နေ့သစ်ကို မည်သို့ဖြတ်သန်းကြမည်နည်း။ အာရုံပေါင်းများစွာ စိတ်ပေါင်းများစွာ ဖြစ်ပေါ်ရာနောက် လိုက်ပါရင်း ရှင်သန်ခြင်းကို ကိုယ်စားပြုလျက်ရှိသည်။ အောင်မြင်မှုဟူသည် အလုပ်ပြီးမြောက်ခြင်းသက်သက်မဟုတ်ဘဲ ထူးချွန်စွာဆောင်ရွက်နိုင်ခြင်းမှသာ လက်ဆင့်ကမ်းရရှိနိုင်သည်။ လူတိုင်း အလုပ်လုပ်ကြသည်။ အလုပ်သည် လူတစ်ယောက်၏ ဂုဏ်ကျက်သရေ၊ ရိက္ခာဖြစ်ပေသည်။ အလုပ်မရှိ လက်ကြောမတင်းသူတိုင်း၏ စိတ်တွင် ပျင်းရိခြင်းတို့ ငြိတွယ်ကြလေ့ရှိသည်။ စိတ်အစဉ်သည် ထူးခြား ဆန်းပြားလှသည်။ အလုပ်ကြိုးစားသူ တစ်ယောက်၏ စိတ်သည် ယခုမှသည် နောင်ကာလတိုင် အကျိုး ဖြစ်ထွန်းရေးကို ဦးတည်သည်။ အလုပ်မကြိ
နေ့သစ်ကို မည်သို့ဖြတ်သန်းကြမည်နည်း။ အာရုံပေါင်းများစွာ စိတ်ပေါင်းများစွာ ဖြစ်ပေါ်ရာနောက် လိုက်ပါရင်း ရှင်သန်ခြင်းကို ကိုယ်စားပြုလျက်ရှိသည်။ အောင်မြင်မှုဟူသည် အလုပ်ပြီးမြောက်ခြင်းသက်သက်မဟုတ်ဘဲ ထူးချွန်စွာဆောင်ရွက်နိုင်ခြင်းမှသာ လက်ဆင့်ကမ်းရရှိနိုင်သည်။ လူတိုင်း အလုပ်လုပ်ကြသည်။ အလုပ်သည် လူတစ်ယောက်၏ ဂုဏ်ကျက်သရေ၊ ရိက္ခာဖြစ်ပေသည်။ အလုပ်မရှိ လက်ကြောမတင်းသူတိုင်း၏ စိတ်တွင် ပျင်းရိခြင်းတို့ ငြိတွယ်ကြလေ့ရှိသည်။ စိတ်အစဉ်သည် ထူးခြား ဆန်းပြားလှသည်။ အလုပ်ကြိုးစားသူ တစ်ယောက်၏ စိတ်သည် ယခုမှသည် နောင်ကာလတိုင် အကျိုး ဖြစ်ထွန်းရေးကို ဦးတည်သည်။ အလုပ်မကြိုးစားသူ တစ်ယောက်၏စိတ်တွင်မူ နာရီပိုင်းအချိန်လေး အတွက်ကိုယ်စားပြုသည်ကို လေ့လာတွေ့ရှိရသည်။ သို့ဖြစ်၍ အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုသည့်စကားအတိုင်း အလုပ်မရွေး၊ နေရာမရွေး လုပ်ဆောင်ကြရမည်ဖြစ်သည်။
နေ့စဉ်ဘဝ ဖြတ်သန်းကြရာတွင် စိတ်ကောင်းနှလုံးကောင်းဖြင့် စိတ်ဖြူစင်မှုဖြစ်ပေါ်အောင် နေထိုင်ကြရမည်ဖြစ်သည်။ လူတစ်ယောက်သည် ရုပ်ဆိုးသော်လည်း စိတ်ဖြူစင်မှုရှိလျှင် အလွန်တရာ ကြည့်လို့ကောင်းလှသည်။ ရုပ်လှသော်လည်း စိတ်ဖြူစင်မှုမရှိ ကောက်ကျစ်လျှင် အလွန်တရာ အရုပ်ဆိုးအကျည်းတန်လှပေသည်။ မိတ်ဆွေကောင်းနှင့်လည်း ဝေးကွာနိုင်သည်။ အရေးကြုံ သက်လုံမလှ ဖြစ်ရသည့်ပမာ ကိုယ်ခံအားမကောင်းသဖြင့် မျက်မှောက်ဘဝ၌ပင် အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်ပေသည်။ စိတ်ဖြူစင်မှုစုဆောင်းရယူနိုင်ပေသည်။ စိတ်သည် ပေါ်ရာအာရုံနောက်သို့ တကောက်ကောက် လိုက်ပါနေလေ့ရှိသဖြင့် မနောနှင့်တိုက်မိတိုင်း စိတ်ဖြစ်ပေါ်လျက် ပင်ပန်းကြရသည်။ အာရုံဟူသမျှ စိတ်ညွှတ်မိတိုင်း စိတ်ပင်ပန်းရသည်ကို သတိချပ်လျက် နေထိုင်ရမည်ဖြစ်သည်။ သတိတစ်လုံး အခက်ဆုံးဖြစ်ပေသည်။
လူတိုင်း ကိုယ့်ကိုယ်ကိုယ် သတိရှိသည်ဟု ထင်မြင်ကြသည်။ သာမန်သိနေသော သတိ၊ စူးစိုက် လေ့ကျင့်မှုမှ ဖြစ်ပေါ်သောသတိ လွန်စွာကွဲပြားခြားနားသည်။ သာမန်သိသော သတိသည် အသိမမြဲ၊ အသေးစိတ် သိရှိနေခြင်းမျိုးမဟုတ်ပေ။ စူးစိုက်တည်ကြည်မှုမှ ဖြစ်ပေါ်သော သတိသည် မိမိနှင့် ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အာရုံများစွာကို သတိဖြင့် ကြည့်ရှုနိုင်သည်။ တဖြည်းဖြည်း ကြည့်ပါများလာလျှင် အာရုံများကို သတိဖြင့်စောင့်ကြည့်နိုင်မည်ဖြစ်သည်။ မည်သို့အကျိုးကျေးဇူးရမည်နည်း။ လူအများစုသည် အကျိုးမဖြစ်ထွန်းလျှင် ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ကြလေ့မရှိကြပေ။ သတိထားမမှားပါပေ။ မျက်မှောက်ကာလ လုပ်ငန်းခွင်တွင် ပြုမူနေထိုင်မှုပုံစံများကအစ ပြုပြင်ပြောင်းလဲလာမည်ဖြစ်သည်။ မိမိစိတ်တွင်ဖြစ်ပေါ်နေသော ဒေါသ၊ လောဘ၊ မောဟအနုအရင့်ကို သရုပ်ခွဲခြားနိုင်စွမ်းရှိလာမည်ဖြစ်သည်။ အလားတူ ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသော စိတ်လှုပ်ရှားမှုဟူသမျှကိုလည်း နားလည်လာမည်ဖြစ်သည်။
ရွှေသည် သတ္တုတစ်မျိုးဖြစ်သော်လည်း လူတို့၏ အဆင်တန်ဆာ၊ စည်းစိမ်ဥစ္စာအဖြစ်တည်ရှိပေသည်။ လူတွင်လည်း စိတ်သည် အကြီးအမှူးဖြစ်ပေသည်။ စိတ်ဆောင်၍ အောင်မြင်ကြရသည်။
စိတ်ဇွဲကြီး၍ ကြီးပွားချမ်းသာကြသည်။ သို့တိုင် စိတ်သည် အပြုသဘော၊ အဖျက်သဘောကိုဆောင် ပေသည်။ အပြုသဘောဆောင်သော စိတ်ပျော်ရွှင်မှုရရှိအောင်၊ စိတ်တည်ငြိမ်မှုရရှိအောင် နေထိုင် ကြရမည်ဖြစ်သည်။ စိတ်မညစ်အောင် နေထိုင်ပြုမူကြရမည်ဖြစ်သည်။ ကိုယ်စိတ်နှစ်ပါးသည် ဒွန်တွဲနေလေ့ရှိသဖြင့် စကားအပြောအဆို ထိန်းသိမ်း၍နေထိုင်မည်။ ကိုယ်အမူအရာ မျက်နှာပေးပြုပြင်၍ နေထိုင်မည်။ ဝန်းကျင်နှင့်သင့်မြတ်အောင် နေထိုင်မည်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုစကားကို လက်ကိုင်မထားဘဲ၊ သင်ကောင်းခြင်း၊ မကောင်းခြင်းကို မျက်နှာမမူဘဲ ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းအောင် နေထိုင်သွားကြရမည်ဖြစ်သည်။
ထို့အတူ သည်းခံခြင်းသဘော လက်ကိုင်ထားသင့်ပေသည်။ သည်းခံခြင်းသည် အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရာတွင် လွန်စွာခက်ခဲလှသည်။ လူတစ်ဦး၏ စကား၊ အမူအရာ ရိုင်းပျမှုကို လူအများစု သည်းခံနိုင်စွမ်းမဲ့ကြသည်။ သည်းမခံနိုင်၍ ရန်ဖြစ်ကြသည်။ စကားများကြသည်။ လက်ပါခြေပါပြုမူကြသည်။ဒေါသလွန်၍ လူသတ်မှုဖြစ်ကြသည်။ ဒေါသသည် လွန်စွာကြောက်စရာကောင်းလှသည်။ ဒေါသကိုဖြစ်စေသော လောဘသည်လည်း ထိုနည်းတူစွာ ကြောက်စရာ အထူးကောင်းလှသည်။ လောဘကြောင့် လိုချင်မှုတို့ ဒီရေအလားတိုးတက်လာသည်။ မထားအပ်သည့် မာနထားရှိတတ်လာသည်။ ပစ္စည်းတစ်ခုပိုင်ဆိုင်ဖူးလျှင် ငါ့ပစ္စည်းဆိုသည့် လောဘကြောင့် စိတ်ပင်ပန်း ကြရသည်။ ပစ္စည်းဥစ္စာများပျက်စီးခြင်းကြောင့် သောကပူဆွေးဖြစ်ကြရသည်။ စိတ်အတွင်းဖြစ်ပွားသည့် သောကအပူမီးကို ငြှိမ်းသတ်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းသည် သတိတရား လက်ကိုင်ထား၍ ဖြေရှင်းဆောင်ရွက်ခြင်းသာဖြစ်သည်။ ပျက်စီးသွားသောပစ္စည်း၊ စွန့်လွှတ်လိုက်ရသော ပစ္စည်းများအတွက် တရားနည်းလမ်းတကျ ရှုမြင်နိုင်လျှင် စိတ်အေးချမ်းမှု ရရှိစေမည်ဖြစ်သည်။
လောကဓံနှင့်ကြုံ စိတ်မတုန်လှုပ်အောင် သတိထားရမည်ဖြစ်သည်။ သာတစ်လှည့်နာတစ်လှည့် အခွင့်အရေးပေးနေသည့် လောက၏ ထိုးနှက်ချက်မျိုးစုံကြား၌ စိတ်ကို အလှည့်အပြောင်းမရှိ နေသားတကျရှိအောင် နေထိုင်ရမည်သာဖြစ်သည်။ အဆိုးလောကဓံသည် အမြဲမရှိနိုင်ပါပေ။ အဆိုးပြီးလျှင် အကောင်းလာမည်ဖြစ်သည်။ စိတ်များပျော့မသွားအောင်၊ ယိမ်းယိုင်မသွားအောင် တည့်မတ်လျက် ဘေးအပေါင်းကို ကျော်လွှား ရမည်ဖြစ်သည်။ စိန်သားသည် မာကြောသကဲ့သို့ တန်ဖိုးလည်းကြီးသည်။ စိတ်ကို စိန်ကဲ့သို့တန်ဖိုးကြီးအောင် ပုံဖော်၍ ဘဝကိုထုဆစ်နိုင်ရမည် ဖြစ်သည်။ အပြောင်းအလဲမြန်လှသည့် စိတ်၏ ဖြစ်စဉ်များကို စုစည်းနိုင်စွမ်းအားဖြင့် တည်ငြိမ်မှုရရှိ အောင်ကြိုးစား၍ လောကဓံကို အန်တုရင်ဆိုင်ကြရမည်ဖြစ်သည်။
ကမ္ဘာကြီးသည် ရုပ်ဝတ္ထုဖွံ့ဖြိုးခြင်းများဖြင့် ခရီးဆက်လာသည်မှာ နေသားတကျ ရှိလာပြီဖြစ်သော်လည်း ရုပ်ဝတ္ထုဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်မှုများကြောင့် မမျှော်မှန်းနိုင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ပေါ်ပေါက်လာခဲ့ရသည်။
မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်း အစရှိသော ဘေးအပေါင်းသည် ကမ္ဘာကြီးကို ဝန်းရံလျက်ရှိပြီး အချိန်မရွေးဖျက်ဆီးနိုင်စွမ်း ရှိကြောင်းပြဆိုနေသည်။ သဘာဝဘေးအန္တရာယ်သည် လူတို့မျှော်မှန်းသည့်အတိုင်း ဖြစ်ပေါ်လာလေ့မရှိဘဲ မထင်မှတ်သည့် အချိန်များတွင် မျက်လှည့်ပြသည့်အလား ဝင်ရောက်လာလေ့ရှိသည်။ ဘေးမကြုံအောင်မည်သို့ လုပ်ဆောင်ကြမည်နည်း။ နှစ်အလိုက်ရရှိခဲ့သည့် အတွေ့အကြုံ၊ သင်ခန်းစာများကို ဆောင်ရန်နှင့် ရှောင်ရန်သတ်မှတ်လျက် တစ်ဦးချင်းလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် တစ်ဦးချင်းပါဝင်မှုမှသည် အဖွဲ့အစည်းများအသွင်ဖြင့် ရိုင်းပင်းကူညီကြရမည်ဖြစ်သည်။
အတွေ့အကြုံသည် ဘဝသင်ခန်းစာဖြစ်ပေသည်။ ဘေးအန္တရာယ်အသွယ်သွယ်မှ ရုန်းထွက်နိုင်သူများ၏ ကြံ့ခိုင်မှုကိုပြဆိုနေသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြင့် ဘဝအဆင့်ဆင့် ပြန်လည်ဦးမော့အောင် ကြိုးစား ကြသည်။ ယနေ့ကမ္ဘာသည် မနေ့က ကမ္ဘာမဟုတ်သည်ကိုတွေ့ရမည်ဖြစ်သည်။ လဲလျှင်ပြန်ထနိုင်စွမ်းရှိသည်။ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဟု ညွှန်းဆိုသည့်အတိုင်း နိုင်ငံအချင်းချင်း ရိုင်းပင်းကူညီမှု စိတ်ရင်းစေတနာများ အထင်းသားတွေ့မြင်ကြရသည်။ ကမ္ဘာ့အဖွဲ့အစည်း အသီးသီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများ၊ ရေထု၊ မြေထု စနစ်တကျ စီစဉ်ဆောင်ရွက်မှုများကို ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲလျက် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ရှေ့သို့ချီရမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော နေ့ရက်များဆီ ဦးတည်ကြရမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့်အတူ စိတ်ဓာတ်ကြံ့ခိုင်ရေး လှုပ်ရှားမှုများကိုလည်း ကျယ်ပြန့်သောလူ့အဖွဲ့အစည်း တစ်ခုလုံးဆီသို့ ပျံ့နှံ့ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
လူသည် တွေးကြံဆောင်ရွက်လျက် ဘဝကိုထူမတ်နိုင်စွမ်းရှိသည်။ ဉာဏ်ရည်ဉာဏ်သွေး အမြင့်ဆုံးနှင့် စိတ်ဓာတ်သန်မာသူများဖြစ်ကြသည်။ ခယောင်းလမ်းကို ပန်းပွင့်စေနိုင်သူဖြစ်သည်။ ဆန်းသစ်သော တီထွင်ဖန်တီးမှုစွမ်းအားများဖြင့် ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီဆောင်ရွက်နိုင်သည်။ သစ်လွင်သောစိတ်ကူးများကို အပျက်ဆီသို့ တွန်းမပို့ဘဲ ပိုကောင်းသောစိတ်ကူးများ ဖြစ်စေသည်အထိ ကြိုးစားကြရမည်ဖြစ်သည်။ အဓိပ္ပာယ်ရှိသော အသက်ရှင်သန်ခြင်းဖြင့် ယခုလည်းကောင်း နောင်လည်းကောင်းမည့် အလုပ်များကို ပြုံး၍ လုပ်ဆောင်နိုင်အောင် စွမ်းဆောင်ရမည်ဖြစ်သည်။ ကံရှိသလောက် ရှင်သန်ကြရသည့် လောက၏ ဝှက်ဖဲအောက်တွင် မသေသေးသရွေ့ ကုသိုလ်ဖြစ်စေမည့် အလုပ်များကို ဆက်လက်လုပ်ဆောင်ပြီး ငြိမ်းချမ်းသောဘဝကို ထူထောင်ကြရေး ဆန္ဒမွန်ဖြင့် တိုက်တွန်း ရေးသားလိုက်ရသည်။ ။

တည်နေရာ
ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံး(Court of Tax Appeals) သည် ဖိလစ်ပိုင်နိုင်ငံ၊ မက်ထရို မနီလာဒေသ၊ ကွီဇွန်မြို့ (Quezon City ) တွင် တည်ရှိပါသည်။ တရားရုံး၏ ဌာနခွဲ(၃)ခုမှာလည်း အဆိုပါ ရုံးချုပ်တွင်ပင် ဖွင့်လှစ်ထားပါသည်။
ဖွဲ့စည်းပုံ
ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံးတွင် ဦးဆောင်တရားသူကြီးနှင့် တွဲဖက်တရားသူကြီး (၈) ဦးတို့က အမှုများကို ကြားနာစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ထိုတရားရုံး ဖွဲ့စည်းပုံတွင် အောက်ပါဌာနများ ပါဝင်သည် -

(၁) ဦးဆောင်တရားသူကြီးရုံး (Office of the Presiding Justice)
(၂) တွဲဖက်တရားသူကြီးများ၏ ရုံးများ (Offices of the Associate Justices)
(၃) တရားရုံးအတွင်းရေးမှူးရုံး (Office of the Clerks of Court)
(၄) ဥပဒေနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုရုံး (Legal and Technical Services Office)
(၅) အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုရုံး (Office of Administrative and Finance Services)
ဦးဆောင်တရားသူကြီး (Presiding Justice)
ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံး၏ လက်ရှိ ဦးဆောင်တရားသူကြီးမှာ ရိုမန် ဂီ. ဒယ် ရိုဆာရီယို (Hon. Roman G. Del Rosario) ဖြစ်ပါသည်။ ၎င်းသည် ၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အခွန်အယူခံတရားရုံး (Court of Tax Appeals - CTA) ၏ ဦးဆောင်တရား သူကြီးအဖြစ် ခန့်အပ်ခံရပါသည်။ ဦးဆောင်တရားသူကြီးသည် တရားရုံး စုံညီခုံ (En Banc) ၏ ကြားနာစစ်ဆေးမှုများကို ဦးဆောင်ရပြီး တရားရုံးရှိ ပထမဌာနခွဲ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ပါသည်။
အခွန်အယူခံတရားရုံး၏ ဦးဆောင်တရားသူကြီးသည် တရားရုံး၏ အကြီးအမှူးဖြစ်ပြီး အယူခံတရားရုံး (Court of Appeals) ၏ ဦးဆောင်တရားသူကြီးနှင့် အဆင့်တူ လစာ၊ ခံစားခွင့်များ ရရှိပါသည်။ ၎င်းသည် ဌာနအကြီးအကဲများအား စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကြီးကြပ်မှုများကို ဆောင်ရွက်ရပြီး တရားရုံး၏ လုပ်ငန်းဆောင်တာများကို စောင့်ကြည့် ရပါသည်။
တွဲဖက်တရားသူကြီးများ (Associate Justices)
အခွန်အယူခံတရားရုံး၏ ဦးဆောင်တရားသူကြီး၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်း များတွင် ကူညီရန် တွဲဖက်တရားသူကြီး (၈) ဦးခန့်အပ်ထားပြီး ၎င်းတို့မှာ အယူခံတရားရုံး၏ တွဲဖက်တရားသူကြီးများနှင့် အဆင့်တူ လစာနှင့် အခွင့်အရေးများ ရရှိပါသည်။
အတွင်းရေးမှူးရုံးအဖွဲ့ (Office of the Clerk of Court - OCC)
တရားရုံး၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ စီစဉ်ဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးအရာရှိနှင့် ဝန်ထမ်းများကို ခန့်အပ်ထားပါသည်။ ထို့ပြင် ဌာနခွဲ(၃)ခုတွင် အတွင်းရေးမှူး (၁) ဦးစီ ခန့်အပ် ထားပါသည်။ အုပ်ချုပ်ရေးအရာရှိသည် ဦးဆောင်တရားသူကြီး၏ တိုက်ရိုက် ကြီးကြပ်မှု အောက်တွင်ရှိပြီး စုံညီခုံအဖွဲ့ (En Banc) ၏ အစည်းအဝေးများနှင့် အမှုစစ်ဆေးမှုများတွင် တရားသူကြီးများအား ကူညီဆောင်ရွက်ပေးရပါသည်။ ဌာနခွဲအတွင်းရေးမှူးများသည် သက်ဆိုင်ရာ ဌာနခွဲများမှ တရားသူကြီးများ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရပြီး ဌာနခွဲအဆင့် အမှုများစစ်ဆေးရာတွင် ကူညီဆောင်ရွက်ပေးရပါသည်။
နောက်ခံသမိုင်း
အခွန်အယူခံတရားရုံးကို ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၁၁၂၅ (R.A. 1125) ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ထိုစဉ်က ၎င်း၏ တရားစီရင်ပိုင်ခွင့် နယ်ပယ် ကန့်သတ်ချက်များကြောင့် တရားသူကြီး (၃) ဦးသာရှိခဲ့ပြီး ယင်းဖွဲ့စည်းပုံမှာ လက်ရှိတရားရုံး ၏ ဌာနခွဲတစ်ခုစာ ဖွဲ့စည်းပုံအင်အားသာရှိပါသည်။
၂၀၀၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၉၂၈၂ (R.A. 9282) ပြဋ္ဌာန်း ခဲ့ပြီးနောက် အခွန်အယူခံတရားရုံးသည် အယူခံတရားရုံး (Court of Appeals) နှင့် အဆင့်တူ ဖြစ်လာပါသည်။ တရားရုံး၏ ဖွဲ့စည်းပုံကိုလည်း ဦးဆောင် တရားသူကြီး (၁) ဦးနှင့် အကြီးတန်း တရားသူကြီး (၅) ဦး၊ စုစုပေါင်း တရားသူကြီး (၆) ဦးအထိ တိုးမြှင့်ခန့်အပ်ခဲ့ပါသည်။
သမ္မတ အက်ဥပဒေအမှတ် ၉၂၈၂ အရ အခွန်အယူခံတရားရုံးသည် စုံညီခုံ (En Banc) သို့မဟုတ် ဌာနခွဲနှစ်ခုမှ အဖွဲ့(၂) ဖွဲ့ (တစ်ဖွဲ့လျှင် တရားသူကြီး ၃ ဦးစီ) ဖြင့် စစ်ဆေးနိုင် ပါသည်။ ဌာနခွဲတစ်ခု၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက စုံညီခုံအဖွဲ့ (En Banc) သို့ အယူခံ တင်သွင်းလျှောက်ထားနိုင်ပြီး ထိုစုံညီခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကိုမူ နိုင်ငံတော်၏ အမြင့်ဆုံး တရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ ပြန်လည်စိစစ် သုံးသပ်ပေးရန် လျှောက်ထား တင်ပြနိုင်ပါသည်။
သို့သော် ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၉၅၀၃ (R.A. 9503) ကို ပြဋ္ဌာန်းလိုက်ပြီး ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် အာဏာသက်ရောက်လာပါသည်။ ဤအက်ဥပဒေဖြင့် အခွန်အယူခံတရားရုံး၏ ဖွဲ့စည်းပုံကို တတိယဌာနခွဲ ထပ်မံဖွဲ့စည်းခြင်းနှင့် ပူးတွဲတရားသူကြီး (၃) ဦး ထပ်မံတိုးမြင့်ခန့်အပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ အခွန်အယူခံတရားရုံးတွင် ဦးဆောင်တရားသူကြီး (၁) ဦး နှင့် တွဲဖက် တရားသူကြီး (၈) ဦး ခန့်အပ်ထားရှိပါသည်။ အခွန်အယူခံတရားရုံးအနေဖြင့် အမှုများ ကြားနာစစ်ဆေး ရာတွင် စုံညီခုံ (En Banc) အနေဖြင့်လည်းကောင်း၊ ဌာနခွဲ ၃ ခု (တစ်ခုလျှင် တရားသူကြီး ၃ ဦးစီ) ဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။
အခွန်အယူခံတရားရုံးသည် ဖိလစ်ပိုင်နိုင်ငံ တရားစီရင်ရေးစနစ်၏ တရားရုံးများအနက်မှ အရေးပါသော တရားရုံးတစ်ရုံးဖြစ်ပြီး နိုင်ငံတော်တရားလွှတ်တော်ချုပ်(Supreme Court) ကြီးကြပ်မှုအောက်တွင် ရှိနေပါသည်။
သမ္မတ အက်ဥပဒေအမှတ် ၁၁၂၅ (R.A. 1125) အရ အခွန်အယူခံတရားရုံး၏ မူလအယူခံ တရားစီရင်ပိုင်ခွင့်များ
အခွန်အယူခံတရားရုံးသည်အောက်ပါဆုံးဖြတ်ချက်များကို အယူခံဝင်နိုင်သည့် တစ်ခုတည်းသော တရားရုံးဖြစ်ပါသည် -
(၁) ပြည်တွင်းအခွန် ကော်မရှင်နာ၏ ဆုံးဖြတ်ချက်များ
(က) အငြင်းပွားနေသော အခွန်အခဆိုင်ရာ စည်းကြပ်မှုများ
( ခ ) ပြည်တွင်းအခွန်၊ အခကြေးငွေ သို့မဟုတ် အခြားကောက်ခံမှုများအတွက် ပြန်အမ်းငွေဆိုင်ရာ ကိစ္စများ
( ဂ ) အမျိုးသားပြည်တွင်းအခွန်ဥပဒေ (National Internal Revenue Code) နှင့် သက်ဆိုင်သည့် ပြစ်ဒဏ်များ
(ဃ) အခွန်ဌာန(BIR)က စီမံခန့်ခွဲသည့် အခြားဥပဒေများနှင့် သက်ဆိုင်သော ကိစ္စရပ်များ
(၂) အကောက်ခွန် ကော်မရှင်နာ၏ ဆုံးဖြတ်ချက်များ
(က) အကောက်ခွန်၊ အခကြေးငွေ သို့မဟုတ် အခြားငွေကြေးဆိုင်ရာ ကောက်ခံမှုများ
( ခ ) ပစ္စည်းများသိမ်းဆည်းခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ကင်းလွတ်ပေးခြင်း ဆိုင်ရာ ကိစ္စများ
( ဂ ) ဒဏ်ကြေးငွေနှင့် အခြားအပြစ်ဒဏ်များ
(ဃ) အကောက်ခွန်ဥပဒေ (Customs Law) နှင့် သက်ဆိုင်သည့်အခြား ကိစ္စများ
(၃) ဘဏ္ဍာရေးဝန်ကြီးထံ အယူခံမှုများ
အကောက်ခွန်ကော်မရှင်နာက အခွန်ထမ်းဘက်သို့ သက်သာခွင့်ပေးသော ဆုံးဖြတ်ချက်များ ကို ဘဏ္ဍာရေးဝန်ကြီးထံ တင်ပြခြင်း (TCC ပုဒ်မ ၂၃၁၅ အရ)
(၄) ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး (သို့) စိုက်ပျိုးရေးဝန်ကြီး၏ ဆုံးဖြတ် ချက်များ
(Anti-Dumping Duty, Countervailing Duty နှင့် Safeguard Duty ဆိုင်ရာ ဆုံးဖြတ်ချက်များ)
R.A. 9282 အရ အခွန်အယူခံတရားရုံး၏ တရားစီရင်ပိုင်ခွင့် ထပ်မံတိုးမြင့်ခြင်း
ဤဥပဒေအရ အခွန်အယူခံတရားရုံး၏ မူလအယူခံတရားစီရင်ပိုင်ခွင့်ကို အောက်ပါအတိုင်း ထပ်မံတိုးမြင့်ခဲ့ပါသည် -
(၁) အခွန်ရာဇဝတ်မှုဆိုင်ရာအမှုများ
အမျိုးသားပြည်တွင်းအခွန်ဥပဒေ (National Internal Revenue Code) နှင့် အကောက်ခွန်နှုန်းနှင့် အကောက်ခွန်ဥပဒေ (Tariff and Customs Code) ကိုချိုးဖောက်သည့် အမှုများ
(၂) ဒေသဆိုင်ရာ အခွန်များနှင့် ပတ်သက်သည့် ဒေသဆိုင်ရာတရားရုံး (RTC) ၏ ဆုံးဖြတ်ချက်များ
(၃) ဗဟို အခွန်စည်းကြပ်မှုအယူခံဘုတ်အဖွဲ့ (CBAA) ၏ ဆုံးဖြတ်ချက်များ
(အိမ်ခြံမြေ အခွန်စည်းကြပ်မှုဆိုင်ရာ အငြင်းပွားမှုများ)
(၄) အပြီးသတ် အခွန်စည်းကြပ်ကောက်ခံမှုများ
(ပြည်တွင်းအခွန်နှင့် အကောက်ခွန်ဆိုင်ရာ အပြီးသတ် စည်းကြပ်မှုများဖြစ်သော ကောက်ခံမှုဆိုင်ရာအမှုများ)
အခွန်အယူခံလျှောက်ထားရန် လိုအပ်သည့်အချက်အလက်များ
ဖိလစ်ပိုင်နိုင်ငံတွင် အခွန်ထမ်းတစ်ဦးသည် အခွန်အယူခံမှု လျှောက်ထားရာ၌ လိုအပ်သည့် စာရွက်စာတမ်းများအထောက်အထားများ ပြည့်စုံစွာဖြင့် သတ်မှတ်ကာလအတွင်း တင်သွင်းလျှောက်ထားရပါမည်။ အခြေခံအားဖြင့် အခွန်ထမ်းဆောင်ရန် ပျက်ကွက်သည်ဟု သတ်မှတ်ခံရသော အမိန့် (Assessment Notice) (BIR မှ ပေးပို့သော Formal Letter of Demand သို့မဟုတ် Final Assessment Notice ပါရှိရမည်)၊ အခွန်ထမ်း၏ ကန့်ကွက်ရန် အကြောင်းပြချက် (ဥပမာ - အခွန်တွက်ချက်မှု အမှား၊ ဥပဒေအရ ညီညွတ်မှုမရှိသော အခွန်ကောက်ခံမှု) တို့ မဖြစ်မနေ လိုအပ်ပါသည်။)
ထို့ပြင် အခွန်အယူခံလျှောက်ထားသူသည် အခွန်အယူခံတရားရုံးက သတ်မှတ်ထားသော လျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်လျှောက်ထားရပါမည်။ ငွေကြေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ရသည့် ငွေပမာဏ (Amount in Dispute) ကို ဖော်ပြပေးရပါမည်။ လျှောက်လွှာနှင့်အတူ အခွန်ချမှတ်သည့်ဌာန သို့မဟုတ် သက်ဆိုင်ရာအခွန်ကော်မရှင်နာ၏ ဆုံးဖြတ်ချက်အမိန့် မိတ္တူ၊ ငွေတောင်းခံလွှာ (Invoices ) ၊ ဘဏ်ငွေလွှဲစာရွက်များ(Bank Statements ) တို့ ပါဝင်ရပါမည်။ အခွန်ပြန်အမ်းရန် လျှောက်ထားချက် (Refund Claim ) ဖြစ်ပါက သက်ဆိုင်ရာ မှတ်တမ်းများ ပူးတွဲတင်ပြရပါမည်။ အမှုတွဲပါ စာရွက်စာတမ်းများ မိတ္တူ ၃ စုံ ယူဆောင် သွားရပါမည်။
အယူခံလျှောက်ထားသူသည် တရားစွဲဆိုခ (Filing Fee) အဖြစ် အငြင်းပွားမှုပမာဏ၏ ၂ ရာခိုင်နှုန်း (အနည်းဆုံး ပီဆို ၁၀၀၀ မှ အများဆုံး ပီဆို ၂၀,၀၀၀ အထိ) ပေးဆောင်ရပါမည်။
အခွန်အယူခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
အခွန်အယူခံတင်သွင်းသူသည် ကနဦးအဆင့်အနေဖြင့် သက်ဆိုင်ရာအခွန်ဌာနသို့ ကော်မရှင်နာထံ လိပ်မူ၍ ပြန်လည်သုံးသပ်မှု တင်ပြလျှောက်ထားရပါမည်။ သက်ဆိုင်ရာအခွန် ဌာနက ငြင်းပယ်ပါက ငြင်းပယ်ခံရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း Quezon City ရှိ အခွန်အယူခံ တရားရုံး ရုံးချုပ်သို့ အယူခံမှု တိုက်ရိုက်လာရောက်လျှောက်ထားရပါမည်။ အခွန်အယူခံ တရားရုံးသည် အမှုအပေါ် မူတည်၍ နှုတ်ဖြင့်ကြားနာစစ်ဆေးခြင်း (Oral Arguments) သို့မဟုတ် စာရွက်စာတမ်းများဖြင့် ဆုံးဖြတ်ခြင်း (Memorandum Submission) ဆောင်ရွက် ပေးပါသည်။
အခွန်အယူခံလျှောက်ထားသူအနေဖြင့် သတိပြုရမည့်အချက်များမှာ သက်ဆိုင်ရာ အခွန်ဌာနက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံတင်သွင်းလျှောက်ထားရပါမည်။ အခွန်ဘာသာရပ်ကျွမ်းကျင်သူ၊ ဥပဒေပညာရှင် ရှေ့နေ (Tax Lawyer) များနှင့် ဆွေးနွေးတိုင်ပင်လျှောက်ထားသင့်ပါသည်။ အယူခံလျှောက်ထားစဉ် ကာလအတွင်း အခွန်ယာယီ ရပ်ဆိုင်းခွင့် လျှောက်ထားလိုပါက သီးသန့်လျှောက်ထားရပါမည်။
တရားရုံးဖွင့်လှစ်ချိန်
ဖိလစ်ပိုင်အခွန်အယူခံတရားရုံးသည် အစိုးရရုံးပိတ်ရက်များတွင် ပိတ်ထားမည်ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈:၀၀ မှ ညနေ ၄:၃၀ အချိန်အထိ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

သူရဲကောင်းဆိုတဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်မယ်ဆိုရင် တော်တော်လေးနက်တာ တွေ့ရပါတယ်။ မြန်မာအဘိဓာန်မှာတော့ သူရဲကောင်းဆိုတာ မှန်ကန်သည်ကို ရဲဝံ့စွာစွန့်စားဆောင်ရွက်တတ်သူဆိုပြီး ဖွင့်ဆိုထားပါတယ်။ ဒီတော့ သူရဲကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ သူလုပ်တဲ့ကိစ္စသည် မှန်ကန်တဲ့ကိစ္စဖြစ်ရမယ်။ အဲဒီကိစ္စကိုပဲ ရဲရဲဝံ့ဝံ့နဲ့လုပ်ဆောင်ရမယ်။ လုပ်ဆောင်ရာမှာလည်း အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားဆောင်ရွက်ရမယ်။ အဲဒီလိုသူမျိုးကိုမှ သူရဲကောင်းလို့ သတ်မှတ်တယ်လို့ဆိုနိုင်ပါတယ်။ သူရဲကောင်း တစ်ယောက်ဆိုတာ အလိုလိုနေရင်း ဖြစ်လာတာမဟုတ်ပါဘူး။ သူရဲကောင်းတစ်ယေ
သူရဲကောင်းဆိုတဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်မယ်ဆိုရင် တော်တော်လေးနက်တာ တွေ့ရပါတယ်။ မြန်မာအဘိဓာန်မှာတော့ သူရဲကောင်းဆိုတာ မှန်ကန်သည်ကို ရဲဝံ့စွာစွန့်စားဆောင်ရွက်တတ်သူဆိုပြီး ဖွင့်ဆိုထားပါတယ်။ ဒီတော့ သူရဲကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ သူလုပ်တဲ့ကိစ္စသည် မှန်ကန်တဲ့ကိစ္စဖြစ်ရမယ်။ အဲဒီကိစ္စကိုပဲ ရဲရဲဝံ့ဝံ့နဲ့လုပ်ဆောင်ရမယ်။ လုပ်ဆောင်ရာမှာလည်း အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားဆောင်ရွက်ရမယ်။ အဲဒီလိုသူမျိုးကိုမှ သူရဲကောင်းလို့ သတ်မှတ်တယ်လို့ဆိုနိုင်ပါတယ်။ သူရဲကောင်း တစ်ယောက်ဆိုတာ အလိုလိုနေရင်း ဖြစ်လာတာမဟုတ်ပါဘူး။ သူရဲကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် အခြေခံစိတ်ဓာတ်တစ်ခု မဖြစ်မနေရှိကိုရှိရမှာပါ။ အဲဒီစိတ်ဓာတ်ကတော့ “မျိုးချစ်စိတ်” ပါပဲ။
မျိုးချစ်စိတ်ဆိုတဲ့အဓိပ္ပာယ်ကလည်း သိပ်ကိုနက်ရှိုင်းပါတယ်။ လူတစ်ဦး တစ်ယောက်တည်းကိုချစ်ရုံ၊ လူနည်းစုကိုချစ်ရုံနဲ့ မျိုးချစ်စိတ်လို့ မခေါ်နိုင်ပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကောင်းစားရေးအတွက် ရှေးရှုခြင်းကိုသာ မျိုးချစ်စိတ်လို့ ခေါ်နိုင်တာပါ။ ကမ္ဘာနဲ့ယှဉ်လာရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကောင်းစားရေး၊ တိုးတက်မြင့်မားရေးတို့အတွက် ဦးစားပေးဆောင်ရွက်လိုတဲ့ စိတ်မျိုးကို မျိုးချစ်စိတ်လို့ခေါ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ မျိုးချစ်စိတ်ကိုအရင်းခံပြီး သူရဲကောင်းပီသစွာ နယ်ချဲ့တို့ကိုတွန်းလှန်တိုက်ထုတ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်များကြောင့်သာ အခုလိုမျိုးလွတ်လပ်ရေးကို ရရှိခဲ့တာပါ။
နယ်ချဲ့တယ်ဆိုတာက အခုနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ အရာမဟုတ်ပါဘူး။ သမိုင်းမတင်မီကာလကတည်းကပင် နယ်ချဲ့တယ်ဆိုတာရှိပါတယ်။ ဒီလိုနယ်ချဲ့မှုမျိုးကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် နိုင်ငံသားတိုင်းမှာ မျိုးချစ်စိတ်ဆိုတာရှိရပါတယ်။
ဒါ့အပြင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအပေါ် တစ်ပါးသူက ကျူးကျော်စော်ကားလာနိုင်ခြင်း မရှိစေဖို့အတွက်လည်း မျိုးချစ်စိတ်ကိုအရင်းခံပြီး သူတစ်ပါးကိုမထိခိုက်စေဘဲ ကိုယ့်အင်အားကိုခိုင်မာအောင် ထူထောင်ရပါတယ်။ ဒါမှလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ထိပါးစော်ကားချင်တယ် ဆိုရင်တောင်မှ တစ်ပါးသူအနေနဲ့ တော်ရုံတန်ရုံ အားမထုတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုရောက်ရှိစေဖို့ အတွက်ဆိုရင် မျိုးချစ်စိတ်ကိုအရင်းခံရမှာပါ။
မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးဆိုတာ အင်မတန်မှ လိုအပ်လှတဲ့အရာဖြစ်ပါတယ်။ တကယ်လို့များ မျိုးချစ်စိတ်မရှိဘူးဆိုရင် ကိုယ့်နိုင်ငံအရေးကို သူများက ဝင်စွက်ဖက်ခွင့်ရသွားမယ်။ တစ်နည်းအားဖြင့် အနုနည်းနဲ့ သူ့ကျွန်ဘဝရောက်သွားသလို ဖြစ်သွားပါလိမ့်မယ်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနဲ့ပတ်သက်ပြီး ပြောစရာလေးတွေရှိလို့ အရင်ဆုံးပြောပါရစေ။
မျိုးချစ်စိတ်ဓာတ်ဆိုတာ မွေးမြူရတာပါ။ ဘယ်လိုမျိုး မွေးမြူရမလဲဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်သွားပါမယ်။ ဒီလိုမျိုးနှိုင်းယှဉ်ဖို့အတွက် ဥပမာလေးတစ်ခုကိုထုတ်ပြပါရစေ။ အဲဒီဥပမာကတော့ မကြာသေးခင်ကမှ ရုရှားနိုင်ငံမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကြီးပဲ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကြီးမှာ အထင်ရှားဆုံး အခမ်းအနားက စစ်ရေးပြ အခမ်းအနားပဲဖြစ်ပါတယ်။ အဲဒီစစ်ရေးပြအခမ်းအနားကြီးက ရုရှားပြည်သူများ၊ အထူးသဖြင့် ရုရှားလူငယ်များကို မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေတဲ့ အခမ်းအနားကြီးလို့ပြောရမှာပါ။
မဟာမျိုးချစ်စစ်ပွဲကြီးဆိုတာ အကြောင်းမဲ့ကင်ပွန်း တပ်ထားတာမဟုတ်ပါဘူး။ သူ့ရဲ့ နောက်ခံအကြောင်းရင်းကိုက တစ်မျိုးသားလုံး ရဲဝံ့စွန့်စားမှုရှိစွာ နယ်ချဲ့ရန်ကိုတွန်းလှန် တိုက်ထုတ်နိုင်ခဲ့လို့ မဟာမျိုးချစ်စစ်ပွဲလို့ အမည်တွင်တာဖြစ်ပါတယ်။
ပွင့်လင်းစွာပြောရရင် မျိုးချစ်စိတ်ကို အရင်းခံပြီး အောင်ပွဲရယူနိုင်ခဲ့တဲ့ စစ်ပွဲဖြစ်လို့လည်း မဟာမျိုးချစ်စစ်ပွဲလို့ခေါ်တွင်တာပါ။ သူ့ရှေ့မှာ မျိုးချစ်စစ်ပွဲဆိုတာ ဖြစ်ပွားခဲ့ပါသေးတယ်။ ၁၈၁၂ ခုနှစ် နပိုလီယံလက်ထက်မှာ ပြင်သစ်က ရုရှားအင်ပါယာကို ကျူးကျော်ခဲ့တာပါ။ အဲဒီစစ်ပွဲကိုတော့ မျိုးချစ်စစ်ပွဲလို့သာခေါ်ပါတယ်။ အခုမဟာမျိုးချစ်စစ်ပွဲကြီးရဲ့ နောက်ခံအကြောင်းရင်းကို ရှင်းပြပါဦးမယ်။
ကမ္ဘာမှာနိုင်ငံပေါင်းစုံပါဝင်ပြီး ကမ္ဘာနဲ့ချီတဲ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးတာ အားလုံးအသိပါ။ သူ့ကိုပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ဆိုပြီးခေါ်ပါတယ်။ ဒီနေရာမှာ ဒုတိယကမ္ဘာစစ်အကြောင်းကိုသာ အဓိကထားပြီးပြောပါမယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားရတဲ့အကြောင်းရင်းက ဝင်ရိုးတန်းနိုင်ငံများနဲ့ မဟာမိတ်အဖွဲ့များကြား အားပြိုင်မှုကနေတစ်ဆင့် နယ်ချဲ့ကျူးကျော်မှုတွေ ဖြစ်ပွားလာရတဲ့အတွက်ဖြစ်ပါတယ်။
၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာ နာဇီဂျာမနီတို့က ပိုလန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းဖြင့် ဒုတိယကမ္ဘာစစ် စတင်လာခဲ့ရတာပါ။ အဲဒီအချိန်တုန်းက အခုရုရှားနိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုကို ဦးဆောင်သူပေါ့။ အစောပိုင်းတုန်းက ဆိုဗီယက်ပြည်ထောင်စုဟာ ဒုတိယကမ္ဘာစစ်ထဲကို ဝင်ပါခြင်းမရှိပါဘူး။ ဒါပေမဲ့ နာဇီဂျာမနီတို့က စစ်သွေးစစ်မာန်တွေတက်ကြွပြီး ဆိုဗီယက်ပြည်ထောင်စုအပေါ်ကျူးကျော်လာတဲ့အတွက် ဆိုဗီယက်ပြည်ထောင်စုကလည်း နာဇီဂျာမနီတို့ရဲ့ ကျူးကျော်မှုကို တွန်းလှန်တိုက်ထုတ် ခဲ့တာဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ဟာ မဟာမိတ်များနဲ့ ဝင်ရိုးတန်းနိုင်ငံများကြား အားပြိုင်မှုကြောင့် ဖြစ်ပွားရတယ်ဆိုပေမယ့် ဆိုဗီယက်ပြည်ထောင်စုအပေါ် နာဇီဂျာမနီတို့ရဲ့ ကျူးကျော်မှု ကိုတော့ ဆိုဗီယက်ပြည်ထောင်စုကသာ ကြံ့ကြံ့ခံတွန်းလှန်တိုက်ထုတ်ခဲ့ရတာပါ။
အစောပိုင်းတုန်းကတော့ ဆိုဗီယက်ပြည်ထောင်စုဟာ နာဇီဂျာမနီတို့ရဲ့ လက်အောက်ကို ကျရောက်လုနီးပါးဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုမှ တစ်ပြည်တည်းသားတွေဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မျိုးချစ်စိတ်ဓာတ်တက်ကြွလာမှုနဲ့အတူ စစ်ပွဲကြီးထဲကို ကိုယ်တိုင်အသိစိတ်ဖြင့် ပါဝင်လာပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြခြင်းကြောင့်သာ နာဇီဂျာမနီတို့ကို ဘာလင်မြို့အထိ တိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဆိုဗီယက်ပြည်ထောင်စုဖွား နိုင်ငံသားများရဲ့ မျိုးချစ်စိတ်အပေါ် နာဇီဂျာမနီတို့က ဘယ်လိုမှ တင်းခံနိုင်ခြင်းမရှိတော့ဘဲ ၁၉၄၅ ခုနှစ် မေလ ၈ ရက် ညပိုင်းမှာ လက်နက်ချအညံ့ခံလိုက်ရပါတော့တယ်။ ဒါကြောင့် ၁၉၄၅ ခုနှစ် မေလ ၉ ရက်ကို မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနေ့အဖြစ် သတ်မှတ်လိုက်တာပါ။
မဟာမျိုးချစ်စစ်ပွဲကြီးဆိုတာက ဆိုဗီယက်ပြည်ထောင်စုဖွား နိုင်ငံသားများရဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်မှုကို ဖော်ကျူးနေတဲ့ စစ်ပွဲကြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်းမှာတော့ ယခင်ဆိုဗီယက် ပြည်ထောင်စုကြီးနဲ့အတူ နယ်ချဲ့တို့ကိုတွန်းလှန် တိုက်ထုတ်ခဲ့ကြသူများရဲ့ သားစဉ်မြေးမြစ်တွေက မျိုးချစ်စိတ်ဆိုတာကို မေ့လျော့သွားကြပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်သွားပေမယ့် ရုရှားနိုင်ငံနဲ့အတူ ဆက်လက်တည်ရှိနေတဲ့ နိုင်ငံအချို့ကသာ မျိုးချစ်စိတ်ရှင်သန်ထက်မြက်အောင် သူတို့ရဲ့မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးနေတာတွေ့ရပါတယ်။ ဘယ်လိုနည်းနဲ့ လက်ဆင့်ကမ်းပေးနေလဲဆိုရင် အခုလိုမျိုး စစ်ရေးပြ အခမ်းအနားကြီးတွေကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်းအားဖြင့် လက်ဆင့်ကမ်းပေးနေတာပါ။
အခုဆက်ပြီးတော့ စစ်ရေးပြအခမ်းအနားကြီးနဲ့ ပတ်သက်တဲ့ မှတ်သားဖွယ်ရာတချို့ကို ဆက်လက်ပြောပြပါမယ်။ ဟိုးအရင်နှစ်များဆီက မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို အခုလိုမျိုး ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီအချိန်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ကြား အားပြိုင်မှုများ၊ ပြည်တွင်းရေးမှာ နိုင်ငံရေးလွန်ဆွဲမှုများ အစရှိတဲ့ အကြောင်းရင်းများစွာကြောင့် စစ်ရေးပြ အခမ်းအနားကို ကျင်းပနိုင်ခြင်းမရှိခဲ့တာပါ။ အဲဒီအချိန်မှာ ဆိုဗီယက်ပြည်ထောင်စုဖွားနိုင်ငံသားများရဲ့ မျိုးချစ်စိတ်ဓာတ်သည်လည်း မှေးမှိန်ခဲ့ရကာ နောက်ဆုံးမှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲရသည်အထိ ဖြစ်ခဲ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရတာက ၁၉၉၁ ခုနှစ်မှာပါ။ အဲဒီအချိန်မှာ အောင်ပွဲနေ့စစ်ရေးပြ အခမ်းအနား ကျင်းပနိုင်ခြင်းမရှိတဲ့အပြင်
၁၉၉၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ရင်ပြင်နီမှာ ကျင်းပနိုင်ခြင်းမရှိဘဲ ဒေသတချို့မှာသာ ကျင်းပနိုင်ခဲ့ပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၅၀) ပြည့်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှစလို့ ယနေ့အချိန်အထိ တစ်နှစ်မှမပျက်ကွက်ဘဲ စစ်ရေးပြအခမ်းအနားကို ကျင်းပလာခဲ့ခြင်းကြောင့် ရုရှားပြည်သူများရဲ့ မျိုးချစ်စိတ်ဓာတ်များသည်လည်း ပြန်လည်ရှင်သန်နိုးကြားလာခဲ့ရပါတယ်။ အထူးသဖြင့် လက်ရှိရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်လက်ထက်မှာ စစ်ရေးပြအခမ်းအနားများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလာခဲ့တာပါ။ စစ်ရေးပြအခမ်းအနားနဲ့ မျိုးချစ်စိတ်ကဘယ်လို ပတ်သက်နေလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပါဦးမယ်။ စစ်ရေးပြအခမ်းအနားတစ်ခု ခမ်းခမ်းနားနားနဲ့ အောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုရင် ငွေအား၊ လူအားအစရှိတဲ့ အရင်းအမြစ်တွေ အားလုံးထုတ်သုံးရပါတယ်။ စစ်ရေးပြအခမ်းအနားမှာ ပါဝင်စစ်ရေးပြကြသူတွေကလည်း အားမာန်အပြည့်နဲ့ကို စစ်သွေးစစ်မာန်တက်ကြွစွာ ပါဝင်စစ်ရေးပြကြရတာပါ။ စစ်ရေးပြလျှောက်သူတွေရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ကြည့်နေသူတွေကို ရဲစိတ်ရဲမာန်တက်ကြွစေပါတယ်။ ပြီးတဲ့အခါ သူတို့ဘာကြောင့် အခုလိုမျိုးတက်ကြွမှုနဲ့ စစ်ရေးပြလျှောက်နေရတာလဲဆိုတာကို ဆက်စပ်တွေးမိစေပါတယ်။ အဲဒီလိုတွေးမိတဲ့အခါ စစ်သည်တိုင်းသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်နေကြသူတွေပါလား ဆိုတဲ့ အတွေးဝင်လာစေပါတယ်။ ဒီလိုမျိုးအတွေးဝင်လာမှုနဲ့အတူ ကိုယ်သည်လည်း သူတို့လိုမျိုး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်လိုစိတ်တွေ ဖြစ်ပေါ်လာရပါတယ်။ နောက်ဆုံးမှာတော့ မျိုးချစ်စိတ်က ရှင်သန်ထက်မြက်လာရခြင်းပဲဖြစ်ပါတယ်။
အခုရုရှားတို့ရဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားကို ကြည့်လိုက်ရင်လည်း ရုရှားပြည်သူတွေအနေနဲ့ ဘယ်လောက်အထိ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေတယ် ဆိုတာကိုတွေ့ရပါတယ်။ အဲဒီအခမ်းအနားမှာ မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ပါဝင်ဆင်နွှဲ တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တော်ဟောင်းကြီးများ ကိုယ်တိုင်သာမက သူတို့ရဲ့သားမြေးမြစ်များကိုပါ ခေါ်ဆောင်လာခဲ့တာလည်း တွေ့ရပါသေးတယ်။ ဒါဟာ စစ်သည်တော်ဟောင်းကြီးများက သူတို့ရဲ့မျိုးချစ်စိတ်ဓာတ်ကို သားစဉ်မြေးမြစ် လက်ဆင့်ကမ်း အမွေပေးခြင်းလည်း ဖြစ်ပါတယ်။ စစ်ရေးပြ အခမ်းအနားနဲ့ ပတ်သက်ပြီး ရုရှားအစိုးရရဲ့ သတ်မှတ်ချက်တစ်ခုရှိပါတယ်။
အဲဒါကတော့ ဒီစစ်ရေးပြအခမ်းအနားကို ဖိတ်ခေါ်ခံရသူတိုင်းဟာ အသက်ငါးနှစ်အရွယ်ကစလို့ ကလေးငယ်တွေကို ခေါ်လာခွင့်ရှိတယ်ဆိုတဲ့အချက်ပါပဲ။
အသက်ငါးနှစ်ဆိုတာ တစ်ခုခုကိုအားကျ အတုယူတတ်တဲ့အရွယ်၊ သင်လွယ်တတ်လွယ်အရွယ်ဖြစ်တာကြောင့် စစ်ရေးပြအခမ်းအနားကို လာကြည့်တဲ့ သူတို့လေးတွေရဲ့စိတ်ထဲမှာ မျိုးချစ်စိတ်ဓာတ်က မသိမသာ ဝင်ရောက်နေရာယူသွားပါတယ်။ ဒီလိုနဲ့ သူတို့လေးတွေ အရွယ်ရောက်လာချိန်မှာ သူတို့ရင်ထဲကိန်းအောင်းနေတဲ့ မျိုးချစ်စိတ်ဓာတ်က တဖြည်းဖြည်းနဲ့ ရှင်သန်ရင့်ကျက် ထက်မြက်လာပါတော့တယ်။
ဒီစစ်ရေးပြအခမ်းအနားကို ကျင်းပပေးရခြင်းဟာ မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တော်များကိုသာမက ဘက်စုံထောင့်စုံမှ ပါဝင်ကူညီပေးခဲ့ကြတဲ့ ပြည်သူများကိုပါ ဂုဏ်ပြုပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်လည်း စစ်ရေးပြအခမ်းအနားကို တက်ရောက်လာကြတဲ့ ရုရှားနိုင်ငံသူ၊ နိုင်ငံသားတိုင်းက စစ်ရေးပြမှာပါဝင်စစ်ရေးပြကြသူများမှတစ်ဆင့် ရုရှားစစ်သည်တော်တွေကိုပါ ယုံကြည်လေးစားအားကိုးတဲ့စိတ်တွေ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒီကမှတစ်ဆင့် ရုရှားစစ်သည်တော်တွေနဲ့ ရုရှားပြည်သူတွေကြားမှာ တစည်းတလုံးတည်း ရှိလာတာကိုလည်း လေးစားဖွယ်ရာမြင်တွေ့ရပါတယ်။ ဒီလိုမျိုးအခြေအနေ ဖြစ်လာရခြင်းရဲ့အဓိကအကြောင်းရင်းကို မြစ်ဖျားခံကြည့်တော့ မဟာမျိုးချစ်စစ်ပွဲကြီးရဲ့ အောင်မြင်မှုနဲ့ ဆက်စပ်နေပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးရဲ့ အောင်မြင်မှုက ရုရှားပြည်သူတွေရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်ကို ကိန်းအောင်းလာစေတာပါ။ မျိုးချစ်စိတ် ကိန်းအောင်းပြီး ရှင်သန်ထက်မြက်လာမှုက သူရဲကောင်းတွေကို ပေါ်ထွက်လာစေတာဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မျိုးချစ်စိတ်ဓာတ်ကို အရင်းခံပြီးရရှိခဲ့တဲ့ အောင်မြင်မှုများစွာရှိပါတယ်။ ဥပမာအားဖြင့် နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်တာမျိုး၊ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တာမျိုး၊ တရုတ်ဖြူတို့ရဲ့ ကျူးကျော်စစ်ကို တွန်းလှန်တိုက်ခိုက်တာမျိုးတွေဟာ မြန်မာစစ်သည်တော်များရဲ့ မျိုးချစ်စိတ်ကို အရင်းခံပြီး အောင်မြင်ခဲ့တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးမှာ ဆိုဗီယက်ပြည်ထောင်စုမှ နိုင်ငံသူ၊ နိုင်ငံသားများက မျိုးချစ်စိတ်ကိုအရင်းခံပြီး သူရဲကောင်းတွေဖြစ်ခဲ့ကြသလို ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မျိုးချစ်စိတ်ကိုအရင်းခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ သူရဲကောင်းတွေများစွာရှိပါတယ်။ ဒီသူရဲကောင်းတွေရဲ့ သားစဉ်မြေးမြစ်တွေသည်လည်း လက်ရှိမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေကြတုန်းပါပဲ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးက သူရဲကောင်းများရဲ့ မျိုးဆက်များဖြစ်ကြပါတယ်။ သူရဲကောင်းများရဲ့ မျိုးဆက်များပီပီ ကျွန်တော်တို့အားလုံးမှာလည်း မျိုးချစ်စိတ်ဓာတ်ဆိုတာရှိပါတယ်။ ဒါကြောင့်လည်း မဟာမျိုးချစ်စစ်ပွဲကြီးကြောင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ရင်ထဲမှာ မျိုးချစ်စိတ်ဓာတ်ပျံ့နှံ့ ရှင်သန်လာသလိုမျိုး ကျွန်တော်တို့ရဲ့ သူရဲကောင်းဘိုးဘေးဘီဘင်များကြောင့်လည်း ကျွန်တော်တို့ရဲ့ရင်ထဲမှာ မျိုးချစ်စိတ် ပျံ့နှံ့ရှင်သန်လာသင့်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အမျိုးမှန်ပြီးအဖိုးတန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ မြန်မာ့တပ်မတော်ဆိုတာကလည်း သမိုင်းကြောင်းကောင်းများနဲ့ ရှင်သန်ရပ်တည်လာတဲ့၊ ရပ်တည်နေဆဲ၊ ဆက်လက်ပြီး ကမ္ဘာတည်သရွေ့ ရပ်တည်သွားမယ့်အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမှာပါဝင်ပြီး တာဝန်ထမ်းဆောင်နေကြသူများဟာ သာမန်လူတွေထက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သူများဖြစ်တယ်လို့ဆိုရမှာပါ။ တကယ်တော့ တပ်မတော်သားများသာမက ပြည်သူတစ်ရပ်လုံးကပါ တပ်မတော်သားများနဲ့အတူ တစည်းတလုံးတည်းရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာမယ် ဆိုရင်ဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံသည်လည်း သူရဲကောင်းတို့ပျော်ရာ မြေမဟာ ဖြစ်လာမှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories

လောကတွင် လူမှန်သမျှအတတ်ပညာတစ်ခုခုတတ်မြောက်ထားရန်လိုအပ်သည်။ အတတ်ပညာတတ်မြောက်မှသာ လောကအလယ် တင့်တောင့်တင့်တယ်ရပ်တည်နိုင်မည်။ သက်ဆိုင်ရာ အတတ်ပညာ၌ ကျွမ်းကျင်ပါက ပို၍တင့်တယ်အောင်မြင်နိုင်သည်။ တစ်ချိန်တည်းမှာပင် တစ်နေ့တခြား လူဦးရေတိုးပွားသည်နှင့်အမျှ လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံရေးက အရေးပါလာသည်။ ပညာတတ်ရုံမျှနှင့်မပြီးသေး မအောင်မြင်နိုင်သေးပေ။ ယနေ့ခေတ်တွင် လူမှုဆက်ဆံရေးကိုနားလည်ပြီး ကျွမ်းကျင်စွာအသုံးချနိုင်မှုသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။ လူမှုဆက်ဆံရေးဉာဏ်ရည်သည် လူအချင်းချင်း ဆက်ဆံကြရာတွင် ထိရောက်စွာ ခံစားသိရှိအဓိပ္ပာယ်သိသိဖြင့် တုံ့
လောကတွင် လူမှန်သမျှအတတ်ပညာတစ်ခုခုတတ်မြောက်ထားရန်လိုအပ်သည်။ အတတ်ပညာတတ်မြောက်မှသာ လောကအလယ် တင့်တောင့်တင့်တယ်ရပ်တည်နိုင်မည်။ သက်ဆိုင်ရာ အတတ်ပညာ၌ ကျွမ်းကျင်ပါက ပို၍တင့်တယ်အောင်မြင်နိုင်သည်။ တစ်ချိန်တည်းမှာပင် တစ်နေ့တခြား လူဦးရေတိုးပွားသည်နှင့်အမျှ လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံရေးက အရေးပါလာသည်။ ပညာတတ်ရုံမျှနှင့်မပြီးသေး မအောင်မြင်နိုင်သေးပေ။ ယနေ့ခေတ်တွင် လူမှုဆက်ဆံရေးကိုနားလည်ပြီး ကျွမ်းကျင်စွာအသုံးချနိုင်မှုသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။ လူမှုဆက်ဆံရေးဉာဏ်ရည်သည် လူအချင်းချင်း ဆက်ဆံကြရာတွင် ထိရောက်စွာ ခံစားသိရှိအဓိပ္ပာယ်သိသိဖြင့် တုံ့ပြန်နိုင်မှုဖြစ်သည်။
အဓိပ္ပာယ်ရှိသော ဆက်ဆံရေးများတည်ဆောက်ရန်၊ ပဋိပက္ခများကို ဖြေရှင်းရန်နှင့် မတူကွဲပြားသော ပတ်ဝန်းကျင်များတွင်အောင်မြင်ရန် လူမှုဆက်ဆံရေးဉာဏ်ရည်က ကူညီပေးသည်။ ပညာရပ်ဆိုင်ရာ ဉာဏ်ရည် (IQ) သည် သိမှုဆိုင်ရာပြဿနာဖြေရှင်းမှုကို အာရုံစိုက်ပြီး လူမှုဆက်ဆံရေးဉာဏ်ရည်(Social Intelligence) သည် စိတ်ခံစားမှုနှင့် လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်မှုကို အလေးပေးသည်။ အရိုးရှင်းဆုံးဆိုရပါမူ လူမှုဆက်ဆံရေးဉာဏ်ရည်သည် မိမိ၏ အပေါင်းအသင်း၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစု ဆွေမျိုးသားချင်းများအကြားတွင် တည်ရှိသော ရင်းနှီးဆက်သွယ်မှုကို ပြဿနာတစ်စုံတစ်ရာ မဖြစ်စေဘဲ ထိန်းသိမ်းထားရှိနိုင်ကာ ပေါင်းသင်းဆက်ဆံရေးကွန်ရက်ကို ကျယ်ပြန့်လာစေနိုင်သည့် အရည်အသွေးပင်ဖြစ်သည်။
လူမှုဆက်ဆံရေးဉာဏ်ရည်ဆိုသည်မှာ
လူမှုဆက်ဆံရေးဉာဏ်ရည်(Social Intelligence) ဆိုသည့်ဝေါဟာရကို ၁၉၂၀ ပြည့်နှစ်တွင် စိတ်ပညာရှင် Edward Thorndike ကစတင်အသုံးပြုခဲ့သည်။ လူမှုဆက်ဆံရေးဉာဏ်ရည်ဟုဆိုရာတွင် ခန္ဓာကိုယ်အမူအရာ၊ မျက်နှာအမူအရာနှင့်အသံအနိမ့်အမြင့်ကဲ့သို့သော စကားလုံးမဟုတ်သည့်အချက်ပြမှုများကို အကဲခတ်နိုင်မှုနှင့် အခြားသူများ၏ ခံစားချက်နှင့် ရှုထောင့်များကို စာနာနိုင်မှု၊ မတူညီသော လူမှုအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် အပြုအမူပြောင်းလဲနိုင်မှု၊ ရှင်းလင်းစွာဆက်သွယ်နိုင်မှုနှင့် အခြားသူများကို အပြုသဘောဆောင်စွာ လွှမ်းမိုးနိုင်မှု၊ လူမှုဆက်ဆံရေးတွင် သင့်လျော်စွာတုံ့ပြန်နိုင်ရန် စိတ်ခံစားမှုများကို စီမံခန့်ခွဲမှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပဋိပက္ခဖြေရှင်းနိုင်မှုမှတစ်ဆင့် ခိုင်မာသောဆက်ဆံရေးများတည်ဆောက်ထိန်းသိမ်းမှု စသည့်ဝိသေသများကို ရည်ညွှန်းလေ့ရှိကြသည်။
လူမှုဆက်ဆံရေးဉာဏ်ရည်၏ အစိတ်အပိုင်းများလူမှုဆက်ဆံရေးဉာဏ်ရည်၏ အဓိကအစိတ်အပိုင်းများအနေဖြင့် စာနာမှုရှိကာ အခြားသူများ၏ ခံစားချက်များကိုနားလည်ပြီး မျှဝေနိုင်မှုရှိခြင်း၊ တက်ကြွစွာနားထောင်တတ်ခြင်း၊ အခြားသူများ၏ ပြောဆိုချက်များကို အနှောင့်အယှက်မပေးဘဲ အမှန်တကယ် နားထောင်ခြင်း၊ ကွဲပြားခြားနားသော ပုဂ္ဂိုလ်များ/အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် အပြုအမူနှင့် ဆက်သွယ်ရေးပုံစံကို ပြောင်းလဲခြင်း၊ ခန္ဓာကိုယ်အမူအရာနှင့် မျက်လုံးချင်းဆက်သွယ်မှုများကို ထိရောက်စွာအဓိပ္ပာယ်ဖွင့်ဆိုပြီး လိုက်လျောညီထွေစွာတုံ့ပြန်တတ်ခြင်း၊လွှမ်းမိုးမှုနှင့် ဆွဲဆောင်မှုရှိခြင်း၊ ရှင်းလင်းသောဆက်သွယ်ရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် အခြားသူများကို လှုံ့ဆော်နိုင်ခြင်း၊ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးချ၍ ကိုယ့်စိတ်ခံစားမှု၊ ဘက်လိုက်မှုများမပါစေဘဲ အကြောင်းပြချက်များကို နားလည်ပြီး လူမှုဆက်ဆံရေးတွင်ပိုမိုထိန်းချုပ်နိုင်ခြင်း စသည့်အချက်များပါဝင်ကာ ၎င်းတို့ကိုသိရှိနားလည်အသုံးချနိုင်ရန်လိုသည်။
လူမှုဆက်ဆံရေးဉာဏ်ရည်၏ အရေးပါမှု
လူမှုဆက်ဆံရေးဉာဏ်ရည်သည် ပုဂ္ဂိုလ်ရေးနှင့် ပရော်ဖက်ရှင်နယ်အောင်မြင်မှု၏ အဓိကအုတ်မြစ်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးကို အခြေခံသည့်ကမ္ဘာတွင်အဖွဲ့အစည်းများကိုဦးဆောင်ရန်၊ ပဋိပက္ခများကိုညှိနှိုင်းရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်လူမှုဆက်ဆံရေးဉာဏ်ရည်ထူးချွန်သူများသည် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားကြလေ့ရှိသည်။ လူမှုဆက်ဆံရေးဉာဏ်ရည်ရှိသူများသည် အခြားသူများ၏ လိုအပ်ချက်နှင့် စိတ်ခံစားမှုများကို နားလည်ခြင်းဖြင့် ပိုမိုနက်ရှိုင်းပြီး စစ်မှန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ခြင်း၊ ပရော်ဖက်ရှင်နယ်နယ်ပယ်တွင်လူမှုဆက်ဆံရေးဉာဏ်ရည်သည် ခေါင်းဆောင်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ပုံမှန်ဆက်ဆံရေးအတွက်အရေးကြီးသည်။လေ့လာမှုများအရလူမှုဆက်ဆံရေးဉာဏ်ရည်မြင့်သောခေါင်းဆောင်များသည် ဝန်ထမ်းများ၏ပါဝင်ပတ်သက်မှုနှင့် ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ကာစာနာမှုနှင့်သတိရှိမှုဖြင့် သဘောထားကွဲလွဲမှုများကိုကျော်လွှားဖြေရှင်းနိုင်ကြောင်းတွေ့ရှိရသည်။မတူကွဲပြားသော လူ့အဖွဲ့အစည်းများတွင် လူမှုဆက်ဆံရေးဉာဏ်ရည်သည် ကွဲပြားသောရှုထောင့်များနှင့် ဓလေ့ထုံးတမ်းများကိုလေးစားမှု၊နားလည်မှုများဖြင့် ပေါင်းကူးတည်ဆောက်ပေးသည်။ ထို့ပြင် စိတ်ကျန်းမာရေး အကျိုးကျေးဇူးအနေဖြင့်လူမှုဆက်ဆံရေးဉာဏ်ရည်ဖြင့် တည်ဆောက်ထားသည့် ခိုင်မာသော လူမှုဆက်ဆံရေးများသည် စိတ်ဖိစီးမှုနည်းပါးပြီး စိတ်ကျန်းမာရေးကို တိုးတက်စေသည်။
လူမှုဆက်ဆံရေးဉာဏ်ရည်ကို ပျိုးထောင်ခြင်းလူမှုဆက်ဆံရေးဉာဏ်ရည်သည်သဘာဝအလျောက် ထူးချွန်သူများအတွက်သာမက သာမန်လူများအနေဖြင့်လည်း လေ့ကျင့်မှုဖြင့် တိုးတက်မှုရနိုင်သောကျွမ်းကျင်မှုတစ်ခုဖြစ်သည်။လူမှုဆက်ဆံရေးဉာဏ်ရည်ကို မြှင့်တင်ရန် လက်တွေ့ကျသော နည်းလမ်းများအနေဖြင့် တက်ကြွစွာနားထောင်မှုကိုလေ့ကျင့်ပါ၊ အာရုံပျံ့လွင့်မှုမရှိဘဲ အခြားသူများ၏ ပြောဆိုချက်များကို အာရုံစိုက်ပါ၊ ၎င်းတို့၏ ပြောဆိုချက်များကို နားလည်မှုပြရန် ပြန်လည်တုံ့ပြန်ပါ၊ စကားပြောနေစဉ် ခန္ဓာကိုယ်အမူအရာ၊ အသံပြောင်းလဲမှုနှင့် မျက်နှာအမူအရာများကို အာရုံစိုက်ပါ၊ အခြားသူများ၏ ရှုထောင့်နှင့် စိတ်ခံစားမှုများကို စိတ်ကူးဖြင့် ခံစားကြည့်ပါ၊ ၎င်းတို့၏ အတွေ့အကြုံများကို ပိုမိုသိရှိရန် မေးခွန်းများမေးပါ၊ ယုံကြည်ရသောသူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များထံမှ သင်၏ လူမှုဆက်ဆံရေးကျွမ်းကျင်မှုနှင့်ပတ်သက်၍ ရိုးသားသော အကြံပြုချက်များကို တောင်းခံပါ၊ စိတ်ခံစားမှုများကို စီမံပါ၊ စိန်ခေါ်မှုရှိသော အခြေအနေများတွင် စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ၊ နက်ရှိုင်းစွာ အသက်ရှူခြင်း သို့မဟုတ် တုံ့ပြန်မှုမပြုမီ ခဏရပ်တန့်ခြင်းကဲ့သို့သော နည်းစနစ်များသည်စိတ်ခံစားမှုပေါက်ကွဲမှုကို ကာကွယ်ပေးနိုင်သည်။မတူကွဲပြားသော လူမှုအခြေအနေများတွင် ပါဝင်ပါ၊ ယဉ်ကျေးမှုနှင့် လူမှုဓလေ့ထုံးတမ်းများကို ပိုမိုနားလည်ရန် မတူညီသော နောက်ခံရှိသူများနှင့် ဆက်ဆံပါ၊ စံနမူနာထားသောပုဂ္ဂိုလ်များထံမှ သင်ယူပါ၊ လူမှုပတ်ဝန်းကျင်တွင်ထူးချွန်သူများကို စောင့်ကြည့်ပြီး ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များကို အတုယူပါ၊ လူမှုဆက်ဆံရေးဆိုင်ရာ စာအုပ်များကိုဖတ်ရှုပြီး ပြန်လည်သုံးသပ်အသုံးချပါ။
အိုင်တီခေတ်နှင့် လူမှုဆက်ဆံရေးဉာဏ်ရည်အိုင်တီအသုံးပြုမှုများမြင့်တက်လာမှုသည် လူမှုဆက်ဆံရေးဉာဏ်ရည်ကို အသုံးချမှုပြောင်းလဲ စေခဲ့သည်။ နည်းပညာသည် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများကို ဖြစ်ပေါ်စေသော်လည်း နားလည်မှုလွဲခြင်းနှင့် ရှုပ်ထွေးမှုအချို့ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် လူမှုဆက်ဆံရေးဉာဏ်ရည်သည် အိုင်တီခေတ်တွင် ပိုမိုအရေးပါလာသည်။ ရှင်းလင်းပြီး လိုက်လျောညီထွေဖြစ်စေမည့် အွန်လိုင်းဆက်ဆံရေးကို သတိပြုဆောင်ရွက်ရန်လိုသည်။ ထို့ကြောင့် အီးမေးနှင့် မက်ဆေ့များတွင် ဘာသာစကားကို ရှင်းလင်းတိုတောင်းစွာအသုံးပြုခြင်း၊ စစ်မှန်သော ဆက်ဆံရေးများကို ထိန်းသိမ်းရန် အော့ဖ်လိုင်းနှင့် အွန်လိုင်း ဆက်ဆံရေးများကို ဟန်ချက်ညီအောင် ဆောင်ရွက်ခြင်း စသည်တို့လိုအပ်သည်။ တစ်ချိန်တည်းမှာပင် Facebook ကဲ့သို့သော လူမှုမီဒီယာပလက်ဖောင်းများသည် လူထုခံစားချက်နှင့်ခေတ်ရေစီးကြောင်းများကို အချိန်နှင့်တစ်ပြေးညီထိုးထွင်းသိမြင်နိုင်ပြီးလူမှုဆက်ဆံရေးအသိဉာဏ်ကို လေ့ကျင့်ရန် အခွင့်အလမ်းများပေးသည်။ အကြံပြုချက်များနှင့်မှတ်ချက်စကားများကို တုံ့ပြန်ခြင်း သို့မဟုတ် အကြံဉာဏ်များကို မျှဝေခြင်းဖြင့် မတူကွဲပြားသော ရှုထောင့်များအား ရင်ဆိုင်ဖြတ်သန်းနိုင်မှုကို မြှင့်တင်ပေးသည်။
လူမှုဆက်ဆံရေးဆိုင်ရာအမြင်လွဲမှားမှုများ
လူမှုဆက်ဆံရေးဉာဏ်ရည်ကိုမကြာခဏနားလည်မှုလွဲမှားတတ်သည်။အချို့ကလူမှုဆက်ဆံရေးဉာဏ်ရည်ကို စကားပြောဆိုဆက်ဆံရေးတွင် အလွန်အဆင်ပြေမှုနှင့် ညီမျှသည်ဟု ထင်မြင်တတ်ကြသော်လည်း အလွန်အကျွံစကားမပြောသူများအနေဖြင့်လည်းနားထောင်မှုကျွမ်းကျင်မှုနှင့် သတိရှိရှိတုံ့ပြန်နိုင်ခြင်းဖြင့်လူမှုဆက်ဆံရေး ဉာဏ်ရည်တွင် ထူးချွန်နိုင်သည်။ လူမှုဆက်ဆံရေးတွင်လူအများအမြင်ကို ထိခိုက်စေနိုင်သော ဘက်လိုက်မှုများကို ကျော်လွှားရန်အရေးကြီးသည်။ ဥပမာ-ပုံသေသမားရိုးကျပုံစံများအပေါ် အခြေခံ၍ တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်များကို ယူဆခြင်းသည် စာနာမှုနှင့် ချိတ်ဆက်မှုကို ဟန့်တားနိုင်သည်။ ထို့ပြင် ယဉ်ကျေးမှုကွဲပြားမှုများသည် လူမှုဆက်ဆံရေးကို ရှုပ်ထွေးစေနိုင်သည်။ ယဉ်ကျေးမှုတစ်ခုတွင် ယဉ်ကျေးသည်ဟု ယူဆသည်မှာ အခြားတစ်ခုတွင် ရိုင်းစိုင်းမှုဖြစ်နိုင်သည်။ ဤအတားအဆီးများကို ကျော်လွှားရန် စဉ်ဆက်မပြတ်သင်ယူမှုနှင့် အကြံပြုချက်များကို နားလည်လက်ခံမှုသည် မရှိမဖြစ်လိုအပ်သည်။
လူမှုဆက်ဆံရေးဉာဏ်ရည်သည် အလွန်ကျယ်ပြန့်သည်။ စာနာမှု၊ တက်ကြွစွာနားထောင်မှုနှင့် လိုက်လျောညီထွေမှုကိုမြှင့်တင်ခြင်းဖြင့် မည်သူမဆို ၎င်းတို့၏ လူမှုဆက်ဆံရေးဉာဏ်ရည်ကို မြှင့်တင်နိုင်ပြီး အခွင့်အလမ်းများကို တိုးတက်စေနိုင်သည်။ လျင်မြန်စွာ ပြောင်းလဲနေသော အိုင်တီခေတ်တွင် လူမှုဆက်ဆံရေးဉာဏ်ရည်သည် လူပုဂ္ဂိုလ်များ၊ ယဉ်ကျေးမှုနှင့် လူမှုအသိုင်းအဝိုင်းများကို ချိတ်ဆက်ပေးသည့် တံတားတစ်ခုအဖြစ် ယခင်ကာလများထက် ပိုမိုတန်ဖိုးရှိလာကြောင်း ရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
Photo- Toolshero

ကျွန်တော်၏အသက် ၉၄ နှစ်ပြည့်ခါနီးအရွယ်အတွက် ငလျင်ဘေး၊ ရေဘေး၊ လေဘေး စသည့်သဘာဝဘေးအန္တရာယ်မျိုးစုံကြုံရဖူးသည်။ ၂၈-၃-၂ဝ၂၅ ရက် မွန်းတည့်အချိန်တွင် လှုပ်သောငလျင်ကား အသိသာဆုံး၊ အပြင်းထန်ဆုံးလှုပ်သောငလျင်ဖြစ်သည်။ လေးလွှာတိုက်၏ အပေါ်ဆုံးထပ် ခုံရှည်ပေါ်လှဲအိပ်ကာ စာဖတ်နေရင်း ဘယ်မှညာသို့လေးကြိမ်ခန့်၊ အရှေ့မှအနောက်သို့ သုံးကြိမ်ခန့်လှုပ်ခါမှုမှာသိသာပြင်းထန်လွန်း၍ တိုက်အောက်ဆင်းပြေးခဲ့ရသေးသည်။

ထိုသို့ပြင်းထန်သောငလျင်ဒဏ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရသိရသည်။
လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများစွာ ထိခိုက်ပျက်စီး၍ လျှပ်စစ်ဝန်ထမ်းများ ငလျင်ဒဏ်ခံဒေသများတွင် လုပ်အားရှင်တစ်ရာကျော် နှစ်ရာခန့်သုံး၍ ပြင်ဆင်နေကြောင်းသိရသည်။ ထိုသို့ ပြုပြင်ဆဲကာလ လျှပ်စစ်ဓာတ်အားမှန်မှန်မရသည့် ကျွန်တော်တို့ ဒေါပုံမြို့နယ်ရန်ကုန်တွင် ရုပ်မြင်သံကြားသတင်း၊ ရေဒီယိုသတင်းများနားမထောင်နိုင်ကြ၍ သတင်းသိမှုအားနည်းခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည်ပင်လျှင် ယနေ့ ၆-၄- ၂ဝ၂၅ ရက်တွင်မှ ဤဆောင်းပါးကိုပီပီပြင်ပြင်ရေးနိုင်ပါတော့သည်။ အစောပိုင်းကရေးသောဆောင်းပါးများသည်လည်း မစုံမလင်၊ မတိမကျနှင့်ဖြစ်ခဲ့ရသည်။ ငလျင်ဘေးဒဏ်ခံ မြန်မာပြည်သူပြည်သားများအတွက်ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ (ဘုရင်၊သမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးစသည်) တို့ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းနည်းစာနာကြောင်း၊ ၎င်းတို့အနေဖြင့်လိုအပ်သည်များကူညီမည်ဖြစ်ကြောင်းဖြင့်သဝဏ်လွှာများပေးပို့သည်ကို ထရန်စစ္စတာရေဒီယိုငယ်မှကြားသိနေခဲ့ရသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့ကလည်း နိုင်ငံတော်အကြီးအကဲထံငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတကြီး၊ ရုရှားသမ္မတကြီး၊ဘီလာရုစ်သမ္မတကြီးတို့က သဝဏ်လွှာများပို့သကဲ့သို့(မှတ်မိသရွေ့) အာဆီယံ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊သီရိလင်္ကာ၊ နီပေါ၊ ကိုရီးယား စသည့်နိုင်ငံ့အကြီးအကဲများ၏ သဝဏ်လွှာများပို့ကြသည်။ (များပြားလွန်း၍အပြည့်အစုံမဖော်ပြနိုင်သည်ကို ခွင့်လွှတ်ကြပါရန်။)ကုလသမဂ္ဂအဖွဲ့ကြီး၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများကသဝဏ်လွှာများပါး၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးရန် သဝဏ်လွှာပို့ကြသည်။
ထိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှကူညီကယ်ဆယ်ရေးလုပ်အားပေးအဖွဲ့များ၊ ဆရာဝန်များအဖွဲ့(ဆေးကုသရေး)များလည်း ဖြိုင်ဖြိုင်ရောက်လာကြသည်။ ထိုနိုင်ငံ၊ ဤနိုင်ငံစသည်တို့မှ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သောပစ္စည်းများ၊အလှူငွေများပေးပို့လာကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးသင့်ဒေသများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ချက်ချင်းဆိုသလိုသွားရောက်ကြည့်ရှုခဲ့ပေသည်။ နောက်နေ့များတွင်လည်း ငလျင်ဒဏ်သင့်ဒေသများသို့ဆက်တိုက်ဆိုသလို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်သင့်လုပ်ထိုက်သည်များကိုညွှန်ကြားခဲ့ကြောင်းသိရှိရသည်။
မတ်လ ၂၈ ရက်မှာပင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့်ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာများကို အရေးပေါ်အခြေအနေအဖြစ်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှကြေညာသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းမတ်လ ၃၁ ရက်တွင် “၂ဝ၂၅ ခုနှစ် မတ်လ ၂၈ ရက်မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ဝ၂ စက္ကန့်တွင်ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁-၃-၂ဝ၂၅ရက်မှ ၆-၄-၂ဝ၂၅ ရက်အထိ (၇)ရက်အား သတ်မှတ်ကြေညာလိုက်သည်။ ထိုရက်များအတွင်း နိုင်ငံတော်အလံတိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ဖြစ်ပါသည်”ဟူ၍ ကြေညာသည်။ ဆုတောင်းမေတ္တာပို့ခြင်းများ၊ကုသိုလ်ဒါနပြု၍ အမျှအတမ်းပေးဝေခြင်းများကိုလည်း ရဟန်းရှင်လူပြည်သူများ၊ အဖွဲ့အစည်းများကပြုလုပ်ကြသည်။
ပျက်စီးဆုံးရှုံးရသမျှ အိုးအိမ်အဆောက်အအုံ၊လမ်း၊ တံတားများ၊ စေတီပုထိုးဘုရားကျောင်းကန်များကို အန္တရာယ်ကင်းအောင်ရှင်းလင်းပြီး စနစ်တကျအင်တိုက်အားတိုက် နောင်ငလျင်ဒဏ်ခံနိုင်သည်အထိဂရုပြုတည်ဆောက်ထားကြရန်လိုအပ်သည်။ နိုင်ငံတော်အကြီးအကဲနှင့်တကွ တာဝန်ရှိသူအားလုံးတို့သည် ငလျင်ဒဏ်ခံဒေသများသို့ ပိုက်စိပ်တိုက်သွားရောက်ကာ ငလျင်ဒဏ်ခံဝန်ထမ်းများ၊ ပြည်သူများ၊ ရဟန်းသံဃာ၊ သာသနာ့ဝန်ထမ်းများအားတွေ့ဆုံအားပေးကြ၊ ပြန်လည်တည်ဆောက်ရေးစီမံကြ၊ ကူညီကယ်ဆယ်ရေးလုပ်ကြဖြင့် မနားကြရပေ။
အစိုးရ၊ တပ်မတော်၊ ဌာနဆိုင်ရာ၊ ပြည်သူများနှင့်ပရဟိတအဖွဲ့များသည် မိုခါမုန်တိုင်းကို ကြိုတင်ကာကွယ်ရန်ပြင်ဆင်ခဲ့ကြသဖြင့် မုန်တိုင်းကာလမုန်တိုင်းခိုအဆောက်အအုံများတည်ဆောက်ခဲ့ကြပြီးမုန်တိုင်းလွန်ကာလတွင် အားသွန်ခွန်စိုက်ပြန်လည်ထူထောင်ပေးကြသော အတွေ့အကြုံများ၊ ၂ဝ၂၃ ခုနှစ်မိုးသည်းထန်လွန်းရာမှရေကြီးရေလျှံဖြစ်ကာရေဘေးသင့်ခဲ့ရာ၌ ဝန်ထမ်းများ၊ ပြည်သူများကိုကူညီကယ်ဆယ်ရေး၊ပြန်လည်ထူထောင်ရေးအားသွန်ခွန်စိုက်လုပ်နိုင်ခဲ့သည့် အတွေ့အကြုံများရှိခဲ့ကြသည်။ ယခုငလျင်ဘေးတွင်လည်း အလားတူနေ့မဆိုင်းညမဆိုင်း၊ နာရီမလပ်၊ မိနစ်မလပ်ငလျင်ဘေးဒဏ်ခံ လူသူ၊ အဆောက်အအုံ၊ လမ်း၊တံတားပျက်စီးမှုများကို ကျွမ်းကျင်စွာစီမံဆောင်ရွက်နိုင်ကြသည်ကိုတွေ့ရသည်။
ပြည်ပမှလာရောက်ကူညီကြသော ပရဟိတသမားများ၊ ပြည်တွင်းမှစေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်(ပရဟိတ) ပုဂ္ဂိုလ်များ၏ ငွေလှူ၊ ပစ္စည်းလှူမှုများကလည်း အံ့မခန်းပါပဲ။ ပြည်ပမှအလှူများ၊ငွေကြေးပစ္စည်းအကူများကလည်း ယနေ့ထိအောင်ရောက်ရှိနေဆဲပင်ဖြစ်၍ များပြားလှပေသည်။အားလုံးကိုကျေးဇူးတင်ရပါသည်။ ကျွန်တော့်အနေဖြင့်မူ ဤကလောင်တစ်ချောင်းဖြင့်ရေးသားသောစာမူကိုသာအလှူအဖြစ် သဘောထားရပါသည်။
ယခုအချိန် ၁၇-၅-၂ဝ၂၅ ရက်အထိ သေဆုံးသူ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦး၊ ပျောက်ဆုံးနေသူ ၈၁ ဦး စုစုပေါင်း ၈၉၁၁ ဦး၊ အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်းထိခိုက်၍ စေတီပေါင်း ၄၈၁၇ ခုထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခြင်း၊ ရန်ကုန် -နေပြည်တော်- မန္တလေးသွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်း၊ ဘူတာများတွင်ပျက်စီးခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းများ ၁၉၈ ခုထိခိုက်ပျက်စီးခဲ့သည်။ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခု ပျက်စီးဆုံးရှုံးခဲ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရတို့က ယခုငလျင်ဘေးဖြင့် သေဆုံးရသူများအတွက်တစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းစီထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆောက်အအုံထိခိုက်ပျက်စီးမှုများကိုလည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်ပြီး နိုင်ငံတော်မှထောက်ပံ့သွားမည်ဟုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ၅ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင်ပြောကြားသည်ကို ကြားသိရသဖြင့်လည်း ဝမ်းမြောက်လှပါသည်။
ငလျင်လှုပ်ခတ်ရသည့် အကြောင်းရင်းကိုသိရှိနားလည်သူများက သတင်းစာများတွင် ဆောင်းပါးများရေးသားတင်ပြခြင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြေညာချက်များဖြင့် အသိပေးထားကြရာ ဖတ်ထားသင့်ပေသည်။ ပြည်ပမှလာရောက်ကူညီကယ်ဆယ်လုပ်အားပေးကြသူများ၏ ကြိုးစားအားထုတ်မှုကြောင့် ပြိုကျအဆောက်အအုံများတွင် ပိတ်မိနေသော လူကြီး၊ ကလေးများကို ကယ်ထုတ်ပေးသည့် သတင်းများကလည်း ပြည်သူတို့၏ ပူပင်သောကကို လျှော့ချပေးနိုင်ခဲ့သည်။ ထိုသို့ကယ်ထုတ်ပေးမှုများ၊ ကူညီထောက်ပံ့မှု၊ လှူဒါန်းမှုများသည် စေတနာရှင်တို့ နှလုံးသားနှင့်ငလျင်ဒဏ်ခံရသူတို့၏ နှလုံးသားများအကြား စေတနာ၊ မေတ္တာ၊ ကရုဏာတရားများ ပေါင်းကူးမိသောကြောင့်ဟုဆိုရပါသည်။ Heart to Heart ပါပဲ။
၃ဝ-၃-၂ဝ၂၅ ရက်ထုတ်သတင်းစာပါ ကိုကျော်စွာ(ကျိုက်ပိ)၏ ငလျင်ဆောင်းပါး၊ အမျိုးသမီးကလောင်ရှင်တစ်ဦး၏ဆောင်းပါးတို့ကို ဖတ်ကြည့်လျှင် မြေအောက်မှကျောက်လွှာချပ်ကြီးများတစ်ခုနှင့်တစ်ခု ထိတွေ့ပွတ်တိုက်ခြင်းကြောင့် အပေါ်မှမြေလွှာအရှိန်အဟုန်ပြင်းစွာ ရွေ့လျားတုန်ခါခြင်းကိုငလျင်လှုပ်သည်ဟု သိနိုင်ကြပါသည်။ ဖတ်တော်မူကြပါ။ သိထားနှင့်တော်မူကြပါ။
ကျွန်တော်တို့ငယ်ငယ်က လူကြီးသူမများက ငလျင်အကြောင်းမေးလာသော ကလေးသူငယ်များအပေါ်စိတ်မရှည်တာလား၊ နောက်ပြောင်တာလားမသိ။ ငလျင်လှုပ်ရခြင်းမှာ ဤကမ္ဘာလုံးကြီးကိုထမ်းထားရသော ပုဂံငကျွဲကြီး ဘယ်ဘက်ပခုံးညောင်း၍ ကမ္ဘာလုံးကြီးက ညာဘက်ပခုံးပေါ်ပြောင်းတင်သောကြောင့် ကမ္ဘာကြီးလှုပ်ရသည်ဟုသာ သိခဲ့ကြသည်။ စာဖတ်မှလည်း စာကပေးသောအသိရပါမည်။
ဤကမ္ဘာတွင်ငလျင်ဆိုသည်မှာ မြန်မာနိုင်ငံထဲမှာသာ လှုပ်ခတ်ဒုက္ခပေးသည်မဟုတ်။ ကမ္ဘာ့နိုင်ငံများစွာ အမေရိက၊ ဥရောပ၊ အာရှ၊ နယူးဇီလန်၊ ဩစတြေးလျ၊ အာဖရိကတိုက်များ၊ ပင်လယ်သမုဒ္ဒရာတွင်းကျွန်းနိုင်ငံများတွင်လည်း အခါအားလျော်စွာလှုပ်ခတ်ကြသည်။
၅၂၆ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ငလျင်ဒဏ်ခံနိုင်ငံပေါင်းတစ်ထောင်ကျော်ရှိခဲ့သည်။ သေဆုံးသူသိန်းဂဏန်း၊ သောင်းဂဏန်းအထိရှိသော ငလျင်နှင့်နိုင်ငံများကိုဖော်ပြပါမည်။ သေဆုံးသူတစ်ထောင်ဂဏန်း၊ ရာဂဏန်း၊ ဆယ်ဂဏန်းမျှသာသေသောစာရင်းကိုမတင်ပြတော့ပါ။ အသေးစိတ်သိလိုပါမူ နယူးယောက်တိုင်း(မ်)သတင်းစာတိုက်မှနှစ်စဉ်ထုတ်ဝေသော ကမ္ဘာ့သတင်းနှစ်ချုပ်စာအုပ် The World ALMANACမှ Disaster သဘာဝဘေးအန္တရာယ်အခန်းစဉ်တွင်ကြည့်ပါကုန်။
၅၂၆ ခုနှစ် မေလ ၂ဝ ရက် ဆီးရီးယားနိုင်ငံ အန်တီအုချ်မြို့ ငလျင်သေဆုံးသူ ၂၅ဝဝဝဝ၊ ၈၂၆ ခုနှစ် ဂရိနိုင်ငံ ကိုရင့်သ်မြို့ ၄၅ဝဝဝ၊ ၈၅၆ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက် အီရန်နိုင်ငံ ဒမ်ဂန်မြို့၂ဝဝဝဝဝ၊ ၈၉၃ ခုနှစ် မတ်လ၂၃ ရက် အာဒါဘီရ်မြို့ အီရန် ၁၅ဝဝဝဝ၊ ၁ဝ၅၇ ခုနှစ် တရုတ်နိုင်ငံချီလှီမြို့ ၂၅ဝဝဝ၊ ၁၁၃၈ ခုနှစ် ဩဂုတ်လ ၉ ရက် အလက်ပိုမြို့ ဆီးရီးယား၂၃ဝဝဝဝ၊ ၁၁၆၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် စစ္စလီနိုင်ငံ အက်တနာတောင်အနီး ၁၅ဝဝဝ၊ ၁၂၆၈ ခုနှစ် အာရှမိုင်းနားဒေသ ဆီလီကာကျွန်း၆ဝဝဝဝ၊ ၁၂၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက် တရုတ်နိုင်ငံချီလှီဒေသ၁ဝဝဝဝဝ၊ ၁၂၉၃ ခုနှစ် မေလ ၂၁ ရက် ဂျပန်နိုင်ငံ ကာမကုရဒေသ၃ဝဝဝဝ၊ ၁၉၃၁ ခုနှစ်ဇန်နဝါရီလ ၂၆ ရက် ပေါ်တူဂီနိုင်ငံ လစ္စဘွန်း ၃ဝဝဝဝ၊၁၅၅၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် တရုတ်နိုင်ငံ ရှန်စီမြို့ ၈၃ဝဝဝဝ၊၁၆၈၇ ခုနှစ် ရှိန်းမခကော့ကေရှား(ယခု အဇာဘိုင်ဂျန်) ၈ဝဝဝဝ၊ ၁၆၉၃ခုနှစ် ဇန်နဝါရီလ ၁၁ ရက် အီတလီနိုင်ငံ ကာတာနီးယား ၆ဝဝဝဝ၊ ၁၉၃၇ခုနှစ် အောက်တိုဘာလ ၁၁ ရက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ၃ဝဝဝဝဝ၊၁၇၅၅ ခုနှစ် ဇွန်လ ၇ ရက် ပါရှားမြောက်ပိုင်း(ယခု အီရန်) ၄ဝဝဝဝ၊ ၁၇၅၅ ခုနှစ်နိုဝင်ဘာလ ၁ ရက် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ ၆ဝဝဝဝ၊ ၁၇၈၃ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက် အီတလီနိုင်ငံ ကာတာနီးယား ၃ဝဝဝဝ၊ ၁၇၉၇ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက် အီကွေဒေါနိုင်ငံ ကီတိုမြို့ ၄၁ဝဝဝ၊ ၁၈၂၂ ခုနှစ်စက်တင်ဘာလ ၅ ရက် အာရှမိုင်းနားဒေသ အလက်ပို ၂၂ဝဝဝ၊ ၁၈၂၈ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် ဂျပန်နိုင်ငံ အိချိဂို ၃ဝဝဝဝ၊ ၁၈၆၆ ခုနှစ်ဩဂုတ်လ ၁၃-၁၆ ရက် ပီရူးနိုင်ငံ အီကွေဒေါနိုင်ငံ ၄ဝဝဝဝ၊ ၁၈၇၅ ခုနှစ်မေလ ၁၆ ရက် ဗင်နီဇွဲလား ကိုလံဘီယာနိုင်ငံများ ၁၆ဝဝဝ၊ ၁၈၉၆ ခုနှစ်ဇွန်လ ၁၅ ရက် ဂျပန်နိုင်ငံ ဆန်ရီကုမြို့ ဆူနာမီရေလှိုင်းဒဏ် ၂၇၁၂ဝ၊၁၉၁၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် အီတလီနိုင်ငံ အဗက်ဇန်နို ၃၂၆ဝဝ၊၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက် တရုတ်နိုင်ငံ ကန်းစုပြည်နယ်၂ဝဝဝဝဝ၊ ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက် ဂျပန်နိုင်ငံ ယိုကိုဟားမား၁၄၂၈ဝဝ၊ ၁၉၂၇ ခုနှစ် မေလ ၂၇ ရက် တရုတ်နိုင်ငံ ကန်းစုပြည်နယ် ၄ဝ၉ဝဝ၊ ၁၉၃၁ ခုနှစ် ဩဂုတ်လ ၁ဝ ရက် တရုတ်နိုင်ငံ စင်ကျန်(ရှင်ကျန်) ၁ဝဝဝဝ၊ ၁၉၃၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် နီပေါနှင့်အိန္ဒိယကြား ဘီဟာ ၁ဝ၇ဝဝ၊ ၁၉၃၅ ခုနှစ် မေလ ၃ဝ ရက် ပါကစ္စတန်နိုင်ငံကွက်တားမြို့ ၃ဝဝဝဝ၊ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် ချီလီနိုင်ငံချီလီယံမြို့ ၂၈ဝဝဝ၊ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် တူကီယဲနိုင်ငံအာဇင်ကန် ၃၂၇ဝဝ၊ ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၅ ရက် တာ့ခ်မင်နစ္စတန် အက်ရှ်ဂဘလ ၁၁ဝဝဝဝ၊ ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်မော်ရိုကိုနိုင်ငံ အဂါဒီရ် ၁၂ဝဝဝ၊ ၁၉၆၂ ခုနှစ် စက်တင်ဘာလ ၁ ရက်အီရန်အနောက်မြောက်ပိုင်း ၁၂၂၅၅၊ ၁၉၇ဝ ပြည့်နှစ် ဇန်နဝါရီလ ၅ ရက်တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၁ဝဝဝဝ၊ ၁၉၇ဝ ပြည့်နှစ် မေလ ၃၁ ရက်ပီရူးနိုင်ငံ အန်ကတ်ရှ် ၇ဝဝဝဝ၊ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ဂွါတီမာလာနိုင်ငံ ၂၃ဝဝဝ၊ ၁၉၇၆ ခုနှစ် တရုတ်နိုင်ငံ အန်ရှန်းပြည်နယ်၂၄၂၇၆၉၊ ၁၉၉ဝ ပြည့်နှစ် ဇွန်လ ၂ဝ ရက် အီရန်အနောက်ပိုင်း ၄ဝဝဝဝ၊၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း၂၂၇၉၈၃၊ ၂ဝဝ၅ ခုနှစ် အောက်တိုဘာလ ၈ ရက် အိန္ဒိယနှင့်ပါကစ္စတန်ကက်ရှ်မီးယားဒေသ ၈၆ဝဝဝ၊ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၁ ရက်ဟေတီနိုင်ငံ ၃၁၆ဝဝဝ၊ ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက် ဂျပန်မြောက်ပိုင်း၂ဝ၈၉၆၊ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် တူကီယဲမြောက်ပိုင်း ၅၃၂၂၇တို့ဖြစ်သည်။ သေဆုံးမှုများသောဒေသများတွင် ငလျင်သည် ရစ်ချ်တာစကေး ၇ ကျော်မှ ၈ ကျော်အထိ လှုပ်ခတ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ငလျင်ဘေးသတိပြုဖွယ်ရာ အသိပေးချက်များဖတ်သင့်ပါသည်။ သတင်းနားမထောင်ဘူးဆိုပြီး ဘာသိဘာသာမနေသင့်ပါ။ မြန်မာနိုင်ငံတွင် ငလျင်နှင့်ပတ်သက်သော ပညာပေးစာစောင်များဖတ်ပေးပါ။ နေအိမ်နံရံတွင် အသိပေးစာစောင်များကို ကပ်ထားပါ။ နာဂစ်မုန်တိုင်းကြီးတိုက်မည့်အန္တရာယ်ကို မိုးလေဝသနှင့်ဇလဗေဒဌာနတို့က ထုတ်ပြန်ခဲ့ပါသည်။ မုန်တိုင်းဝင်ခါနီးမှာပင် ဧရာဝတီတိုင်းဒေသကြီးမှ မြို့များစွာ၌ အစိုးရအုပ်ချုပ်ရေးဘက်မှ အသံချဲ့စက်များဖြင့်လှည့်လည်သတိပေးခဲ့ပါသည်။
“တို့ဒေသက မုန်တိုင်းနဲ့တစ်သက်လုံးနေလာတာ မဆန်းဘူး”ဟုဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ကမ်းရိုးတန်းနေလူအချို့က ဂရုမစိုက်ခဲ့၍ နာဂစ်မုန်တိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးက အသေအပျောက်အပျက်အစီးအလွန်များခဲ့သည်။
မိုခါမုန်တိုင်းတွင်လည်း သတင်းကိုတမင်မျက်ကွယ်ပြုသူများ ဒုက္ခရောက်ခဲ့ရဖူးပါပြီ။
သတင်းဆိုသည်မှာ အများပြည်သူတို့အနေဖြင့် ကိုယ့်ရွာ၊ ကိုယ့်မြို့၊ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ(မြန်မာနိုင်ငံ) ဘာတွေဖြစ်နေသည်၊ ဘာတွေသတိပြုသင့်သည်ကိုဆင်ခြင်ရန် တင်ပြနေကြခြင်းဖြစ်သည်။ သူတစ်ပါးနိုင်ငံမှ ဖျက်လိုဖျက်ဆီးသောနည်းနှင့် ငွေအသပြာပေးခိုင်း၍ သတင်းမှားများတမင်လွှင့်နေသော ပြည်တွင်းပြည်ပ ပြည်ဖျက်မီဒီယာများကိုကမ္ဘာက မီဒီညာများဟု ကင်ပွန်းတပ်ထားသည်။ ကိုယ့်ကိုယ်ကိုယ်ချစ်လျှင်၊ မိသားစုဆွေမျိုး၊ တစ်မြို့တည်းသားချင်း၊ တစ်နိုင်ငံတည်းသားချင်း၊သွေးချင်းသားချင်းစိတ်ဖြင့် ချစ်တတ်ခင်တတ်ပါလျှင်၊ သူတို့ကို ဒုက္ခမရောက်စေချင်လျှင် မည်သူ့ကိုမုန်းမုန်း၊ မည်သူ့ကိုချစ်ချစ် သတင်းမှန်များသိအောင် သတင်းစာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကလည်း အခါအားလျော်စွာ သတင်းမှန်သိရန် ထုတ်ပြန်တင်ပြလျက်ရှိသည်။ သတင်းဟူသည် လူတို့၏ သက်တော်စောင့်ဟုပင်ဆိုနိုင်ပါသည်။ ရေဒီယို၊ ရုပ်သံသတင်းနားစွင့်ပါ။ လွှင့်ချင်ရာလွှင့်၊ သတင်းမှားများ တင်ချင်သလိုတင်နေသည်များကို နားယောင်မိသူများ အရာရာတွင် ဒုက္ခကြုံတွေ့နေရသည်။
ထို့ကြောင့် ကိုယ့်အသက်ကိုတန်ဖိုးမထားဘဲ သတင်းမမှန်၊ သတင်းရှောင်၊ သတင်းမှားဆောင်နေမှုများဆင်ခြင်သင့်ပါပြီ။ မည်သူ့အတွက်မှ မဟုတ်လျှင်ပင် မိမိကိုယ်တိုင်အတွက် မိမိကိုယ်မိမိသနားသောအားဖြင့်သတင်းများသိကြပါစေ။ မိမိတို့ကို သတင်းမဖတ်၊ သတင်းမကြည့်၊ သတင်းနားမထောင်ပါနဲ့ဟု ပြောနေသူများကိုယ်တိုင် သင်တို့မသိအောင် တီဗွီဖွင့် သတင်းတိုးတိုးကြည့်ကြသည်။ သတင်းစာကိုတိတ်တိတ်ခိုးဖတ်နေသည်။ ထို့ကြောင့် သတင်းဖတ်ပါ၊ နားစွင့်ပါ။ ဖြစ်နိုင်လျှင် စာကောင်းပေမွန်များဖတ်ကြပါဟု ၉၄ နှစ်ဘဝအတွေ့အကြုံများနှင့်ယှဉ်ပြီး ကျွန်တော်ပြောပါရစေခင်ဗျာ။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ငလျင်များ၏ အပြင်းအပျော့နှင့် အန္တရာယ်အနည်းအများကိုသိနိုင်ရန် ကျွန်တော့်ဆောင်းပါး၏နောက်ဆက်တွဲအဖြစ် လက်ဆောင်ဆင့်ကမ်းလိုက်ပါရစေခင်ဗျာ။ ။

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်စေ၊ မွေးမြူရေးဖြစ်စေ နည်းပညာကိုအခြေခံ၍သာလျှင်စိုက်ပျိုးမွေးမြူနေကြသည်ကိုအားလုံးအသိပင်ဖြစ်သည်။နည်းပညာနှင့်သက်ဆိုင်သောပစ္စည်းကိရိယာများကလည်း တစ်နေ့တစ်မျိုးမရိုးနိုင်အောင် တီထွင်ဆန်းသစ်နေကြသည်။ ထိုပစ္စည်းများအနက်လက်ကိုင်ဖုန်း(Smart Phone)လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ယနေ့ခေတ်တွင် စမတ်ဖုန်းသည် သယ်ယူရလွယ်ကူသလို ဘက်စုံအသုံးပြုနိုင်သောပစ္စည်းတစ်မျိုးဖြစ်သည်။ ဗဟုသုတဖြစ်ဖွယ်ရာ စာအုပ်ဖတ်ချင်သလား၊ နည်းပညာဆိုင်ရာများကို လေ့လာချင်သလား၊ စီးပွားရေးလုပ်ချင်သလား အကုန်လုံး စမတ်ဖုန်းဖြင့်ပြုလုပ်နိုင်သည်။ စမတ်ဖုန်းသည် ဘက်စုံအသုံးပြုနိုင်သည်မှန်သော်လည်း နောက်ဆက်တွဲဆိုးကျိုးများလည်းရှိသည်။ ၂၀၀၅ ခုနှစ်လောက်က တစ်ကမ္ဘာလုံးအတိုင်းအတာအရ မိုဘိုင်းဖုန်းသုံးစွဲသူ ၂ ဒသမ၂ဘီလီယံရှိပြီး ကြိုးမဲ့ဖုန်းအသုံးပြုသူ ၁ ဒသမ၂၆ ဘီလီယံအထိရှိကြောင်းသိရသည်။ ယခုကမ္ဘာ့လူဦးရေ ၅၄ ရာခိုင်နှုန်း (၄ ဒသမ ၃ ဘီလီယံ)ခန့်သည် တယ်လီဖုန်းသုံးစွဲနေကြသည်။
မြန်မာနိုင်ငံနှင့်စမတ်ဖုန်း
စာရေးသူတို့နိုင်ငံတွင်ဖုန်းကို၂၀၁၀-၂၀၁၁ ခုနှစ်လောက်က စတင်အသုံးပြုလာခဲ့ကြသည်။သို့သော် တွင်တွင်ကျယ်ကျယ်တော့မဟုတ်သေးပေ။ ထိုအချိန်က ကြိုးဖုန်းများကိုသာ တိုင်ထောင်၍အသုံးပြုကြရသည်။ ရွာတစ်ရွာတွင်ကြိုးဖုန်းတစ်လုံးလောက်သာရှိကြသည်။ ဖုန်းပြောလိုလျှင် ကြိုးဖုန်းဆိုင်သို့သွားရောက်ပြောကြရသည်။ ထို့နောက် တဖြည်းဖြည်းနှင့်ယခုလက်ကိုင်ဖုန်း ခေါ် စမတ်ဖုန်းများကိုတွင်ကျယ်စွာအသုံးပြုလာကြသည်။ ယခုလူတိုင်းလိုလို စမတ်ဖုန်းတစ်လုံးစီရှိကြသည်အထိ တွင်ကျယ်စွာအသုံးပြုလာခဲ့ကြသည်။ မိသားစုတစ်စုမှာပင် စမတ်ဖုန်းတစ်လုံးနှုန်းလောက်ရှိကြသည်။ တချို့ကထိုဖုန်းဖြင့်စီးပွားရေးလုပ်ကြသည်။
တချို့က စာပေဗဟုသုတရှာကြသည်။တချို့က စျေးရောင်းကြသည်။ တချို့က နည်းပညာများဖြန့်ဝေကြသည်။ သတင်းအချက်အလက်များကိုလည်း အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်သည်။
ထို့ကြောင့်စမတ်ဖုန်းသည်ကမ္ဘာကြီးတစ်ခုသဖွယ်ဖြစ်နေခဲ့သည်။မိမိသိချင်သည့်အချက်အလက်များကိုအလွယ်တကူရှာဖွေ၍ ထိုအချက်များအရ စမတ်ဖုန်းအသုံးပြုခြင်းသည်အကျိုးများစေသည်။ သို့သော် အလွန်အကျွံသုံးစွဲပါက ဘေးထွက်ဆိုးကျိုးကိုဖြစ်ပေါ်စေသည်။
ကလေးသူငယ်နှင့်ဖုန်းစွဲခြင်း
အများအားဖြင့်တော့ စမတ်ဖုန်းများသည် စွဲလမ်းမှုကိုဖြစ်စေသည်။ အထူးသဖြင့်ဂိမ်းဖြစ်သည်။
စမတ်ဖုန်းများမပေါ်မီကမည်သည့်ဂိမ်းမျှ မကစားကြပေ။ စမတ်ဖုန်းများပေါ်လာပြီးနောက် ဂိမ်းကစားရင်းဂိမ်းစွဲသွားကြသည်။ အထူးသဖြင့် ကလေးနှင့်လူငယ်များဖြစ်သည်။ စာရေးသူ၏တူတစ်ယောက်ဆိုလျှင် ဖုန်းသုံးလုံးကို အလဲအလှယ်လုပ်ပြီး ဂိမ်းကစားသည်။မွေးခါစငါးလကလေးပင် ဖုန်းအလင်းတွေ့လျှင်အာရုံစူးစိုက်ကြည့်နေတတ်သည်။ထိုကလေးကိုဖုန်းမပြရန် အမြဲပြောရသည်။ကလေးငယ်များအား ဖုန်းသုံးတတ်သည့်အကျင့်မဖြစ်အောင် ထိန်းကျောင်းပေးသင့်သည်။ ဧပြီလ ၁၀ ရက်က စာရေးသူမျက်စိဆေးခန်း၌ မျက်စိပြနေစဉ် ကလေးတစ်ယောက် မျက်စိလာပြသည်ကိုတွေ့ရသည်။ ဘာဖြစ်သလဲဟုမေးမြန်းကြည့်ရာ ဖုန်းအသုံးများသဖြင့် မျက်စိမကောင်းကြောင်းသိရသည်။
ထို့ပြင် စာရေးသူအသိမိတ်ဆွေ၏ကလေးတစ်ယောက်ဆိုလျှင်လည်း ဖုန်းအသုံးများသဖြင့် မျက်စိသူငယ်အိမ်စောင်းသွားရသည်။ ကြည့်လျှင်မျက်စိကိုတည့်တည့်မကြည့်ဘဲ စွေကြည့်သည်။မိဘတချို့က ကလေးငြိမ်နေလျှင်ပြီးရောဆိုပြီးဖုန်းပေးထားလေ့ရှိကြသည်။ ကလေးများ၏မျက်စိသည် အလွန်နုနယ်သေးသည်။ ဖုန်းစွဲပြီးဖုန်းကြည့်ချိန်များပါက မျက်စိကို ဒုက္ခပေးတော့သည်။ တချို့ကလေးများဆိုလျှင် မျက်စိမှာရဲရဲတောက်နေသည်။ အာရုံကြောစနစ်ချို့ယွင်းလာသည်။ ဂိမ်းကစားများလျှင်ဂိမ်းစွဲ၍မည်သည့်အလုပ်မျှမလုပ်ချင်တော့ဘဲ ဂိမ်းပဲကစားချင်နေသည်။စာရေးသူတူတစ်ယောက်ဆိုလျှင် ညဘက်ဂိမ်းဆော့ပြီး နေ့ဘက်မှအိပ်သည်။ ရေရှည်တွင် ကျန်းမာရေးအတွက်မကောင်းပေ။ အထူးသဖြင့် ကလေးငယ်များကို ဖုန်းပေးမသုံးသင့်ပေ။ လူကြီးများအနေဖြင့် ကြပ်မတ်ပေးရန်လိုအပ်သည်။ ဖုန်းအသုံးပြုခွင့်ပေးလျှင်လည်း အချိန်ဖြင့်သာ ပေးသုံးသင့်သည်။ ပညာရှင်များ၏လေ့လာချက်အရ စမတ်ဖုန်းကြောင့်ရောဂါဖြစ်စေနိုင်မှုသည် ၉၆ ရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။ လက်တော့၊ ကွန်ပျူတာကြောင့် ရောဂါဖြစ်မှု ၅၄ ရာခိုင်နှုန်း၊ ဘလူးတုကြောင့် ၃၂ ရာခိုင်နှုန်း၊ တက်ဘလက်ကြောင့် ၁၄ ရာခိုင်နှုန်းရောဂါဖြစ်စေနိုင်ကြောင်းသိရသည်။
စမတ်ဖုန်းနှင့်အိပ်ရေးပျက်ခြင်း
စမတ်ဖုန်းတွေမပေါ်ခင်က ည ၇ နာရီ၊ ၈ နာရီဆိုလျှင်အိပ်ရာဝင်ကြသည်။ အိပ်ရာသည် တစ်နေ့တာပင်ပန်းသမျှအပန်းဖြေရာနေရာဖြစ်သည်။ ယခုမူ အိပ်ရာသည် စမတ်ဖုန်းကိုလွတ်လွတ်လပ်လပ်အသုံးပြုရာနေရာဖြစ်သည်။ အိပ်ရာဝင်ပြီဆိုလျှင် ဖုန်းအသုံးပြုကြသည်။ ယခုအခါ စမတ်ဖုန်း၊ တက်ဘလက်နှင့်လက်တော့များပါ အိပ်ရာထဲရောက်လာသည်။ ယင်းတို့ကိုကျူးကျော်သူများဟုပင်ဆိုရတော့မည်။ အိပ်ချိန်ရောက်၍ မအိပ်သေးဘဲ ဖုန်းသုံးနေပါက မျက်စိကြောင်ပြီးအိပ်မရတော့ပေ။ထိုအခါ မျက်စိကြောင်ပြီး အိပ်ရေးပျက်လာသည်။ တချို့က စက်ပိတ်အိပ်ကြသော်လည်း တချို့က စက်မပိတ်ကြပေ။ ဖုန်းကို စက်ပိတ်ထားသော်လည်း မျက်နှာပြင်မှ အလင်းထုတ်လွှတ်နိုင်သေးသဖြင့် ထိုအလင်းကြောင့် ကလေးများအိပ်မောကျခြင်းကို ဟန့်တားနိုင်ကြောင်းသိရသည်။ ထို့ပြင် ဖုန်းနှင့်အတူ အိပ်စက်ခြင်းသည် အိပ်ရေးပျက်သည့်အပြင် အဝလွန်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းနှင့် အယ်ဇိုင်းမားရောဂါတို့ဖြစ်တတ်သည်။
ထို့ပြင် ဖုန်းကထုတ်လွှတ်ပေးသော အပြာရောင်အလင်းတန်းသည် အိပ်စက်မှုကိုဟန့်တားနိုင်သည်။
ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါအပြာရောင်အလင်းတန်းသည် ဦးနှောက်အတွင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်စေနိုင်သည့်ဓာတုပစ္စည်းကို အလွန်အမင်းနှိုးဆွပေးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ညအိပ်ချိန်၌ လူနှင့်ဖုန်းကို ဝေးဝေးထားအိပ်သင့်သည်။ မိမိနှင့်အတူထား၍ မအိပ်စက်သင့်ပေ။ ဖုန်းကို အချိန်ကြာမြင့်စွာသုံးပါကဦးနှောက်နှင့် အာရုံကြောစနစ်ကိုထိခိုက်စေသည်။ မှတ်ဉာဏ်များလျော့နည်းလာနိုင်သည်။
အထူးသဖြင့် လူငယ်များ၏ဦးနှောက်နှင့်အာရုံကြောကိုအန္တရာယ်ပေးနိုင်သောကြောင့် စမတ်ဖုန်းကိုသတိပြုသုံးစွဲသင့်သည်။
ဖုန်းအားသွင်းစဉ် သတိယှဉ်
တချို့က ဖုန်းအားသွင်းထားရင်း ဂိမ်းကစားကြသည်။ ဖုန်းပြောကြသည်။ ဖုန်းအားသွင်းနေစဉ်ဖုန်းပြောပါက လျှပ်စစ်ဓာတ်အားကြောင့်ဓာတ်လိုက်ခြင်းမျိုး၊ ဖုန်းပေါက်ကွဲခြင်းမျိုးဖြစ်နိုင်ကြောင်းသိရသည်။ Facebook ပေါ်၌ ဖုန်းအားသွင်းနေစဉ်ဖုန်းပြောသဖြင့်ဖုန်းပေါက်ကွဲပြီး အန္တရာယ်ဖြစ်နေသည်များကိုလည်း မကြာခဏတွေ့ရသည်။ ဂိမ်းဆော့နေစဉ် ဖုန်းအပူလွန်ပြီးမီးလောင်သည်ကိုလည်းတွေ့ဖူးသည်။ ဖုန်းသည် အပူရှိသောပစ္စည်းမျိုး၊ လျှပ်စစ်စီးနေသောပစ္စည်းမျိုးဖြစ်သဖြင့် သတိပြုကိုင်တွယ်ဖို့လိုသည်။ ဧပြီလ ၁၂ ရက်က စာရေးသူတို့ဘက်မှာမိုးရွာသည်။ မိုးရွာပြီးခဏအကြာ မိုးကြိုးပစ်သံကြားလိုက်ရသည်။ ညဘက် လက်ဖက်ရည်ဆိုင်ထိုင်တော့ မိုးကြိုးပစ်သည့်အချိန် ဖုန်းထဲလျှပ်စစ်ဝင်ပြီးလက်ကျဉ်သွားကြောင်း ဘေးစားပွဲကလူငယ်တစ်ယောက်ပြောသံကို စာရေးသူကြားလိုက်ရသည်။ထို့ကြောင့်မိုးရာသီလိုအခါမျိုးတွင်လည်း ဖုန်းအသုံးပြုလျှင်သတိထားသင့်သည်။
အထူးသဖြင့်လျှပ်စီးလက်နေသောအချိန်မျိုး၊ မိုးကြိုးခဏခဏပစ်နေချိန်မျိုးဆိုလျှင်ဖုန်းကိုအသုံးမပြုသင့်ပေ။ နောက်တစ်ခုမှာ ဖုန်းကိုဆိုင်ကယ်နောက်ဖုံးအတွင်းထည့်၍ ခရီးမသွားသင့်ပါ။ ဆိုင်ကယ်နောက်ဖုံးအောက်တွင် ဘက်ထရီပါသည်။ ဘက်ထရီချွတ်ယွင်း၍ အပူလွန်ကဲခြင်းမျိုး စာရေးသူကြုံခဲ့ရဖူးသည်။ ဘက်ထရီကပူပြီးကိုင်လို့တောင်မရပါ။ ထိုအချိန်မျိုး ဆိုင်ကယ်နောက်ဖုံးထဲဖုန်းရှိပါက ထိုအပူကြောင့်ပေါက်ကွဲပြီးအန္တရာယ်ဖြစ်စေနိုင်သည်။
စမတ်ဖုန်းအန္တရာယ်
စမတ်ဖုန်းများသည် သုံးတတ်လျှင်အလွန်ကောင်းသော်လည်း မသုံးတတ်လျှင် ဘေးအန္တရာယ်ဖြစ်စေသည်။ဖုန်းမှဓာတ်ရောင်ခြည်များထုတ်လွှတ်သည်။ မိုက်ခရိုဝေ့ဓာတ်ရောင်ခြည်နှင့် လျှပ်စစ်သံလိုက်ပြင်းအားများဖြစ်သည်။ လျှပ်စစ်သံလိုက်စက်ကွင်းပြင်းအားက ဦးနှောက်ကိုအန္တရာယ်ဖြစ်စေသည်။ဦးနှောက်ကင်ဆာအပါအဝင် လည်ချောင်းကင်ဆာ၊ အရေပြားကင်ဆာ၊ ခြေလက်တုန်သောရောဂါ၊ ကျောက်ကပ်ရောဂါတို့ကိုဖြစ်စေသည်။ ဖုန်းမှထွက်ပေါ်လာသော ဓာတ်ရောင်ခြည်သည် ကိုယ်ဝန်ဆောင်မိခင်တို့၏ ဝမ်းအတွင်းမှသန္ဓေသားကိုထိခိုက်စေသည်။ ထိုဖြစ်စဉ်ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ဖုန်းမသုံးသင့်ပေ။ စမတ်ဖုန်းသုံးမှုစွဲလမ်းလာပါက အခြားသောလုပ်ငန်းများ၌လစ်ဟင်းလာသည်။
ဖုန်းကိုသာ အချိန်ပြည့်သုံးနေချင်သည်။ မည်သည့်အလုပ်မှ မလုပ်ချင်တော့ပေ။ နောက်ပိုင်းစိတ်ကျရောဂါပင်ဖြစ်စေနိုင်သည်။ ထိုအခါ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ပညာရေးစသည်တို့ထိခိုက်လာမည်ဖြစ်သည်။ အထူးသဖြင့် မျက်စိကိုအန္တရာယ်ပိုဖြစ်စေနိုင်သည်။ ဖုန်းကြောင့် ဦးနှောက်အကျိတ်တည်ခြင်းမှာ ဖုန်းအတွင်းကထွက်ရှိလာသော ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများက ဆဲလ်များကိုသေစေပြီးအကျိတ်တည်လာခြင်းဖြစ်သည်။ ထို့ကြောင့် စမတ်ဖုန်းများသည်ကောင်းကျိုးရှိသလို ဆိုးကျိုးများလည်းရှိသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ယနေ့နည်းပညာခေတ်တွင် စမတ်ဖုန်းသည်နေရာယူလာသည်။ အသုံးပြုသူပိုများလာသည်။ ကွန်ပျူတာထက် စမတ်ဖုန်းသုံးသူပိုများလာသည်။အကျိုးရှိရှိအသုံးချပါကအကျိုးများသောပစ္စည်းဖြစ်သည်။ သို့သော်အလွန်အကျွံအသုံးပြုပါက အထက်ဖော်ပြပါနောက် ဆက်တွဲ အန္တရာယ်များကိုဖြစ်စေသည်။ ထို့ကြောင့် စမတ်ဖုန်းကိုအချိန်အတိုင်းအတာဖြင့် စနစ်တကျ အကျိုးရှိ အောင်သုံး စွဲကြရန်တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

မီးခဏခဏပျက်နေလို့ အိမ်မှာ ဆိုလာစနစ်ကိုတပ်ဆင်တော့မည်ဆိုပါလျှင် သူများတပ်လို့ လိုက်တပ်တာမျိုးမလုပ်သင့်ကြပါ။မိမိအသုံးနှင့် တွက်ချက်ပြီးမှသာ တပ်ဆင်သင့်သည်။ မိမိအသုံးထက် ပိုမိုတပ်ဆင်ထားခြင်းဖြင့် တပ်ဆင်မှုကုန်ကျစရိတ်နှင့် ဆိုလာပြားဈေးများပိုမိုကုန်ကျနိုင်ပြီး အသုံးမလိုပါက ပိုလျှံပြီး waste ဖြစ်သွားမည်ဖြစ်သည်။ ဤနေရာတွင် အထူးသတိရှိဖို့ရန်မှာ ဆိုလာစနစ်ကိုပဲ အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲသုံးမှာလား။ လျှပ်စစ်မီတာခချွေတာရန်အတွက် သုံးမှာလား စသည်ဖြင့်လည်းကောင်း၊ အိမ်သုံးလား/စီးပွားရေးသုံးလား စသည်ဖြင့်လည်းကောင်း သေချာစွာစိစစ်သုံးသပ်ပြီးမှသာ လိုအပ်သည့်ဆိုလာစနစ်
မီးခဏခဏပျက်နေလို့ အိမ်မှာ ဆိုလာစနစ်ကိုတပ်ဆင်တော့မည်ဆိုပါလျှင် သူများတပ်လို့ လိုက်တပ်တာမျိုးမလုပ်သင့်ကြပါ။မိမိအသုံးနှင့် တွက်ချက်ပြီးမှသာ တပ်ဆင်သင့်သည်။ မိမိအသုံးထက် ပိုမိုတပ်ဆင်ထားခြင်းဖြင့် တပ်ဆင်မှုကုန်ကျစရိတ်နှင့် ဆိုလာပြားဈေးများပိုမိုကုန်ကျနိုင်ပြီး အသုံးမလိုပါက ပိုလျှံပြီး waste ဖြစ်သွားမည်ဖြစ်သည်။ ဤနေရာတွင် အထူးသတိရှိဖို့ရန်မှာ ဆိုလာစနစ်ကိုပဲ အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲသုံးမှာလား။ လျှပ်စစ်မီတာခချွေတာရန်အတွက် သုံးမှာလား စသည်ဖြင့်လည်းကောင်း၊ အိမ်သုံးလား/စီးပွားရေးသုံးလား စသည်ဖြင့်လည်းကောင်း သေချာစွာစိစစ်သုံးသပ်ပြီးမှသာ လိုအပ်သည့်ဆိုလာစနစ်ကို တပ်ဆင်သင့်သည်။ ဆိုလာစနစ်တပ်ဆင်ပြီဆိုရင်တော့ မီတာခသက်သာရအောင် ဆိုလာစနစ်ကိုပဲအထူးပြုသုံးမယ်လို့ ရည်ရွယ်ပြီးတပ်ဆင်တာက အများဆုံးဖြစ်နိုင်သည်။
မည်သည့်အတွက် ဒါကို အဓိကထားပြောနေရသလဲဆိုပါက သုံးမည့် load နှင့် သုံးမည့်နာရီကြာချိန်သည် တိုက်ရိုက်ပတ်သက်နေလို့ပဲဖြစ်သည်။ ကုန်ကျစရိတ်ကလည်း တိုက်ရိုက်ကို ထူးခြားစွာကွာသွားမှာဖြစ်သည်။ စနစ်တွေလည်းကွာသွားမည်ဖြစ်သည်။
လျှပ်စစ်၏ သဘောသဘာဝကိုက သူ့ရှိနေသည့်အတိုင်း တိုက်ရိုက်သုံးရင် ကုန်ကျစရိတ်သက်သာနေပြီး ထိန်းသိမ်း storage လုပ်မည်ဆိုလျှင်တော့ ကုန်ကျစရိတ်က မြင့်တက်လာပါပြီ။ ထိုသို့ဆန်းစစ်ပြီးပါက ဆိုလာတပ်ဆင်မှုအား လေ့လာကြည့်မည်။ သာမန်အိမ်တစ်အိမ်ဖြစ်လို့စုစုပေါင်းအသုံးက ၅၀၀၀ ဝပ် (5 kW) ရှိမည်ဟု ခန့်မှန်းတွက်ချက်ကြည့်ကြမည်။ ဤနေရာမှာ ထပ်အရေးကြီးတာက လျှပ်စစ်ပစ္စည်းတိုင်း တစ်ခုချင်းစီ၏ အသုံးပြုမည့်ကြာချိန်နာရီကို သိဖို့လိုအပ်သည်။ ဥပမာ - အဲကွန်းတစ်ကောင်ခွဲတစ်လုံးသုံးမယ်၊ ဘယ်နှနာရီသုံးနိုင်မယ်၊ မီးဖိုချောင် ထမင်း၊ ဟင်းချက်တာ လျှပ်စစ်ဘယ်နှနာရီသုံးနိုင်ခြေရှိမယ် စသည်ဖြင့်ခန့်မှန်းသိရှိထားရန် လိုအပ်သည်။ ထိုသို့ဆိုပါက အကြမ်းအားဖြင့် တွက်ချက်ကြည့်ကြမည်-
(၁) Air con - 1.5 HP * 746 Watt = 1119 Watts Air con 1119 Watts * 10 hr = 11190 Watts
(၂) မီးဖိုချောင် 2200 Watts x 2.5 hr = 5500 Watts
(၃) မီးသီး/မီးချောင်း 4 ခု x 40 Watts x 8 hr = 1280 Watts
(၄) Socket များ - 50 Watts x 2 hr = 100 Watts
(၅)ရေခဲသေတ္တာ 75 Watts x 24 hr = 1800 Watts
(၆)ရေတင်စက် - တစ်ကောင် - တစ်လုံး = 746 Watt x 1 hr = 746 Watts
(၇)အထွေထွေ - 2000 Watts per day
သုံးမည်ဆိုပါက စုစုပေါင်းအသုံးမှာ တစ်ရက်လျှင် 22616 Watts per day ဖြစ်မည်။ ဝန်အားပိုမိုခန့်မှန်းခြင်းအားဖြင့်တစ်ရက်လုံးအသုံးပြုခြင်းသည် 25000 Watt=25 kW ဖြစ်မည်။ ထို့ကြောင့် စုစုပေါင်း 5 kW ကို တစ်နေကုန်လုံးမှာ ငါးနာရီသုံးနိုင်ခြေရှိသည်ဟုခန့်မှန်းတွက်ချက်သွားနိုင်မည်။ ထို့ကြောင့် အဆိုပါအိမ်အတွက် 5 kW power ရရှိနိုင်မည့် ဆိုလာစနစ်တပ်ဆင်ရမည်ဟုအဖြေရရှိပါလိမ့်မည်။ ဆက်လက်၍ ဆိုလာကိုရွေးချယ်သည့်အခါ သိသင့်သည့် ဆိုလာစနစ်တွေကိုတော့ အပိုင်းသုံးပိုင်းဖြင့် ရှင်းပြပေးမည်။
(၁) on-grid system (grid-tied system)ဓာတ်အားစနစ်နှင့်ချိတ်ဆက်သုံးစွဲခြင်း
(၂) grid-tied with battery backup system ဓာတ်အားစနစ်ဖြင့်ချိတ်ဆက်၍ ဘက်ထရီဖြင့် ဓာတ်အားသိုလှောင်သုံးစွဲခြင်း
(၃) off grid system ဓာတ်အားစနစ်နှင့်မချိတ်ဆက်ဘဲ သီးသန့်သုံးစွဲခြင်းတို့ဖြစ်သည်။
(၁) On - grid system ဆိုသည်မှာ ရိုးရိုးရှင်းရှင်းပဲပြောရရင်နေ့လယ်ပိုင်း Solar ကနေ ပါဝါရနေချိန် Solar ကနေ တိုက်ရိုက် မီးကိုယူသုံးမယ်။ မရသည့်အချိန် EPC က မီးလာသည်ကိုပဲယူသုံးမယ်စသည်ဖြင့်ဖြစ်သည်။ တစ်ခုအရေးကြီးတာက ဤနေရာမှာ EPC ကမီးလာမှလည်း သုံးလို့ရမှာဖြစ်ပြီး EPC မီးပျက်ရင် အလိုအလျောက် စနစ်လည်းသုံးမရပါ။ထို့ကြောင့်on-grid ဟုခေါ်သည်။ မီတာခသက်သာရအောင် အစားထိုး သုံးသည့် အထူးစနစ်ဖြစ်သည်။(ဥပမာ - ရေတင်တာတို့၊မော်တာတို့၊ စက်ရုံတို့လိုနေရာမျိုးတွေအတွက် သင့်လျော်သည်။)
(၂) Grid-tied with battery backup system ဆိုသည်မှာ Solar ကနေ ပါဝါရနေသည့်အချိန် အားသွင်းထားမည်။ ပြီးရင် inverter ကနေ AC ထုတ်သုံးမည်။ ဤနေရာမှာ လိုချင်သည့် gridကလည်း battery backup ကနေ ပြန်ရနေမှာဖြစ်လို့ EPC မီးပျက်လည်းသုံးနေနိုင်မှာဖြစ်သည်။ grid-tied လို့ပြောသည့်အခါ DC coupling နှင့် AC coupling ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်သည်။ပုံမှန်အသေးစားအတွက် DC coupling system က budget အဆင်ပြေစေမှာဖြစ်သည်။ load ကြီးလာလေ များလာလေ AC coupling ကပိုပြီးအဆင်ပြေစေမှာဖြစ်သည်။ ဤနေရာမှာ ယခု ခေတ်စားနေသည့် Hybrid system ဆိုတာသည် DC coupling စနစ်လို့ ပြောနိုင်သည်။ hybrid inverter ထဲမှာ controller နှင့် battery inverter ပေါင်းစပ်ထည့်ထားတာဖြစ်သည်။ ပြောချင်တာက inverter ကနေဖြတ်ပြီး battery ဆီကို DC အနေနဲ့ဝင်ပြီးbattery မှ inverter ဆီ ချိတ်ထားခြင်းဖြစ်သည်။ AC outputထွက်မည်။
(၃) Off grid system သည် grid tied စနစ်၏ သဘောသဘာဝအတိုင်းပဲဖြစ်သည်။ Off Grid ဟုခေါ်ဆိုခြင်း အဓိကအကြောင်းရင်းက electrical main supply ဖြစ်သည့် EPC မီးကို မချိတ်ထားတော့ခြင်းပဲဖြစ်သည်။ ပြောချင်တာကမီးလုံးဝမရသည့်နေရာတွမှာသုံးသည်။ Generator မီးစက်တို့နှင့် ချိတ်ဆက် ထားတာလိုမျိုး ဖြစ်သည်။ ဒါကို စနစ်လိုခေါ်တော့ Grid tied with generator ဟုခေါ်သည်။
စနစ်များအကြောင်း တီးခေါက်မိပြီဆိုပါက ဆိုလာအတွက် အခြေခံတွက်ချက်မှုအား ဆက်လက်ရှင်းလင်းမည်-
(၁)solar panels အရေအတွက် ( slope - 15-20’)
(၂) inverter size
(၃)Battery size
(၄)controller size
(၅) Main cable size
အထက်ပါအချက်များကိုအခြေခံ၍ Solar panel တွက်ပြီဆိုလျှင် သူ၏ဆိုဒ်က တစ်နေကုန်အသုံးကို အလုံးအရင်းအားရှိအောင် ဖန်တီးရမှာပါ။ အိမ်သုံးအနေနဲ့ ၅ ကီလိုဝပ် စုစုပေါင်းတစ်နေကုန်အသုံးသည် ၂၅ ကီလိုဝပ်ဖြစ်သည်ဆိုပါစို့။ (အထက်မှာ ဖော်ပြခဲ့ပြီးသည်။) Solar panel - 550 Watts တစ်နေ့အားအဝင် ဘယ်လောက်ရှိမလဲကြည့်ရအောင် တစ်နေ့ကုန် နေ၏အပူကိုရယူနိုင်မည့်ကြာချိန်သည် နံနက် ၁၀ နာရီမှညနေ ၃ နာရီထိဟုသတ်မှတ်ရင် ငါးနာရီရမည်။ ဒါကြောင့် ၅၅၀ x ၅ နာရီ = ၂၇၅၀ Watts Mono type ကိုသုံးမည်မို့ ၈၀ ရာခိုင်နှုန်းအသားတင်ရမည်ဆိုလျှင်၂၇၅၀ x ၀.၈ = ၂၂၀၀ ဝပ်ရမည်။ တစ်နေကုန် အလုံးအရင်းသုံးနိုင်ခြေ ၂၅၀၀၀ ဝပ်ဆိုပါစို့ ၂၅၀၀၀ / ၂၂၀၀ = ၁၁.၃၆~ ၁၂ ချပ် သုံးရမည်။(အမြန်နည်းဆိုရင် AC- DC အချိုးလေးက ၁.၂ ပါ။ ထို့ကြောင့် ၅၀၀၀ x ၁.၂ = ၆၀၀၀ ဝပ် ထို့ကြောင့် ၅၅၀ solar panel -၁၂ ချပ် )ဟုတွက်ချက်နိုင်သည်။
လက်ရှိ မြန်မာပြည်မှာအသုံးနေကြတာများနေတာက စုစုပေါင်း load ၏ သုံးနာရီ ပျမ်းမျှယူတွက်လေ့ရှိသည်။ယခုဆိုလျှင်ဆိုလာစနစ်သုံးကြရန်အတွက် တွက်ချက်သုံးစွဲတတ်ပြီဟု ယူဆမိသည်။ အများလုပ်လို့လိုက်လုပ်တာမဖြစ်အောင် မိမိဘာသာတွက်ချက်၍ သေချာလေ့လာပြီးမှ တပ်ဆင်သင့်ကြသည်။
အချုပ်အားဖြင့်ဆိုသော် ယခုကဲ့သို့လေ့လာတွက်ချက်ကြည့်ခြင်းဖြင့် သူများက ဆိုလာဆိုသည်နှင့် လိုက်၍ဆိုလာလုပ်နေကြသည်မျိုးမဟုတ်ဘဲ မိမိနေအိမ်၊ ရုံးဌာနအတွက် အမှန်တကယ်လိုအပ်သောပါဝါကိုတွက်ချက်၍ ဆိုလာစနစ်ကို တပ်ဆင်နိုင်ကြမည်ဟု ယူဆမိသည်။ ဆိုလာစနစ်တပ်ဆင်အသုံးပြုခြင်းဖြင့် မီတာခကို စရိတ်မျှဝေသုံးစွဲနိုင်ရုံသာမကလျှပ်စစ်ကိုလည်းချွေတာသုံးစွဲရာရောက်သဖြင့်နိုင်ငံတော်အနေဖြင့်ဆိုလာစနစ်ကျယ်ပြန့်စွာသုံးစွဲနိုင်ရေးအတွက်နည်းအမျိုးမျိုးဖြင့်ပညာပေးခြင်း၊ ဆိုလာလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ဆိုလာစနစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကို ဆောင်ရွက်သွားစေသင့်ကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ယမန်နေ့မှအဆက်
အဆင့်ဆင့်အနိမ့်တမံဓာတ်အားပေးစက်ရုံများတွင် မြစ်ရေထုစီးနှုန်းကိုသာ အဓိကအသုံးပြု၍ ရေအားအမြင့်အနည်းငယ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော Reaction Turbine အမျိုးအစားများဖြစ်သည့် Kaplan, Francis , Bulb , Tubular, Propeller & Straflo Turbine များကို အသုံးပြုထားသည်။ ထို Reaction Turbine အမျိုးအစားများသည် Low Head, High Flow အခြေအနေအတွက် အထူးသင့်လျော်ပြီး အကျိုးသက်ရောက်မှုမြင့်မားသည့်တာဘိုင်များဖြစ်ကြသည်။ ၎င်းတို့၏ အဓိကအားသာချက်များဖြစ်ကြသော ရေစီးနှုန်းပြောင်းလဲမှုအမျိုးမျိုးတွင် စွမ်းဆောင်ရည်ကို အမြင့်ဆုံးရရှိစေရန် ချိန်ညှိနိုင်သောတံခါးရွက်များနှင့် ဒလက်များ(Wicket Gates & Adjustable blades) ပါရှိခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊ ဒီဇိုင်းကျစ်လျစ်သိပ်သည်းခြင်း၊ သေးငယ်သည့် ရေအားလျှပ်စစ်စက်ရုံများမှ ကြီးမားသောစက်ရုံများအထိ ကုန်ကျစရိတ်သက်သာစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနည်းပါးခြင်း၊ ခေတ်မီတာဘိုင်များတွင် ငါးများသည် တာဘိုင်ဒလက်များအတွင်းမှ အလွယ်တကူဖြတ်သန်းသွားလာနိုင်ခြင်းတို့ကြောင့် run-of-river ရေအားလျှပ်စစ်စီမံကိန်းများစွာတွင် နှစ်သက်စရာရွေးချယ်မှုတစ်ခုဖြစ်လာခဲ့သည်။
၁၉ ရာစုမှစတင်၍ အကောင်အထည်ဖော်တည်ဆောက်ခဲ့ကြသော ရိုင်းမြစ်ပေါ်ရှိ အဆင့်ဆင့်အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများကို ခေတ်မီနည်းပညာများအသုံးပြု၍ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ကြသည်။ ရိုင်းမြစ်ရှိ ရေအားလျှပ်စစ်စက်ရုံများကို ခေတ်မီစေရန် ပြုပြင်ပြောင်းလဲမှုများသည် ဒေသတွင်းရှိ ရေအားလျှပ်စစ်အခြေခံအဆောက်အအုံများ၏ စွမ်းဆောင်ရည်၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုတို့ကိုမြှင့်တင်ရာတွင် အရေးပါသောအချက်တစ်ခုဖြစ်သည်။ ရေအားလျှပ်စစ် ထုတ်လုပ်မှုကိုမြှင့်တင်ရန် တာဘိုင်များအစားထိုးခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်း၊ ငါးများဖြတ်သန်း သွားလာနိုင်သောစနစ်များနှင့်ဂေဟစနစ်အပေါ်သက်ရောက်မှုများလျှော့ချခြင်း၊ မြစ်အတွင်း ရေအရည်အသွေးနှင့် ဇီဝမျိုးကွဲများကိုစောင့်ကြည့်လေ့လာခြင်း၊ အနည်အနှစ်ပို့ချမှုများကိုစီမံခန့်ခွဲခြင်း၊ ဆည်များနှင့်အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းအစရှိသော ခေတ်မီနည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထင်ရှားသောဥပမာတစ်ခုအနေဖြင့်လည်းကောင်း၊ စံပြုထိုက်သော အနိမ့်တမံဓာတ်အားပေးစက်ရုံတစ်ခုအနေဖြင့်လည်းကောင်း Rheinfelden အနိမ့်တမံရေအားလျှပ်စစ်စက်ရုံသည် ရိုင်းမြစ်၏ High Rhine အပိုင်း၊ ဆွစ်ဇာလန်-ဂျာမနီနယ်စပ် Rheinfelden မြို့အနီးတွင်တည်ရှိပြီး ၁၈၉၄ ခုနှစ်တွင်စတင်ကာ ၁၈၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထိုအချိန်က ၎င်းဒေသများသည် စက်မှုလုပ်ငန်းများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လျက်ရှိသောကြောင့် Rheinfelden စက်ရုံကို ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့၏ ရိုင်းမြစ်အထက်ပိုင်းဒေသများအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရန် ရည်ရွယ်ခဲ့ကြသည်။
၂၀ ရာစု အစောပိုင်းက သုံးစွဲခဲ့သော တာဘိုင်များတပ်ဆင်ထားပြီး တပ်ဆင်စက်အင်အား ၂၅ ဒသမ ၇ မဂ္ဂါဝပ်ရှိသည့် Rheinfelden စက်ရုံကို ထိုစဉ်က နည်းပညာဆိုင်ရာ ကြီးမားသောအောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်။ စက်ရုံကို မူလက Elektri-zitätswerk Rheinfelden AG (ဆွစ်ဇာလန်ကုမ္ပဏီ) နှင့် Rheinfelden Kraftwerk GmbH (ဂျာမနီကုမ္ပဏီ) တို့က စီမံခန့်ခွဲခဲ့ပြီး ပိုင်ဆိုင်မှု၊ လုပ်ငန်းလည်ပတ်မှုနှင့် လျှပ်စစ်မျှဝေသုံးစွဲမှုတို့ကို နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ဤခွဲဝေပိုင်ဆိုင်မှုပုံစံသည် ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့အကြား စွမ်းအင်အရင်းအမြစ်ကို မျှဝေစီမံခန့်ခွဲမှု၏ အောင်မြင်သောဥပမာတစ်ခုဖြစ်သည်။
၁၉၆၀ ပြည့်နှစ်နှင့် ၁၉၇၀ ပြည့်နှစ်တို့တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် သိသိသာသာမြင့်တက်လာခဲ့ပြီး လက်ရှိအခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်လိုအပ်လာခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်တွင် စတင်လည်ပတ်ခဲ့သော Rheinfelden မူလစက်ရုံကို ၂၀၀၃ ခုနှစ်တွင် စက်ရုံလည်ပတ်မှုရပ်စဲကာ ဖျက်သိမ်းခဲ့သည်။ လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန်၊ ရေထုစီးနှုန်းပိုမိုကောင်းမွန်လာစေရန်၊ ခေတ်မီတာဘိုင်အသစ်များနှင့်လျှပ်စစ်ဓာတ်အားပေးစက်များတပ်ဆင်ပြီး ပိုမိုကောင်းမွန်သောထိန်းချုပ်မှုစနစ်များ အကောင်အထည်ဖော်နိုင်ရန်၊ ငါးများအတွက်ဘေးကင်းသော တာဘိုင်များနှင့် ငါးဖြတ်သန်းနိုင်သောစနစ်များကို ထည့်သွင်းတည်ဆောက်ပြီး ရိုင်းမြစ်၏ဂေဟစနစ်အပေါ် သက်ရောက်မှုကိုလျှော့ချနိုင်ရန်၊ ဆွစ်ဇာလန်နှင့်ဂျာမနီတို့၏ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်ထုတ်လုပ်ရန်ဟူသည့်ရည်ရွယ်ချက်တို့ဖြင့် စက်ရုံဟောင်းကိုဖျက်သိမ်းခဲ့ပြီး ၂၀၀၃-၂၀၁၀ ပြည့်နှစ်တွင် Rheinfelden ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ် ၁၀၀ မဂ္ဂါဝပ်ကို ပြန်လည်တည်ဆောက်၍လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခဲ့သည်။
Rheinfelden ရေအားလျှပ်စစ်စက်ရုံသည် အခြားရေအားလျှပ်စစ်စက်ရုံများကဲ့သို့ပင်ဒေသတွင်းရွှေ့ပြောင်းငါးမျိုးစိတ်များအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေခဲ့သည်။ဤသက်ရောက်မှုများကိုလျှော့ချရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းများ၊ ဂေဟဗေဒဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီစေရန်အတွက် ၂၀၁၁ ခုနှစ်တွင် သဘာဝငါးသွားလမ်းကြောင်းကို ဒီဇိုင်းရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့သည်။ ငါးသွားလမ်းကြောင်းစနစ်ကို ကျောက်တုံးများ၊ ကျောက်ဆောင်များနှင့် ရေတိမ်ဒေသများဖန်တီး၍ သဘာဝမြစ်ကြမ်းပြင်နှင့် နီးစပ်အောင်ပြုလုပ်ထားသည်။ Rheinfelden ငါးသွားလမ်းကြောင်းသည် စွမ်းအင်ထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုတို့ကြား ဟန်ချက်ညီစေရန်အတွက်ဖြေရှင်းရာတွင် အောင်မြင်ပြီး တီထွင်ဆန်းသစ်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဤစက်ရုံသည် ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ဒေသတွင်းရေအားလျှပ်စစ်သမိုင်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု၏ ထင်ရှားသောစီမံကိန်းတစ်ခုလည်းဖြစ်သည်။
ရိုင်းမြစ်တစ်လျှောက် အဆင့်ဆင့်အနိမ့်တမံများတည်ဆောက်ထားခြင်းသည် ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် သင်္ဘောများနှင့်ရေယာဉ်များဘေးကင်းစွာနှင့် ထိရောက်လွယ်ကူစွာ သွားလာနိုင်စေပြီး မြစ်ရေနိမ့်/မြင့်ကိုတည်ငြိမ်စေသည်။ ဤအချက်သည် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် အထူးအရေးပါပေသည်။ ရိုင်းမြစ်ဝှမ်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် နှင်းများအရည်ပျော်ချိန်များတွင်ရေကြီးမှုများဖြစ်ပေါ်လေ့ရှိသည်။
Cascade Dams များသည် ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် မြစ်အောက်ပိုင်းတွင် ရေကြီးမှုအန္တရာယ်ကို လျှော့ချပေးသည်။ ရေများပြားသည့်ကာလများတွင် ရေကိုသိုလှောင်ထားပြီး တဖြည်းဖြည်းချင်းလွှတ်ပေးခြင်းဖြင့် ရေကြီးမှုကိုကာကွယ်ပေးသည်။တမံနှင့်ရေလွှဲဆည်များသည် မြစ်၏ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့်အိမ်သုံးရေတို့အတွက် တည်ငြိမ်သောရေအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်သည်။ မိုးများသည့်ကာလများနှင့်ရေခဲပျော်သည့်ကာလများတွင်ရေကိုသိုလှောင်ထားပြီး ခြောက်သွေ့၍ရေထုနည်းသည့်ကာလများတွင် ရေကိုဖြည်းညင်းစွာလွှတ်ပေးခြင်းဖြင့် မြစ်ရေနိမ့်/မြင့်ကိုထိန်းသိမ်းပေးနိုင်ပြီး ဂေဟစနစ်ကိုလည်း အထောက်အပံ့ဖြစ်စေနိုင်သည်။ ရိုင်းမြစ်ပေါ်တွင်ရှိသော အဆင့်ဆင့်အနိမ့်တမံများသည် အကျိုးကျေးဇူးများစွာရှိသော်လည်း မြစ်၏သဘာဝဂေဟစနစ်ကို ထိခိုက်စေခြင်း၊ ငါးများရွှေ့ပြောင်းနိုင်မှုကို ထိခိုက်စေခြင်းနှင့် အနည်အနှစ်စီးဆင်းမှုကိုပြောင်းလဲစေခြင်း၊ ရေအရည်အသွေးနှင့် ဇီဝမျိုးကွဲများအပေါ် သက်ရောက်မှုရှိခြင်း စသည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများလည်းရှိသည်။
ထို့ကြောင့် အနိမ့်တမံနှင့်စက်ရုံများတည်ဆောက်မှုနှင့် စီမံခန့်ခွဲမှုတွင် ဤအကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားလာကြပြီး ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုများကိုလျှော့ချရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်။ ငါးလှေကား၊ ငါးသွားလမ်းကြောင်းတို့ကိုထည့်သွင်းတည်ဆောက်၍ ရွှေ့ပြောင်းငါးများဖြတ်သန်းသွားလာနိုင်အောင် ကူညီပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် သက်ရောက်မှုကိုလျှော့ချပေးသည်။ အချို့ဆည်များတွင် အနည်အနှစ်များကို ဆည်၏အောက်ဘက်သို့ဖြတ်သန်းစေရန် သို့မဟုတ် ငါးများအတွက် နေထိုင်ရာနေရာများ ထိန်းသိမ်းနိုင်ရန် သဲနှင့်ကျောက်စရစ်များကို မြစ်အတွင်းသို့ထပ်မံထည့်သွင်းပေးသောစနစ်များလုပ်ဆောင်လျက်ရှိသည်။ ရေအရည်အသွေး၊ ငါးမျိုးစိတ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုများကိုလည်း အလေးထားစောင့်ကြည့်ပြီး ရိုင်းမြစ်၏ ဂေဟဗေဒဆိုင်ရာထိခိုက်မှုမရှိစေရေးအတွက် တိုးတက်လုပ်ဆောင်လျက်ရှိသည်။ ရိုင်းမြစ်ပေါ်ရှိ အဆင့်ဆင့်အနိမ့်တမံများတည်ဆောက်ခြင်းသည် ဒေသတွင်း လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုများစွာရှိပြီး ပြန်ပြည့်မြဲစွမ်းအင်ထောက်ပံ့မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနေသည်။ သို့သော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူထုရွှေ့ပြောင်းမှုများကဲ့သို့သော စိန်ခေါ်မှုများလည်းများစွာရှိနိုင်သည်။အဆင့်ဆင့်အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများရှိခြင်းသည် စွမ်းအင်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများတိုးတက်စေခြင်း၊ ဆောက်လုပ်ရေး၊ ထိန်းသိမ်းရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် ဒေသတွင်းစီးပွားရေးကိုလည်း များစွာထောက်ပံ့ပေးနေသည်။ ဤစက်ရုံများသည် နိုင်ငံတစ်ခုချင်းစီမှသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပြီး ဥရောပ၏ရေရှည်တည်တံ့သောစွမ်းအင်ထုတ်လုပ်မှုရည်မှန်းချက်များအား ပြည့်မီစေရန်အတွက် အထောက် အကူပြုနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံသည်လည်း ရေအရင်းအမြစ်ပေါကြွယ်ဝပြီး မြစ်ကြီးလေးသွယ်နှင့် မြစ်ငယ်များစွာစီးဆင်းလျက်ရှိနေသည့်အတွက် ရေချိုရရှိနိုင်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု၊ ရေကြောင်းသွားလာရေးပိုမိုအဆင်ပြေလွယ်ကူနိုင်မှု၊ မြစ်ကြောင်းဖြောင့်တန်းထိန်းသိမ်းမှုများအား ရေရှည်ဆောင်ရွက်နိုင်မှု စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်သည်။
အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ခြင်းအားဖြင့်-
(က) ရနိုင်သမျှ လျှပ်စစ်စွမ်းအင်အား စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ခြင်း
(ခ) မြစ်ကြောင်းအတွင်း သောင်ထွန်းနိုင်မှုအခြေအနေများအားလျှော့ချနိုင်ခြင်း
(ဂ) ရေကြောင်းဖြင့် ကုန်စည်ပမာဏများစွာကို ဈေးနှုန်းသက်သာစွာသယ်ယူပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခြင်း
(ဃ) စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေနှင့် မြို့ပြရေလိုအပ်ချက်များအား လုံလောက်စွာထောက်ပံ့နိုင်ခြင်း
(င) အနိမ့်တမံ၏ Crest များအား တံတားအဖြစ်အသုံးပြု၍ကုန်စည်စီးဆင်းမှုအတွက် ပို့ဆောင်သွားလာဆက်သွယ်နိုင်ခြင်း
(စ) ခြောက်သွေ့ဒေသများအတွက် စိမ်းလန်းစိုပြည်လာနိုင်ပြီးရာသီဥတုမျှတလာနိုင်ခြင်း
(ဆ) ရေကြီး/ရေလျှံခြင်းနှင့် ရေလွှမ်းမိုးမှုမှကာကွယ်နိုင်ခြင်း
(ဇ) ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း
(ဈ) အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံ ပတ်ဝန်းကျင်ဒေသများ၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း
(ည) မြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ပါတည်းစောင့်ကြည့်ဆောင်ရွက်ခြင်းဖြင့် ရေအရင်းအမြစ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်ခြင်း
( ဋ) ရေစုပ်တင်သိုလှောင်စနစ် ရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ရန် အထောက်အပံ့ဖြစ်စေခြင်း
စသည့်လက်ငင်းအကျိုးကျေးဇူးများစွာကို ရရှိနိုင်သည်။ ဥရောပ၏ နှလုံးသည်းပွတ်ဖြစ်သော ရိုင်းမြစ်အား ထိရောက်အကျိုးရှိစွာအသုံးပြုလျက် ရေရှည်ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ခြင်းအတွက် ဆောင်ရွက်နေမှုများကိုလေ့လာပြီးအနာဂတ် မြန်မာနိုင်ငံအတွက်လည်း ထိုကဲ့သို့အကျိုးကျေးဇူးများစွာရရှိနိုင်သော ရေအရင်းအမြစ်များ၊ အလားအလာကောင်းများကိုအသုံးချ၍ နိုင်ငံတော်၏ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ ။

ယနေ့မျက်မှောက်ကမ္ဘာကြီးတွင်နေ့စဉ်တိုးတက်မှုများကို ဘက်ပေါင်းစုံမှရှုမြင်နိုင်ပေလိမ့်မည်။ လူသားတို့၏ အဓိကလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးတို့အပေါ်တွင် ထပ်ဆောင်း၍နည်းပညာကိုပေါင်းစပ်ထားသော ကမ္ဘာကြီးဖြစ်လာပေသည်။ အဆိုပါနည်းပညာကမ္ဘာ၏ အလိုအပ်ဆုံးအရာကိုပြပါဆိုလျှင် “စွမ်းအင်” အသုံးချနိုင်မှုပင်ဖြစ်သည်။အရင်းအမြစ်မျိုးစုံမှ ထုတ်ယူရရှိနိုင်သော “စွမ်းအင်” အမျိုးမျိုးတို့အထဲတွင် မည်သည့်အရင်းအမြစ်က အကောင်းဆုံးဖြစ်ပါသနည်းဟုမေးခွန်းထုတ်လာပါလျှင် “အကုန်ကောင်းပါသည်၊သို့သော် အကျိုးအပြစ်များကတော့ဖြင့် မတူနိုင်”ဟုသာ ဖြေရမည်ဖြစ်သည်။ သို့သော် ပြန်ပ
ယနေ့မျက်မှောက်ကမ္ဘာကြီးတွင်နေ့စဉ်တိုးတက်မှုများကို ဘက်ပေါင်းစုံမှရှုမြင်နိုင်ပေလိမ့်မည်။ လူသားတို့၏ အဓိကလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးတို့အပေါ်တွင် ထပ်ဆောင်း၍နည်းပညာကိုပေါင်းစပ်ထားသော ကမ္ဘာကြီးဖြစ်လာပေသည်။ အဆိုပါနည်းပညာကမ္ဘာ၏ အလိုအပ်ဆုံးအရာကိုပြပါဆိုလျှင် “စွမ်းအင်” အသုံးချနိုင်မှုပင်ဖြစ်သည်။အရင်းအမြစ်မျိုးစုံမှ ထုတ်ယူရရှိနိုင်သော “စွမ်းအင်” အမျိုးမျိုးတို့အထဲတွင် မည်သည့်အရင်းအမြစ်က အကောင်းဆုံးဖြစ်ပါသနည်းဟုမေးခွန်းထုတ်လာပါလျှင် “အကုန်ကောင်းပါသည်၊သို့သော် အကျိုးအပြစ်များကတော့ဖြင့် မတူနိုင်”ဟုသာ ဖြေရမည်ဖြစ်သည်။ သို့သော် ပြန်ပြည့်မြဲစွမ်းအင်တို့သည် အကောင်းဘက်သို့ ပိုမိုရရှိနိုင်ခြင်းကြောင့် စွမ်းအင်စီမံခန့်ခွဲမှုတွင် ပိုမိုအသုံးချရမည်ဖြစ်ပေသည်။ ပြန်ပြည့်မြဲစွမ်းအင်များထဲတွင်စွမ်းဆောင်ရည် (Efficiency) မြင့်မားသော ရေအားလျှပ်စစ်များသည် ရှေ့တန်းမှဦးဆောင်ပါဝင်နေသည်မှာ ရာစုနှစ်နှစ်စုခန့်ရှိနေပြီဖြစ်ပေသည်။ အလားတူရေအရင်းအမြစ်ကို ရနိုင်သလောက်ထုတ်ယူသုံးစွဲမှု၏ ပြယုဂ်တစ်ခုဖြစ်သော အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်ထုတ်လုပ်မှု (Low Head Cascade Hydropower Dams) များသည်လည်း အဓိကအခန်းကမှပါဝင်ပေသည်။ ထို့ကြောင့် ဥရောပတိုက်၏ စံနမူနာဖြစ်သော၊ ဥရောပတိုက်၏ နှလုံးသည်းပွတ်သဖွယ်ဖြစ်သော “ရိုင်းမြစ်” ၏အကြောင်းကိုရေးသားတင်ပြသွားမည်ဖြစ်သည်။
ရိုင်းမြစ်သည် သမိုင်းတစ်လျှောက် ယဉ်ကျေးမှုနှင့် နိုင်ငံရေးအရ ပေါင်းစည်းမှုကိုဖြစ်စေပြီး အပြုသဘောဆောင်သော သက်ရောက်မှုများနှင့် နိုင်ငံရေးနယ်နိမိတ်အဖြစ် ခွဲခြားသတ်မှတ်မှုများကို ပြောင်းလဲစေနိုင်သည့် စံနမူနာတစ်ခုဖြစ်သည်။ ရောမအင်ပါယာခေတ်မှစတင်ကာ ရိုင်းမြစ်ကို နိုင်ငံရေးနယ်နိမိတ်အဖြစ်သတ်မှတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် ပြင်သစ်နိုင်ငံက ၎င်း၏သဘာဝနယ်နိမိတ်အဖြစ် တောင်းဆိုခဲ့သည်။ ခေတ်သစ်ကာလတွင် ရိုင်းမြစ်ကိုဗဟိုပြု၍စီးပွားရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုဆီသို့ဦးတည်သွားခဲ့ပြီး ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုအားကောင်းလာစေခဲ့သည်။ ရိုင်းမြစ်သည် ဥရောပတိုက်၏ အရေးပါသောမြစ်တစ်စင်းဖြစ်ပြီး ၎င်း၏မြစ်ကြောင်းကို အပိုင်းများစွာခွဲကာ လေ့လာနိုင်သည်။ မြစ်၏အရှည်ကို“ရိုင်းကီလိုမီတာ” ဖြင့်တိုင်းတာပြီး ဂျာမနီနိုင်ငံ Konstanz မြို့မှ နယ်သာလန်နိုင်ငံ Hook of Holland အထိသတ်မှတ်ထားသည်။ ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း လုပ်ဆောင်ခဲ့သော မြစ်ကြောင်းပြင်ဆင်မှုများကြောင့်မြစ်၏သဘာဝလမ်းကြောင်းမှာ တိုသွားခဲ့သည်။ Lake Constance နှင့် Alpine Rhine တို့ပါဝင်သော ရိုင်းမြစ်၏စုစုပေါင်းအရှည်ကို တိကျစွာတိုင်းတာရန်ခက်ခဲပြီး ၂၀၁၀ ပြည့်နှစ်တွင် နယ်သာလန်ရေကြောင်းနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအဖွဲ့က ရိုင်းမြစ်၏အရှည်ကို ၁၂၃၂ ကီလိုမီတာ (၇၆၆ မိုင်)အဖြစ်ဖော်ပြခဲ့သည်။
ရိုင်းမြစ်သည် ဆွစ်ဇာလန်နိုင်ငံရှိအဲလ်ပ်စ်တောင်တန်းများ၏အမြင့်ပိုင်း ဆီးနှင်းနှင့်ရေခဲဖုံးလွှမ်းသောနေရာများတွင် မြစ်ဖျားခံပြီး Vorderrhein နှင့်Hinterrhein ဟူသော မြစ်လက်တက်နှစ်ခုမှစတင်သည်။ Chur မြို့အောက်တွင် ရိုင်းမြစ်သည် အဲလ်ပ်စ်တောင်တန်းများမှထွက်ခွာလာပြီး ဆွစ်ဇာလန်နှင့် လက်ချင်းစတိန်းနိုင်ငံတို့၏ ကြားနယ်နိမိတ်အဖြစ် စီးဆင်းလာခဲ့သည်။ ထို့နောက် ဆွစ်ဇာလန်နှင့်ဩစတြီးယားနိုင်ငံတို့ကြားနယ်နိမိတ်အဖြစ် ဆက်လက်စီးဆင်းကာ Lake Constance သို့ဝင်ရောက်၍ မြစ်ဝကျွန်းပေါ်ဒေသအဖြစ်ပြန့်ကားသွားပြီး ရေကြီးရေလျှံမှုကိုကာကွယ်ရန်အတွက်မြစ်ကြောင်းကိုဖြောင့်တန်းစေခြင်း၊မြစ်ကမ်းပါးအားဖြည့်ခြင်းများ ဆောင်ရွက်ထားသည်။Basel ၏အောက်ဘက်တွင် ရိုင်းမြစ်သည် မြောက်ဘက်သို့ဦးတည်စီးဆင်းကာ Vosges တောင်တန်းများနှင့် Black Forest တောင်တန်းများကြား ကျယ်ပြန့်သောမြေပြန့်ဒေသကို ဖြတ်သန်းစီးဆင်းသည်။ ဤဒေသတွင် ၎င်း၏အဓိကမြစ်လက်တက်များနှင့်ပေါင်းဆုံပြီး၁၉ ရာစုအစောပိုင်းတွင် မြစ်ကြောင်းဖြောင့်တန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ယခုအခါ မြစ်၏ယခင်လမ်းကြောင်းများကို မြစ်ကြောင်းဟောင်းများနှင့် ဖြတ်တောက်ထားသောနေရာများတွင် တွေ့နိုင်သည်။ Lake Constance မှ ထွက်ခွာသောအခါ ရိုင်းမြစ်သည် Untersee မှတစ်ဆင့် စီးဆင်းပြီးထိုနေရာမှ Basel အထိ မြစ်ကို High Rhine ဟုခေါ်ကာ ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့ကြား နယ်နိမိတ်အဖြစ်သတ်မှတ်ထားသည်။ သို့သော် Stein am Rhein အောက်ရှိဒေသတွင် နယ်နိမိတ်သည် အနည်းငယ် လွှဲဖယ်တိမ်းစောင်းသွားပြီး Schaffhausen ရှိ Rhine Falls သည် ဆွစ်ဇာလန်နိုင်ငံအတွင်း၌သာ တည်ရှိသည်။
ရိုင်းမြစ်သည် ဆွစ်ဇာလန်၊ ဩစတြီးယား၊ ဂျာမနီ၊ပြင်သစ်၊ နယ်သာလန်နှင့် လက်ချင်းစတိန်းနိုင်ငံတို့ကို ဖြတ်သန်းစီးဆင်း၍ ရောမခေတ်ကတည်းက တောင်ဥရောပနှင့် မြောက်ဥရောပကို ဆက်သွယ်ပေးခဲ့သော အဓိကရေကြောင်းလမ်းဖြစ်ခဲ့သည်။ ယခုအခါတွင်လည်း ဥရောပ၏အဓိကမြို့ကြီးများဖြစ်ကြသော Amsterdam (နယ်သာလန်)၊ Cologne (ဂျာမနီ)၊ Strasbourg (ပြင်သစ်)၊ Düsseldorf (ဂျာမနီ)၊ Basel (ဆွစ်ဇာလန်)၊ Mannheim (ဂျာမနီ)၊ Rotterdam (နယ်သာလန်) တို့ကို ဖြတ်သန်းစီးဆင်းပြီး ထိုမြို့များအတွက် အရေးပါသော ရေကြောင်းလမ်းတစ်ခုအဖြစ် ဆက်သွယ်ပေးလျက်ရှိသည်။Alpine Rhine, High Rhine, Upper Rhine, Middle Rhine, Lower Rhine နှင့် Delta Rhine တို့သည် ရိုင်းမြစ်၏အဓိကအပိုင်းများဖြစ်ကြပြီး အပိုင်းတစ်ခုစီတွင်ကွဲပြားသောလက္ခဏာများ၊ လှပသောရှုခင်းများ၊ သမိုင်းဝင်နေရာများနှင့် စီးပွားရေးအရအရေးပါသောနေရာများပါဝင်သည်။ ဆွစ်ဇာလန်နိုင်ငံရှိ Anterior Rhine နှင့် Posterior Rhine မြစ်နှစ်ခုပေါင်းဆုံရာမှ ဖြစ်ပေါ်လာပြီး Rhine ချိုင့်ဝှမ်းမှတစ်ဆင့် Lake Constance သို့ စီးဆင်းသော Alpine Rhine (ခေါ်) Lake Constance အပိုင်းသည် ဆွစ်ဇာလန်၊ လက်ချင်းစတိန်းနှင့် ဩစတြီးယားနိုင်ငံတို့ကြား နယ်နိမိတ်အဖြစ်သတ်မှတ်ထားသည်။ Lake Constance မှစတင်ကာအနောက်ဘက်သို့စီးဆင်းပြီး Rhine Falls သို့ဆင်းသက်သော High Rhine သည် Aare မြစ်နှင့်ပေါင်းဆုံပြီး မြစ်၏ရေထုစီးနှုန်းကို နှစ်ဆဖြစ်စေသည်။ Upper Rhine အပိုင်းသည် Upper Rhine Valley ဒေသကို ဖြတ်သန်းစီးဆင်း၍ မြေဩဇာကောင်းမွန်ခြင်းနှင့် သမိုင်းဝင်အရေးပါမှုတို့အတွက်ကျော်ကြားပြီးလှပသောကျေးရွာများ၊ မြို့များနှင့်မတူညီသောရှုခင်းများကိုတွေ့မြင်နိုင်သည်။ထိုအပိုင်းတွင်Black Forest သည် ရိုင်းမြစ်ဝှမ်း၏ အရှေ့ဘက်တွင်တည်ရှိကာ Vosges တောင်တန်းများသည်လည်းအနောက်ဘက်တွင်တည်ရှိသည်။
ရိုင်းမြစ်တစ်လျှောက်တွင် ရှေးခေတ်ကာလကရိုင်းမြစ်၏ ဗျူဟာမြောက်အရေးပါမှုကို သက်သေပြနေသော ရှေးဟောင်းခံတပ်များနှင့် ရဲတိုက်များစွာတည်ရှိသည့် Upper Middle Rhine Valley ဒေသကိုဖြတ်သန်းစီးဆင်းသော Middle Rhine သည် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားရပြီးဂျာမနီနိုင်ငံရှိစပျစ်ခြံများနှင့် လှပသောရှုခင်းများကိုဖြတ်သန်းစီးဆင်းလျက် ဤဒေသတွင် စပျစ်သီးများစိုက်ပျိုး၍ နာမည်ကျော်ဝိုင်များကို ထုတ်လုပ်လျက်ရှိသည်။ Middle Rhine သည် မိုင် ၄၀ ရှည်လျား၍ဂျာမနီနိုင်ငံ Bingen မှ Koblenz အထိ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး ရိုင်းမြစ်မှ ၁၃၂ မီတာအမြင့်တွင် Rhine Gorge ၏ ထင်ရှားသည့်အမှတ်အသားတစ်ခုအဖြစ်ခရီးသွားများ၏စိတ်ကိုဆွဲဆောင်နိုင်သော ဒဏ္ဍာရီလာ The Loreley ကျောက်ဆောင်ကိုလည်းတွေ့မြင်နိုင်သည်။ Rhine Gorge သည် သဘာဝနှင့်လူ့ယဉ်ကျေးမှုတို့၏လိုက်လျောညီထွေမှုကို ပြသနေသော ထူးခြားသည့် ယဉ်ကျေးမှုဆိုင်ရာရှုခင်းတစ်ခုဖြစ်သည်ဟု ၂၀၀၂ ခုနှစ်တွင် UNESCO မှ အသိအမှတ်ပြုခဲ့ပြီး ဂျာမနီ၏ ဂုဏ်ယူစရာရှုခင်းများထဲမှတစ်ခုဖြစ်ကာနှစ်စဉ် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များစွာကိုဆွဲဆောင်လျက်ရှိသည်။
Rotterdam (နယ်သာလန်) မှ ဂျာမနီနိုင်ငံ၏အဓိကမြို့တစ်ခုဖြစ်သော Cologne အထိ မိုင် ၃၅၀ခန့်ရှည်လျားပြီးမြစ်ဝှမ်းဒေသကိုဖြတ်သန်းစီးဆင်းသည့် Lower Rhine အပိုင်းသည် ကျယ်ပြန့်ပြီး သင်္ဘောများသွားလာနိုင်သော မြစ်ကြောင်းဖြစ်သည့်အတွက် လူသိများထင်ရှားသည်။Delta Rhine အပိုင်းတွင် Waal, Nederrijn နှင့် IJssel မြစ်များအဖြစ် မြစ်လက်တက်များစွာခွဲထွက်သွားပြီး မြောက်ပင်လယ်ထဲသို့ စီးဝင်သွားသည်။နယ်သာလန်နိုင်ငံ Spijkenisse တွင် နယ်နိမိတ်ကိုဖြတ်ကျော်ပြီး မြစ်၏အကျယ်ဆုံးအပိုင်းသို့ ရောက်ရှိသောနေရာလည်းဖြစ်သည်။
ဒင်ညုမြစ်(Danube)ပြီးလျှင် ဥရောပအလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် ဒုတိယအရှည်ဆုံးမြစ်ဖြစ်ပြီးဥရောပတိုက်အတွက်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုအမွေအနှစ်အတွက် အရေးပါသောရေကြောင်းလမ်းလည်းဖြစ်သည့် ရိုင်းမြစ်ပေါ်တွင် ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း ဥရောပတိုက်၏စက်မှုလုပ်ငန်းနှင့် ခေတ်မီဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရေအားလျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများအကောင်အထည်ဖော်ခဲ့ကြသည်။ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ရေကြောင်းသွားလာရေး၊ စွမ်းအင်ထုတ်လုပ်မှုနှင့် ရေကြီးမှုကာကွယ်ရေးအစရှိသော အဓိကရည်ရွယ်ချက်များဖြင့် အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်ထုတ်လုပ်မှု (Low Head Cascade Hydropowerdams) များ တည်ဆောက်ခဲ့ကြသည်။ အထူးသဖြင့်မြစ်၏အနိမ့်အမြင့်အခြေအနေနှင့် မြစ်ရေထုစီးနှုန်းတို့တွင်မူတည်၍ ရေအားလျှပ်စစ်ထုတ်လုပ်ရန်သင့်လျော်သည့် ရိုင်းမြစ်အထက်ပိုင်းဖြစ်သောHigh Rhine နှင့် Upper Rhine တို့တွင် အဆင့်ဆင့်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများတည်ဆောက်ခြင်းဖြင့် ဒေသတွင်းတွင် ပြန်ပြည့်မြဲစွမ်းအင်ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။
Lake Constance မှ Basel အထိ ဖြတ်သန်းစီးဆင်းသွားသော ရိုင်းမြစ်၏အထက်ပိုင်းဖြစ်သည့် High Rhineနှင့် Upper Rhine အပိုင်းတို့တွင် အဆင့်ဆင့်အနိမ့်တမံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၁ ရုံတို့ကို ၁၈၆၀-၁၉၇၇ ခုနှစ်များအတွင်း တည်ဆောက်ခဲ့ကြပြီး ယခုအချိန်ထိလျှပ်စစ်ဓာတ်အားများ ထုတ်ယူသုံးစွဲလျက်ရှိသည်။ အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ တပ်ဆင်စက်အင်အား ၂၃၀၀ မဂ္ဂါဝပ်ကျော် ထုတ်လုပ်ရရှိကြောင်း လေ့လာတွေ့ရှိရသည်။ ထင်ရှားသောစက်ရုံများမှာScha-ffhausen 28.8 MW, Eglisau 46.9 MW, Reckingen 39 MW, Albbruck-Dogern 108 MW, Rheinfelden 100 MW, Augst-Wyhlen 70.5 MW, Birsfelden 100 MW, Kembs 160 MW, Fessenheim 180 MW, Marckolsheim 160 MW, Gambsheim 100 MW, Iffezheim 148 MW နှင့် Rhinau 160 MW အစရှိသော အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်စက်ရုံတို့ဖြစ်ကြသည်။ရိုင်းမြစ်ပေါ်တွင်တည်ဆောက်ထားသော အဆင့်ဆင့်အနိမ့်တမံများမှာရေအားလျှပ်စစ်ကို စဉ်ဆက်မပြတ်ထုတ်လုပ်ရရှိနိုင်သော၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအနည်းဆုံးဖြင့် ပြန်ပြည့်မြဲစွမ်းအင်ကိုထုတ်လုပ်ပေးနိုင်သောရေလှောင်ကန်များတည်ဆောက်ခြင်းထက် သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုကို လျော့နည်းစေနိုင်သော၊ မြစ်၏သဘာဝရေစီးဆင်းမှုကိုသာအသုံးပြုသော အနိမ့်တမံအမျိုးအစားများကို တည်ဆောက်ထားသည်။

ယနေ့ကမ္ဘာ့အခြေအနေကို ပြန်တွေးဆကြည့်မယ်ဆိုရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးမှုတွေကို ပိုမိုတိုးမြှင့်တည်ဆောက် လာခဲ့ကြတာတွေ့ရမှာပါ။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံအားလုံးက ချစ်ကြည်ရင်းနှီးမှုတွေတည်ဆောက်နေကြတာတော့ မဟုတ်ပါဘူး။ တစ်ဖက်က ဧကဝင်ရိုးကိုလိုလားတဲ့ နိုင်ငံတွေနဲ့ အခြားတစ်ဖက်မှာကျတော့ ဗဟုဝင်ရိုးကိုလိုလားတဲ့ နိုင်ငံတွေဆိုပြီး ဖြစ်တည်လာကြတာပါ။

ဒီနေရာမှာ ဧကဝင်ရိုးနဲ့ ဗဟုဝင်ရိုးဆိုတာကို အနည်းငယ်ရှင်းပြချင် ပါသေးတယ်။ ဧကဝင်ရိုးကမ္ဘာကြီးဆိုတာက တစ်ကမ္ဘာလုံးရဲ့အခင်း အကျင်းအဖြစ်အပျက်အားလုံးက အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အင်အားကြီးအုပ်စုတစ်ခုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိ သွားတာမျိုး ဖြစ်ပါတယ်။ ဗဟုဝင်ရိုးကမ္ဘာဆိုတာ ကမ္ဘာ့နိုင်ငံအားလုံးက ဧကဝင်ရိုးလိုမျိုး ဗဟိုထိန်းချုပ်မှုကနေလွတ်ကင်းပြီး အမှန်တကယ် လွတ်လပ်တဲ့နိုင်ငံများအဖြစ်သို့ ဦးတည်လျှောက်လှမ်းနေတဲ့ အခြေအနေဖြစ်ပါတယ်။
ဗဟုဝင်ရိုးကမ္ဘာကြီးကို တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာ
ဒီတော့ ဧကဝင်ရိုးနဲ့ဗဟုဝင်ရိုးမှာဆိုရင် သွားတဲ့ပုံစံချင်းလည်းမတူသလိုရရှိလာတဲ့ အကျိုးကျေးဇူးချင်းလည်းမတူပါဘူး။ ဧကဝင်ရိုးကနေရရှိလာတဲ့အကျိုးကျေးဇူးက တစ်ဦးကောင်း၊ တစ်အုပ်စုကောင်းအတွက်သာဖြစ်ပေမယ့် ဗဟုဝင်ရိုးကနေရရှိလာတဲ့ အကျိုးကျေးဇူးကျတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ကိုယ့်အတွက်ကျန်မှာ ဖြစ်သလို အဲဒီအကျိုးရလဒ်ကိုလည်း ဘယ်သူ့ကိုမှပြန်ခွဲပေးစရာမလိုပါဘူး။ ဒါကြောင့် ကမ္ဘာ့နိုင်ငံများက ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာနေကြတာဖြစ်ပါတယ်။
ဒီလိုမျိုး ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်နိုင်ဖို့အတွက် ရုရှား၊ တရုတ်၊ ဘရာဇီးတို့လိုမျိုး အင်အားကြီးနိုင်ငံများက ဦးဆောင်လျက်ရှိပါတယ်။ ဥပမာ BRICS ဆိုတဲ့အဖွဲ့အစည်းကို ကြည့်လိုက်ရင်တွေ့ရမှာပါ။ အဲဒီအဖွဲ့အစည်းကြီးက သူတို့ကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေသလို သူတို့နဲ့လက်တွဲပါဝင်လိုတဲ့ အင်အားနည်းနိုင်ငံများကိုလည်း အတူတကွဆွဲခေါ်နေတာတွေ့ရပါတယ်။
ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့
နိုင်ငံရေးဆိုတာ အင်မတန်မှပါးနပ်ဖို့လိုပါတယ်။ ဒီအရေးက ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်လာပြီဆိုရင်တော့ အလွန်ကိုကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်မှသာ ကိုယ့်အတွက်အကျိုးကျေးဇူးများစွာ ရရှိစေမှာပါ။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံ့တာဝန်များကို ခေတ္တတာဝန်ယူဆောင်ရွက် နေရတယ်ဆိုပေမယ့်လည်း ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်ပြီး လုပ်ဆောင်ရမယ့် အရေးကိစ္စတွေမှာဆိုရင် လိမ္မာပါးနပ်လွန်းစွာ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင်တည်ဆောက်ခဲ့ရုံသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံတော်တာဝန်များကို ယူထားရတဲ့ကာလတစ်လျှောက်လုံးမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရုရှားနိုင်ငံကို လေးကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက်ကာ ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်နဲ့ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံကြားအကျိုးရှိစေမယ့် စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ရေးအတွက်သာမက မြန်မာနိုင်ငံအတွက် အကျိုးများမယ့်ကူညီမှုများပေးအပ်ရေးအတွက်လည်း သဘောတူညီခဲ့ကြပါတယ်။ အခုဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ငါးကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက်ရာကနေ ပြန်လည်ရောက်ရှိလာပါပြီ။
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်
ယခုတစ်ခေါက် ချစ်ကြည်ရေးခရီးစဉ်က ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့အတူ ဆက်စပ်အခမ်း အနားတွေကို တက်ရောက်ဖို့အတွက်သွားခြင်းဖြစ်ပါတယ်။ ဒီခရီးစဉ်ကို လာဖို့ကိုလည်း ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်ကိုယ်တိုင်က ပြီးခဲ့တဲ့တစ်ခေါက်တွေ့ဆုံမှုမှာ ဖိတ်ကြားလိုက်တာပါ။ ထူးခြားတာက ဒီတစ်ခေါက်ခရီးစဉ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးကိုယ်တိုင်ကလည်း နိုင်ငံတကာနဲ့မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးရေးရာကိစ္စတွေမှာပါ။
အခွင့်အလမ်းတွေ ပေါ်ထွန်းလာ
နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက မေလ ၈ ရက်နံနက်ပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ ဗယ်လက် တီနာမတ်ဗီယန်ကိုနဲ့ တွေ့ဆုံပြီး ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား ပညာရေး၊ စီးပွားရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာဥက္ကဋ္ဌ အန်နာနက်စတီရိုဗာနဲ့တွေ့ဆုံပြီး အမျိုးသမီးရေးရာအခန်းကဏ္ဍအားပေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ တာတွေ့ရပါတယ်။ ဒီလိုမျိုးတွေဆွေးနွေးနိုင်ခြင်းဟာ သိပ်ကို ကောင်းမွန်တဲ့လက္ခဏာတစ်ခုလို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကျား၊ မ ခွဲခြားခြင်းမရှိတဲ့ အားလုံးကိုတစ်ပြေးညီဆက်ဆံနေတဲ့နိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာသာမကကမ္ဘာမှာပါ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုကို အားပေးမြှင့်တင်နိုင်မယ့် အခွင့်အလမ်းတွေပေါ်ထွန်းလာလို့ ဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခုသွားခဲ့တဲ့ရုရှားခရီးစဉ်မှာ နောက်ထပ်ထူးခြားမှုတစ်ခု ရှိပါသေးတယ်။ အထက်မှာဆိုခဲ့တဲ့အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရုရှားနိုင်ငံကကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့ ဆက်စပ်အခမ်းအနားတွေကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ထူးခြားမှုကတော့ အဲဒီစစ်ရေးပြအခမ်းအနားမှာ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲက ရင်ပြင်နီမှာပါဝင် တက်ရောက်စစ်ရေးပြခွင့်ရရှိခဲ့တာပါ။ ဒီလိုမျိုးပါဝင်ခွင့်ရခြင်းဟာ သမိုင်းတစ်လျှောက်မှာ ပထမဆုံးဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲက တရုတ်၊ ဗီယက်နမ်၊ လာအို အစရှိတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံနဲ့အတူ စစ်ရေးပြခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝင်စစ်ရေးပြခွင့်ရရှိခြင်းက မြန်မာ့တပ်မတော်ကို ကမ္ဘာ့အသိုင်း အဝိုင်းမှာ ပိုမိုထင်ရှားလာစေပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံအကျိုးအတွက် ဖော်ဆောင်ရတဲ့ ပြည်ပခရီးစဉ်တွေမှာ အမြဲတမ်းတက်တက်ကြွကြွရှိလှတဲ့ ပုံစံအတိုင်းပဲ အခုတစ်ခေါက်မှာလည်း နိုင်ငံအတွက်အကျိုးရှိမယ့်တွေ့ဆုံမှုတွေကို တက်ကြွစွာဆောင်ရွက်ခဲ့ တာတွေ့ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကိုရောက်ရှိပြီး နောက်တစ်ရက်နံနက်ပိုင်းမှာပဲ ရုရှားနိုင်ငံရဲ့ နာမည်ကျော်သတင်း ဌာနတွေဖြစ်တဲ့ RT TV Channel နဲ့ Krasnaya Zvezda သတင်းစာတို့ရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ပြည့်ပြည့်စုံစုံ ဖြေကြားပေးပါတယ်။ ဒီသတင်းဌာနတွေရဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ပြန်လည်ဖြေကြားမှုတွေက မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ချစ်ကြည်ရေးကို ခိုင်မာစေရုံသာမက မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်များကိုလည်း ကမ္ဘာကသိရှိခွင့်ရမှာဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၈ ရက် ညနေပိုင်းမှာတော့ ကာဇက်စတန်နိုင်ငံသမ္မတနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲအခမ်းအနားသို့ အခြားသောနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ တက်ရောက်ပြီး ရုရှားသမ္မတနဲ့တွေ့ဆုံကာ ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့တာလည်းတွေ့ရပါတယ်။ မေလ ၉ ရက် နံနက်ပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရင်ပြင်နီမှာကျင်းပတဲ့ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်း အနားသို့တက်ရောက်ပါတယ်။ ပြီးတဲ့အခါ အခြားနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ အညတရစစ်သည်ဗိမာန်သို့သွားရောက်၍ ပန်းခွေချ အလေးပြုပါတယ်။ ပြီးနောက် ရုရှားသမ္မတမစ္စတာဗလာဒီမာပူတင် ရဲ့ရုံးခန်းမှာ နေ့လယ်စာသုံးဆောင်ပါတယ်။
တကယ်တော့ မေလ ၉ ရက်ဆိုတာ နိုင်ငံတော်ဝန်ကြီးချုပ်အတွက် အလုပ်အများဆုံးသောနေ့တစ်နေ့ဖြစ်သလို အကျိုးအများဆုံးသောနေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဒီအခမ်းအနားကိုတက်ရောက်ခဲ့တဲ့အတွက် နိုင်ငံတကာမှခေါင်းဆောင်များနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့အတွက်ကို ဆွေးနွေးနိုင်ခဲ့ပါတယ်။
ပူးပေါင်းဆောင်ရွက်ရေးအမြင်ချင်းဖလှယ်ဆွေးနွေး
နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မေလ ၉ ရက်ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံစဉ်မှာ နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ပတ်သက်ပြီး ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေးက ဒီနှစ် မှာ စိန်ရတုတိုင်ပြီဖြစ်ပါတယ်။ ဒီကာလအတွင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် ကူညီမှုတွေပေးခဲ့သလို မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းနိုင်ငံအဖြစ် ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတကာခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်မှာ အမြဲမပြတ်ပြောနေကျ စကားတစ်ခု ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီရွေးကောက်ပွဲကိုလည်း နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ကြားသွားမယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်က အခုလို တရုတ်နိုင်ငံသမ္မတနဲ့တွေ့ဆုံစဉ်မှာ ဒီအကြောင်းကိုလည်း ထပ်လောင်းပြောခဲ့တာ တွေ့ရပါတယ်။ ဒါဟာ နိုင်ငံတော်အကြီးအကဲတစ်ဦးအနေနဲ့ ကမ္ဘာသိအသိပေးခြင်း ဖြစ်တာကြောင့် နိုင်ငံတကာစာမျက်နှာမှာလည်း မြန်မာနိုင်ငံရဲ့ပုံရိပ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဖော်ဆောင်နေတဲ့ခါးပတ်တစ်ကွင်း၊ လမ်းတစ်ကြောင်းဆိုတဲ့စီမံကိန်းကြီးအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး တက်ကြွစွာပါဝင်ဆောင်ရွက်မယ် ဆိုတဲ့အကြောင်း၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မြှင့်တင်ရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒီလိုဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ဖွံ့ဖြိုးတိုးတက် မှုတွေကိုဖြစ်ပေါ်လာစေမှာပါ။
မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံ
နောက်တစ်ခုက တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ထောက်ခံကြောင်း၊ နိုင်ငံတည်ငြိမ်ရေးနဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အစိုးရရဲ့ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့အကြောင်းတွေ ပြောခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးပြောဆိုမှုတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကတိပြုမှုတွေလို့ပြောရင် လည်းမမှားပါဘူး။
မေလ ၁၀ ရက်မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကိုအောင်မြင်ချောမွေ့စွာ ပြန်လည်ရောက်ရှိလာပါပြီ။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အခုတစ်ခေါက်ခရီးစဉ်မှာ မြန်မာနိုင်ငံအတွက်များလှစွာသော အကျိုးကျေးဇူးများကို ပြန်လည်သယ်ဆောင်လာခဲ့တယ်လို့ဆိုရပါမယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အခင်းအကျင်းသစ်မှာ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်မယ့်အခြေအနေသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်နိုင်တဲ့ အခွင့်အရေးရရှိခဲ့ပါတယ်။ နောက်ထပ် မြန်မာနိုင်ငံအတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ အမျိုးသမီး ရေးရာအခန်းကဏ္ဍကို နိုင်ငံတကာအထိ ထိုးဖောက်နိုင်မယ့်အခွင့်အရေး၊ မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင်ငံများရဲ့ တပ်မတော်များနဲ့ ရင်ပေါင်တန်းနိုင်မယ့်အခွင့်အရေး၊ မြန်မာနိုင်ငံရဲ့အနာဂတ် ပိုမိုတောက်ပလာမယ့် အခွင့်အရေးတွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယနေ့ကမ္ဘာ့နိုင်ငံတချို့ဟာ ဧကဝင်ရိုးနဲ့အသားကျနေကြတာများ ပါတယ်။ အဓိကကတော့ ဧကဝင်ရိုးကနေ အကျိုးအမြတ်ကြီးစွာရရှိနေတဲ့ လက်တစ်ဆုပ်မျှသောနိုင်ငံများက ဒီအခြေအနေကနေ တခြား အခြေအနေတစ်ခုကို ပြောင်းလဲသွားမှာမလိုလားကြပါဘူး။ ဒါကြောင့်လည်း ဧကဝင်ရိုးကမ္ဘာကြီးကို ဆက်လက်လည်ပတ်နိုင်ဖို့ ကြိုးပမ်းအားထုတ်လာကြချိန်မှာ ကျန်ရှိတဲ့နိုင်ငံတွေကတော့ နိုင်ငံများအတွက် ကိုယ်စီအကျိုးကျေးဇူးရရှိစေမယ့် ဗဟုဝင်ရိုးကမ္ဘာကြီးကို အကောင် အထည်ဖော်လာနေပြီဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဗဟုဝင်ရိုးကမ္ဘာကြီးကို အကောင်အထည်ဖော်နေကြသူများမှာ တူညီသော အကျိုးစီးပွားပန်းတိုင်ရှိပါတယ်။ အဲဒီပန်းတိုင်ကတော့ မျှဝေသောအနာဂတ်နဲ့ အေးအတူပူအမျှရှိတဲ့ အသိုက်အဝန်းကိုတည်ထောင်သွားဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်ဟာ အကျိုးစီးပွားချင်းထပ်လို့ ကောင်းမြတ်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
Source: MOI