ဖေဖော်ဝါရီ ၂၈ ဝါရှင်တန်သို့ သွားရောက်မည်ဟု ဇီလန်စကီး အတည်ပြု ပြောကြား
ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝါရှင်တန်မြို့သို့ သွားရောက်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် အတည်ပြု ပြောကြားလိုက် ပါသည်။
ထပ်မံ၍ ယူကရိန်းသမ္မတ ဇီလန်စကီးသည် လန်ဒန်သို့ သွားရောက် မည်ဖြစ်ကာ ဗြိတိန်ဝန်ကြီးချုပ်အပါအဝင် ဥရောပနိုင်ငံခေါင်းဆောင် များနှင့် မတ်လ ၂ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားထားပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဝါရှင်တန်မြို့သို့ လာရောက်မည်ဟု သိရကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားထားသလို ဗြိတိန် ဝန်ကြီးချုပ် စတာမက် ကလည်း ဥရောပခေါင်းဆောင်များသည် ယူကရိန်း စစ်ပွဲကိစ္စ ဆွေးနွေးရန် မတ်လ ၂ ရက်နေ့တွင် လန်ဒန်မြို့၌ ထိပ်သီး အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
ကိုးကား - TASS
Photo: The Washington Post
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃