ငဖဲမြို့၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် မေမြို့ပန်းများရောင်းချခြင်းဖြင့် စိုက်ပျိုးသူများဝင်ငွေရရှိနေ

News Image

ငဖဲမြို့၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် မေမြို့ပန်းများရောင်းချခြင်းဖြင့် စိုက်ပျိုးသူများဝင်ငွေရရှိနေ

မကွေးတိုင်းဒေသကြီး    မင်းဘူးခရိုင် ငဖဲမြို့မချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေး၌တည်ရှိပြီး     အရှေ့ဘက်ကိုင်းမြေနှင့်လယ်မြေများတွင်     မြေအောက် ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင် တစ်ပိုင်စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်     ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မေမြို့(ချင်းမိုင်)ပန်းများ စိုက်ပျိုးရောင်းချ ခြင်းဖြင့် စိုက်ပျိုးသူများ နေ့စဉ်ဝင်ငွေရရှိ နေကြောင်း     တောင်သူဒေါ်သင်းခိုင်၏ ပြောပြချက်အရ သိရသည်။

အလိုအလျောက်မောင်းနှင်သည့် နည်းပညာ မြှင့်တင်ရန်အတွက်  တရုတ်က စည်းမျဉ်းစည်းကမ်းသစ်များကို အတည်ပြု

News Image

အလိုအလျောက်မောင်းနှင်သည့် နည်းပညာ မြှင့်တင်ရန်အတွက်  တရုတ်က စည်းမျဉ်းစည်းကမ်းသစ်များကို အတည်ပြု         တရုတ်နိုင်ငံ    မြို့တော်ပေကျင်းတွင် အလိုအလျောက် မောင်းနှင်သည့်နည်းပညာကို မြှင့်တင်ရန်အတွက် စည်းမျဉ်းစည်းကမ်းသစ်များကို မြို့တော်အာဏာပိုင်အဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။  မြို့တော်အာဏာပိုင်အဖွဲ့သည် မောင်းသူမဲ့ကား  သို့မဟုတ်  အလိုအလျောက်မောင်းနှင်သည့် မော်တော်ယာဉ်များအား ပုဂ္ဂလိကကဏ္ဍများ၊   မြို့တော်ဧရိယာအတွင်းပြေးဆွဲသည့် ဘတ်စကားများ၊ ဓာတ်ရထားများနှင့် အငှားယာဉ်များတွင် အစားထိုးအသုံးပြုရန် အားပေး

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် အလိုအလျောက် မောင်းနှင်သည့်နည်းပညာကို မြှင့်တင်ရန်အတွက် စည်းမျဉ်းစည်းကမ်းသစ်များကို မြို့တော်အာဏာပိုင်အဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။

ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများက ထိုင်းနိုင်ငံစီးပွားရေးကို ဘတ်ဘီလီယံ ၁၆၀ ထိခိုက် စေမည်

News Image

ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများက ထိုင်းနိုင်ငံစီးပွားရေးကို ဘတ်ဘီလီယံ ၁၆၀  ထိခိုက် စေမည်

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများသည်ထိုင်းနိုင်ငံ၏စီးပွားရေးကို ဘတ်ဘီလီယံ ၁၆၀ ထိခိုက်ဆုံးရှုံးစေမည်ဖြစ်ကြောင်း၊ထို့အတွက်ကြောင့် ထိုင်းနိုင်ငံအနေဖြင့်ကုန်သွယ်ရေးတွင် ဘက်မလိုက်ရပ်တည်ချက်ကိုသာ ဆက်လက်စွဲကိုင်ထားရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ကုန်သည်ကြီးများ အသင်းက သတိပေးထားသည်။

ဂျာမနီပြည်သူများ ဓာတ်ငွေ့ကိုချွေတာသုံးစွဲရန် တာဝန်ရှိသူသတိပေး

News Image

ဂျာမနီပြည်သူများ ဓာတ်ငွေ့ကိုချွေတာသုံးစွဲရန် တာဝန်ရှိသူသတိပေး

ဂျာမနီပြည်သူများအနေဖြင့် ဓာတ်ငွေ့ပြတ်လပ်မှုနှင့်မကြုံကြိုက်စေရေးအတွက် ထိုလောင်စာကိုချွေတာသုံးစွဲရန် ဂျာမနီစွမ်းအင်တာဝန်ရှိသူတစ်ဦးက သတိပေးတောင်းဆိုထားကြောင်း Die  Welt သတင်းစာက ဇန်နဝါရီလ ၁ ရက်တွင်ဖော်ပြထားသည်။

နိုင်ငံ၏ဓာတ်ငွေ့သုံးစွဲမှုပမာဏသည်၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလထက် ၂၀၂၄ ခုနှစ် အလားတူကာလတွင်၅ ဒသမ ၈ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း၊ စက်မှုလုပ်ငန်းများအနေဖြင့်မူ ဓာတ်ငွေ့သုံးစွဲမှုပမာဏ ၉ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း  သတင်းစာကဖော်ပြထားသည်ကိုတွေ့ရသည်။