အိန္ဒိယကြီးချုပ် မိုဒီ ဖေဖော်ဝါရီလတွင် အမေရိကန်သို့ သွားရောက်မည်
ဇန်နဝါရီ ၂၇ ရက်နေ့တွင် ခေါင်းဆောင်နှစ်ဦးကြား ဖုန်းခေါ်ဆိုမှုအပြီး နာရီပိုင်းအကြာတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ၀န်ကြီးချုပ် နာရိန္ဒြာမိုဒီသည် ဖေဖော်ဝါရီလတွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ဖွယ်ရှိပြီး အမေရိကန်သည် အိန္ဒိယနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရက အမေရိကန်ခရီးစဉ်ကို တရားဝင်အတည်မပြုသေးသော်လည်း ခေါင်းဆောင်နှစ်ဦး၏ ဖုန်းခေါ်ဆိုမှုအတွင်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
“မိုဒီသည် လာမည့် ဖေဖော်ဝါရီလတွင် အိမ်ဖြူတော်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ အိန္ဒိယနှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးရှိပါကြောင်း” ဇန်နဝါရီ ၂၇ ရက်နေ့က ဖလော်ရီဒါပြည်နယ်မှ Joint Base Andrews သို့ သွားသည့်ခရီးစဉ်၌ Trump က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
သတင်းထောက်များက ထရမ့်အား မိုဒီအနေဖြင့် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်ခေါ်ဆောင်ရန် သဘောတူညီမှု ရှိ/မရှိ မေးမြန်းရာတွင် ထရမ့်က မိုဒီသည်အမှန်တရားကို ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့ ဆွေးနွေးနေကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ကိုးကား-The Indian Express