ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံ Kursk ဒေသအား ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့

News Image

ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံ Kursk ဒေသအား ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များ အဆိုပါ တိုက်ခိုက်မှုကိုဟန့်တားရန် ဆောင်ရွက်ခဲ့ကြောင်း Kursk ဒေသ အစိုးရအဖွဲ့အကြီးအကဲ က ပြောကြားခဲ့ ပါသည်။ 

ယူကရိန်းတပ်မတော်က အသုံးပြုသည့် ဒုံးကျည်အမျိုးအစားကို မသိရသေးကြောင်းနှင့် ကနဦး သတင်းများအရ ယူကရိန်းတို့သည် အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည် ၅ စီး ကို အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား - Kursk ဒေသအစိုးရအဖွဲ့

တောင်ကိုရီးယားက ယူကရိန်းနိုင်ငံကို လက်နက်ထောက်ပံ့မှုအား ရုရှားအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်သွားမည်

News Image

တောင်ကိုရီးယားက ယူကရိန်းနိုင်ငံကို လက်နက်ထောက်ပံ့မှုအား ရုရှားအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်သွားမည်

ယူကရိန်းနိုင်ငံသို့ တောင်ကိုရီးယားဘက်က လက်နက်ထောက်ပံ့ပေးပို့မှုသည် ဆိုးလ်နှင့် မော်စကိုကြားက ဆက်ဆံရေးကို လုံးဝပျက်ပြားစေမည်ဖြစ်ပြီး ရုရှားအနေဖြင့် လိုအပ်သလို နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်း၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Andrey Rudenko က TASS ကို ပြောကြားလိုက်ပါသည်။ “ရုရှားနိုင်ငံသားတွေကို သတ်ဖို့အတွက် တောင်ကိုရီးယားလက်နက်တွေ အသုံးပြုခွင့်ပေးလိုက်တာက နှစ်နိုင်ငံကြားဆက်ဆံရေး လုံးဝ ပျက်ပြားစေမှာဆိုတာ သိထားရပါမယ်”  ဟု Andrey Rudenko က ပြောကြားထားပါသည်။ 

ဗြိတိန်ကြေးစားစစ်သားတစ်ဦး ရုရှားတွင် ဖမ်းဆီးချုပ် နှောင်ခံထားရ

News Image

ဗြိတိန်ကြေးစားစစ်သားတစ်ဦး ရုရှားတွင် ဖမ်းဆီးချုပ် နှောင်ခံထားရ

James Scott Rhys Andersen အမည်ရှိ ဗြိတိန် ကြေးစားစစ်သားတစ်ဦးအား ရုရှားနိုင်ငံ Kursk ဒေသတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း စစ်ဖက်ဆိုင်ရာ အရင်းအမြစ်တစ်ခုက TASS ကို ပြောကြားလိုက်ပါ သည်။

Ford က အလုပ်သမား ၄၀၀၀ လျှော့ချမည်

News Image

Ford က အလုပ်သမား ၄၀၀၀ လျှော့ချမည်

Ford ကားကုမ္ပဏီသည် ၂၀၂၇ ခုနှစ်အကုန်တွင် ဥရောပ နှင့်ဗြိတိန်၌  အလုပ်သမား ၄၀၀၀ လျှော့ချသွားရန် စီစဉ် လျက်ရှိကြောင်း ကြေညာလိုက်ပါသည်။ ဥရောပကား စျေးကွက် ပြင်ဆိုင်မှုများလာခြင်း၊ စီးပွားရေးရိုက်ခတ်မှု ဒဏ်ခံနေရခြင်း၊ မျှော်မှန်းထားသလို လျှပ်စစ်ကားများ မရောင်းချရခြင်း စသည့်အခက်အခဲများကြောင့် ထိုသို့ ဆုံးဖြတ်ခဲ့သည်ဟု သိရှိပါသည်။ ယခုအခါ အလုပ်သမား လျှော့ချရေးကိစ္စအတွက် သက်ဆိုင်ရာ အလုပ်သမား ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိပါသည်။