Greenland သည် ရောင်းချရန်မဟုတ်ဟု ဒိန်းမတ် ဝန်ကြီးချုပ်က ထရမ့် ကိုပြောကြား
ဂရင်းလန်းကို အမေရိကန်ထံ ရောင်းချမည် မဟုတ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ကို ပြောကြားခဲ့ပါသည်။
နိုင်ငံ့လုံခြုံရေးရည်ရွယ်ချက်အတွက် ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းကို အမေရိကန်က ရယူသင့်ကြောင်း ထရမ့် ကပြောကြားထားခဲ့သည်။
Rederiksen သည် ဇန်နဝါရီ ၁၅ရက်နေ့တွင် ထရမ့်နှင့်တယ်လီဖုန်းမှတစ်ဆင့် စကားပြောခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။ Greenland သည် ရောင်းချရန်မဟုတ်ကြောင်း၊ လွတ်လပ်ရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန်က Greenland အပေါ်တွင်သာ မူတည်ကြောင်း Mette Frederiksen က ထရမ့်ကို ပြောကြားခဲ့ကြောင်း သိရသည်။
ဒိန်းမတ်မှ သွင်းကုန်များအပေါ် ဒဏ်ခတ်သည့် အကောက်ခွန်ဆိုင်ရာ ခြိမ်းခြောက်မှုများကို ထရမ့်က ရုပ်သိမ်းခြင်းမရှိခဲ့ကြောင်း Mette Frederiksen က သတင်းထောက်များအား ဇန်နဝါရီ ၁၆ရက် နေ့က ပြောကြားခဲ့ပြီး ဒိန်းမတ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးနယ်ပယ်တွင် ဆိုးရွားသောအခြေအနေတွင်ရှိနေပြီး မည်သည့်ပဋိပက္ခမျိုးမှ ထပ်မံမဖြစ်ပွားစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ဒိန်းမတ်စီးပွားရေး လုပ်ငန်းများသည် အမေရိကန်နှင့် ကုန်သွယ်ရေးပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်နေကြပြီး Mette Frederiksen သည် ဆေးဝါး၊ ဘီယာနှင့် နိုင်ငံ့ အထင်ကရ အမှတ်တရ အရုပ်ထုတ်လုပ်ရေးကုမ္ပဏီများ အပါအဝင် ဒိန်းမတ်စီးပွားရေးလုပ်ငန်းကြီးများ၏ ကိုယ်စားလှယ်များနှင့် ဇန်နဝါရီ ၁၆ရက်နေ့တွင် တွေ့ဆုံခဲ့ကာ လက်ရှိအခြေအနေနှင့်သတင်းကို ရှင်းလင်း ပြောပြခဲ့ကြောင်း ဖော်ပြထားသည်။
ယခုသီတင်းပတ်အတွင်း ထရမ့် သမ္မတတာဝန်ယူပြီးသည့်နောက် ၎င်နှင့်တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားပါသည်။
ကိုးကား-Myanmar National Post