အမေရိကန်နိုင်ငံသားပိုင် ကုမ္ပဏီများ အသွင်ဆောင်ကာ အသုံးပြုနေသည့် မြောက်ကိုရီးယားနိုင်ငံသားများ၏ တရားမဝင် website များကို FBI က ဖမ်းဆီး

News Image

အမေရိကန်နိုင်ငံသားပိုင် ကုမ္ပဏီများ အသွင်ဆောင်ကာ အသုံးပြုနေသည့် မြောက်ကိုရီးယားနိုင်ငံသားများ၏ တရားမဝင် website များကို FBI က ဖမ်းဆီး

အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ စီးပွားရေးလုပ်ငန်းများ ၏တရားဝင် websiteများ အသွင်ဆောင်ကာ မြောက် ကိုးရီးယား နျူကလီးယားတပ်ဖွဲ့လုပ်ငန်းအတွက် ငွေကြေး ရှာဖွေပေးနေသည်ဟု ယူဆဖွယ်ရာရှိသော မြောက်ကို ရီးယား နိုင်ငံသားများ၏  website အမြောက်အမြားကို FBI က ဖမ်းဆီးလိုက်ကြောင်း အဆိုပါကိစ္စကို ဖော်ထုတ် စစ်ဆေးခဲ့သည့် လုံခြုံရေးဆိုင်ရာ သုတေသနပညာရှင် များ၏ဝက်ဆိုက်တွင် ထုတ်ပြန်ထားသည့်ကြေညာချက် အရ သိရှိရပါကြောင်း CNN က ဖော်ပြထားပါသည်။

ကိုးကား-CNN  

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်းတို့၏ နျူကလီးယားတားဆီးရေး မဟာဗျူဟာကို ပြင်ဆင်ရန် ကြေညာ

News Image

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်းတို့၏ နျူကလီးယားတားဆီးရေး မဟာဗျူဟာကို ပြင်ဆင်ရန် ကြေညာ

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်းတို့၏ နျူကလီးယားတားဆီးရေး မဟာဗျူဟာကို ပြင်ဆင်ရန် ကြေညာထားပြီး၊ ၎င်းတွင်နျူကလီးယားလက်နက်များ တပ်ဆင်ထားသော Ohio အမျိုးအစား ရေငုပ်သင်္ဘော များ၏အသင့်ဖြစ်မှုကိုတိုးမြှင့်ခြင်း၊ B-61 နျူကလီးယား ဆွဲငင်အားဗုံး၏အမျိုးအစားသစ် ထုတ်လုပ်မှုတိုးမြှင့်ခြင်း နှင့်အမေရိကန်၏ မဟာမိတ်များအပေါ် တိုးချဲ့သော တားဆီးရေးကတိကဝတ်များကို အားကောင်းစေခြင်းတို့ ပါဝင်ကြောင်း သိရှိရပါသည်။

ကိုးကား - DOD News

ပြင်သစ်၊ ဗြိတိန်၊ ပိုလန်နှင့် အခြားနိုင်ငံများသည် ယူကရိန်းအား ထောက်ပံ့ရန်အတွက် ဥရောပတပ်ဖွဲ့ များစေလွှတ်ရန်အတွက် ညွန့်ပေါင်းအဖွဲ့တစ်ခု အပြီးသတ် ဖွဲ့စည်းဆောင်ရွက်နေ

News Image

ပြင်သစ်၊ ဗြိတိန်၊ ပိုလန်နှင့် အခြားနိုင်ငံများသည် ယူကရိန်းအား ထောက်ပံ့ရန်အတွက် ဥရောပတပ်ဖွဲ့ များစေလွှတ်ရန်အတွက် ညွန့်ပေါင်းအဖွဲ့တစ်ခု အပြီးသတ် ဖွဲ့စည်းဆောင်ရွက်နေ

ပြင်သစ်၊ ဗြိတိန်၊ ပိုလန်နှင့် အခြားနိုင်ငံများသည် ယူကရိန်းအား ထောက်ပံ့ရန်အတွက် ဥရောပတပ်ဖွဲ့များစေလွှတ်ရန် ညွန့်ပေါင်းအဖွဲ့တစ်ခု အပြီးသတ် ဖွဲ့စည်းဆောင်ရွက်နေကြောင်း ပြင်သစ်သတင်းစာ Le Mondeကဖော်ပြခဲ့ပါသည်။

အနောက်နိုင်ငံတွေအနေဖြင့် ဗလာဒီမာပူတင်၏ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ချက်ကို အလေး အနက်ထားသင့်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Orban က ပြောကြား

News Image

အနောက်နိုင်ငံတွေအနေဖြင့် ဗလာဒီမာပူတင်၏ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ချက်ကို အလေး အနက်ထားသင့်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Orban က ပြောကြား

နိုင်ငံအသီးသီးတွင် အများသူငှာ ဆက်သွယ်ပြောဆိုမှု များကို ကွဲပြားစွာလုပ်ဆောင်ကြောင်း၊ သို့သော် ရုရှား နိုင်ငံတွင် သမ္မတက တစ်ခုခုပြောကြားပါက ယင်းစကား များသည် အချည်းနှီးစကားမဟုတ်ကြောင်း၊ ဆက်သွယ်ရေး လှည့်ကွက်မဟုတ်ကြောင်း၊ အဆိုပါစကား၏ တန်ဖိုးနှင့် အကျိုးဆက်များပါရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Orban က Kossuth ရေဒီယိုအစီအစဉ်တွင် ပြောကြား ခဲ့သည်။