ယူကရိန်းကို အမေရိကန် အထောက်အပံ့စတင်ရပ်စဲ

News Image

  • ယူကရိန်းကို အမေရိကန် အထောက်အပံ့စတင်ရပ်စဲ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ကူညီမှု အားလုံးနီးပါးကို ရက် ၉၀ ကြာ ရပ်ဆိုင်းလိုက်ကြောင်း Politico သတင်းဌာန က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားသို့ ပေးပို့ နေသော အကူအညီအားလုံးကို ပြန်လည်သုံးသပ်ရန် အမိန့်ပေးပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရူဘီယိုသည် လက်ရှိနိုင်ငံရပ်ခြား အကူအညီအားလုံး နီးပါးအတွက် “ရပ်ဆိုင်းရန်အမိန့်” ထုတ်ပြန်ရန် သံတမန်နှင့်ကောင်စစ်ဝန်ရုံးများကို ညွှန်ကြားခဲ့သည်ဟု Politico က အဆိုပါဌာနမှထုတ်ပြန်ချက်ကိုကိုးကားပြီး ဖော်ပြခဲ့သည်။

Politico ၏အဆိုအရ အဆိုပါအမိန့်သည် နိုင်ငံခြားရေး ဌာနတာဝန်ရှိသူများကို အံ့အားသင့်စေခဲ့ပြီး ၎င်း၏ လမ်းညွှန်ချက်ကို ရင်းနှီးသော လက်ရှိအရာရှိ ၃ ဦး နှင့် ယခင်အရာရှိနှစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ သတင်းဌာနကဖော်ပြခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဌာန၏ မှတ်ချက်ကို ပြန်လည် သုံးသပ်ထားသည့် BBC သတင်းဌာန၏ သုံးသပ်ချက်မှာ ၎င်းသည် “ဖွံ့ဖြိုးရေးအကူအညီမှသည် စစ်ရေးအကူအညီအထိ အရာအားလုံးကို သက်ရောက်မှု ရှိပုံပေါ်သည်” ဟု ဖော်ပြခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်သည် အကူအညီများ ရပ်ဆိုင်းထားသော်လည်း ယူကရိန်းအတွက် လုံခြုံရေးအကူအညီကို ထိခိုက်စေမည်မဟုတ်ကြောင်း ယခင်က Voice of America အား ပြောကြားခဲ့သည်။

“ရန်ပုံငွေဆိုင်ရာ တာဝန်အသစ်များအားလုံးကို ခေတ္တရပ်ဆိုင်း၍ နိုင်ငံခြားရေးဌာနနှင့်အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) တို့မှ ထောက်ပံ့ထားသည့် ရန်ပုံငွေကို နိုင်ငံခြားအကူအညီ အစီအစဉ်များအတွက် ပြန်လည်သုံးသပ်ရန်ဆိုင်းငံ့ထားသည်” ဟု ဂျာနယ်လစ် Ken Klippenstein က Rubio ၏ လမ်းညွှန်ချက်ကို ကိုးကား၍ဖော်ပြထားပါသည်။

ကိုးကား-RT