၂၀၂၅ တွင် တရုတ်သမ္မတ၏ ရုရှားခရီးစဉ် စီစဉ်နေကြောင်း ရုရှားသံအမတ်ကြီးပြောကြား
News Image

တရုတ်သမ္မတရှီကျင့်ဖျင်သည် လာမည့် ၂၀၂၅ ခုနှစ် တွင် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဘေဂျင်း မြို့အခြေစိုက် မော်စကိုသံရုံး၏ သံအမတ်ကြီး Igor Morgulov ကို ကိုးကား၍ ရုရှားအစိုးရပိုင် RIA သတင်း ဌာနက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြောကြားထားပါသည်။
“နှစ်နိုင်ငံအကြား ဆက်ဆံရေးခိုင်မာမှုအတွက်သင့်လျော်သည့်အစီအမံများ စီစဉ်လုပ်ဆောင်နေကြောင်း၊လာမည့်နှစ်တွင် တရုတ်ခေါင်းဆောင်က ရုရှားကို သွားမည်ဟု မျှော်မှန်းထားသည့် ခရီးစဉ်ကို လျှို့ဝှက် ထားစရာမလိုကြောင်း” သံအမတ်ကြီး Igor Morgulov က RIA ကို ပြောကြားထားပါသည်။