ဆီးရီးယားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေးအစီအစဉ်ကို မထိခိုက်စေသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကိုသာ ပြုလုပ်သွားကြရန် ဂျာမနီ အဆိုပြု
News Image

ဆီးရီးယားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် အာဆတ်အစိုးရအဖွဲ့ဝင်များကို အရေးယူပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်သွားကြရန်နှင့် ပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကို မထိခိုက်စေသည့် ဒဏ်ခတ် ပိတ်ဆို့မှုများကိုသာ ပြုလုပ်သွားကြရန် ဇန်နဝါရီ ၁၂ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံ၊ ရီးယာဒ်မြို့တွင် ဆီးရီးယားနိုင်ငံ အရေးဆွေးနွေးကြသည့် အစည်းအဝေး၌ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က တက်ရောက်လာသူ ဥရောပနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများမှ ထိပ်တန်းသံတမန်များအား အဆိုပြုပြောကြား လိုက်ပါသည်။