တတ်ခြင်းအလေ့အထများသာ ကြီးစိုးသောနိုင်ငံ ကိုဆိုလိုသည်။
Source: NP News